Main menu

Background

စီးပွားရေးသတင်း

ဟင်္သာတနှင့်မအူပင်ခရိုင်တို့တွင် နွေစပါးဈေး အနည်းငယ်မြင့်တက်

Fri, 06/19/2020 - 13:10 -- journal_editor

       ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၊ ၅၅၀ဝ၀ဝ မှ ယခုစပါးဈေး ကျပ် ၅၄၀ဝ၀ဝ၊ ၅၆၀ဝ၀ဝ ဈေးဖြစ်သွား၍ စပါးတင်း ၁၀ဝ လျှင်ကျပ် ၁၀ဝ၀ဝ ဝန်းကျင် ဈေးမြင့်တက်သွားသည်။  မအူပင်ခရိုင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀ဝလျှင် ကျပ် ၅၄၈၀ဝ၀ ဝန်းကျင်ဈေးမှ ယခုဈေး  ကျပ် ၅၇၀ဝ၀ဝ ဖြစ်သွားသည့်အတွက်  စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ ခန့်ဈေးနှုန်း မြင့်တက်သွားကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ပြည်ပပို့တင

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ REGIONAL CONSULTATION ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ကျင်းပ

Thu, 03/19/2020 - 11:07 -- journal_editor

          တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံစီးပွားရေးလုပ်ငန်းများ၏  ပို့ကုန်ဆောင်ရွက်ချက်ကို  တိုးမြှင့်ရန်အတွက် မဟာဗျူဟာကျအခွင့်အရေးများကို  အတည်ပြုအကောင်အထည် ဖော်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ဆွေးနွေးညှိနှိုင်းပွဲများကို မတ် ၁၀ ရက်တွင် မြိတ်မြို့ မြင့်မိုရ်ဟိုတယ်တွင်လည်းကောင်း၊ မတ် ၁၁ ရက်တွင် ထားဝယ် မြို့ Diamond Crown Hotelတွင်လည်းကောင်း ကျင်းပခဲ့သည်။ ဆွေးနွေးညှိနှိုင်းပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒေသခံမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

GALAXY S20 စမတ်ဖုန်းများနိုင်ငံ ၂၀ တွင် SAMSUNG ရောင်းချ

Mon, 03/16/2020 - 14:14 -- journal_editor

         ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်တွင် ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းကို ကုမ္ပဏီ၏ နောက်ဆုံး ပေါ်ဟန်းဆက်က မြှင့်တင်ပေးနိုင်လိမ့်မည် ဟု ရည်မှန်းလျက် နောက်ဆုံးပေါ်စမတ်ဖုန်းများကို ကမ္ဘာအနှံ့  စတင် ဖြန့်ချိရောင်းချပေးခဲ့ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီက မတ် ၆ ရက်တွင်ပြောသည်။ Galaxy S20 စီးရီးကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ရောင်းချခဲ့ ကြောင်း ဆမ်ဆောင်းကပြောသည်။ ယခုလအကုန်တွင် နိုင်ငံပေါင်း ၁၃၀ တွင် မိုဘိုင်းကိရိယာသစ်များ ရရှိနိုင်လိမ့်မည်ဟုလည်း ထပ်လောင်းပြော ကြားသည်။

ဗိုင်းရပ်စ်ရောဂါကြောင့် အာရှပစိဖိတ်စီးပွားရေးများ အမေရိကန်ဒေါ်လာဘီလီယံ ၂၀ဝ ကျော်ထိခိုက်နိုင်

Mon, 03/16/2020 - 13:45 -- journal_editor

        ကိုရိုနာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက် ရန် အစိုးရအဖွဲ့များက လုံးပန်းနေရ သည့်အတွက်  ယခုနှစ်အတွင်း အာရှ ပစိဖိတ်နိုင်ငံများ၏ စီးပွားရေးများတွင် အမေရိကန်ဒေါ်လာ   ဘီလီယံ ၂၀ဝ ကျော် ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည်ဟု ကမ္ဘာ့စီးပွားရေးအဆင့် သတ်မှတ်ရေး အေဂျင်စီ  S&P Global က မတ် ၆ ရက် တွင်ပြောကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။  ယခုအကြိမ် စီးပွား ရေးကျဆင်းမှုသည် ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။ အဆိုးရွားဆုံးဖြစ်နိုင်သော အခြေ အနေမှာ တရုတ်နိုင်ငံ၏  စီးပွားရေဖွံ့ ဖြိုးမှုနှုန်းသည် ၃ ရာခိုင်နှုန်း အောက်သို့  ရောက်ရှိပြီး   ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်တို့သည်   စီးပွားဆုတ်ကပ်အတွင်းသို့

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတင်ပို့မှု ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့နိုင်

Mon, 03/16/2020 - 13:19 -- journal_editor

       ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ၂ ဒဿမ ၃၉၀ ဒေါ်လာသန်းတန်ဖိုးရှိ ဆန်တန်ချိန်၈၀ဝ၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၇၃၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၅၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး  ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ မှတစ်ဆင့် မွန်ပြည်နယ်၏ စီးပွားရေး အခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်မည့် REGIONAL CONSULTATION ကျင်းပ

Mon, 03/16/2020 - 12:58 -- journal_editor

         မွန်ပြည်နယ် မော်လမြိုင်မြို့  Royal Hinthar Hotel ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင်  အထောက်အကူပြုနိုင်ရန် အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025Regional Consultation)  ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ    ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ  အစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန် သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ

RE-EXPORT စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုနှင့်ပတ်သက်၍ သကြားလက်ကျန်မရှိတော့ ကြောင်း ကြေညာ

Mon, 03/16/2020 - 12:04 -- journal_editor

        Re-export စနစ်ဖြင့် သကြားများတင်သွင်း/တင်ပို့မှု နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၉ ရက်တွင်   ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ (၂၉/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် စာပိုဒ်၁၂၄ (ခ)၊ (၅)နှင့် (၆) ဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုအား  စာရင်းရှင်းလင်းပြီးဖြစ်ပါသဖြင့် ပြည်တွင်း၌ သကြား လက်ကျန်မရှိ တော့ကြောင်း ကြေညာအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  သကြား Re-export စနစ် ဖြင့် ဆောင်ရွက်ခွင့်အား  ပြန်လည်ခွင့်ပြုခဲ့သည့် ၁-၆-၂၀၁၈ ရက်မှ ၁၆-၈-၂၀၁၈ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခုသို့ သွင်းကုန်လိုင်စင်  ၅၆၈ စောင်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ထိုင်းပုစွန်ထုတ်လုပ်ရေးလုပ်ငန်း ထိခိုက်

Mon, 03/16/2020 - 11:36 -- journal_editor

        ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းပို့ကုန်များထိခိုက်ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။ တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းများ ပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန် တစ်ခုဖြစ်သော  ပုစွန်ရောင်းချမှုကို  ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ် ရောဂါ ဒဏ်ခံ‌နေရသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အစား အစာတင်ပို့ ရန်အတွက် လယ်သမားများတွင် အခက်အခဲများရှိနေသည်။ ဖေဖော်ဝါရီနှင့်   ဧပြီလအတွင်း  ပုစွန်တင်ပို့မှုလုပ်ငန်းတွင်  ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိခိုက်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။ ဤကျဆင်းမှုမှာ ယခင်နှစ်ကာလတူက တရုတ်နိုင်ငံသ

စင်ကာပူရှိ ၂၀၁၉ ဘွဲ့ရများအတွက် ကနဦးရရှိသော အလယ်အလတ်လစာ မြင့်တက်

Mon, 03/16/2020 - 11:34 -- journal_editor

       အချိန်ပြည့် အလုပ်အကိုင်ရရှိ ထားသည့် စင်ကာပူရှိဘွဲ့ရတို့၏  စုစုပေါင်း ကနဦးရရှိသည့် အလယ်အလတ် လစာမှာ မြင့်တက်ခဲ့သည်ဟု  ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော  ဘွဲ့ရ အလုပ်အကိုင်ရရှိမှု  ပူးတွဲစစ်တမ်း တစ်စောင်တွင် ဖော်ပြထားကြောင်း ချန်နယ်နယူးအေရှသတင်းတွင် ဖော်ပြ သည်။ အလယ်အလတ် လစာဆိုသည် မှာ စစ်တမ်းကောက်ယူသော လုပ်ငန်း နယ်ပယ်တွင်  ပါဝင်သူဦးရေထက် ဝက်ထက်နည်းပြီး ကျန်ထက်ဝက်ထက် များသောလစာကိုခေါ်ခြင်းဖြစ်သည်။ ယခုစစ်တမ်းသည်  နန်ယန်း နည်းပညာတက္ကသိုလ်(NTU)၊ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ စင်ကာပူ စီမံခန့်ခွဲမှု   တက္ကသိုလ်   (SMU) နှင့် စင်ကာပူလူမှုသိပ္ပံ တက္ကသိုလ်(SUSS) တို့၏ အချိန်ပြည့်  အစီအစဉ်များမှ ဘ

အသေးစား၊ အလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC CONVENIENCE STORE ဆိုင်များ တိုးချဲ့ဖွင့်လှစ်မည်

Mon, 03/16/2020 - 11:19 -- journal_editor

       အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convience Store ဆိုင်များကို ပြည်တွင်း၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ ပြည်တွင်းရှိ  အသေးစား၊ အလတ်စား လုပ်ငန်းအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

Pages

Subscribe to RSS - စီးပွားရေးသတင်း