ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှု
စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၃ ရက်အတွင်း ပင်လယ်ရေကြောင်းမှ နှမ်း တင်ပို့မှုမှာ တန်ချိန် ၉၄ ဒသမ ၃၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၈၂၄၇ ဖြစ်ကြောင်း သိရသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ စင်ကာပူနိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၇၅ ဒသမ ၉၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ဝ၆၄၇ ဖြစ်သည်။ ယခင်အပတ် နှမ်းတင်ပို့မှုမှာ တန်ချိန် ၄၄၈ ဒသမ ၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၃၀၅၉ ဒသမ ၇၇ ဖြစ်သောကြောင့် ယခုအပတ်နှင့် နှိုင်းယှဉ် ပါက တန်ချိန် ၃၅၄ ဒသမ ၅၄၊ တန်ဖိုး ၄၈၄၈၁၂ ဒသမ ၇၇ လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။