မြိတ်မြို့ရှိ ရေထွက်ကုန်များ စုပေါင်းရောင်းချရာ ငါးလေလံဈေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ပင်လယ်ဝန်းရံလျက်ရှိ သော ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များ ဖြင့် ကုန်သွယ်ရောင်းဝယ်လျက်ရှိသည်။ ပင်လယ် ကမ်းရိုးတန်းဖြစ်သည့်အတွက် ငါး၊ ပုစွန်၊ ကဏန်း များကို နေ့စဉ် ဖမ်းဆီးရမိလျက်ရှိသည်။
ထိုကဲ့သို့ ဖမ်းဆီးရမိသော ငါးများကို အအေးခန်း ကုမ္ပဏီများနှင့် ငါးလေလံဈေးတွင် ရောင်းချလျက်ရှိကြသည်။ ရေထွက်ကုန်များ ရောင်းချရာ ငါးလေလံဈေးမှာ အနယ်နယ် အရပ် ရပ်မှ လာရောက်ရောင်းချကြသော ငါးမျိုးစုံများဖြင့် စည်ကား လျက်ရှိသည်။ ငါးဗန်းများ ၊ ခြင်းများဖြင့် လာရောက်ရောင်းချကြပြီး ကီလို၊ ပိဿာနှင့် ခြင်း အလိုက်သာ ရောင်းဝယ်ကြသည်။