နယ်စပ်စခန်းစုံမှ လက်ဖက်ခြောက်တင်ပို့
အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၈၁၃၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၂၆ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၀၂၈ တန်ဖိုးရှိ လက် ဖက်ခြောက် ၆ တန်ခွဲကိုလည်းကောင်း တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁၉၄၇ တန်ဖိုးရှိ လက်ဖက်ခြောက် တန် ၃၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။










