Main menu

Background

မြန်မာ့ယဉ်ကျေးမှုလက်ရာ ယွန်းလက်မှုပညာ

Tue, 02/03/2026 - 11:18 -- journal_editor

ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ မြန်မာလူမျိုးတို့တွင် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုရှိ၍ ကမ္ဘာ ပေါ်တွင်  မြန်မာဟူ၍ ယနေ့တိုင်  ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်နှင့်  မျက်မှောက်ခေတ်ဟူ၍  မြန်မာ့သမိုင်းကြောင်း ရှည်ကြာလာခဲ့သည်နှင့်အမျှ မြန်မာ့ယွန်းထည်၊ မြန်မာ့ယဉ်ကျေး မှုသည်လည်း အခြေခိုင်ခိုင်ဖြင့် နှစ်ပေါင်းရာထောင်မက ရပ်တည် နိုင်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓယဉ်ကျေးမှုကို အခြေပြု သော ယဉ်ကျေးမှုဟုဆိုနိုင်သည်။ ထို့ကြောင့်လည်း မြန်မာ့ယဉ်ကျေးမှု တွင် ဘာသာရေးဆိုင်ရာ အတွေးအခေါ်များ၊ အယူအဆများ၊ ခံယူ ချက်များ ဆက်နွှယ်လွှမ်းမိုးလျက်ရှိသည်  ပုဂံဒေသသည်  ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ တစ်စုတစ်ဝေးတည်း အများအပြား တည်ရှိရာဒေသဖြစ်၍ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ကြေးမုံတစ်ချပ်ဖြစ် သည်။
မြန်မာ့ရိုးရာလက်မှုအနုပညာ ပန်း(၁၀)မျိုးတွင် ပန်းယွန်း အနုပညာသည် တစ်ခုအပါအဝင်ဖြစ်ပြီး ပုဂံခေတ်မှစတင်၍ ပင်းယ ခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊  ကုန်းဘောင်ခေတ် တိုင်အောင် ရိုးရာမပျက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့သည်။ မြန်မာတို့သည် ပန်းယွန်းအတတ် ပညာကို အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ရပ် အဖြစ် လုပ်ကိုင်ရင်း သားစဉ်မြေးဆက်လက်ဆင့်ကမ်း ထိန်းသိမ်း လာခဲ့သည်မှာ ယနေ့ထိတိုင်အောင်ဖြစ်ခဲ့သည်။ ပုဂံခေတ်တွင် ဘုရား မတင် နတ်မတင် လူတွင်ဆယ်ပွင့်ပန်းဟူသော ဆိုရိုး စကားရှိသည်။ ဆယ်ပွင့်ပန်းမှာ  အများသိနေကြသည့်အတိုင်း ပန်းပဲ၊ ပန်းတဉ်း၊ ပန်းထိမ်၊ ပန်းပု၊  ပန်းတော့၊  ပန်းယွန်း၊ ပန်းချီ၊ ပန်းရန်၊ ပန်းပွတ်၊ ပန်းတမော့ဟူ၍ရှိရာ ပုဂံတွင်လေ့လာနိုင်သည်။ 
ပန်းဆယ်မျိုးအနက်မှသည် ပန်းယွန်း(ခေါ်)ယွန်းထည်လုပ်ငန်း နှင့် ပန်ခိ(ခေါ်)ပန်းချီလုပ်ငန်း ဆက်စပ်လျက်ရှိပြီး ပုဂံခေတ် အေဒီ (၁၂)ရာစု  အသဝတ်ဓမ္မသင်္ချိုင်းဂူကျောက်စာမှ  သက်သေပြလျက် ရှိပြီး ၎င်းကျောက်စာအား ရှေးဟောင်းပြတိုက်အတွင်း ကျောက်စာ အမှတ်(၄၄)တွင် လေ့လာနိုင်သည်။
မြန်မာ့ယွန်းထည် လက်မှုအတတ်ပညာလုပ်ငန်းသည် ယွန်း ပစ္စည်း  အထောက်အထားနှင့် စာပေအထောက်အထားများအရ အေဒီ(၁၂)ရာစုပုဂံခေတ်မှသည် အေဒီ(၁၉) (ရတနာပုံခေတ်)နှင့် အေဒီ (၂၀)ရာစု ခေတ်ဦးပိုင်းဟုခေါ်သော လွန်ခဲ့သောနှစ်ပေါင်း(၉၀)ကျော်မှ ရှေးဟောင်း ယွန်းထည်ပစ္စည်းများနှင့် မျက်မှောက်ခေတ်၌ ထုတ်လုပ်သုံးစွဲခဲ့သော  ယွန်းထည်ပစ္စည်းများကို လေ့လာကြည့်ရှု ခြင်းဖြင့် မြန်မာ့ပန်းယွန်းသည် ပုဂံခေတ်မှစတင်၍ လုပ်ကိုင်လာခဲ့ ကြောင်း လေ့လာသိရှိခဲ့ရသည်။ လက်ရှိ မြန်မာနိုင်ငံတွင်  ထုတ်လုပ် လျက်ရှိသော ယွန်းအမျိုး အစားများမှာ ကညစ်ပန်းယွန်း၊  ရွှေဇဝါပန်း ယွန်း၊ သားရိုးပန်းြွကယွန်း၊ မှန်စီရွှေချယွန်း၊ ခေတ်မီယွန်း၊ ခေတ်ဆန်း ယွန်း၊ ဆန်းဆက် (ြှ့ ှနွှ) ယွန်းတို့ဖြစ်ကြသည်။
မြန်မာ့ယွန်းထည်ပေါ်မှဒီဇိုင်းများ
မြန်မာနိုင်ငံတွင် ယွန်းထည်ပစ္စည်းများ အမျိုးမျိုး ထုတ်လုပ်ကြ သည့်အနက် ဒေသအနေအထားအရ ကုန်ကြမ်းပိုင်း၊ နည်းပညာပိုင်း၊ လက်ရာဒီဇိုင်းပိုင်းများ လက်သုံးကိရိယာတူညီမှုမရှိသည်ကို လေ့လာ တွေ့ရှိရသည်။
ယွန်းထည်ပစ္စည်းတစ်ခု  ထုတ်လုပ်ရန်အတွက် ထုတ်လုပ်မှု အဆင့်များအနေဖြင့် အဓိကအားဖြင့် သုံးမျိုးရှိသည်။
    (က)    အဖြူထည် (ဝါးနှီးဖြင့် အဖြူထည် အဆင့်ဆင့်ကို ပြင် ဆင်ခြင်း)
    (ခ)    အနက်ထည် (သစ်စေးဖြင့်  အနက်ထည် အဆင့်ဆင့်ကို ပြင်ဆင်ခြင်း)
    (ဂ)    အလှဆင်ခြင်း (ယွန်းဆေး၊ ရွှေဆေးများဖြင့်အလှဆင်ခြင်း) တို့ဖြစ်ပါသည်။
    (က)    အဖြူထည်အနေဖြင့် ဝါးကိုဝါးနှီးဖြာ၍ ဒီဇိုင်းအစုံ၊ ဆိုဒ် အစုံကို နှီးခွေ၍ ပုံဖော်ခြင်းဖြစ်သည်။
    (ခ)    အနက်ထည်အနေဖြင့် အဆင့်ပေါင်း အနည်းဆုံး(၁၂)ဆင့်ဖြင့် ဆောင်ရွက်ရသည်။ အဆင့်(၁) ဆင့်ချင်းစီကို မြေအောက်ခန်းတွင် တစ်ပတ်ခန့် အခြောက်ခံရသည်။ ထိုသို့ အဆင့်ဆင့် အခြောက်ခံပြီးနောက် မျက်နှာပြင် ချော မွေ့အောင်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များဖြစ်သည်။
    (ဂ)    အလှဆင်ခြင်းအနေဖြင့် အနက်ထည်ပေါ်တွင် ယွန်းဆင် ခြင်း၊ ယွန်းခွဲခြင်း၊ သစ်စေးအရည်သုတ်လိမ်းခြင်း၊ အရောင် သွင်းခြင်း၊ မြေတိုင်သွင်းခြင်း၊ အရောင်ဖော်ခြင်းလုပ်ငန်း ဆင်များဆောင်ရွက်ရသည်။ ယွန်းပစ္စည်းပေါ်တွင် အရောင် (၃)ရောင် ထည့်သွင်းပါက တစ်ရောင်ချင်းစီအတွက်(၃)ကြိမ် အထက်ပါ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရသည်။ ထိုသို့အဆင့်ဆင့်ဆောင်ရွက်ပြီးပါက  ဒီဇိုင်းစုံ၊ အရောင် အသွေးစုံစွာဖြင့် လှပတင့်တယ်သော ယွန်းထည်ပစ္စည်းများ ရရှိသည်။
ဝါးကိုအခြေခံ၍ ဝါးနှီးဖြင့်  အဖြူထည် အခွေထည်လုပ်ရာ တွင်ကုန်ကြမ်းအဖြစ် အသုံးပြုသော မဲတင်းခ ဝါးနှင့် တင်းဝါးကို ချင်း တွင်းအထက်ပိုင်းဒေသများ၊ သပိတ်ကျင်း၊ ကနီ၊ ရွှေလီနှင့် ပျဉ်မနား မြို့များမှ  ရရှိကြောင်း၊ သစ်သားဖြင့် ပြုလုပ်ရသော  သစ်ထည်ကုန် ကြမ်းကို ဒေသတွင်းမှရရှိပြီး ကျွန်းသား၊ လက်ပံသားနှင့် ဘိုင်သား ကိုသာ အသုံးပြုကြောင်း၊ အနက်ထည်လုပ်ရာတွင် အသုံးပြုသော သစ်စေးကို ကျိုင်းတောင်၊ ကျိုင်းပန်၊ မောက်မယ်၊ ကဒူကြီး၊ ဒူးလေး ဒေသတို့မှ လာသောသစ်စေး (ပထမတန်းစား)၊ ရပ်စောက်၊ ကသာ၊ ဗန်းမော်ဘက်မှလာသော သစ်စေးကို(ဒုတိယတန်းစား)နှင့် ပျဉ်းမနား၊ ရေနီ၊ လယ်ဝေး  စသော   ပဲခူးရိုးမဘက်မှလာသော သစ်စေးကို (တတိယတန်းစား)သစ်စေးများကို ဝယ်ယူအသုံးပြုလျက်ရှိသည်။
မြန်မာ့ရိုးရာယွန်းထည်ပစ္စည်းများကို အမှတ်တရပစ္စည်းများအဖြစ်အသုံးပြုခြင်း ဘာသာ၊ သာသနာရေးသုံး ပစ္စည်းများအဖြစ် အသုံးပြုခြင်း၊ နေအိမ်အဆောက်အအုံ၊ ရုံးခန်းနှင့်ဟိုတယ်များတွင် အလှအပဆင်  ယဉ်ကျေးမှုပစ္စည်းများအဖြစ်  အသုံးပြုလျက်ရှိရာ ယခုလက်ရှိတွင် ယွန်းထည်ထုတ်ကုန်များအနေဖြင့် အမျိုးအစား ပေါင်း ၁၀ဝ ခန့် ထုတ်လုပ်လုပ်ကိုင်လျက်ရှိသည်။
လက်ရှိ ဈေးကွက်တွင် ဆွမ်းအုပ်၊ လက်ဖက်အုပ်၊ ကွမ်းအစ်၊ ွှငျကန သြထ၊ ရေနွေးကရားအစုံ၊ ဘောပင်ထည့်ခွက်၊ ယွန်းဘောပင်၊ ယွန်းလင်ဗန်း၊ ဒေါင်းလန်း၊ ဘုရားပန်းအိုး၊ စားပွဲတင် ပန်းအိုး၊ ယွန်း ပန်းချီကား၊ ယွန်းဇီးကွက်ရုပ်၊ ယွန်းလည်ဆွဲ၊ လက်ကောက်၊ ဆံထိုး၊ ယွန်း ပုတီး၊ ယွန်းသေတ္တာ၊ ယွန်းခွက်အစုံ၊ ယွန်းသပိတ် စသည့်ပစ္စည်း များအား ှငဖန မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ၊ ကာလာအရောင်မျိုးစုံဖြင့် ထုတ် လုပ်လျက်ရှိသည်။
ယွန်းထည်ထုတ်ကုန်ပစ္စည်းများကို ပုဂံဒေသရှိ  ဘုရားဈေး ဆိုင်တန်းများနှင့်   ပုဂံလက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည်။ ထို့အပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ မကွေး စသည့်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိ သည်။ ယွန်းထည်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်များ၊ နှစ်သက် လက်ခံမှုများအတိုင်း လိုက်လျောညီထွေ ထုတ်လုပ်ကြရသဖြင့် ယွန်း ထည်ပစ္စည်း၏ အရည်အသွေး၊ အဆင့်အတန်း၊ အနိမ့် အမြင့်များ ဖြစ်ပေါ်လျက်ရှိသည်။
မြင်းကပါကျေးရွာ လက်မှုယွန်းထည်လုပ်ငန်းမှ အဆင့်မီ ယွန်း ထည်ပစ္စည်း(ယွန်းစစ်) ကုန်ချောဈေးနှုန်းများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်  ၆ဓ(ဆွမ်းအုပ်)တစ်ခုလျှင် ကျပ် ၂၅၀ဝ၀ဝ၊  ၆ဓ (လက် ဖက်အုပ်)တစ်ခုလျှင်  ကျပ် ၂၅၀ဝ၀ဝ၊  ၂ဓ (ရေချမ်းခွက်)တစ်ခုလျှင် ကျပ် ၈၅၀ဝ၀ ၊ ၆ဓ(သေတ္တာ)တစ်ခုလျှင် ကျပ် ၂၀ဝ၀ဝ၀၊ ၆ဓ (ွှငျကန သြထ) တစ်ခုလျှင် ကျပ် ၂၀ဝ၀ဝ၀၊ ၁၈ဓ (လင်ဗန်း) တစ်ခုလျှင် ကျပ် ၃၅၀ဝ၀ဝ၊ ၅ဓ(သပိတ်) တစ်ခုလျှင် ကျပ် ၁၅၀ဝ၀ဝ၊ ရေနွေးအိုး(၁)စုံ လျှင် ကျပ် ၆၀ဝ၀ဝ၀၊ ဘောပင်ထည့်ခွက် တစ်ခုလျှင် ကျပ် ၈၅၀ဝ၀၊ ၆ဓ (ကွမ်းအစ်) တစ်စုံလျှင် ကျပ် ၄၀ဝ၀ဝ၀နှင့် ယွန်းပန်းချီ ၁၃ဓဍ္ဍ၉ဓ တစ်ခုလျှင် ကျပ် ၆၀ဝ၀ဝ ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယွန်းထည်ဈေးနှုန်းများမှာ  ယွန်းထည်ထုတ်လုပ်မှုနှင့် အရည်အသွေးများအပေါ် မူတည်၍လည်း ဈေးနှုန်းကွာခြားလျက် ရှိသည်။
ခေတ်နှင့်အညီ    တိုးတက်ပြောင်းလဲနေသော မြန်မာ့ယွန်း ထည်လုပ်ငန်းသည် ယနေ့ထိတိုင် ထင်ပေါ်ကျော်ကြားလျက်ရှိသည်။ မြန်မာ့ရိုးရာယွန်းထည်သည် ခေတ်မီနည်းစနစ်များကို အသုံးပြုခြင်း၊ ရှေးရိုးရာနည်းစနစ်များနှင့်လည်း ပေါင်းစပ်အသုံးပြုခြင်း၊ စူးစမ်း လေ့လာမှုဖြင့် အမြင်ကျယ်၍ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဝင် ရောက်နိုင်စေရန် အသုံးပြုခြင်းတို့ကြောင့် ယွန်းထည်အရည်အသွေး များလည်း ပိုမိုကောင်းမွန်၍ တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်း လဲလျက်ရှိကြောင်း တွေ့ရသည်။
ယွန်းထည်လက်မှုလုပ်ငန်းများ တိမ်ကော၊ ပပျောက်မှုမရှိစေ ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားပေးမြှင့်တင်ရန်၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိစေနိုင်ပြီး လက်မှုပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ လက်မှုရွာစီမံကိန်း (ယွန်းထည်)အား မြင်းကပါကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယွန်းပညာကောလိပ် မှလည်း လက်မှုပညာရှင်များကို  သင်ကြားမွေးထုတ်ပေးလျက်ရှိ သည်။ 
ကိုးကား-
    ယွန်းပညာကောလိပ် နှစ်ပေါင်းတစ်ရာပြည့်မဂ္ဂဇင်း။     အရိမဒ္ဒနပူရယွန်းထည်လုပ်ငန်း၊ မြင်းကပါကျေးရွာ။
    ယွန်းပညာကောလိပ်မှ ယွန်းအတတ်ပညာဒီပလိုမာအတွက် ရေးသားတင်ပြသည့် စာတမ်း။

(ဆောင်းပါးပါ ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင်များအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။)   

 

ဇော်မျိုးခိုင် (mdydoca)