Main menu

Background

စီးပွားရေးသတင်း

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များ တင်သွင်းမှုနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ခြင်း

Mon, 07/13/2020 - 11:10 -- journal_commerce

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) ပါ အပိုဒ် ၇၄ တွင် "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့်ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရ" ဟု သတ်မှတ်ထားခြင်းကို အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အဆိုပါသတ်မှတ်ချက်အား "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ"ဟု ပြင်ဆင်သတ်မှတ်

ဇွန်လအတွင်း မူဆယ်မှ တရုတ်သို့ သစ်သီးဝလံတင်ပို့မှုအခြေအနေ

Thu, 07/09/2020 - 15:43 -- journal_editor

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ်သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇွန် ၂၂ ရက်မှ ၂၉ ရက်အထိ ဖရဲသခွားတင်ပို့မှု မရှိသော်လည်း သရက် ၂၈၈ စီး၊ ၁၆၂၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။
ဇွန်လ တတိယပတ်နှင့် ယခုပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁၅ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု ၅၃၈ စီး၊ ၃၄၄၇ တန် ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက်တင်ပို့မှုမှာ ၁၈၂၀ ဒသမ ၅ တန် လျော့နည်းခဲ့သည်။ သရက်သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန် ၂၉ ရက်တွင် တစ်တန်လျှင် ၄၈၀ဝ ယွမ်ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိသည်။

ပန်းထိမ်မနိုင်ပန်းများ ဈေးကောင်းရနေ

Thu, 07/09/2020 - 15:04 -- journal_editor

မွန်ပြည်နယ်ဈေးကွက်အတွင်း ပေါပေါများများ တွေ့ရှိ ရပြီး ဈေးကောင်းရသည့် ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းမှာ စိုက်ပျိုးရန်လွယ်ကူသော ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရ သည်။ ခြောက်လက်မခန့် ရိုးတံများ၊ မျိုးဥများဖြင့် စိုက်ပျိုးပါက ရောင်းတန်းဝင်အပွင့်များ ရရှိနိုင်ကြောင်း၊ သားတက်များမှ တစ်ဆင့် မိုးရာသီတစ်လျှောက်လုံးအပွင်ထွက်ပြီး ပထမနှစ် တွင် အပွင့်သေးလေ့ရှိသော်လည်း နောက်နှစ်တွင် အပွင့်ကောင်း (လှ)ကြောင်း၊ စိုက်စံနစ်ပုံသေမရှိဘဲ စိုက်ပေါင်များ၊ အိုးများ၊ အထပ်ထပ် စင်များပြုလုပ်၍ စိုက်ပျိုးနိုင်ကြောင်း၊ အိုးများဖြင့် စိုက်ပျိုးထားပါက နောင်နှစ်မိုးရာသီတွင် သားတက်များ ပြန်ထွက်ကြောင်း သိရှိရသည်။

လွန်ခဲ့သည့်သုံးလအတွင်း စင်ကာပူတွင် လစာအဖြတ်ခံရသော လုပ်သားနှစ်သိန်းနီးပါးရှိ

Fri, 07/03/2020 - 14:31 -- journal_editor

မတ် ၁၂ ရက်မှစ၍ သုံးလတာကာလအတွင်း အလုပ်ရှင်ပေါင်း ၄၈၀ဝ ကျော်က ကုန်ကျစရိတ် သက်သာရေး အစီအမံများကို လူအင်အားဝန်ကြီး ဌာနသို့တင်ပြခဲ့ရာ ကုမ္ပဏီဝန်ထမ်းများ၏ လစာ များကိုလည်း ထိခိုက်မှုရှိခဲ့ကြောင်း Straitstimes သတင်းတွင် ဖော်ပြသည်။ ယခုအချိန်ထိ  တင်ပြခဲ့သော အစီရင်ခံစာ အားလုံးကိုကြည့်ပါက  လစာအလျှော့ခံရသော အလုပ်သမားစုစုပေါင်း ၁၈၇၀ဝ ရှိပြီး အများစုမှာ ကိုဗစ်-၁၉ ၏ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခံရ သောလုပ်ငန်းကဏ္ဍမှ ဖြစ်သည်ကိုတွေ့ရကြောင်း ဇွန် ၂၄ ရက်က  ထုတ်ပြန်သော ဝန်ကြီးဌာန၏ကြေညာချက်အရ သိရသည်။  အိမ်ဖော်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ထိခိုက်ခံရသော  အလုပ်သမားအရေ အတွက်မှာ စုစုပေါင်းလု

REFINE SUGAR လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့ သကြား တင်ပို့နိုင်တော့မည်မဟုတ်

Fri, 07/03/2020 - 14:12 -- journal_editor

ယခုနှစ်တွင် ပြည်တွင်း၌ Refine Sugar လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့သကြား တင်ပို့နိုင် တော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြည်တွင်း၌ Refine Sugar ထုတ် လုပ်သည့် စက်ရုံမှာ ယခုနှစ်တွင် နှစ်ရုံ သာရှိသောကြောင့် ပြည်တွင်းစားသုံးမှု အတွက်သာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိ ကြောင်း အဆိုပါအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဇွန် ၂၄ ရက်တွင် ပြောသည်။ "Refine Sugar ထုတ်နိုင်တာက ကန့်ဘလူ သကြားစက်နဲ့ နဝဒေးသကြားစက် ဒီစက်ရုံနှစ်ရုံပဲရှိတယ်။ သူတို့ ထုတ်လုပ်အားကလည်း ပြည်တွင်းလိုအပ်ချက် ပြည့်ရုံလောက်ပဲ ရှိတယ်"

ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် မြေအသုံးပြုမှုဆိုင်ရာမူဝါဒများ ပြောင်းလဲခဲ့ပြီ

Fri, 07/03/2020 - 13:49 -- journal_editor

မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ငါး၊ ပုစွန်မွေးမြူရေးကန် ဧက ပေါင်း ငါးသိန်းနီးပါးခန့် မွေးမြူထုတ်လုပ်လျက်ရှိသည်။ ငါး၊ ပုစွန်မွေးမြူရေးကန်များကို လယ်ယာ မြေနှင့် မြေလွတ်၊  မြေရိုင်းများပေါ်တွင် တူးဖော် မွေးမြူနေကြခြင်းဖြစ်သည်။  ယခင်ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေနှင့် ယခုလက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် လယ်ယာမြေဥပဒေများတွင် ငါး မွေးမြူရေးလုပ်ငန်းများအတွက် အခြားနည်းလမ်း ဖြင့် အသုံးပြုခွင့်လျှောက်ထားရမည်ဟု ပါရှိသော် လည်း    လက်တွေ့လျှောက်ထားရာတွင်  အဟန့် အတား အမျိုးမျိုးကြောင့် ငါး၊ ပုစွန် မွေးမြူရေးကန် ပေါင်းဧက ၁၂၀ဝ၀ဝ ခန့်သာ အခြားန

ကမ္ဘာ့ရွှေ အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေသော်လည်း မြန်မာ့ရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခြင်းမရှိ

Fri, 07/03/2020 - 13:44 -- journal_editor

ကမ္ဘာ့ရွှေမှာခုနစ်နှစ်တာကာလအတွင်း   အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ့ရွှေမှာ ယခုအချိန်ထိ  လိုက်ပါမြင့်တက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ လက်ရှိ  ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၂၀ဝ၀ဝ ၊ ၁၅ ပဲရည် ရွှေဈေးမှာ ၁၁၄၈၀ဝ၀ ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၀ အထိ စံချိန်တင်   မြင့်တက်လျက်ရှိ ကြောင်း အဆိုပါအသင်း အထွေထွေ အတွင်း    ရေ'မှူး ဦးအုန်းမြိုင်က ဇွန် ၂၅ရက်တွင် ပြောသည်။

ပခုက္ကူနှင့်ဆိပ်ဖြူကုန်စည်ဒိုင်များ၌ ကြက်သွန်နီ ဈေးငြိမ်နေ

Fri, 07/03/2020 - 12:41 -- journal_editor

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက် ၊ဆိပ်ဖြူ၊ ရေစကြို၊ ယောနယ်ဒေသများမှာ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများဈေးကွက်အတွင်းသို့ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုလက်ရှိ  ကြက် သွန်နီဈေးမှာ ဈေးနှုန်းအတက်အကျ မရှိဈေးငြိမ်နေသည်။ ယခုတစ်ပတ်၏  ကြက်သွန်နီ လက်ကား ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၄၃၀ ၊ အလတ်စတစ် ပိဿာ လျှင် ကျပ် ၃၅၀ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၃၀ဝ ဖြင့် ကုန်ချိန် ၃၀ဝ၀ဝ ခန့်အရောင်းအဝယ်ဖြစ်နေသည်။ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၈၀ဝ၊ အလတ်စတစ်ပိဿာလျှင် ကျပ် ၆၀ဝ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၅၀ဝ ဖြင့်ရောင်းဝယ်လျက်ရှိသည်။ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ယခ

Pages

Subscribe to RSS - စီးပွားရေးသတင်း