တရုတ်နိုင်ငံသို့ ပြောင်းသစ်များတင်ပို့ပြီး အိန္ဒိယနိုင်ငံသို့ပါ တင်ပို့ရမည့် အလားအလာများရှိနေ
မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများအား ပြည်ပနိုင်ငံများသို့အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာ့ပြောင်းကို အဓိကအများဆုံးတင်ပို့ လျက်ရှိပါတယ်။ မြန်မာ့ပြောင်း ကို ပြည်တွင်း၌ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြရုံမျှမက ပြည်ပနိုင်ငံများသို့လည်းအဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိပါတယ်။ ပြောင်းစိုက်ပျိုးထုတ်လုပ်သည်မှ ပို့ကုန်တင်ပို့သည်အထိ Supply Chain တစ်လျှောက်ရရှိသည့် အကျိုးအမြတ်သည် တစ်နှစ်ထက်တစ်နှစ် အားကောင်းလာမှုကြောင့် နှစ်အလိုက်ပြောင်းစိုက်ပျိုးထွက်ရှိမှု ပိုမိုမြင့်မားလာတာကို လေ့လာတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ