ကြက်သွန်ဖြူစိုက်ဧက လျော့သွားလို့ အထွက်နည်းပြီး ဈေးကောင်းရလာ
ဒီနှစ်မှာ ရှမ်းကြက်သွန်ဖြူက ဈေးကောင်းရနေပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစပြီး ဆက်တိုက်ဈေးကွက်ပျက်ခဲ့တာ၊ ဈေးပြန်ကောင်းလာတာ မနှစ်နဲ့ ဒီနှစ် နှစ်နှစ်ခန့်သာရှိပါတယ်။ ငါးနှစ်ခန့်ဈေးကွက်ပျက်တာကြောင့် စိုက် တဲ့ တောင်သူတွေက လည်း စိတ်ပျက်ပြီး မစိုက်ကြတော့ပါဘူး။ ကြက်သွန်ဖြူ နေရာ မှာ ပြောင်းကိုအစားထိုးစိုက် ပျိုးနေတာကြောင့် စိုက်ဧကလည်းလျော့သွားပါတယ်။ ဒီနှစ်မှာတော့ ဈေးကောင်းရပေမယ့် စိုက်တဲ့တောင်သူတွေ နည်းလာပါတယ်။ အရှုံးပေါ်ခဲ့တဲ့ အတွက် တောင်သူတွေကလည်း မျိုးဖိုးတောင် မတတ်နိုင် တော့လို့မစိုက်နိုင်ကြတော့ဘူးလို့သိရပါတယ်။