Main menu

Background

စီးပွားရေးလုပ်ငန်းတိုင်း ပြည်ပဈေးကွက် ဦးတည်ထုတ်လုပ်လာရေး(Internationalization of Firm)

Mon, 03/16/2015 - 19:44 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများအနေဖြင့် ကုန်စည်ထုတ်  လုပ်သည်ဖြစ်စေ၊ ဝန်ဆောင်မှုပေးသည်ဖြစ်စေ နိုင်ငံတကာဈေးကွက်များတွင် ရောင်းချခြင်း သို့မဟုတ် ပြည်တွင်းသို့လာရောက် ကြသည့် နိုင်ငံခြားသားများထံသို့ ရောင်းချခြင်းတို့သည်ကုန်စည်ပို့ကုန် နှင့် ဝန်ဆောင်မှု ပို့ကုန်များရောင်းချခြင်းပင် ဖြစ်သည်။ ထို့အတူ ပြည်တွင်းသို့လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသည့် နိုင်ငံတကာ လုပ်ငန်းကြီးများတွင် ဝင်ရောက်လုပ်ကိုင်နေသူများသည်လည်း နိုင်ငံခြားငွေ ရှာပေးနေသည့် ဝန်ဆောင်မှုပို့ကုန်ရှင်များပင် ဖြစ်သည်။
ယခုအခါ ကုန်စည်ပို့ကုန်ကဏ္ဍ သိသိသာသာ တိုးတက်လာမှု ကြောင့် ပို့ကုန်နှင့် ဆက်စပ်နေသည့် ထုတ်လုပ်မှုလမ်းကြောင်း(Supply Chain)တစ်လျှောက်ရှိ ပါဝင်သူများ ပိုမိုအကျိုး ရှိနေပြီဖြစ် သည်။ ဆိုလိုသည်မှာ လယ်ယာပို့ကုန်များဖြစ်သည့်ဆန်စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်းစသည်တို့ယခင် ကထက်တိုးချဲ့တင်ပို့လာမှုကြောင့် ကုန် သည်များသာမက သယ်ယူပို့ဆောင်သူ၊ကြိတ်ခွဲသူ၊ သိုလှောင်သူနှင့် စိုက်ပျိုးသည့် လယ်သမားများအထိပါ အကျိုးကျေးဇူးပိုမိုရှိလာပြီ ဖြစ် သည်။ ထို့အတူ ဃဏြ

အခြေခံအထည်ချုပ် ပို့ကုန်များ တိုးချဲ့နိုင်သည့် အတွက် အထည်ချုပ်လုပ်ငန်းရှင်များ အကျိုးရှိသလို အလုပ်အကိုင်အများအပြား ဖန်တီးပေးနိုင်မှုကြောင့် ဆင်းရဲမှု လျှော့ချရေးအတွက် အရေးပါနေခြင်း ဖြစ်သည်။
ယခုအခါဒေသဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများ ယခင်ကထက် ပိုမိုကောင်းမွန်လာသလို မကြာခင် ပြီးစီးတော့မည့်လမ်းသစ်ကြီးများကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသာ မက ဆက်စပ်နေသည့် နိုင်ငံများနှင့်ပါ စီးပွားရေး၊ လူမှုရေးပေါင်း စည်းမှုများ အထူးတိုးတက်လာတော့မည် ဖြစ်သည်။ လမ်းသစ်များ အနက် အာရှအရှေ့အနောက်လမ်းမ၊တောင်ဘက်လမ်းမGMS နိုင်ငံများ ဆက်စပ်နေသည့် တရုတ်၊ ယူနန်၊ ကျောက်ဖြူလမ်း၊ တရုတ်၊ မြန်မာ-အိန္ဒိယ ဆက်ပေးမည့်လမ်းမ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း အကျုံး ဝင်သည့်   Trilateral  road  project စသည်တို့ မကြာမီပေါ်ပေါက်လာတော့မည်ဖြစ်သည်။ အထူးသဖြင့် ဗန်ကောက်မှ ထားဝယ် တောင် ဘက်စြင်္ကံလမ်း မကြာမီပြီးစီးတော့မည်ဖြစ်ရာလမ်းမတစ်လျှောက် ထိုင်းနယ်စပ်နှင့် မြန်မာဘက်ပိုင်းတို့တွင် စက်ရုံအလုပ်ရုံများ သိသိသာသာထွန်းကားလာတော့မည်ဖြစ်သလို နှစ်နိုင်ငံအကြား ကုန် သွယ်မှုသည်လည်း မြန်မာ၊တရုတ်နိုင်ငံကဲ့သို့တစ်ဟုန်ထိုးတိုးတက် လာတော့မည် ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းသာ ပြီးစီးမည် ဆိုလျှင် ဗီယက်နမ်၊ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့၏ ကုန်သွယ်မှု အတွက်အရေးပါသည့် အတွက်တစ်ဆင့်ခံကုန်သွယ်မှု၊ ပြန်လည်ပို့ကုန်သွင်းကုန်များ ထွန်းကားလာမည် ဖြစ်သည်။ ထို့ပြင် ညီအစ်မမြို့ များအဖြစ် မြဝတီ-မဲဆောက်ဖွံ့ဖြိုးမှုပုံစံအသစ်အနေဖြင့်အထူး အရေးပါလာမည့် အပြင်စီးပွားရေး၊လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဘာသာ ရေးအရနှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုများ အထူးတိုးတက် လာမည်ဖြစ်ပြီး၊ လက်ရှိနှစ်စဉ် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်နေသည့် ထိုင်းလူမျိုးများ အဆိုပါဝင်ပေါက်မှ ယခုထက်ဆတိုးဝင် ရောက်လာတော့မည်ဖြစ်သည်။ထို့အတူ မြန်မာ့ရွှေ့ပြောင်း လုပ်သားများအများဆုံးရှိနေသည့် ထိုင်းနိုင်ငံသို့အဓိကဝင်ပေါက်ဖြစ်သည့် မြဝတီ-မဲဆောက်ဂိတ်သည် ယခုထက် ပိုမိုဖွံ့ဖြိုးလာဦးမည်ဖြစ်ပြီး တရားဝင်သွားရောက်လုပ်ကိုင် နိုင်ရေး နှင့် ပိုမိုအာမခံချက်ရှိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် သဘောတူ ထားပြီးဖြစ်သည်။ တရုတ်နှင့်နယ်စပ် ဆက်သွယ်ရေးလမ်း ကြောင်းတစ်လျှောက်ကုန်သွယ်မှုတစ်နေ့တခြား တိုးပွားနေသည့် အတွက်လမ်းသစ်များ ဖော်ထုတ်ခြင်းနှင့် လက်ရှိလမ်းများ တိုးချဲ့ခြင်းတို့လုပ်ဆောင်နေမှုကြောင့် ယခုထက်ဘက်စုံပေါင်းစည်းမှုတိုးပွား လာမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အကုန် တွင်ဖြစ်ပေါ်လာမည့်အာဆီယံ စီးပွားရေး အသိုက်အဝန်းကြောင့်လည်း လွတ်လပ်စွာကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ လုပ်သားရွှေ့ပြောင်းမှု၊ အရင်းအနှီးရွှေ့ပြောင်းမှုတို့ပိုမိုများပြားလာမည်ဖြစ်၍ ပြည်တွင်းလုပ်ငန်းများနှင့် လူငယ်လူရွယ်များ အတွက် အခွင့်အလမ်းများစွာပေါ်ပေါက်လာမည်ဖြစ်သည်။ပြီးခဲ့သည့်နှစ် ၂၀၁၄ တွင် လာရောက်သည့် နိုင်ငံခြားခရီးသွား ဦးရေ သုံးသန်းကျော်ရှိခဲ့ပြီး၊ ယခင်နှစ်ထက်တစ်သန်းပိုမိုဝင်ရောက် လာကြောင်း တွေ့ရသည်။ယခုနှစ်၂၀၁၅တွင်လည်း အနည်းဆုံးလေး  သန်းခွဲမှ ငါးသန်းအထိဝင်ရောက်လာနိုင်ပြီး အကယ်၍ တောင်အာရှ စြင်္ကံသာ မျှော်မှန်းသည့်အတိုင်း ၂၀၁၅ နှစ်လည်တွင် ပြီးခဲ့လျှင် အဆိုပါခန့်မှန်းချက်ထက်များမည်သာ ဖြစ်သည်။ ယခင်နှစ် ခရီး သွားလုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာတစ်ဘီလီယံ ကျော်ဟုသိရပြီး၊ အမှန်တကယ်မူ ယခုထက် များစွာရရှိနိုင်သည့် အခွင့်အလမ်း များ ဖော်ထုတ်ရဦးမည်ဖြစ်သည်။ ဆိုလိုသည်မှာခရီးသွားများ အတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို တိုးချဲ့နိုင်လျှင် အဆိုပါဝင်ငွေ  အနည်းဆုံး  နှစ်ဆမကတက်လာမည်  ဖြစ်သည်။ သဘာဝအခြေခံလမ်းကြောင်းသစ်များ ဖော်ထုတ်ခြင်း၊ အပန်းဖြေစခန်းများဖွင့်လှစ်ခြင်း၊ဒေသအစားအစာနှင့် ယဉ်ကျေးမှုများဖြင့်  လာရောက်လည်ပတ်စေရန် ဆွဲဆောင်မှုများပေးခြင်း၊ စင်္ကာပူ၊ ဗန်ကောက်၊ကွာလာလမ်ပူ ၊ မနီလာစသည့် မြို့ကြီးများကဲ့သို့ ညပိုင်း အပန်းဖြေစခန်းများ လုပ်ဆောင်ခြင်း ၊ ဒေသအလိုက်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများဖြင့်ဧည့်ခံခြင်း စသည်တို့ လုပ်ဆောင်ရန် လိုအပ်သလို ခရီးသွားများအတွက် ဘေးကင်းလုံခြုံမှုတို့လည်းအထူးဂရုစိုက်ရန်လို ပေသည်။ မြန်မာနိုင်ငံအနေဖြင့် အဘက်ဘက် မှယုံကြည်မှုတည် ဆောက်နေရဆဲဖြစ်ရာ ခရီးသွားများနှင့်ပတ်သက် ၍တည်းခိုသည့် ဟိုတယ်၊ သယ်ယူပို့ဆောင်ရေး၊ အစားအသောက် များ၊ မှန်ကန်သည့် သတင်းအချက်အလက်ဖြန့်ဝေမှု၊ ဒေသထွက် လက်ဆောင်ပစ္စည်းများ ရောင်းချမှု စသည်တို့တွင် အရည်အသွေး ပြည့်ဝမှု၊ မြင်သာထင်သာရှိမှု၊ဖော်ရွေပွင့်လင်းမှု၊ ရိုးသားမှုတို့ အထူးလိုအပ်ပေသည်။ ဆိုလိုသည်မှာ နိုင်ငံတကာမှ လာရောက် သော ခရီးသွားများအတွက်အရည်အသွေးမီသည့် ဝန်ဆောင်မှု လုပ်ငန်းများ များများလုပ်ဆောင်နိုင်လေ အကျိုးများလေဖြစ်သည်။ အထူးသဖြင့် စင်္ကာပူ၊ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံများ တွင်လုပ်ဆောင်နေသည့် ဝန်ဆောင်မှုလုပ်ငန်းများ မြန်မာ့လုပ်ငန်း ရှင်များနှင့်လူငယ်များအသေးစိတ်လေ့လာပြီး ပြန်လည် အသုံးချရ တော့မည် ဖြစ်သည်။ ထို့အတွက်လည်း လုပ်ငန်းရှင်တိုင်း၊ လူငယ်တိုင်း နိုင်ငံတကာနှင့် ပေါင်းစည်းလုပ်ဆောင်နိုင်ရေး အထူးကြိုးစား ရမည့် အချိန်ဖြစ်သည်။အခွင့်အလမ်းများသိအောင်လုပ်
ယခုအခါ လုပ်ငန်းရှင်များအတွက်ရော လူငယ်များအတွက် စီးပွားရေးနှင့် ကြီးပွားတိုးတက်ရေး  အခွင့်အလမ်းများစွာ ရှိနေပြီဖြစ်သည်။ သို့သော် အဆိုပါအခွင့်အလမ်းများ အပြည့်အဝရယူနိုင်ရေး အတွက် အခွင့်အလမ်းများကို သိရှိအောင်ဦးစွာကြိုးစားရမည် ဖြစ်ပြီး၊ ဒုတိယအဆင့်အဆိုပါ အခွင့်အလမ်းများရရှိအောင်လိုအပ်ချက်များ၊ ပြင်ဆင်ရမည့်အချက်များကိုပြည့်မီအောင်လုပ်ဆောင်နိုင်မှသာ ကြီးပွားတိုးတက်နိုင်မည်ဖြစ်သည်။ ယခုအခါ အခွင့်အလမ်းများစွာရှိ သော်လည်းအသုံးပြုနိုင်သူ အနည်းငယ်မျှ သာရှိနေသေးသည်။မသိသူကျော်သွား သိသူဖော်စား ဆိုသည့်ဆောင်ပုဒ် အတိုင်းအခွင့် အလမ်းကို သိအောင် လုပ်ရန်ကြိုးစားရမည်ဖြစ်သည်။ဥပမာအား ဖြင့်ဂျပန်နိုင်ငံမှ အထူးကုန်သွယ်မှု ကင်းလွတ်ခွင့် (Generalized System  of   Preference – GSP)ဟုခေါ်သည့်အထူးအခွင့်အရေးကို လယ်ယာကုန်စည် တော်တော်များများကို ပေးထားပြီး အခွန် အကောက်ကင်းလွတ်ခွင့်သာမက ခွဲတမ်းသတ်မှတ်ချက်ပါ ကင်း လွတ်သောကြောင့် အခြားနိုင်ငံများထက် အခွင့်အရေး ရရှိထားပြီးဖြစ်သည်။ လယ်ယာကုန်စည် များအတွက် အာရှတွင် ဂျပန်ဈေးကွက် သည် ဈေးအကောင်းဆုံးဖြစ်ပြီး၊ဝယ်လိုအားများပေသည်။ ဥပမာ အားဖြင့်  ဝဥ ခြောက်အမှုန့်ဆိုလျှင် တစ်တန်လျှင် ဒေါ်လာသောင်း    ဂဏန်းရှိပြီးဝယ်အားများသော်လည်း ယနေ့အထိ ဂျပန်သို့ အဆိုပါ ကုန်စည်တင်ပို့နိုင်သည့် ကုမ္ပဏီတစ်ခုသာရှိပြီး တန်ချိန်အနည်းငယ်သာ တင်ပို့နိုင်သေးသည်။ ထို့အတွက်လည်း ယခင်က တရုတ်လုပ်ငန်း ရှင်များ အဆိုပါကုန်စည်ကို ဂျပန်ဈေးကွက်သို့မြန်မာနိုင်ငံထုတ်ကုန် (Country of Origin) ရရှိအောင်ကြိုးစားမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ယခုဆိုလျှင် ဥရောပသမဂ္ဂအီးယူ၏ ွှဏကို ကုန်စည်တိုင်းအတွက်     ပေးနေပြီဖြစ်သော်လည်း ဃ.ြ.ဏ အထည်ချုပ်နှင့် လယ်ယာကုန်စည် အချို့ကိုသာ အနည်းငယ်ပိုမိုတင်ပို့နိုင်သေးပြီး ပေးသည့်အခွင့်အရေး ကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်သေးသည်ကို တွေ့ရပေသည်။ ထို့ အတွက်မည်သည့်လုပ်ငန်းကို လုပ်ဆောင်သည်ဖြစ်စေ အဆိုပါ လုပ်ငန်းနှင့် ပတ်သက်သော နောက်ဆုံးသတင်း အချက်များရရှိ အောင်လုပ်ဆောင်ရေးနှင့် အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်ရေး မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်သည်။ အရေးကြီးသည်မှာ လုပ်ငန်းသေးသေးကလေးလုပ်သည့်တိုင်အောင် တစ်ရက်ထက်တစ်ရက်ပိုမို တိုးတက်လာစေရန် ကြိုးစားရမည်ဖြစ်သည်။ယှဉ်ပြိုင်ရာတွင် အရည်အသွေးအရလည်းကောင်း၊ ဈေးနှုန်းအရလည်းကောင်း၊ ပေးသည့် ဝန်ဆောင်မှုအရလည်းကောင်းအခြားသူများထက် သာအောင် အစဉ်ကြိုးစားရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတိုင်း ယခင်က ထက် ကြီးပွားတိုးတက်နိုင်ရန်အခွင့်အလမ်းကောင်းများ ဈေးကွက် များပွင့်လာပြီ ဖြစ်သည်။ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ပေးသည့်လုပ်

ငန်းတိုင်းကြီးပွားတိုးတက်လိုလျှင် ယနေ့ပညာရှင်များ လမ်းညွှန်သည့် ဆောင်ပုဒ်မှာ ]]ပိုမိုလေ့လာပိုမိုကောင်းအောင်လုပ်Learn more, Serve better” ပင် ဖြစ်သည်။ လုပ်ငန်းရှင်တိုင်း အထူး အလေးထားရ မည့်အချက်မှာ မိမိလုပ်ငန်း၏ယှဉ်ပြိုင်နိုင်မှုစွမ်းအား တစ်နေ့တခြား တိုးတက်လာရေးဖြစ်သည်။၂၁ ရာစုအဆင့်မြင့်အရည်အသွေး (21st Century-High quality)မြန်မာနိုင်ငံအနေဖြင့် တစ်ကမ္ဘာ့လုံးနှင့် အဘက်ဘက်မှ ပေါင်း စည်းမှု အရှိန်အဟုန်မြင့်မားလာမှုကြောင့်စီးပွားရေးလုပ်ငန်းတိုင်း၊ လူငယ်လူရွယ် တိုင်း တစ်ကမ္ဘာ့လုံးနှင့် ချိတ်ဆက် လုပ်ဆောင်မှုမြှင့် တင်နိုင်မှသာသိသာသည့်တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ် သည်။ ၂၁ ရာစု စီးပွားရေး လုပ်ငန်းများတိုးတက်စေရန် အဓိကဦးစားပေးလုပ်ဆောင်ရမည့် အချက်မှာ ကုန်ထုတ်လုပ်မှု (သို့မဟုတ်) ဝန်ဆောင်မှုများပေးရာတွင်အရည်အသွေးမြင့်မားမှုရှိမှသာ ယှဉ် ပြိုင်နိုင်မှုစွမ်းအား မြင့်မားမည်ဖြစ်ပြီး အောင်မြင်တိုးတက်မည်ဖြစ် သည်။အရည်အသွေးမပြည့်ဝလျင် စီးပွားရေးလုပ်ငန်းများ ရေရှည် ရပ်တည်ရန်မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ထွန်းကားရန် များစွာရှိနေသေးပြီး အရည်အသွေးနှင့် ဝန်ဆောင်မှု ကောင်းမွန်မှု၊မြင်သာထင်သာရှိမှု၊ တိကျသေချာမှု ၊ ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းဖြစ်ပေါ်မှုတို့ကို ဦးစား ပေးရမည်ဖြစ်သည်။ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စားသုံးသူ များ၏ ကျေနပ်နှစ်သိမ့်မှု အများဆုံးဖြည့်စွမ်းပေးရေး ဟူသော ဦးတည်ချက်ဖြင့်စားသုံးသူများ၏ယုံကြည်မှုရရှိသည် အထိလုပ် ဆောင်နိုင်မှသာ မိမိလုပ်ငန်း၏ နာမည်ကောင်းBrand Name ကိုတည်ဆောက်နိုင်မည်ဖြစ်သည်။ပြိုင်ဆိုင်မှုပြင်းထန်လာသည့် ကမ္ဘာ့ဈေးကွက်တွင်ထိုးဖောက် ဝင် ရောက်နိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ လူ့စွမ်းအားအရင်း
အမြစ်ဖြစ်လာရေးတို့အတွက် အလိုအပ်ဆုံးမှာ မြင့်မားသည့် အရည် အသွေး (high quality) ရှိရေးပင်ဖြစ်သည်။မြန်မာ့စီးပွားရေး လုပ်ငန်းများ (ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ) အနေဖြင့် ယခင်ကပြည်တွင်းဈေးကွက်ကိုသာအဓိကထားထုတ်လုပ်မှုကြောင့် အရည်အသွေး၏ အရေးပါမှုအားနည်းခဲ့သလို ပြည်ပဈေးကွက်သို့တင်ပို့ရာတွင်လည်းအရည်အသွေးနိမ့်အခြေခံကုန်စည်များကိုသာ အဓိကထားတင်ပို့မှုကြောင့် တန်ဖိုးလည်းနိမ့်ကျခဲ့သည်။ အရည်အသွေးနိမ့်ကျမှုကြောင့်လည်း မြန်မာ့ပို့ကုန်များ ကမ္ဘာ့ဈေးကွက် ကောင်းများတွင် နာမည်ကောင်းဖြင့် ရေရှည်ထိန်းသိမ်းနိုင်မှုအား နည်းခဲ့သည်။ အရည်အသွေးနိမ့်ကျမှုကို ပိုမိုဖြစ်ပေါ်စေသည့် အချက်မှာ တချို့ကုန်သည်များ၏မမှန်မကန်သည့်နည်းလမ်းများ ဖြင့် အလေးချိန်တိုးရန် လုပ်ဆောင်မှုများကိုလည်း ရှောင်ရှားရမည် ဖြစ်သည်။
ယနေ့ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် အရည်အသွေး၊ ဈေးနှုန်း၊ ထုပ်ပိုးမှု၊ လုံခြုံစိတ်ချရမှုစသည့်ဘက် ပေါင်းစုံမှ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အရည်အသွေးမြင့်မားမှု မှာ အထူးအရေးပါပြီး နိုင်ငံတကာလုပ်ငန်းများတစ်စိုက်မတ်မတ် ဇောင်းပေး လုပ်ဆောင်နေကြပြီဖြစ်သည်။ယခင် ခေတ်အဆက်ဆက် နိုင်ငံတိုင်း (သို့မဟုတ်) လုပ်ငန်း    တိုင်း နှိုင်းယှဉ်အခွင့်အရေးသာသည့်တစ်နည်းအားဖြင့်နှိုင်းယှဉ်စရိတ် သက်သာသည့် လုပ်ငန်းများကို ဇောက်ချထုတ်လုပ်ပြီး ကုန်သွယ်မှုကိုလုပ်ဆောင်ခဲ့ကြသော်လည်း ယနေ့ခေတ်ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံ တကာလုပ်ငန်းများအနေဖြင့် လက်ခံကျင့်သုံးသည့်မူမှာထုတ်လုပ်မှု စရိတ်သက်သာမှုထက် တီထွင်ဆန်းသစ်မှုများ ပါဝင်သည့်အရည် အသွေးမြင့်မားသည့်ထုတ်ကုန်များထုတ်လုပ်ရောင်းချမှုပင်ဖြစ် သည်။ ထို့အတွက် ယနေ့ခေတ်ထုတ်ကုန်တိုင်း ဝန်ဆောင်မှုတိုင်းတွင် မြင့်မားသည့်အရည်အသွေးဖော်ဆောင်နိုင်ရေး အလေးထားရတော့ မည်ဖြစ်သည်။ အရည်အသွေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စံချိန်စံညွှန်းများသိဖို့လိုသလို လက်တွေ့အသုံးပြုရန်လည်း အရေးကြီးပေ သည်။ ယနေ့လယ်ယာထွက်ကုန် အပါအဝင်ပို့ကုန်အများစုသည် အရည်အသွေးနိမ့်သည့် မူလထုတ်ကုန်များ သာဖြစ်နေသည့်အတွက်FAQ (Fair average quality)သာဖြစ်ပြီး အရည်အသွေးမြင့်သည့်SQ (Special quality)) နည်းနေဆဲပင်ဖြစ်သည်။ ထို့အတွက် မြန်မာ့ ထုတ်ကုန်များအရည်အသွေး ယခုထက်ပိုမိုမြင့်တက်လာစေရေးနှင့်  ဝန်ဆောင်မှုပို့ကုန် လုပ်ငန်းများအနေဖြင့်လည်း အရည်အသွေးမြင့်ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် အထူးကြိုးစားရမည့် အချိန် ဖြစ်သည်။ သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းများနှင့်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် နိုင်ငံတကာနှင့် ပိုမိုပေါင်းစည်း လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အထူးဇောင်းပေး ကြိုးစားမှသာတိုးတက်မှုကိုဖော် ဆောင်နိုင်မည် ဖြစ်ပေသည်။