Main menu

Background

စီးပွားရေးသတင်း

ကမ္ဘာ့ရွှေ အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေသော်လည်း မြန်မာ့ရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခြင်းမရှိ

Fri, 07/03/2020 - 13:44 -- journal_editor

ကမ္ဘာ့ရွှေမှာခုနစ်နှစ်တာကာလအတွင်း   အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ့ရွှေမှာ ယခုအချိန်ထိ  လိုက်ပါမြင့်တက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ လက်ရှိ  ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၂၀ဝ၀ဝ ၊ ၁၅ ပဲရည် ရွှေဈေးမှာ ၁၁၄၈၀ဝ၀ ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၀ အထိ စံချိန်တင်   မြင့်တက်လျက်ရှိ ကြောင်း အဆိုပါအသင်း အထွေထွေ အတွင်း    ရေ'မှူး ဦးအုန်းမြိုင်က ဇွန် ၂၅ရက်တွင် ပြောသည်။

ပခုက္ကူနှင့်ဆိပ်ဖြူကုန်စည်ဒိုင်များ၌ ကြက်သွန်နီ ဈေးငြိမ်နေ

Fri, 07/03/2020 - 12:41 -- journal_editor

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက် ၊ဆိပ်ဖြူ၊ ရေစကြို၊ ယောနယ်ဒေသများမှာ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများဈေးကွက်အတွင်းသို့ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုလက်ရှိ  ကြက် သွန်နီဈေးမှာ ဈေးနှုန်းအတက်အကျ မရှိဈေးငြိမ်နေသည်။ ယခုတစ်ပတ်၏  ကြက်သွန်နီ လက်ကား ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၄၃၀ ၊ အလတ်စတစ် ပိဿာ လျှင် ကျပ် ၃၅၀ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၃၀ဝ ဖြင့် ကုန်ချိန် ၃၀ဝ၀ဝ ခန့်အရောင်းအဝယ်ဖြစ်နေသည်။ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၈၀ဝ၊ အလတ်စတစ်ပိဿာလျှင် ကျပ် ၆၀ဝ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၅၀ဝ ဖြင့်ရောင်းဝယ်လျက်ရှိသည်။ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ယခ

တစ်ပတ်အတွင်း မူဆယ်မှ တရုတ်သို့ သစ်သီးဝလံတင်ပို့မှု အခြေအနေ

Mon, 06/29/2020 - 13:38 -- journal_editor

မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ   တရုတ်နိုင်ငံသို့ နေ့စဉ် သစ်သီးဝလံများ  တင်ပို့လျက်ရှိရာ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ဖရဲ၊ သခွားတင်ပို့မှုမရှိသော်လည်း သရက် ၁၁၈၁၁ တန် တင်ပို့နိုင်ခဲ့သည်။ ဇွန်လပထမပတ်နှင့်  ဒုတိယပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁ ရက် မှ ၇ ရက်ထိ ခုနစ်ရက်အတွင်း သရက်တင်ပို့ကားစီးရေ ၁၀ဝ၁ စီး၊ ၆၈၄၈ တန်ဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၅ ရက်ထိ ကားစီးရေ ၇၁၇ စီး ၄၉၆၃ တန်ဖြစ် သည့်အတွက် ဇွန်လပထမပတ်တွင် သရက်တင်ပို့မှု ၁၈၈၅ တန် လျော့ နည်းခဲ့သည်။ သရက်သီးဈေးနှုန်းမှာ ဇွန် ၇ ရက်တွင် တစ်တန်  ယွမ်  ၆၀ဝ၀၊ ကျပ် ၁၁၄၆၀ဝ၀ ဖြစ်ပြီး ကြားရက်များ၌ သရက်ဈေး အနည်းငယ်ကျသော် လည်း ဇွန် ၁၅ရက်တွင် တစ်တ

ရက်ခြားသာ အရောင်းအဝယ်ဖြစ်သည့် ပြည်နှမ်း

Thu, 06/25/2020 - 11:43 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင် မရှိသော်လည်း လှောင်နှမ်းလက်ကျန်များဖြင့် ရက်ခြားသာအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေနှမ်းများပေါ်ချိန်ဖြစ်သော်လည်း တချို့တောင်သူများက မိုးကြိုနှမ်းနှင့် မိုးနှမ်းစိုက်ပျိုးရန်အ တွက် မျိုးအဖြစ်ပြန်ထားကြသဖြင့် ဈေးကွက်သို့ရောက်ရှိမလာသည်ကိုတွေ့ရသည်။ ဈေးကွက်တွင် အရောင်းအဝယ်မှာ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။ ခုတစ်ပတ်နှမ်းနီမှာ ဒေသတွင်းဆီစက်သမားများက အဝယ် ပြန်လိုက်လာ၍ တစ်တင်းလျှင် ကျပ်၃၉၀ဝ၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ပြီး အိတ် ၅၀-၆၀ ခန့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည် ကိုတွေ့ရသည်။ နှမ်းနက်မှာ ဝယ်လက်ပါးသွားသည့်အတွက်  တစ်တင်းလျှင် ကျပ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပုပ် တင်ပို့နိုင်ရေးကြိုးပမ်းလျက်ရှိ

Thu, 06/25/2020 - 11:32 -- journal_editor

ပဲပုပ်သည် အာဟာရဓာတြွ်ကယ်ဝသော သီးနှံတစ်မျိုး ဖြစ်သကဲသို့ စီးပွားရေးအရလည်းတွက်ခြေကိုက် မျက်နှာပန်း လှသော သီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်၏ မူရင်းပေါက်ရောက် ရာ ဒေသမှာအရှေ့အာရှဖြစ်ပြီးအများဆုံးစိုက်ပျိုးထုတ်လု ပ်သည့် ဒေသများမှာအမေရိကန် ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီးအထွက်နှုန်းကောင်းသောနိုင်ငံမှာထိုင်း နိုင်ငံဖြစ်သည်။ ပဲပုပ်ကို အများဆုံးတင်သွင်းသည့်နိုင်ငံများမှာ တရုတ်၊ အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီးရှားအစရှိတဲ့နိုင်ငံများဖြစ် သည်။ ပဲပုပ်ကို မြန်မာနိုင်ငံကုန်းမြင့်ဒေသများတွင် မေလနှင့် ဇွန်လများတွင်လည်းကောင်း၊ မြေပြန့်တွင် သြဂုတ်လနှင့် စက်

အရေးပေါ်ရိက္ခာ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး အရေးပေါ် ရိက္ခာဆန် လက်ခံထားရှိမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေး

Thu, 06/25/2020 - 11:17 -- journal_editor

အရေးပေါ်ရိက္ခာဆန်ဝယ်ယူရေးဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ MAPCO ဆန်စက်တွင် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန် ဝယ်ယူလက်ခံထားရှိမှု အခြေအနေများအားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေးစစ်ဆေးလက်ခံထားမှု အခြေအနေ များနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီ

စက်ရုံများပြန်ဖွင့် ရန် ခက်ခဲနေသဖြင့် ရှောင်းမီနှင့် အော့ပိုဖုန်းများ အိန္ဒိယအတွက် ပြည်ပမှတင်သွင်း

Fri, 06/19/2020 - 15:23 -- journal_editor

        အိန္ဒိယရှိစက်ရုံများ  ပြန်လည်လည်ပတ်ရေး အတွက် အလူးအလဲရုန်းကန်နေရသဖြင့် တရုတ် ရှောင်းမီနှင့် အော့ပိုဖုန်းကုမ္ပဏီများသည် စမတ် ဖုန်း မိုဒယ်အချို့ကို ပြည်ပမှပြန်လည်တင်သွင်းနေ ရသည်ဟု ၎င်းနှင့်နီးစပ်သော သတင်းရင်းမြစ်သုံးခု မှသိရကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယတွင်  အလုံးအရင်းဖြင့် ရောင်းချနေ သော ရှောင်းမီစမတ်ဖုန်းများကို အိန္ဒိယနိုင်ငံ တောင်ပိုင်း ပြည်နယ်များဖြစ်ကြသော တမီနာဒူး နှင့် အန္ဒရာပရာဒေ့ရှ်ပြည်နယ်များရှိ ဖောက်စကွန်  စက်ရုံက     ကန်ထရိုက်စနစ်ဖြင့်   ထုတ်လုပ်ပြီး အော့ပို  အိန္ဒိယထုတ်ဖုန်းများကို နယူးဒေလီ ဆင်ခြေဖုံးရှိ စက်ရုံတစ်ခုတွင် ထုတ်လုပ်သည်။

ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းနေ

Fri, 06/19/2020 - 14:53 -- journal_editor

         ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းများ  ကျဆင်းနေခြင်းကြောင့် လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း  ရွှေဈေးနှုန်းများလည်း ကျဆင်းနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း  အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၁၂၁၈၀ဝ၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် တစ်ကျပ်သား ၁၂၁၁၀ဝ၀ ကျပ်ရှိနေပြီး ၇၀ဝ၀ ကျပ် ကျဆင်းသွားခြင်းဖြစ်ကာ လက်ရှိကမ္ဘာ့ရွှေဈေးကွက်တွင်တော့ တစ်အောင်စ ကို ၁၇၃၄ ဒေါ်လာပေါက်ဈေးရှိနေကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၁၁ ရက်တွင် ပြောသည်။

ယခုတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၁၀ဝ၀ဝ၀ကျော်ဝင်

Fri, 06/19/2020 - 14:05 -- journal_editor

        မေ ၃၁ ရက်မှ ဇွန် ၆ ရက်   သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၅၂၈၁၉၄၀ တန်ဖိုးရှိ ဓာတ်ဆီ၂၇၅၁၅ဒသမ ၅၅ တန်နှင့် အမေရိကန်ဒေါ်လာ ၂၈၃၅၉၃၈၈ တန်ဖိုးရှိ ဒီဇယ် ၉၅၅၉၇ ဒသမ ၁၄ တန်၊ စုစုပေါင်း ၁၂၃၁၁၂ ဒသမ ၆၉ တန်ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။  ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၀၂၅၈ ဒသမ ၂၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၄၂ ဒသမ ၅၀ တန် တင်သွင်းမှုလျော့ နည်းခဲ့ပြီး ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၄၆၄၉၇ ဒသမ ၆၈ တန်တင်သွင်းခဲ့ ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၉၀၉၉ ဒသမ ၄၆ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့်ယခုတစ်ပတ်ဒီဇယ်အ

ပြည်တွင် ကြက်သွန်နီအရည်အသွေးပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Fri, 06/19/2020 - 13:57 -- journal_editor

           ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ပခုက္ကူ၊ အောင်လံနယ်တို့မှ   ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၃၅၀ ခန့် ဝင်ရောက်မှုရှိနေပြီး ပခုက္ကူနယ်ဘက်မှ   ကြက်သွန်နီများ အရည်အသွေးကောင်းသဖြင့် ပိုမိုဝင်ရောက်မှုရှိနေသည်။ အောင်လံနယ်ဘက်မှ ကြက်သွန်နီမှာ အရည်အသွေး အနည်းငယ်ညံ့သဖြင့် အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ထက် ဝက်ခန့်သာ ရောင်းဝယ်မှုရှိနေပြီး အရည်အသွေးပေါ် မူတည် ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ပခုက္ကူ၊ ရေနံ ချောင်း ကြက်သွန်နီအစများကို    စားသုံးသူပြည်သူများ အကြိုက်တွေ့သဖြင့် ပိုမိုရောင်းဝယ်မှုရှိနေသည်။  ဈေးနှုန်း များအနေဖြင့် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင

Pages

Subscribe to RSS - စီးပွားရေးသတင်း