လျှော်ဖြူအစေး(ခေါ်) ဆေးကုလားမ TRAGACANTH GUM HERB တရုတ်နိုင်ငံ(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ပြုပြီ
လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက် သလို ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စီးပွားဖြစ် ဧကဖွဲ့စိုက်ပျိုးလာကြပြီး ထွက်ရှိလာသော လျှော်ဖြူအစေး(ခေါ်) ဆေးကုလားမကို ကြာဆန်အမျှင်၊ ရေခဲသားအကြည်၊ ရေခဲသားအဝါ၊ အညို ရောင်ဟူ၍ အမျိုးအစား အမျိုး မျိုးခွဲခြား ထားကြောင်း၊ အရောင်အသွေး အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၁၂၀ဝဝဝ ရှိကြောင်း၊ ကြာဆန်အမျှင်မှာ ဈေးနှုန်းအမြင့်ဆုံးရရှိကြောင်းလည်း သိရှိရသည်။