ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အနိမ့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ
ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာများအား အနိမ့်ဈေးဖြင့်ပင် အရောင်းအဝယ်ပြုလုပ်လျက်ရှိ ကြောင်း YSX ၏ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန် စတော့အိတ် ချိန်းတွင် အစုရှယ်ယာကုမ္ပဏီလေးခုက အရောင်းအဝယ်များ ပြုလုပ်လျက်ရှိရာ အစုရှယ် ယာလေးခုစလုံးပင် အကျဈေးဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ ယခုတစ်ပတ်အတွင်း အစုရှယ် ယာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကျပ် သန်းသုံးရာနီးပါးရှိခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။