Main menu

Background

မုန့်လုံးစက္ကူကပ်နေတဲ့ တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးနဲ့ ပို့ကုန်မြှင့်တင်ရေး

Mon, 05/02/2016 - 13:48 -- journal_editor

မုန့်လုံးစက္ကူကပ်တဲ့သဘောတရားကို  အားလုံးသိပြီးကြမှာပါ။ ဘယ်တော့မှ ပြီးဆုံးသွားခြင်းမရှိတဲ့အကြောင်းတရားတစ်ခုကို ပြော ချင်ရင် မုန့်လုံးစက္ကူကပ်နေပြီလို့ ပြောတတ်ကြပါတယ်။မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ ဘာလုပ် မယ် ညာလုပ်မယ် စသည်ဖြင့်ပြောဆိုနေကြတာတွေ၊ ဝေဖန်လေကန်နေကြတာတွေဟာ အချိန်ကာလတော်တော်ကို ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ယခင်အစိုးရ လက်ထက်က မြန်မာ့စီးပွားရေးကို နာလန်ထူအောင် လု ပ်ဆောင် ခဲ့ သလို ဖြေလျှော့သင့်တာမှန်သမျှ ဖြေလျှော့ပေးခဲ့ပြီးပါပြီ။ လုပ်ငန်းရှင်တွေ တောင်းဆိုသမျှကိုလည်းလုပ်ဆောင်သင့်သလောက် လုပ် ဆောင်ပေးခဲ့တာကို အားလုံးအသိပဲဖြစ်ပါတယ်။ပြီးခဲ့ တဲ့ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နဲ့ ကုန်သည်လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊  စက်ရုံအလုပ်ရုံပိုင်ရှင်တွေ၊ စီးပွားရေးရာ ပညာရှင်တွေ စတဲ့ စီးပွားရေး လောကမှာ ပတ်သက်ဆက်နွယ်နေသူအားလုံး တွေ့ဆုံပွဲကို UMFCCI  မှာ ကျင်းပခဲ့ကြပါတယ်။အဲဒီတွေ့ဆုံပွဲရဲ့   အဖွင့်မိန့်ခွန်းမှာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံရဲ့ကျဆင်းနေတဲ့ပို့ကုန်ကို ငါးနှစ် အတွင်း သုံးဆမြင့်တက်စေရမယ်လို့ ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ကုန်သွယ်မှုနဲ့ဂျီဒီပီအချိုးက အင်မတန် မှ နည်းပါးပါတယ်။ ဗီယက်နမ်နိုင်ငံဆိုရင် ရှစ်နှစ်အတွင်းမှာကုန် သွယ်မှုပမာဏ က လေးဆလောက် တက်သွားတယ်။ ကျွန်တော် တိုက ဒီငါးနှစ်အတွင်းမှာ နှစ်ဆတောင် မတက်ဘူးဖြစ်နေတယ်။ ကျွန် တော်တို့အနေနဲ့ ယိုးဒယားကို ယှဉ်နိုင်ဖို့နေနေသာသာ  ကမ္ဘော ဒီးယားကိုတောင် မယှဉ်နိုင်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့ လာမယ့် ငါးနှစ်အတွင်းမှာ ပို့ကုန်ကို သုံးဆလောက်တိုးတက်အောင် လုပ်မှ မြန်မာနိုင်ငံရဲ့စီးပွားရေးက အခြေခိုင်မာမှာ ဖြစ်ပါတယ်။ ပို့ကုန်တန်ဖိုးကသွင်းကုန်တန်ဖိုးထက် နိမ့်ကျနေတာကိုတွေ့ရပါ တယ်။ ပို့ကုန်ပိုင်းကိုကြည့်ရင် အစိုးရဘက်က ပို့ကုန်နဲ့ကုန်သည်ကြီး  များဘက်က ပို့ကုန်ကို နှိုင်းယှဉ်ရင် အစိုးရဘက်က ပို့ကုန်က သာနေ တာကိုတွေ့ရပါတယ်။ ဒါကဘာလဲဆိုရင် အစိုးရဘက်က  ပို့ကုန် ဝင်ငွေကများနေပြီး ကုန်သည်တွေဘက်က ပို့ကုန်ဝင်ငွေက နည်းနေ ပါတယ်။ အချိုးက တော်တော်လေးကို ကွာဟနေပါတယ်။ ကုန်သည်ကြီးများအနေနဲ့ ဒီအချိုးကို ဘယ်လိုမှီအောင်လိုက်ကြမလဲ။ အစိုးရနဲ့ပုဂ္ဂလိကရဲ့ ပို့ကုန်ပိုင်းမှာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်။ တစ်ဖက်ကလည်း ပို့ကုန်နဲ့သွင်းကုန်ကလည်းတစ်ဘက်စောင်းနင်း ဖြစ်နေတယ်။ ဒါကိုတည့်မတ်ဖို့ဆိုရင်Exported Growth ပေါ့။ ဒီTrend က အသားကျနေတဲ့Model ဖြစ်နေတယ်''လို့ ပြော ကြားခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေဟာ တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းစာရင် ဘာကြောင့် နည်းပါးနေရသလဲ။ အဖြေက ရှင်းပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စာရင်းအင်းကိန်းဂဏန်း အချက်အလက်တွေအရ ဆိုရင်တော့ ပို့ကုန်ပိုင်းမှာနည်းပါးနေတယ်လို့ ပြောရမှာပါ။ ဒါပေမယ့်တစ်ဖက်အိမ်နီးချင်းနိုင်ငံတွေက ထုတ်ပြန်ထားတဲ့ မြန်မာ နိုင်ငံရဲ့ ကုန်သွယ်မှုပမာဏကိုကြည့်ရင်ပို့ကုန်ပမာဏဟာလက်ရှိ စာရွက်တွေပေါ်က ကိန်း ဂဏန်းတွေ ထက် များပြားနေတာကို တွေ့ ရမှာဖြစ်ပါတယ်။ဒါဘာကြောင့်လဲ။ အဖြေက ရှင်းပါတယ်။ တရားမဝင်ကုန် သွယ်မှုပါ။ တရားမဝင်ကုန်သွယ်မှု မပျောက်သရွေ့ ပို့ကုန်ပမာဏ ဘယ်လို မှ မြင့်တက်လာ စရာ အကြောင်း မရှိပါဘူး။ တရားမဝင်ကုန်သွယ်မှုကို ဘယ်သူတွေ လုပ်နေသလဲ။ နယ်စပ်ဒေသမှာ ရှိနေ တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တရားမဝင် ကုန်သွယ်မှုကိုမှ တပ်မက်နေတဲ့ ကုန်သည်အကြီးစား၊အလတ်စား ၊အငယ်စားတွေ၊ လာဘ်ပေး လာဘ်ယူမှုကိုပြုလုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေသူတို့ အားလုံးဟာ တရားမဝင်ကုန်သွယ်မှုရဲ့အခြေခံ အကြောင်းတရား များပါပဲ။ယခင်အစိုးရလက်ထက် မိုဘိုင်းတင်းမ်ဆိုတဲ့ တရားမဝင်ကုန် သွယ်မှုကို တားဆီးတဲ့အဖွဲ့ရှိနေပေမယ့်လည်း တရားမဝင်ကုန်သွယ် မှုတွေရှိနေခဲ့ပါတယ်။ ရန်ကုန်အရောက်၊ အိမ်အရောက်ပို့ပေးနေတဲ့ တရားမဝင် ကုန်သွယ်မှုအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ရှိနေခဲ့ပါတယ်။ အဲဒီ တရားမဝင်ကုန်သွယ်မှုကိုတိုက် ဖျက်ဖို့ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ကိုတာဝန်ပေးမယ်လို့ ဆိုပါ တယ်။ ဒီအချက်ကိုလည်း ပြန်လည်စဉ်းစားဖို့ လိုအပ်လိမ့်မယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လည်း ဆိုရင် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့တွေဟာလည်းလူသားတွေသာဖြစ်တာကြောင့် တစ်ချိန်မှာ မိုဘိုင်းတင်းမ်ထက်  ဆိုးရွားတဲ့အဖြစ်တွေ ဖြစ်ပေါ်လာနိုင်တာကို ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်။ဘယ်သူတွေက တရားမဝင် ကုန်သွယ်မှုကို လုပ်နေ တယ်။ ဘယ်သူက ဘယ်အဖွဲ့အစည်းနဲ့ဆက်သွယ်ပြီး မှောင်ခိုရောင်းဝယ်နေ တယ်ဆိုတဲ့ အချက်တွေကို သိတာက ကုန်သည်အသိုင်းအဝိုင်းကပဲဖြစ်ပါတယ်။ တရားမဝင်ကုန်သွယ်မှုပြုနေတဲ့သူတွေကို တရားဝင်ကုန်သွယ် မှုပြုသူများကဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်လှပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ဘက်မလိုက်ဘဲထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ လိုအပ်လှပါတယ်။ စီမံချက်ကာလဆို တဲ့အချိန်တွေကို အတတ်နိုင်ဆုံးလျှော့ ချပြီး ဥပဒေ နဲ့အညီ ကျော သားရင်သားမခွဲခြားဘဲ အရေးယူမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။''ကုန်သွယ်မှုပြုရင် တရားဝင်တင်သွင်းရင် ကုန်ကျစရိတ်ပိုများ တယ်။ အချိန်ကြာတယ်။ တရားမဝင်က ကုန်ကျစရိတ်နည်းတယ်၊  အချိန်မြန် တယ်။ ဒါကြောင့် ကုန်သည်အများစုက တရားမဝင်ကုန်သွယ် ကြတာများတယ်။ ပို့ကုန်ပမာဏတိုးတက်အောင် လုပ်မယ် ဆိုရင် ဒါကို ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်''လို့ မြန်မာနိုင်ငံကုန်သည် များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်  အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို ပြည်တွင်းကထွက်ရှိ တဲ့ ငါးသယံဇာတတွေ၊ လယ်ယာထွက်ကုန်သီးနှံတွေ၊ သစ်တော ထွက်ပစ္စည်းတွေ ကိုသာ အများဆုံးတင်ပို့လျက်ရှိနေပြီး တခြားလူသုံးကုန် ပစ္စည်းတွေကတော့ ပြည်တွင်းသုံးအဖြစ်နဲ့သာ ထုတ်လုပ် လျက်ရှိနေတာကို တွေ့ရပါတယ်။အဲဒီလို တင်ပို့တဲ့ကုန်ပစ္စည်းတွေဟာ သယံဇာတတွေ ရှားပါး လာတာ၊ ရာသီဥတုဖောက်ပြန်ပျက်စီး မှုတွေ ဖြစ်ပေါ်လာတာတွေ ကြောင့် တဖြည်းဖြည်းနဲ့ နည်းပါးလာတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ရေထွက်ကုန်တွေ ရှားပါးလာတာကြောင့် ရေသယံဇာတနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်တိုးနန္ဒာတင်က ]]မြန်မာနိုင်ငံမှာ ငါးရှားတယ်။ ဘာလို့ ငါးရှားတာသလဲဆိုတော့ ကျွန်မတု့ိမွေးတဲ့ ငါးကြင်း၊ ငါးမြစ်ချင်းက နှစ်နှစ်၊ နှစ်နှစ်ခွဲလောက် မွေးရတယ်၊ အိမ်နီးချင်းတွေ က လေးလခွဲ ငါးလပဲ မွေးရတဲ့ သက်တမ်းတိုငါးကို မွေးကြတယ်။တခြားနိုင်ငံတွေက ငါး ကို တစ်နှစ် နှစ်ကြိမ် ထုတ်ယူနေချိန်မှာ မြန်မာက တစ်ခါငါးထုတ် ယူနိုင်ဖို့ နှစ်နှစ်လောက်ကြာနေတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ငါးမွေးတဲ့ စနစ်ကို ပြောင်းသင့်တယ်လို့  ကျွန်မပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် မျိုးကောင်းမျိုးသန့် မွေးမြူရေးငါးရဖို့ ျွသသအျအသခုျ တွေ လိုပါတယ်။ ျွသသအျအသခုျ ကို သွားဝယ်လို့မရဘူး။ သူတို့ဆီမှာ သွား ဝယ်ရင် သူတို့က ငါးသားပေါက်ကိုပဲရောင်း တယ်။ ဒါကြောင့် အစိုးရ ချင်း လက်မှတ်ထိုးပြီးမှ ဒါကိုတင်သွင်းနိုင်မယ်}}လို့ ပြောကြားခဲ့ ပါတယ်။အိမ်နီးချင်းနိုင်ငံတွေ ကိုအမှီလိုက်နိုင် ဖို့အတွက်အစိုးရချင်း ပေါင်းစပ် ညှိနှိုင်းမှုနဲ့ နိုင်ငံ ရဲ့လိုအပ်ချက်ေ တွ ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်လှပါတယ်။ဒါ့အပြင် ပို့ကုန်သုံးဆတိုးမြှင့်ဖို့အတွက်ဆိုရင် လက်ရှိနယ်စပ် ဒေသတွေမှာရှိနေတဲ့ ကုန်သွယ်ရေးစခန်းတွေကို  ပိုမိုဖွံ့ဖြိုးတိုး တက်အောင်လုပ်ဆောင်ဖို့ လိုမှာဖြစ်ပါ တယ်။ တရုတ်နယ်စပ်မှာ ရှိတဲ့မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ဟာ အခုအချိန်အထိ တိုးတက်မှုရှိမလာသေးတာ တွေ့ရပါတယ်။တရုတ်နိုင်ငံ၊ ကြယ်ဂေါင်ဒေသဟာ မူဆယ်မြို့ကို အခြေခံ ပြီး သူ့ဘက်ခြမ်းကို တိုးတက်အောင် လုပ်ဆောင်နေတာဖြစ်ပါ တယ်။ ကြယ်ဂေါင်မြို့ကြီးက လှပသေသပ်သလောက် မူဆယ်မြို့ ကတော့လမ်းကျဉ်း၊ ကားလမ်းပိတ်၊ ဖုန်တသောသောနဲ့ လူ့အန္ဓ ပေါင်းစုံမှီတင်းနေတဲ့မြို့ကြီးတစ်မြို့လိုဖြစ်နေတာဟာ တကယ်ကို ဝမ်းနည်းဖို့ကောင်းလှပါတယ်။တရုတ်နိုင်ငံရဲ့ ရွှေလီမြို့တော်ဝန်ဟာ မူဆယ်ကို အမှီပြုပြီး ကြယ်ဂေါင်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး အခုအခါမှာ မူဆယ်မြို့ရဲ့ ရွာငယ်လေးတစ်ရွာဖြစ်တဲ့  မန်ဝိန်း ကျေးရွာ ကိုအခြေပြုပြီး ကျိန်စမ်းကျော့ကုန်သွယ်မှုစခန်းကို ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ကျိန်စမ်းကျော့ ကုန်သွယ်မှုလမ်းကြောင်း ဟာ မူဆယ်မြို့ကို ဖြတ်သန်းမသွားဘဲ မြို့ပြင်ကနေသာ ဖြတ်သန်းသွားတဲ့အတွက် ယာဉ်ကြော ပိတ်ဆို့မှု ကို လျော့ ပါးသက်သာ စေနိုင်မယ်လို့ဆိုပါတယ်။ ကျိန်စမ်းကျော့နယ်စပ်စခန်းကို ဖွင့် လှစ်ပေးနိုင်ဖို့အတွက် အစိုးရကို နားပူနားဆာလုပ်နေတာ အတန်ငယ်ကြာနေပြီလို့ ယူဆရပါတယ်။ဒါ့အပြင်Re-import ဖြစ်နေတဲ့ ပို့ကုန် လုပ်ငန်းတွေကိုလည်း ထိန်းသိမ်းဆောင်ရွက်သင့်နေပါပြီ။  မြန်မာပြည်တွင်းက ဝိသမ သမားကုန်သည်တစ်စုဟာ ပြည်တွင်းက သယံဇာတတွေကို ပြည်ပကိုနည်းလမ်းမျိုးစုံနဲ့တင်ပို့နေပြီး အဲဒီပို့ကုန်တွေဟာ ပြည် တွင်းကို သွင်းကုန် အနေနဲ့ပြန်လည်ဝင်ရောက်လာတာ ကို သိရှိပြီး ဖြစ်မှာပါ။ ဒါတွေဟာ နိုင်ငံအတွက် အလွန်ပင် ဝမ်းနည်းစရာ ကောင်းလှတဲ့ဖြစ်ရပ်တွေပါ။ ပြည်တွင်းက စကျင်ကျောက်တွေ၊ ကျောက်စိမ်းတွေ၊ သစ်လုံးခွဲခြမ်းတွေ စတဲ့သယံဇာတပစ္စည်းတွေ အပါအဝင် ဆီထွက်သီးနှံတွေကို ပြည်တွင်းမှာ Value Added လုပ်ပြီးပြည်ပကိုတင်ပို့မယ်ဆိုရင် ပို့ကုန်ပမာဏတိုးတက်လာ နိုင်သလို ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိ လာမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပြည်တွင်းက အသေးစား၊အလတ်စားလုပ်ငန်းငယ် လေးတွေဟာ ပြည်ပက တင်သွင်းလာတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကိုလိုက်မမီတာကြောင့်တဖြည်းဖြည်းနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့အထိ ဖြစ်နေခဲ့တာဟာ ဆယ်စုနှစ်နီးပါးရှိတော့မှာဖြစ်ပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းတိုးတက်ဖို့၊ မိမိစက်ရုံမှထွက်ရှိတဲ့ကုန်ပစ္စည်းတွေ အရည် အသွေးကောင်းေ ကာင်းနဲ့ ယှဉ်ပြိုင် နိုင်စွမ်းတိုးတက်ဖို့အတွက် နိုင်ငံတကာအဆင့်မီတဲ့ ကုန်ထုတ် လုပ်မှု နည်းပညာတွေကို ရှာဖွေဆည်းပူးကြဖို့လိုအပ်ပါတယ်။အဲဒီလို အရည်အသွေးကောင်း တဲ့ထုတ်ကုန်တွေ ရဖို့ အတွက်  မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)ဟာ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း(FDA) ဟာအားနည်းချက်တွေ အများအပြားနဲ့မို့ ကုန်ထုတ်လုပ် မှုကဏ္ဍမှာ ဘယ်လိုမှ စွမ်းဆောင်ရည်ပြည့်ဝမှာ မဟုတ်ပါ ဘူး ။ ဒါကြောင့်(FDA) အနေနဲ့လည်း အားနည်းချက်တွေကို အချိန်မီ ဖြည့်ဆည်းဖို့လိုအပ်နေပြီဖြစ်ပါတယ်။''ထုတ်ကုန်မရှိဘဲနဲ့ ပို့ကုန် ဘယ်လိုလုပ်ရှိမှာလဲ။ အခုဆိုရင် ဇုန်တွေမှာ တကယ်ထုတ်နေတဲ့သူတွေ ရှိတယ်။ အဲဒီစက်မှု ဇုန်တွေ က ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်လာအောင် အားပေးဖို့လို တယ်။သူတို့ရဲ့Quality တက်လာပြီးတော့မှ နိုင်ငံတကာက ဝယ် ချင်စိတ်ရှိလာတော့မှ ရောင်းလို့ရမှာပေါ့။ ငါးထုတ်ချင်တဲ့သူကို ငါးထုတ်ချင်လာအောင် အားမပေးနိုင်ဘူး။ ငါးမျိုးစေ့တွေမရနိုင် ဘူး။ဒါတွေကအစိုးရချင်းချိတ်ဆက်မှ ရတာမျိုး၊ သူများနိုင်ငံ တွေမှာ ငါးမျိုးတွေ ကောင်းအောင်လုပ်ပေးတယ်။ ငါးသားပေါက် တွေကိုQuality  ထိန်းပေးနိုင်တယ်။ လျှော့ပေါ့မှုတွေ လု ပ်ေ ပးနိုင် တယ်။နောက်ပြီး ယှဉ်ပြိုင်ရောင်းချနိုင်အောင်လို့ အဲဒီသူကိုCredit ပေးမယ်။ လုပ်လို့ရတာတွေ အများကြီးရှိတယ်။ ဒါမှ မဟုတ်ရင် ထုတ်တဲ့သူတွေကို အဆင်ပြေအောင်လို့ သူက Trade Negotiation  တွေလုပ်ပေး မယ် ။Trade Negotiation  က အများ ကြီးလုပ်လို့ရတယ်။ ဒါက သူ့အနေနဲ့ အရင်ဆုံး ဝန်ကြီးဌာနအချင်း ချင်းညှိပြီးမှ ကျွန်တော်တို့ကို ပြောသင့်တယ်။ ကျွန်တော် စိုက်ပျိုးရေးဌာနနဲ့ညှိပြီးပြီ။ ပဲကို အရည်အသွေးတက်ဖို့အတွက် ဘာတွေ လုပ်ဖို့လိုအပ်သလဲ။ နောက်ပြီး စက်မှုဇုန်တွေဆိုရင်လည်း မီး ကောင်းအောင်လုပ်ပေးမယ်။ ခေတ်မီစက်တွေရအောင် လုပ်ပေးမယ်။ အားလုံးအဆင်ပြေအောင်လုပ်ပေးမယ်။ ပြီးရင် စကားပြော ပေးမယ်။ ဟိုဘက်က ကန်ထရိုက် သမား နဲ့။Mutually Agreement  ဆိုတာက ဝန်ကြီးဌာနအချင်းချင်းပဲ ပြောလို့ရတာလေ။   ကျွန်တော်တို့ ကုန်သွယ်မှု သံအရာရှိတွေလွှတ်ပေးမယ်။ သွား စကားပြောပေးမယ်၊ မဝယ်ဝယ်အောင် လုပ်ပေးမယ်၊ ကုန်ကျ စရိတ်တွေ ခံပြီး လွှတ်ပေးမယ်။ ခင်ဗျားတို့ အဲဒီမှာ သွားရောင်းကြ၊ဒါမှလည်း ပို့ကုန်သုံးဆတိုးမြှင့်မှာလေ။ ဒီအတိုင်းကြီး ပို့ကုန်သုံးဆ တိုးရမယ်လို့ ပြောလို့မရပါဘူး။ တကယ်ဆိုရင် Export Strategy  ကိုးမျိုးကိုပဲ ဦးစိုက်ရမှာပါ။ ကုန်ပစ္စည်း တစ်ခုကို ဝယ်ချင်လာအောင် အခြေခံကျကျလုပ်ပေးပြီးမှ နိုင်ငံတကာမှာပါ ရောင်းလို့ ဝယ်လို့ရအောင်  လုပ်ပေးရမှာက သူတို့တာဝန်ပါ}}လို့ မြန်မာ နိုင်ငံ ကုန်စည်ပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကပြောကြားခဲ့ပါတယ်။
စက်မှုဇုန်တွေအနေနဲ့လည်း အဓိကလိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။ အဲဒီ အခြေခံအဆောက်အအုံတွေ ပြည့်စုံမှုမရှိဘဲ ထုတ်ကုန်သုံးဆတိုး မြှင့်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုရှိဖို့ကလည်း ပို့ကုန်မြှင့်တင်ရေးကဏ္ဍမှာ ပါဝင်နေ တဲ့ အဓိကအချက်တစ်ချက်လည်းဖြစ်ပါတယ်။ ခေတ်အဆက် ဆက်ကပူးပေါင်းလုပ်ဆောင်ခြင်း မရှိတဲ့ ဝန်ကြီးဌာနအချင်းချင်း ရဲ့အရိုးစွဲနေတဲ့စိတ်ဓာတ်တွေကိုလည်း ပြုပြင်ကြရမှာဖြစ်ပါတယ်။ပို့ကုန်တိုးမြှင့်ရေးကဏ္ဍကို အားစိုက်လုပ်ဆောင်နေချိန်မှာ သွင်းကုန်ကဏ္ဍကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ တရားမဝင် သွင်းကုန်ေ တွ ပြည်တွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်နေတာကို လည်းတားဆီးကြရမှာဖြစ်ပါတယ်။ တရားမဝင် ပို့ ကုန်သွင်းကုန် တွေကို တားဆီးနိုင်ဖို့ကလည်း ကုန်သည်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှသာ ထိထိရောက်ရောက် တားဆီးနိုင်မှာဖြစ်ပါတယ်။တရားမဝင်ကုန်စည်စီးဆင်းမှုကို ထိထိရောက်ရောက် တား ဆီးနိုင်မယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ကုန်သည်ပွဲစားတွေ အနေနဲ့လည်း မိမိကိုယ်ကျိုးထက် တိုင်းပြည်အတွက် ဆိုတဲ့စိတ် ထားရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း လူသားတိုင်းရှိသင့်တဲ့ကျင့်ဝတ်တွေအပြင် စီးပွားရေးလုပ်ငန်းရှင် တွေထားသင့်တဲ့  ကျင့်ဝတ်တွေလည်း ရှိဖို့လိုအပ်လှပါတယ်။စီးပွားရေးသမားတွေရဲ့ မတော်လောဘတွေေ ကြာင့် တိုင်းပြည် ရဲ့ ရေမြေသဘာဝသယံဇာတတွေ  ကုန်ခမ်းသလောက်ဖြစ်နေ တာကို သတိပြုရမှာဖြစ်ပါတယ်။ပို့ကုန်သုံးဆတိုးမြှင့်ဖို့ဆိုရင် ထုတ်ကုန်ကို သုံးဆတိုးမြှင့်ရမှာ ဖြစ်ကြောင်း၊ အဲဒီလို တိုးမြှင့်ပါက ဝန်ထမ်းများ အနေ နဲ့ အလုပ် ကို ယခင်ကထက် သုံးဆလုပ်ရမှာဖြစ်ကြောင်း၊ အဲဒီလိုလုပ်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလားလို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းမှ ဒေါက်တာစိုးထွန်း က ပြောကြားခဲ့ ပါတယ်။ယခုလက်ရှိအချိန်မှာလည်း    အယ်လ်နီညိုပြဿနာကို မြန်မာနိုင်ငံအပါအဝင် အာဆီယံအသိုက်အဝန်းက နိုင်ငံတွေ လည်း ခံစားနေကြရပါတယ်။ အဲဒီရာသီဥတုဖောက်ပြန်ပြောင်း လဲတဲ့ပြဿနာကြောင့် ပြည်တွင်း စီးပွားေ ရးတွေမှာ ကမောက် ကမဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်တွက်ဆထားဖို့လိုအပ်ပါ တယ်။ကုန်သည်တွေအနေနဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန် ချက်အတိုင်း ပို့ကုန်သုံးဆ တိုးမြှင့်ဖို့အတွက် ပြည်တွင်းစားသုံးမှု ဖူလုံဖို့ကို အရေးမထားဘဲ ပြည်ပကို တင်ပို့နေမယ်ဆိုရင် ပို့ကုန်အရေအတွက်တိုးတက်လာပေမယ့် ပြည်သူတွေအနေနဲ့ ကုန်ဈေး နှုန်းကြီးမြင့်မှုဒဏ်ကို ခံစားကြရမှာဖြစ်ပါတယ်။ဒါကြောင့် ပို့ကုန်သုံးဆတိုးမြှင့်ရေးကိစ္စအတွက် ဝန်ကြီးဌာန အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကုန်သည်များ၊ စီးပွား ရေး လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရန်၊ တရားမဝင်ကုန်စည်စီးဆင်းမှု ပပျောက်  ရန်၊ ထုတ်လုပ်မှုကဏ္ဍများမှာ လိုအပ်နေတဲ့  အခြေခံအချက် တွေကို ဖြည့်ဆည်းပေးရန် စတဲ့အချက်များကို အဓိကဦးတည်ပြီးဆောင်ရွက်ရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။