REFINE SUGAR လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့ သကြား တင်ပို့နိုင်တော့မည်မဟုတ်
ယခုနှစ်တွင် ပြည်တွင်း၌ Refine Sugar လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့သကြား တင်ပို့နိုင် တော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြည်တွင်း၌ Refine Sugar ထုတ် လုပ်သည့် စက်ရုံမှာ ယခုနှစ်တွင် နှစ်ရုံ သာရှိသောကြောင့် ပြည်တွင်းစားသုံးမှု အတွက်သာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိ ကြောင်း အဆိုပါအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဇွန် ၂၄ ရက်တွင် ပြောသည်။ "Refine Sugar ထုတ်နိုင်တာက ကန့်ဘလူ သကြားစက်နဲ့ နဝဒေးသကြားစက် ဒီစက်ရုံနှစ်ရုံပဲရှိတယ်။ သူတို့ ထုတ်လုပ်အားကလည်း ပြည်တွင်းလိုအပ်ချက် ပြည့်ရုံလောက်ပဲ ရှိတယ်"










