Main menu

Background

မွန်ပြည်နယ်၏ ပြည်ပဈေးကွက်ဝင် ရော်ဘာထုတ်ကုန်များ

Tue, 01/07/2025 - 10:57 -- journal_editor

ရော်ဘာသည် မြန်မာနိုင်ငံအတွက် အားထားရသော ဈေး ကွက်ဝင်စက်မှုကုန်ကြမ်း သီးနှံဖြစ်ပြီး မွန်ပြည်နယ်မှာ မြန်မာနိုင်ငံ တွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအများဆုံး ပြည်နယ်တစ်ခုဖြစ် သည်။ တစ်နိုင်ငံလုံး စိုက်ပျိုးမှု၏ ၄၀ ရာခိုင်နှုန်းရှိပြီး ထွက်ရှိမှုမှာ တစ်နိုင်ငံလုံး၏  ၈၀ ရာခိုင်နှုန်းထွက်ရှိကြောင်း သိရှိရသည်။ 
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်၏ ရော်ဘာစိုက် ဧက ငါးသိန်းကျော်ရှိပြီး အစေးခြစ် ဧကမှာ သုံးသိန်းကျော်ရှိကြောင်း၊ ရော်ဘာစိုက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းမှာ လုပ်ကွက်ငယ် ခြံငယ် ရှင်များဖြစ်ပြီး ခြံလတ်၊ ခြံကြီးနှင့် ကုမ္ပဏီစိုက်ခင်းများအနေဖြင့် ၁၀ ရာခိုင်နှုန်းအောက် စိုက်ပျိုးထားကြောင်း သိရှိရသည်။ စိုက်ပျိုး မှုအနေဖြင့် မွန်ပြည်နယ်၏ ရေမြေသဘာဝ ရာသီဥတုနှင့် ကိုက် ညီသော မျိုးစိတ်များကိုသာ စိုက်ပျိုးကြပြီး မျိုးသစ်များဖြစ်သောRRIM 2000 Series (cones) များကိုလည်း တိုးချဲ့ စိုက်ပျိုးလာကြ ကြောင်း သိရသည်။ 
မွန်ပြည်နယ်အတွင်း၌ ထုတ်လုပ်သော ရော်ဘာ ထုတ်ကုန် များမှာ ရော်ဘာအစေးရည် (field latex )? RSS (Ribbed Smoke Sheet) နှင့် TSR (Technically Specified Rubber) တို့ကို အများ ဆုံး ထုတ်လုပ်ကြသည်။
ရော်ဘာအစေးရည် field latex  ထုတ်လုပ်ခြင်း
ရော်ဘာပင်ကို စတင်စိုက်ပျိုးချိန်မှ (၇-၈) နှစ်ကြာလျှင် အစေးရည်ထုတ်ယူနိုင်သည်။ အစေးလှီးရန် အပင်အရွယ်အစားမှာ ကိုင်းဆက်ပင်ဖြစ်ပါက လုံးပတ် ၂၀ လက်မ၊ အပင်အမြင့် ၅၀ လက်မ၊ အစေ့စိုက်အပင်ဖြစ်ပါက လုံးပတ် ၂၀ လက်မ၊ အပင်အမြင့် ၂၀ လက်မ ဖြစ်ရပါသည်။ အစေးလှီးကြောများသည် ညာဘက် အမြင့်မှ ဘယ်ဘက်အနိမ့်သို့  ၅ ဒီဂရီစောင်း၍ ရစ်ပတ်နေသဖြင့် အစေးလှီးရာတွင် ဘယ်ဘက်အမြင့် ညာဘက်အနိမ့် အစေးလှီး ကြောင်း အစောင်းဒီဂရီကို မှန်ကန်အောင် လှီးရပါသည်။ မွန်ပြည် နယ်တွင် ရော်ဘာအစေးခြစ်ဧက သုံးသိန်းကျော်ရှိပြီး မော်လမြိုင် မြို့၌ ဒီဇင်ဘာလ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော ရော်ဘာ အစေးရည် ဈေးနှုန်းမှာ တစ်ပေါင်လျှင် ကျပ်၂၇၀ဝ ဈေးနှုန်းဖြစ် ပေါ်နေကြောင်း သိရသည်။
RSS (Ribbed Smoke Sheet) ထုတ်လုပ်ခြင်း
RSS (Ribbed Smoke Sheet) ထုတ်လုပ်ရန် (၁) ရော်ဘာ အစေးရည် စုဆောင်းခြင်း၊ (၂) အစေးရည်များအား ပျစ်ခဲစေခြင်း၊ (၃)အစေးပြားများကို ကြိတ်ခြင်း၊ (၃) မှိုင်းရုံသွင်းခြင်းတို့ကို ဆောင် ရွက်ရသည်။ ရော်ဘာအရည်အသွေး ကောင်းမွန်စေရန်အတွက် အစေးစုသိမ်းရာတွင် ပုံး၊ ခွက်များ သန့်ရှင်းရမည်။ သန့်ရှင်းသော ရေကို  အသုံးပြုရမည်။ ဆန်ခါများဖြင့် အဆင့်ဆင့် စစ်ရမည်။ ဖောမစ်အက်စစ်ကို  အသုံးပြုရမည်။ အစေးခဲထားစဉ် အစေးခဲ ခွက်များကို ဖုန်၊ သဲ၊ ခဲ၊ အမှိုက်များမကျစေရန် ဂရုစိုက်ရမည်။ အစေး ပြားကြိတ်ရာတွင် ကြိတ်လုံးအား သန့်ရှင်းစေရမည်။ ရော်ဘာများ မှိုမတက်စေရန် ရေစစ်ပြီးမှ မှိုင်းရုံသွင်းရပါမည်။ မှိုင်းရုံ အပူချိန် ကိုလည်း ဂရုစိုက်ရမည်။ မှိုင်းခံရုံမှ ထွက်ရှိလာသော ရော်ဘာပြား များကို အဆင့်အတန်းခွဲကာ ပါကင်ထုပ်ပိုးရသည်။ မွန်ပြည်နယ် တွင် ရော်ဘာမှိုင်းခံရုံ ၂၆ ရုံရှိပြီး ထုပ်လုပ်သော မှိုင်းခံရော်ဘာ အများစုမှာRSS 3  အတန်းအစားကိုသာ ထုတ်လုပ်ကြပြီးRSS 3 တစ်ပေါင်လျှင် ကျပ် ၃၀ဝ၀ ဈေးနှုန်းဖြင့် ရော်ဘာအဝယ်ဒိုင်များ၊ ကုမ္ပဏီများမှ ဝယ်ယူစုဆောင်းကာ ရန်ကုန်၊ မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။ 
TSR (Technically Specified Rubber) ထုတ်လုပ်ခြင်း
မွန်ပြည်နယ်ရှိ ရော်ဘာခြံငယ်အချို့မှာ ျွှ ရော်ဘာ ထုတ် လုပ်ရန် ကုန်ကျစရိတ်များပြားသဖြင့် ရော်ဘာအထူပြားများ ပြု လုပ်ကာ  Crumb Rubber စက်ရုံများသို့ ရောင်းချကြသည်။  Crumb Rubber  စက်ရုံများမှာ ကုန်ကြမ်းအနေဖြင့် ရော်ဘာအထူပြား၊ ခွက် ကျန်များ၊ ဆွဲဖတ်များကို ကုန်ကြမ်းအဖြစ်အသုံးပြုကြောင်း သိရှိရ သည်။  Crumb Rubber  စက်ရုံများ၌TSR (Technically Specified Rubber)ထုတ်လုပ်ရန် ကုန်ကြမ်းများကို စက်ကိရိယာများဖြင့် ပိုင်း ဖြတ်ခြင်း၊ ရေဆေးသန့်စင်ခြင်း၊ ဖိကြိတ်ခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ကာ သေးငယ်သော အပိုင်းအစများဖြစ်အောင် ပြုလုပ်ရ သည်။ ထိုကဲ့သို့ပြုလုပ်ပြီး ထွက်ရှိလာသော ရော်ဘာအပိုင်းအစ များကို ပေါင်းခံစက်တွင် ပေါင်းခံခြင်း၊ အခြောက်ခံခြင်းတို့ကို ပြု လုပ်ရသည်။ ထိုမှထွက်ရှိလာသောTSR (Technically Specified Rubber) များကို လေးထောင့်ပုံ ဘလောက်တုံးပုံများပြုလုပ်ကာ သတ်မှတ်ထားသော အလေးချိန်တွင် ချိန်တွယ်ဖြတ်တောက်ပြီး ပါကင်ထုပ်ပိုးရပါသည်။ မွန်ပြည်နယ်၌ ဃမကာဘ ျွကဘဘနမ စက်ရုံ ၁၁ ရုံရှိပြီးTSR (Technically Specified Rubber)ဖြစ်သည့်  MSR-20  နှင့်MSR-10 တို့ကို ထုတ်လုပ်ကာ ရန်ကုန်၊ မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့ကြောင်းသိရသည်။
ထိုသို့ တင်ပို့ရာတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့ သော ပြည်ပပို့ကုန်ရော်ဘာ FOB ဈေးနှုန်းများမှာ RSS 3 တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၅၀-၂၁၅၀၊ RSS 5 တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၅၀-၂၀၅၀၊MSR-20 တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၁၄၀ဝ-၁၉၅၀၊ MSR-10  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၅၀-၂၀ဝ၀  ဈေးနှုန်းဖြစ်ခဲ့ကြောင်း သိရ သည်။
ကမ္ဘာ့ရော်ဘာတင်သွင်းမှု အများဆုံးနိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ ဂျပန်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ပြီး ကမ္ဘာ့  ရော်ဘာ တင်ပို့မှု အများဆုံးနိုင်ငံများမှာ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့ဖြစ်ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ရော်ဘာတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တွင် ၂၁၁၂၇၃ ဒသမ ၁၃၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  ၂၇၅ ဒသမ၅၂၈ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (နိုဝင်ဘာလကုန် ထိ) တန်ချိန်  ၁၅၁၈၂၅ ဒသမ ၉၁၅ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ  ၂၂၉ ဒသမ ၆၁၂  သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 
မွန်ပြည်နယ်ရှိ ရော်ဘာကဏ္ဍတွင်  ၈၉ရာခိုင်နှုန်းမှာ စိုက်ပျိုး ထုတ်လုပ်သူများဖြစ်ပြီး ၁၁ ရာခိုင်နှုန်းခန့် မှာ ရော်ဘာထုတ်လုပ် သူများဖြစ်ကြသည်။ စိုက်ပျိုးထုတ်လုပ်သူအများစုမှာ ဓာတ်မြေ သြဇာကို အသုံးပြုကြပြီး အနည်းစုမှာ သဘာဝမြေသြဇာကို သုံးစွဲ ကြသည်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် အမျိုးအစား အမျိုး မျိုးရှိသည့်အနက် ၅၀ ရာခိုင်နှုန်းခန့်မှာ ျွှ-၃ ကို ထုတ်လုပ်ကြ သည်။ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအနက်  ၇၅ ရာခိုင်နှုန်းမှာ စားသုံးသူရေးရာဦးစီးဌာန၊    သဘာဝ ရော်ဘာအရည်အသွေး  စမ်းသပ်စစ်ဆေးမှု ဓာတ်ခွဲခန်းများမှ လက်မှတ်ရရှိထားပြီးဖြစ် သည်။
ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုSupply Chain တစ်လျှောက်ရှိ နည်းပညာများ အားနည်းခြင်း၊ ကျွမ်းကျင်လုပ်သားများ ရှားပါးခြင်း၊ ရော်ဘာခြံများအတွက် မတည်ရင်းနှီးငွေ  ခက်ခဲခြင်း၊ ရော်ဘာ ကဏ္ဍတွင် ပါဝင်နေသူများအကြား ချိတ်ဆက်ဆောင်ရွက်မှု အား နည်းခြင်းတို့မှာ  အဓိက စိန်ခေါ်မှုများဖြစ်နေသည်ကို တွေ့ရှိရ သည်။
ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး မြင့် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာသင်တန်းများ ပံ့ပိုးပေးခြင်း၊ ရော်ဘာမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင် ရေးအတွက် ထုတ်လုပ်မှု နည်းပညာများနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာ လေ့ကျင့်ရေးဌာနများနှင့် ရော်ဘာအရည်အသွေး တိုးမြှင့် ရေးအတွက်   ရေရှည်တည်တံ့သော သုတေသနလုပ်ငန်းများ ထူထောင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

 

မိုးမိုး (မွန်)