ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်ပိုမိုတင်သွင်း
ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။










