၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ နေပြည်တော်ရင်ပြင်၌ ကျင်းပ ခဲ့သည်။
အဆိုပါထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ရည်ရွယ်ချက်မှာ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့်MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွား ဘဝ မြင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများ ကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေ ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်တွင်းစီးပွား ရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်လာ နိုင်စေရန်၊ ပြည်တွင်းစီးပွားရေး ကောင်းမွန်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများလာစေရန်၊ ဒေသအလိုက် ဒေသတစ်ခု ထုတ် ကုန်တစ်ခု (OROP) အစီအစဉ်များ အောင်မြင်ရေးအတွက် အားပေး မြှင့်တင်ရန်၊MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲ တော်တွင် ပါဝင်ပြသခဲ့သည့် လုပ်ငန်း/စီးပွားချိတ်ဆက် (Business Matching) ပြခန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှMSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည် ထောင်သည့်အချိန်မှစ၍ ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင် မည့် ဝန်ဆောင်မှုများကို အောက်ပါလုပ်ငန်းအဖွဲ့ (၄)ဖွဲ့မှ ဆောင်ရွက် ပေးခဲ့သည်-
( ၁ ) ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွွဲ့
( ၂ ) ပြည်တွင်းဈေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့
( ၃ ) ရင်းနှီးမတည်ငွေချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့
( ၄ ) ပြည်ပဈေးကွက်ချိတ်ဆက်နိုင်ရေး အသိပညာပေး လုပ်ငန်းအဖွဲ့
ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့
ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် အစိုးရ ဌာနပေါင်း ကိုးခုဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ သီလဝါ အထူးစီးပွားရေးဇုန်တို့မှ ဆောင်ရွက်ပေးမည့် လုပ်ငန်းရပ်များအား အများပြည်သူသိရှိစေရန် ပြခန်းရှေ့တွင် အောက်ပါအတိုင်း ဖော်ပြ ဆောင်ရွက်ပေးခဲ့ပါသည်-
( ၁ ) ပြပွဲတွင်ပါဝင်တက်ရောက်သော တိုင်းဒေသကြီး၊ ပြည်နယ်များမှMSME လုပ်ငန်းရှင်များ သိရှိလိုသည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရေး ဆောင် ရွက်ခြင်း၊
( ၂ ) MSMEလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပဈေး ကွက်သို့တင်ပို့နိုင်ရေး လိုအပ်သည့် ထောက်ခံချက်များ၊ လက်မှတ်များနှင့် လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊
( ၃ ) ဝန်ကြီးဌာနကိုယ်စားပြု Help Desk များ ဖွင့်လှစ်၍MSME လုပ်ငန်းရှင်များအား တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ ဝန်ဆောင်မှုပေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
ပြပွဲကာလအတွင်းMSMEလုပ်ငန်းရှင် ၅၂၆ ဦးအား ကျြငညနျ ြအေခ့ငညါ ၆၇၂ ကြိမ် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ အကြံပြု ဆွေးနွေး ခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းတို့အတွက် ဆွေးနွေးပေးနိုင်ခဲ့သည်။
ပြည်တွင်းဈေးကွက်ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့
ပြည်တွင်းဈေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် ပါဝင် ပြသည့်MSME လုပ်ငန်းရှင် ၃၀၅ ဦး၏ ထုတ်ကုန်များကို လက်လီ/ လက်ကားဆိုင် ၁၃ ဆိုင်ဖြစ်သည့် Asia Light City Mart Makro Super One Ga Mone Pwint Capital/G&G One Stop Mart Pro-1 Aeon Orange နှင့်Gandamar ABC များ တွင် ပစ္စည်းတင်ရောင်းချနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဆောင်ရွက် ပေးမည့် လုပ်ငန်းရပ်များအား အများပြည်သူသိရှိစေရန် ပြခန်းရှေ့ တွင် အောက်ပါအတိုင်း ဖော်ပြဆောင်ရွက်ပေးခဲ့သည်။
( ၁ ) MSME လုပ်ငန်းရှင်များနှင့် ပြည်တွင်းလက်လီ/လက် ကားလုပ်ငန်းရှင်များအကြားB to B Business Matching များ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ရန် ကြိုတင် ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးခြင်း၊
( ၂ ) MSMEထုတ်ကုန်များကို ပြည်တွင်းဈေးကွက်ဝေစု ပိုမိုရရှိစေရန် ပြည်တွင်းရှိ လက်လီ/လက်ကား အရောင်းဆိုင်များတွင် ရောင်းချနိုင်ရေး၊ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊
( ၃ ) ပြည်တွင်းဈေးကွက်တွင်MSMEထုတ်ကုန်များကို သွင်းကုန်အစားထိုး ထုတ်ကုန်များအဖြစ် မိတ်ဆက်ပေး ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှုနှင့် တင်သွင်းမှုကို ထိန်းညှိနိုင်ရေး အသိပညာပေးခြင်း၊
( ၄ ) MSME ထုတ်ကုန်များကို လက်လီ/လက်ကားဆိုင် များတွင် ရောင်းချနိုင်ရေး လိုအပ်သည့် အရည်အသွေး၊ ထုပ်ပိုးမှုစနစ်၊ ထောက်ခံချက်များနှင့် သက်ဆိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခြင်း။
ပြည်တွင်းဈေးကွက် ချိတ်ဆက်မှုတွင်MSME လုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို နိုင်ငံတစ်ဝန်းရှိ နာမည် ကြီး လက်လီ/လက်ကားအရောင်းဆိုင်ကြီးများတွင် ရောင်းချခွင့်ရရှိ နိုင်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်သည့် လက်လီ/လက်ကား ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်၊ မိမိတို့ ထုတ်ကုန်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခွင့် စသည့် အခွင့်အလမ်းများ ရရှိခဲ့ သည်။
ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့
ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသည့် MSME လုပ်ငန်းရှင် ၂၄၆ ဦး၏ ရင်းနှီးမတည်ငွေ လို အပ်ချက်များကို ဘဏ်လုပ်ငန်း ၁၄ ခု ဖြစ်သည့်SME-D Bank A Bank AGD Bank SHWE Bank KBZ Bank CHID Ban k CB Bank YOMA Bank AYA Bank MCB Bank MOB Bank UAB Bank MICB Bank MTB Bank များနှင့် ရင်းနှီးမတည်ငွေချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့ ဆောင်ရွက်ပေးမည့် လုပ်ငန်းရပ်များအား အများပြည်သူသိရှိစေရန် ပြခန်းရှေ့တွင် အောက်ပါအတိုင်း ဖော်ပြ ဆောင်ရွက်ပေးခဲ့သည်။
( ၁ ) MSME လုပ်ငန်းရှင်များနှင့် ဘဏ်များအကြားB2B Business Matching များ အဆင်ပြေချောမွေ့စွာပြုလုပ် နိုင်ရန် လိုအပ်သည်များ ကြိုတင်ညှိနှိုင်း စီစဉ်ဆောင် ရွက်ပေးခြင်း၊
( ၂ ) MSMEလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရန်အတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ဘဏ်လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသည့် ရင်းနှီးမတည်ငွေများ ရရှိနိုင်ရေး ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊
( ၃ ) MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီTrade Financing များ၊Pre-shipment Financing များရရှိနိုင်ရေးအတွက် ဘဏ်များနှင့် ချိတ်ဆက်ဆောင် ရွက်ပေးခြင်း၊
ပြပွဲကာလအတွင်းBusiness Matching၄၂၁ ကြိမ် ဆွေးနွေး ပွဲများ ပြုလုပ်ပေးခဲ့ရာMSME လုပ်ငန်း ၁၃ ခုသည်KBZ Bank နှင့် လည်းကောင်း၊MSME လုပ်ငန်း ၁၈ ခုသည်UAB Bankနှင့် လည်း ကောင်း၊MSME လုပ်ငန်း ၂၉ ခုသည် Shwe Bankနှင့် လည်း ကောင်း၊MSME လုပ်ငန်း ၁၂ ခု သည် MCB Bank နှင့် လည်းကောင်း၊MSME လုပ်ငန်း ၇ ခုသည် A Bank နှင့်လည်းကောင်း၊ MSME လုပ်ငန်း ၂၃ ခုသည် SME Development Bankနှင့်လည်းကောင်း၊MSME လုပ်ငန်း ၃၆ ခုသည် AYA Bank နှင့်လည်းကောင်း၊MSME လုပ်ငန်း ၆ ခုသည် MTB Bank နှင့်လည်းကောင်း၊MSME လုပ်ငန်း ၂၉ ခုသည် CB Bank နှင့်လည်းကောင်း၊ MSMEလုပ်ငန်း ၅ ခုသည်YOMA Bank နှင့် လည်းကောင်း၊MSME လုပ်ငန်း ၁၂ ခုသည် CHID Bank နှင့်လည်းကောင်း၊MSMEလုပ်ငန်း ၉ ခုသည်MOB Bank နှင့်လည်းကောင်း စုစုပေါင်း ြှနြ လုပ်ငန်း ၁၉၉ ခုတို့၏ ရင်းနှီးမတည်ငွေရရှိရေးဆိုင်ရာ သဘောတူညီမှုရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
MSME လုပ်ငန်းစတင်ကာစ လုပ်ငန်းရှင်များအနေဖြင့်လည်း ချေးငွေရယူနိုင်ရန် လိုအပ်သည့် အဆင့်များ၊ အထောက်အထား စာရွက်စာတမ်းများကို ဆွေးနွေးသိရှိ၍ ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ ဘဏ်များမှ ချေးငွေရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေးညှိနှိုင်းပေးခြင်းများ၊ လမ်းညွှန်မှု များပြုလုပ်ပေးခြင်းနှင့် လုပ်ငန်းလိုင်စင်၊ ပိုင်ဆိုင်မှုအထောက်အထား၊ အခွန်ပေးဆောင်ထားမှု၊SME အေဂျင်စီ၏ ထောက်ခံချက်များရယူ၍Working Capital Loan Fixed Capital Loan SME Loan များကို မိတ်ဆက်ပေးခြင်းကြောင့် အဆိုပါအချက်များအပေါ် ပြည့်စုံသူများ အနေဖြင့် ချေးငွေမြန်ဆန်စွာ ရယူနိုင်သည့်အခွင့်အလမ်းများ ရရှိခဲ့ပါ သည်။
အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ပြည်ထောင်စုအဆင့် ြှနြ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပြည်ပဈေးကွက်ချိတ်ဆက်နိုင်ရေး အသိပညာပေးလုပ်ငန်းအဖွဲ့
ပြည်ပဈေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင် ပြသည့်MSMEလုပ်ငန်းရှင် ၉၉ ဦး၏ ထုတ်ကုန်များကို ပြည်ပဈေး ကွက် ရရှိရေး သိရှိလိုသည့်ဈေးကွက်ဆိုင်ရာ၊ အရည်အသွေးဆိုင်ရာ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးနိုင်ရေးတို့ကို စီးပွားရေးသံမှူး ၁၆ ဦးနှင့်hf Business Matching ၂၄၂ ကြိမ် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ပြည်တွင်းအဆင့်ထုတ်ကုန်မှ ပြည်ပသို့ တင်ပို့နိုင်သည့် အဆင့်မီထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အသိပညာများရရှိနိုင်ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်တက်စေခြင်း၊ လိုအပ်ချက်များ ပြင်ဆင်နိုင်ရန် အခွင့်အလမ်းများရရှိခြင်းနှင့် သက်ဆိုင်ရာ ပြည်ပ နိုင်ငံများသို့ ဈေးကွက်ဝင်ရောက်ခွင့် ရရှိနိုင်ရေး သတ်မှတ်ထား သည့် စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရည် အသွေး မြှင့်တင်နိုင်ရေး ဗဟုသုတများ၊ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ခွင့်နည်းလမ်းများ၊ အသိပညာများကို လုပ်ငန်းရှင်များမှ သိရှိနားလည်ခွင့်ရရှိခဲ့သည်။
ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်တွင် လုပ်ငန်း/စီးပွား ချိတ်ဆက်မှုလုပ်ငန်းကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်းကို ပါဝင် ပြသခဲ့ခြင်းကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှMSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များအတွက် ပြည်တွင်း လက်လီ/ လက်ကားဆိုင်များတွင်ရောင်းချနိုင်ရေး၊ ပြည်ပဈေးကွက် သို့ တင်ပို့ရောင်းချနိုင်ရေး၊ လုပ်ငန်းချဲ့ထွင်နိုင်ရေးအတွက် ရင်းနှီး မတည်ငွေရရှိနိုင်ရေးနှင့် အစိုးရဌာနများနှင့် ချိတ်ဆက်ဆောင် ရွက်ရန်ရှိသည်များကို ပြပွဲကာလအတွင်း ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အပြင်MSMEလုပ်ငန်းရှင်များအကြား ထုတ်ကုန် အဆင့် မြှင့်တင်ရေးအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ နည်းပညာဖလှယ်နိုင်ခြင်းနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းရှင်များအကြား Network တည်ဆောက် နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့သောကြောင့် ပြည်ထောင်စု အဆင့်MSMEထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၏ ရည်မှန်းချက် များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း ရေးသားလိုက်ရပါသည်။
နီလာစိုး
