Main menu

Background

ပွင့်လင်းရာသီ ပြည်ပပို့ကုန်တိုးမြှင့်မည့် ဧရာဝတီမှ ရွှေဖြူဈေးကွက်

Mon, 10/07/2024 - 13:24 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အား လျော်စွာ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအမယ်ပေါင်းများစွာ အောင် မြင်ဖြစ်ထွန်းသည့် ရေခံ၊ မြေခံကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဝင်ငွေ ရှာဖွေပေးသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးသည်လည်း သဘာဝမှ  လက်ဆောင်ပေးထားသည့် မြေဆီ၊ မြေနှစ် သဘာဝအရင်းအမြစ် များကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ သည်။ အသားတင်စိုက်ပျိုးနိုင်သော မြေဧက ၄၄၈၈၇၁၉ ဧက ရှိ သည့်အနက် လယ်စိုက်ဧက ၃၇၂၁၂၇၆၊ ပဲမျိုးစုံစိုက်ဧက ၁၆၁၂၅၁၂ ဧကလယ်ယာကိုင်းကျွန်းသီးနှံစိုက်ဧက ၂၅၁၈၇၁ဧက၊ ဥယျာဉ် ခြံမြေ စိုက်ဧက ၄၃၃၆၇ ဧက၊ ဓနိစိုက်ဧက ၄၁၂၇၇ ဧက၊ နှစ်ရှည် သီးနှံသီဟိုဠ် စိုက်ဧက ၆၅၉၃၃ ဧက စိုက်ပျိုးလျက်ရှိသည့်အပြင် နှစ်ရှည် (စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာကိုလည်း စိုက်ပျိုးကြသည်၊
ရော်ဘာကို မြန်မာနိုင်ငံအတွင်း မွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့်  တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများအပြား စိုက်ပျိုး လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀ဝ၅ ခုနှစ်မှစတင် ၍ ရော်ဘာကို စတင်စိုက်ပျိုးခဲ့သည်။ ရော်ဘာလုပ်ငန်းသည် တစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်း ဖြစ်သည်နှင့်အညီ ဈေးကွက် လွန်စွာကြီးမားကျယ်ပြန့်လှပြီး  ရော်ဘာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများအနေနှင့်  စိုက်ပျိုးထုတ်လုပ်မှုကို အလေးထား ဆောင် ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း ရော်ဘာစိုက်ပျိုးထုတ် လုပ်သည့် နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ကာ ရော်ဘာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိ သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း နှစ်ရှည် (စက်မှု ကုန်ကြမ်းသီးနှံ) ရော်ဘာကို စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံအတွင်း ဒေသအလိုက် ရော်ဘာအထွက်နှုန်းတိုးတက်စေရန် သတ်မှတ် ထားသော ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် ဏြြ-၂၄/ ဏျြွှု-၂၅ ရော်ဘာမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်၊
ရော်ဘာစိုက်ပျိုးရာတွင်   ပျိုးပင်သက်တမ်း    လေးလမှ ခြောက်လအတွင်း သက်တမ်းရှိသည့် အဖူးကူး ပျိုးပင်များအား ပင်ကြား၊ တန်းကြား ၂၀ ထ ၁၀ အတွင်း တစ်ဧကလျှင် အပင်ရေ ၂၁၇ ဝန်းကျင် စိုက်ပျိုးရပြီး မြေပြန့်တွင် ၅° အစောင်းရှိသော နေရာနှင့် ကွန်တို ၅° - ၃၀° တောင်စောင်း တောင်ကုန်းများတွင် နှစ်လက်မပတ်လည် နှစ်လက်မအနက် ဇလားပုံကျင်းတူး၍ စနစ် တကျစိုက်ပျိုးရပြီး ရော်ဘာပင် စိုက်ပျိုးပြီးကာလ အချိန်မှန် ပေါင်း ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ကိုင်းပိုကိုင်းတက်ဖယ်ခြင်း၊ ကိုင်း ထွက်အောင်ပြုလုပ်ခြင်း၊ အစိုဓာတ် ထိန်းသိမ်းခြင်း၊ မြေဆီလွှာ ကာကွယ်ထိန်းသိမ်းခြင်း၊ လမ်းနှင့်ရေနုတ်မြောင်း များတူးဖော် ခြင်း၊ ပင်စည်လုံးပတ်တိုင်းတာခြင်း၊ အပင်ဖာခြင်း၊ မီးတားလမ်းနှင့် မီးဘေးအန္တရာယ် ကာကွယ်ခြင်း၊ ပင်ကြား တန်းကြား သီးနှံ စိုက် ပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသော ခေတ်မီနည်းစနစ်အတိုင်း စိုက်ပျိုးသည့်အတွက် အောင်မြင်သော ရော်ဘာပင်များ ဖြစ်ထွန်း၍ ရော်ဘာအထွက်နှုန်း  တိုးစေရန် အတွက်လည်း စိုက်ပျိုးမည့်ဒေသရှိ ရေမြေရာသီဥတုနှင့် ကိုက်ညီ သော စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံပေးသည့် ရော်ဘာမျိုးများ စိုက်ပျိုးခြင်း ရော်ဘာပင်များအား စနစ်တကျ ပြုစုထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်ပေးရသည်။ ထို့ပြင် လိုအပ်သည့် သွင်းအားစုများ ထည့်သွင်းခြင်း၊ စနစ်တကျ သတ်မှတ်ထားသော ရော်ဘာအစေး လှီးစနစ်ဖြင့် အစေးခြစ်ခြင်း၊ တစ်ဧက ဝင်ဆံ့အပင် ပြည့်မီအောင် စိုက်ပျိုးခြင်း၊ သတ်မှတ်ထားသော ပင်စည်လုံးပတ် ၁၈ လက်မှ ၂၀လက်မ ပြည့်မီ‌မှသာ အစေးခြစ်ခြင်း၊ ကျွမ်းကျင် အစေးခြစ်လုပ် သားများဖြင့် အစေးခြစ်ခြင်း၊ အစေးခြစ်ရက်များ များရအောင် ဆောင်ရွက်ခြင်း မိုးရွာသောရက်များတွင် မိုးကာအုပ် အစေးခြစ် ခြင်း၊ အပင်သက်တမ်းရင့်ပြီး ၁၅ နှစ်အထက်ရှိသော ရော်ဘာပင် များအား လိုအပ်ပါက အစေးထုတ်လှုံ့ဆော်ဆေး (နအ့မနူ) အား စနစ်တကျ အသုံးပြုခြင်းဖြင့် ရော်ဘာအထွက်နှုန်း တိုးလာမည်ဖြစ် ကြောင်းသိရသည်။  အစေးခြစ်ချိန်အား နံနက် ၁ နာရီ မှ ၃ နာရီ အတွင်း အစေးခြစ်ရမည်ဖြစ်ကြောင်း၊ ရော်ဘာ အစေးလှီး ဆောင် ရွက်ရာတွင်လည်း ကျွမ်းကျင်ပြီး လက်ရာကောင်းမွန်သော အစေး ခြစ်လုပ်သားများအား အသုံးပြုရန် အစေးခြစ်ရက်များများ ရရှိရန်၊ ပျက်ရက်မရှိ လူ့ပြည့် ကွက်ပြည့် လုပ်သားတစ်ဦးအနေဖြင့် အစေး ခြစ်ရက် ၁၂၀ မှ ၁၆၀ အတွင်း အစေးခြစ်ရန်၊ ဘယ်မြင့် ညာနိမ့် ဖြင့် အစေးခြစ် လမ်းကြောင်းအတိုင်း အစောင်းဒီဂရီကို မှန်ကန် အောင်ခြစ်ရန်၊ အဖူးဆက်ပင်တွင် အစေးခြစ်မျက်နှာပြင် ပြောင်း သည့်အခါ စတင်အစေးခြစ်ရမည့် အမြင့်ကို မှန်ကန်စွာ ခြစ်ရန်၊ အစေးခြစ်ရာနက်လွန်းပါက အသားတိုးလွှာ ဃောဘငကာ နှင့် ရေ ကြောင်း စည်းလွှာ (ဌပူနာ)များ ထိခိုက်ပျက်စီးပြီး အပင်ပေါက် ခြင်း၊ အပေါက်ဒဏ်ရာဖြစ်ပေါ်ခြင်း ၊ အခေါက် အသစ်ပြန်တက်မှု မညီညာခြင်း၊  ဒဏ်ရာမှရောဂါများ ဝင်ရောက်နိုင်ခြင်း၊ အစေး ထွက် လျော့နည်းခြင်းနှင့် ဃောဘငကာ မထိအောင် ပြုလုပ်ရမည်ဖြစ် ပြီး အခေါက်ကုန်နှုန်းကို မူလအခေါက် (ဠငမါငည ြမေု) များတွင် တစ်လလျှင် အများဆုံး သုည ဒသမ ၈ လက်မ ထက်မပိုအောင် ထိန်းပြီး အစေးခြစ်ရန်နှင့် အလင်းရောင်မီးသုံး၍ နံနက်စောစော အစေးခြစ်ခြင်းသည်  အစေးပိုထွက်သဖြင့် အစေးခြစ်ချိန်အား နံနက် ၃ နာရီခန့်ထက် စောနိုင်သမျှ စောစော  အစေးခြစ်ရန်နှင့် အပင်သက် ၁၅ နှစ်အထက်ရှိသော အပင်ကြီးများအား အစေး ထွက် လှုံ့ဆော်ဆေး (နအ့မနူ) ပြင်းအားကို ၂ ဒသမ ၅ ရာခိုင်နှုန်း ဖျော်၍ အစေးထွက်များသောကာလ အောက်တိုဘာ၊ နိုဝင်ဘာ၊ မေလများတွင်  အသုံးပြုရန်၊ ရော်ဘာ စိုက်ပျိုးသူများအနေဖြင့် စနစ်တကျ ရော်ဘာအစေးလှီးခြင်းဖြင့် ရော်ဘာလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ် ကြောင်း ရော်ဘာစိုက်ပျိုးသော ကုမ္ပဏီ/ တောင်သူများထံမှ သိရ သည်၊
အရည်အသွေး   ကောင်းမွန်သော ရော်ဘာများ  ရရှိရန် အတွက် ရော်ဘာအစေး စုသိမ်းရာတွင် ပုံး၊ ခွက်များသန့်စင်ရမည် ဖြစ်ပြီး သန့်ရှင်းသောရေကို အသုံးပြုရာတွင် ရေကိုညသိပ်ထားပြီး ၈၀ ဆန်ခါဖြင့်စစ်ပြီးမှသာ အစေးခဲရာတွင် အသုံးပြုရမည်ဖြစ် ကြောင်း၊ ရော်ဘာအစေးရည်ကို ၄၀၊ ၆၀၊ ၈၀ ဆန်ခါများအသုံးပြု၍ ဖောမစ်အက်စစ်ကိုအသုံးပြုလျက် ပြောင်စင်အောင်စစ်၍ အစေး ခဲပြီး တစ်နာရီမှ နှစ်နာရီအကြာတွင် အစေးခံကန်အတွင်းသို့ သန့် ရှင်းသော ရေလျှံကျသည်အထိ ထပ်မံရေဖြည့်ရသည်၊ အစေးခဲ ထားစဉ် အစေးခဲခွက်အတွင်း ဖုံ၊ သဲ၊ ခဲ အမှိုက်များ မကျစေရန် ပလတ်စတစ်အကြည်ဖြင့် ဖုံးပေးထားရပြီး အစေးပြား ကြိတ်ရာ တွင် ကြိတ်လုံးအား အမြဲတမ်းသန့်ရှင်းမှုရှိစေရန် ရေဆေးပေးရ မည်ဖြစ်ကြောင်း၊ အစေးခဲရာတွင် ျွီဃ ၁ မှ ၁င်္ အထိရှိသင့်သည့် ရေလိုအပ်သလို ရောစပ်ပေးရမည်ဖြစ်သည့်အပြင် ရော်ဘာများ မှိုမတက်စေရန် မှိုင်းသွင်းရမည်ဖြစ်သည်။ မှိုင်းရုံအပူချိန်ကို နေ့ အလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနေ့အလိုက် အပူချိန်မြှင့် တင်ရမည်ဖြစ်ပြီး ရော်ဘာကျွမ်းကျင်သူဖြင့် ရော်ဘာ အတန်း အစား ခွဲခြင်းရွေးချယ်၍ ရော်ဘာထုပ်ပိုးရာတွင်လည်း ဏမနျ သြထ ကို အသုံးပြုပြီး ကျစ်လျစ်အောင်ထုပ်ပိုးလျက် ရော်ဘာအား ထုပ် ပိုးပြီးချိန် အလေးချိန်ကို ချိန်တွယ်စစ်ဆေးရသည်။၊ ဧရာဝတီတိုင်း‌ ဒေသကြီးအတွင်း ရော်ဘာအစေးလှီးချိန် စတင်မည့် ပွင့်လင်း ရာသီ အောက်တိုဘာလ ရောက်ရှိနေပြီဖြစ်ရာ ရော်ဘာများအစေး လှီးရာတွင် အလေအလွင့် နည်းပါးစေရန်နှင့် စနစ်တကျ လှီးတတ် စေရန် မွန်ပြည်နယ် မုဒုံမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနလက်အောက် ရှိ  နှစ်ရှည်ပင်  သုတေသနခြံတွင် ရော်ဘာအစေးခြစ် သင်တန်း တက်ရောက်ထားသူ ပုသိမ်၊ ငွေဆောင် ကားလမ်းဘေးရှိ ရော်ဘာ စိုက်ပျိုးသော ခြံအတွင်းရှိ အစေးခြစ်မည့် လုပ်သားများအား စနစ် တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ စိုက်ပျိုး ရာသီတွင် ရော်ဘာပေါင်  ၆၄၀၇၄၃၂ ဝန်းကျင်ထုတ်လုပ်ရောင်းချခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်၊ ကျုံပျော် ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာ ခရိုင်တို့တွင် စိုက်ဧက ၃၆၂၇၅ ဧက စိုက်ပျိုးလျက်ရှိပြီး တိုင်းဒေသ ကြီးအတွင်းရှိ စီမံကိန်းလျာထားဧက ၁၀ဝ၀ဝ၀ ပေါ်တွင် ပြည် တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ ရော်ဘာစိုက်ပျိုး စေခြင်းဖြင့်   ပြည်တွင်းလုပ်ငန်းရှင်များ၊  ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သလို ပြည်ပမှ အထွက် ကောင်းမျိုးများ၊ နည်းစနစ်များ၊ ထုတ်လုပ်မှုနည်းပညာများ ရရှိ လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း စက်မှုလုပ်ငန်းသုံး ရော်ဘာကုန် ကြမ်းများ ဖူလုံစေရန်နှင့် ပိုလျှံသည့် ရော်ဘာများကို  နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းဖြင့် ပြည်ပဝင်ငွေ တိုးတက်ရရှိမည်ဖြစ်သည်။ 
ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်အတွက် လက်ရှိ စိုက် ပျိုးနေသော စပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံများအပြင် ရော်ဘာစိုက် ပျိုးထုတ်လုပ်ခြင်းသည် ဒေသခံများ၏ စီးပွားရေး၊  လူမှုရေးနှင့် ဝင်ငွေရရှိမှုကို အထောက်အပံ့ဖြစ်သော လုပ်ငန်းဖြစ်သည့်အပြင် လူသားတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်  ရှောက်ပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ဧရာဝတီတိုင်းဒေသ ကြီးမှ ထွက်ရှိလာသော ရော်ဘာကုန်ကြမ်းများကို ပြည်ပသို့ ဈေး နည်းနည်းဖြင့်တင်ပို့ကာ ပြည်ပမှ ဈေးကြီးကုန်ချောများ  ပြည် လည် တင်သွင်းသုံးစွဲနေရခြင်း လျော့ကျစေရန်အတွက် ရော်ဘာ စပ်ဆက်လုပ်ငန်းများ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် နိုင်သည့် စက်ရုံများ ထွန်းကားလာပါက ဒေသခံများအတွက် ဝင် ငွေ တိုး၍ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ် သည်။ 
ရော်ဘာကုန်ချောများ တိုးတက်ထုတ်လုပ်နိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးစားရမည် ဖြစ်သလို အကျိုးအမြတ် ဖြစ်ထွန်းမည့် စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာပိုမိုစိုက်ပျိုးလျက် ဒေသထွက်ကုန် အမယ် သစ်ပို့ကုန်တစ်မျိုးအဖြစ် ပြည်ပတင်ပို့နိုင်ရန်၊ ပြည်တွင်း သုံးစွဲရန်နှင့် ရော်ဘာစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး ဒေသအာဏာပိုင် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ တိုင်းရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကုမ္ပဏီများ၊ ရော်ဘာစိုက်တောင်သူများ  ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်၊ 

မင်းမင်းဦး (ပသ)