အာဆီယံသည် စီးပွားရေးပေါင်းစည်းမှုဆောင်ရွက်နေကြောင်း ပြည်သူကို ပိုမိုအသိပေးသင့်
စီးပွားရေးပေါင်းစည်းမှု (Economic Integration) အောင်မြင်လိုပါက အာဆီယံ နိုင်ငံများသည် မိမိတို့၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ပြည်သူလူထုသို့ ပိုမိုချပြအသိပေးရန် လိုအပ်သည်။ ထို့ပြင် အာဆီယံနိုင်ငံများ ကြားတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြိုင်ဆိုင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ကို အကောင်အထည်ေ ဖာ်ခဲ့သည်မှာ (၂)နှစ်ပြည့် မြောက်တော့မည်ဖြစ်သော်လည်း အရှေ့ တောင်အာရှဒေသသည် ဒေသဆိုင်ရာ စီးပွား ရေးပူးပေါင်းမှုတွင် ဒေသတွင်းအခက်အခဲများ နှင့် စိန်ခေါ်မှုများ (Internal challenges) ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်










