မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံ ဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်အား လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဖွဲ့စည်းထားသည့် ဒေသ အဆင့်လုပ်ငန်းအဖွဲ့ဝင်များသည် ဇွန် ၁၂ ရက်တွင် နေပြည် တော်၊ ကူမင်း၊ တက်ဟုန်းပြည်နယ်ခွဲ၊ တရုတ်နိုင်ငံသံရုံး၊ မူဆယ်ကုန်သွယ်ရေးဇုန် စသည့် ငါးနေရာနှင့် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့သည်။ ဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပ