အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ REGIONAL CONSULTATION ကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ကျင်းပ
တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ဆောင်ရွက်ချက်ကို တိုးမြှင့်ရန်အတွက် မဟာဗျူဟာကျအခွင့်အရေးများကို အတည်ပြုအကောင်အထည် ဖော်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ဆွေးနွေးညှိနှိုင်းပွဲများကို မတ် ၁၀ ရက်တွင် မြိတ်မြို့ မြင့်မိုရ်ဟိုတယ်တွင်လည်းကောင်း၊ မတ် ၁၁ ရက်တွင် ထားဝယ် မြို့ Diamond Crown Hotelတွင်လည်းကောင်း ကျင်းပခဲ့သည်။ ဆွေးနွေးညှိနှိုင်းပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒေသခံမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့










