Main menu

Background

မူဆယ်နယ်စပ်ခရီးမှသည် ကုန်သွယ်မှု တိုးတက်ရေးသို့

Thu, 05/26/2016 - 11:19 -- journal_editor

 

 

မိုးကောင်းကင်ကြီးက ကြည်လင်လွန်းလှ သည်။ သွားရမယ့် ခရီးက မူဆယ်။ မူဆယ်မြို့ဟာ  မြို့သေးသေးလေးသာဖြစ်ပေမယ့်   နိုင်ငံတော် အတွက်  ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို အဓိက ထားပြီး လုပ်ဆောင်ပေးနေတဲ့ နယ်စပ် ဒေသ မြို့လေးတစ်မြို့ပါ။မြို့ကလေးက ငယ်ငယ်၊ ကုန်သွယ်မှုက ကြီး ကြီးဆိုသလို တစ်ဖက်တရုတ်နိုင်ငံနဲ့ နယ်စပ်မျဉ်း လေးတစ်ကြောင်းသာ  ခြားထားတဲ့မြို့ငယ်လေး တစ်မြို့ပါ။မူဆယ်မြို့ကို ရောက်တဲ့အချိန်က ညနေ ခင်း အချိန်ဖြစ် လို့ ညရဲ့အေးမြမှုကို ခံစားလိုက်ရ ပါတယ်။ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်တာကြောင့် ရန်ကုန်မြို့ရဲ့ ရာသီဥတုနဲ့ အကွာကြီးကွာခြားနေ တာကိုလည်း သတိပြုမိခဲ့ပါတယ်။နံနက်ပိုင်းမှာတော့ မူဆယ်မြို့ရဲ့ နယ်စပ် ဂိတ်အသစ်တစ်ခုဖြစ်တဲ့ ကျိန်စမ်းကျော့ဂိတ်ကို စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ အတူသွားရောက်လေ့လာခဲ့ပြီး အရှေ့မြောက် တံခါးသစ် သီးကုန်သည်များအသင်းဥက္ကဋ္ဌနဲ့တွေ့  ဆုံဆွေးနွေးခဲ့ပါတယ်။
မူဆယ်မြို့ရဲ့ သစ်သီးကွင်းကို ရေရှည်တိုး တက်ကောင်းမွန်စေရေးအတွက် အစီအမံများချ မှတ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအာဏာပိုင် များမှတစ်ဆင့်တင်ပြဆောင်ရွက်ဖို့ ပြည်ထောင်စု ဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါတယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မူဆယ်(၁၀၅)မိုင်    ကုန်သွယ်ရေးဇုန်ဟာ  မူဆယ်မြို့ရဲ့ အဓိကအချက်အခြာကျတဲ့နေရာ တစ်နေရာပဲဖြစ်ပါတယ်။ အဲဒီကုန်သွယ်ရေးဇုန် ဟာ ကုန်သည်အများစု မဖြစ်မနေ ဖြတ်သန်းကြ ရတဲ့ နေရာတစ်ခုလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါပေမယ့်လည်း ဝိသမကုန်သည်တချို့ကတော့ အဲဒီဂိတ်ကို ရှောင်ကွင်းပြီး ကုန်သွယ်မှုပြုနေကြ တာကို သိရှိနေရတဲ့အတွက် နိုင်ငံတော်မှာနစ်နာ မှုတွေရှိနေတာ ကို မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။
ဒါကြောင့်လည်း   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တရားမဝင် ကုန်သွယ်မှု ပပျောက်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးသွား ရန်၊ ကုန်သွယ် မှုနှင့်ပတ်သက်၍ အကြံÓဏ်များ အား စုစည်းတင်ပြရန် ပြောကြားခဲ့ပါတယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ဟာ နှစ် နိုင်ငံနယ်စပ်ဒေသရဲ့ ဝင်^ထွက်ပေါက်တစ်ခုဖြစ် တာကြောင့် ကုန်သွယ်မှုပမာဏ များပြားလာတာ နဲ့အမျှ ယာဉ်အဝင်အထွက်တွေလည်း များပြား လျက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ယာဉ် စစ်ကွင်းအသစ် ဖောက်လုပ်နိုင်ဖို့  စီစဉ်ဆောင်ရွက် နေပြီဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ တိုးတက်ဖို့မူဆယ်မြို့ဟာ တရုတ်နိုင်ငံ၊ ရွှေလီမြို့နဲ့နယ်နိ မိတ်ချင်းထိစပ်နေတဲ့  မြို့တစ်မြို့ဖြစ်တာကြောင့် တရုတ်နိုင်ငံနဲ့ကုန်သွယ်ရာမှာ အရေးပါတဲ့မြို့တစ် မြို့အဖြစ် ယနေ့တိုင်ရပ်တည်နေဆဲဖြစ်ပါ တယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ နယ်နိမိတ် ထိစပ်မှု အတိုင်းအတာဟာတခြားသော အိမ်နီး ချင်းနိုင်ငံများထက် များပြားတာကြောင့် ကုန်သွယ် မှုမျက်နှာစာ များပြားတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ တယ်။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ တခြားအိမ်နီးချင်းနိုင်ငံတွေထက် များပြားနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့ ကုန်သွယ်မှုပြုရာမှာ   ကုန်သွယ်မှုမျက်နှာစာ လေးခုနဲ့ ကုန်သွယ်မှုပြုလျက်ရှိနေကြောင်း၊ အဲဒီ မျက်နှာစာ လေးခုအနက်မြန်မာ-တရုတ် မျက်နှာ စာသည် ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နိုင် သောမျက်နှာစာဖြစ်ပြီး မူဆယ်ကုန်သွယ်ရေးဇုန် သည် နယ်စပ်ကုန်သွယ်မှု ပမာဏအများဆုံးဖြစ် သလို တရုတ်မျက်နှာစာတွင်လည်း နယ်စပ်ကုန် သွယ်မှုအတွက် အရေးပါတဲ့  အခန်းကဏ္ဍတစ် ရပ်တွင်ပါဝင်နေပါကြောင်း၊ ဒါကြောင့် ဥညန ှအသစ ှနမလငခန ဌာနဆိုင် ရာဝန်ထမ်းများ၊ တာဝန်ရှိသူ များအနေဖြင့် မြန်မာ-တရုတ် ကုန်သွယ်မှုတိုးမြှင့် ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြရန်လိုအပ်ပါကြောင်း   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။
မူဆယ်မြို့ကလေးဟာ ကုန်သွယ်မှုပမာဏ များပြားလာသလို မြို့ကွက်တိုးချဲ့ရေး၊ အဆင့်မြှင့် တင်ရေးဟာလည်း မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါ တယ်။ လက်ရှိအခြေအနေအရ မြို့ကွက်ကို တိုးချဲ့ ထားပေမယ့် အစီအစဉ်တကျမရှိ တဲ့မြို့ရဲ့အဝင် အထွက်လမ်းတွေ၊ ရှုပ်ထွေးနေတဲ့ကားတွေ၊ ဆိုင် ကယ်တွေ၊  မြို့ကလေးရဲ့  လမ်းကျဉ်းလေးထဲမှာ သွားလာနေရတဲ့ပြည်သူတွေကြောင့် မူဆယ်မြို့ ကလေးဟာ စည်ကားနေတဲ့ နယ်စပ်မြို့ကလေး တစ်မြို့လို့ ထင်နေရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မူဆယ်မြို့ရဲ့ တစ်ဖက်က ရွှေလီမြို့ကြီးကို ကြည့်လိုက်ရင် မူဆယ်မြို့ဟာ ရွှေလီမြို့ရဲ့ တစ်စိတ်တစ်ပိုင်းလောက်သာရှိမယ် လို့ ထင်ရပါတယ်။ဒါကြောင့်လည်း မူဆယ်မြို့ကို မြို့ရှောင်လမ်း တွေ ဖောက်လုပ်ပေးနေ သလို ကုန်သွယ်မှုအတွက် အဓိကကျတဲ့ လမ်းမကြီးတွေ တိုးချဲ့ပေးဖို့အတွက် ကို ဦးစားပေးပြီး လုပ်ဆောင်နေတာ တွေ့ရပါ တယ်။ ဒါတွေဟာ မြို့တစ်မြို့  တိုးတက်ဖို့အတွက် အခြေခံကျတဲ့လုပ် ငန်းရပ်တွေလုပ်နေ တာဖြစ်တာ ကြောင့်   ဦးစားပေးပြီး လုပ်ဆောင်ရမှာဖြစ်ပါ တယ်။ဒါ့အပြင် နယ်စပ်ဒေသဖြစ်တဲ့အတွက် တစ် ဖက်နိုင်ငံရဲ့ ကျူးကျော်မှုကိုလည်း အချိန်မရွေးခံရ နိုင်တဲ့အတွက် အဲဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားလာမှုကို လည်း အတတ်နိုင်ဆုံး  ထိန်းသိမ်းလုပ်ဆောင် ကြရမှာဖြစ်ပါတယ်။
သစ်သီးဝလံကုန်စည်ဒိုင်အသင်း   ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်က မိမိတို့နိုင်ငံဘက်သို့ တစ် ဖက်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေနဲ့ တရားမဝင် ဝင်ရောက်စိုက်ပျိုးမှုများအား တားဆီး ပေးဖို့ တင်ပြလာတာဟာ နှစ်နိုင်ငံနယ်နိမိတ် အတွက် အရေးပါတဲ့  တင်ပြချက်တစ်ချက်ပဲဖြစ် ပါတယ်။တစ်ဖက်နိုင်ငံမှ  စိုက်ပျိုးရေးလုပ်ငန်း ရှင် များဟာ မိမိတို့နိုင်ငံရဲ့ ရေမြေရာသီဥတုကောင်း မွန်မှုကိုအခွင့်ကောင်းယူပြီး အခုလို တရားမဝင် ဝင်ရောက်  စိုက်ပျိုးနေကြ တာဖြစ် ပါတယ်။ ဒါကို လည်း ဒေသခံပြည်သူတွေ၊ ဒေသခံ အုပ်ချုပ်ရေး မှူးတွေအနေနဲ့ သတိပြုစရာ အချက်တစ်ချက် လည်းဖြစ်ပါတယ်။
ကျိန်စမ်းကျော့နဲ့ နှစ်နိုင်ငံနယ်နိမိတ်အရေးမြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဟာ တစ်နေ့တခြား များပြားနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံအနေနဲ့ ကျယ်ဂေါင် နယ်စပ်ဂိတ်အပြင် ကျိန်စမ်းကျော့နယ်စပ်ဂိတ် ကို ပါ ဖွင့်လှစ်နိုင် ဖို့ ကြိုးစားလျက်ရှိပါတယ်။ကျိန်စမ်းကျော့နယ်စပ်ဂိတ်မှ ထွက်ခွာလာ မယ့် ကုန် ကားတွေ၊ ခရီးသည်တင်ကားတွေဟာ မူဆယ်မြို့တွင်းကို မဝင်ဘဲ မြို့ရဲ့ရှောင်ကွင်းလမ်း မှတစ်ဆင့်  မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမ ကြီးပေါ်ကို ရောက်ရှိသွားမှာဖြစ်သလို လမ်းပိုင်း တိုတောင်းတဲ့အတွက် အချိန်ကုန် သက်သာစေ နိုင်မယ်၊ ယာဉ်ကြောပိတ်ဆို့မှု သက်သာစေနိုင် မယ်လို့ မနှစ်က ကုန်စည်ပြပွဲမှာ ပြောကြား ခဲ့တဲ့ ရွှေလီ မြို့ အုပ်ချုပ်ရေး မှူးရဲ့  ပြောစကားလေးကို အမှတ်ရမိခဲ့ပါတယ်။ကျိန်စမ်းကျော့ဂိတ်ဟာ နှစ်နိုင်ငံ နယ်စပ် အရေးကိစ္စလေးတွေကို ဖြေရှင်းပေးပြီးတာနဲ့ ဖွင့် လှစ်ပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရ ပါတယ်။