ကရင်ပြည်နယ် ဖာပွန်မြို့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း ဟောပြောဆွေးနွေး
ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင် ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော် ဝါ ရီ ၉ ရက်က ကရင်ပြည်နယ် ဖာပွန်မြို့ ယွန်းစလင်း ခန်းမတွင် စားသုံးသူ အကာ အကွယ်ပေးရေးအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်းက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့် စားသုံးသူ၏အခွင့်အရေး၊ တာဝန်၊ စီးပွားရေးလုပ်ငန်းရှ င်၏ အခွင့်အရေး၊ တာဝန်နှင့်တားမြစ်ချက်များ၊ တာဝန်ယူဆောင်ရွက်နေသည့် ကော်မတီများနှင့် ဆောင်ရွက်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ တရားမဝင် ကုန်သွယ်မှုနှင့်ကုန်စည်များ ကြောင့် စားသုံးသူများအပေါ်ထိခိုက်မှု၊