ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းကို မြှင့်တင် ဆောင်ရွက်နေသည်။ MSME လုပ်ငန်းများသည် ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ် တည်ရှိနေပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ကိုလည်း အကူအညီပေးနေကြောင်း တွေ့ရသည်။MSME လုပ်ငန်း များသည် ကမ္ဘာပေါ်ရှိ လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို လည်း ကောင်း၊ ကမ္ဘာပေါ်ရှိ အလုပ်အကိုင်နေရာ ၅၀ ရာခိုင်နှုန်းကို လည်း ကောင်း ကိုယ်စားပြုနေကြောင်း တွေ့ရှိရသည်။
လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ MSMEလုပ်ငန်းများအောင်မြင်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် အခွန်ငွေများ လျှော့ချပေးခြင်းအပြင် အခြားသော အကူအညီများကိုလည်း ပံ့ပိုးပေးလျက်ရှိ သည်။ ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့်MSME လုပ်ငန်းများ ကို အားပေးသည့်အနေဖြင့် လုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ ြှနြလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ ကျောရိုးများအဖြစ် တည်ရှိနေပြီး နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ဒသမ ၈ ရာခိုင် နှုန်းကို ြှနြလုပ်ငန်းများက ကိုယ်စားပြုကာ လုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်းသည်လည်း MSME လုပ်ငန်းများတွင် လုပ်ကိုင်ဆောင် ရွက်နေကြောင်း တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ MSMEလုပ်ငန်းများမှ ဝင်ငွေသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၆၃ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။
ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံပိုင်MSME ဘဏ်ကိုတည်ထောင်ထားပြီး ြှနြလုပ်ငန်းများ ချဲ့ထွင်နိုင်ရန်အတွက် တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးလျက်ရှိသည်။ နိုင်ငံအတွင်းရှိMSME လုပ်ငန်းများအား ဒစ်ဂျစ်တယ်စီးပွား ရေးလုပ်ငန်းများအဖြစ် လုပ်ငန်းဆောင်ရွက်ရေးအတွက် SeT4SME ကဲ့သို့သော နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ကုန်သွယ်ရေးစနစ်ကို မြှင့်တင်ဆောင်ရွက်နေပြီး လုပ်ငန်းဆိုင်ရာ အခွန်ကင်းလွတ်ခွင့် များကိုလည်း ခွင့်ပြုပေးနေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် MSME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပြီး ၎င်းအစီအစဉ်အရ ကျေးလက်ဒေသရှိ လုပ်ငန်း များကို နည်းပညာစင်္ကြံများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိရေးဆောင်ရွက်နေသည်။ စည်းမျဉ်းပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအဖြစ် ၂၀၁၈ ခုနှစ်တွင် MSME ထောက်ပံ့ရေးဥပဒေအရ တရားဝင်ကဏ္ဍရှိ လုပ်ငန်း စတင်ဆောင်ရွက်သည့်MSME လုပ်ငန်းများအား စတင်တည်ထောင်သည့် ပထမသုံးနှစ်အတွင်း ကော်ပိုရိတ်ဝင်ငွေခွန် ၁၀ဝ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုသည်။ နိုင်ငံအတွင်း ၂၀၃၀ ပြည့်နှစ် အရောက်တွင် နည်းပညာစင်္ကြံအသုံးပြုသည့် MSME လုပ်ငန်းအရေ အတွက် ၃၀ဝ၀ဝ၀ အထိ ရှိလာရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်နေသည်။MSME လုပ်ငန်းများ အောင်မြင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကူအညီပေးသည့် MSMEလုပ်ငန်းများအား အခွန်ငွေ နှစ်ရာခိုင်နှုန်းလျှော့ပေးသည့် အစီအစဉ်ကို ဆောင်ရွက်နေသည်။ အခွန်ငွေလျှော့ပေးသည့် လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သယ်ယူပိူ့ဆောင်ရေး၊ နည်းပညာမြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်သည်။MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အတွက် နည်းပညာမြင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ စီမံကိန်းများနှင့် ကုန်ပစ္စည်း ထုတ်လုပ်ရေးထုပ်ငန်းများအား တိုက်ရိုက်ချေးငွေပေးအပ်ပြီး သုတေသနစင်တာများတည်ထောင်ခြင်းအတွက် ကနဦးရင်းနှီးမြှပ်နှံမှုဆိုင်ရာကုန်ကျစရိတ်၏ ငါးဆယ်ရာခိုင်နှုန်းကို ပံ့ပိုးပေးနေသည်။
မလေးရှားနိုင်ငံသည် နိုင်ငံအတွင်းရှိ အမျိုးသမီးများဦးဆောင်သည့် MSME လုပ်ငန်း၊ လူငယ်များဦးဆောင်သည့် MSME လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့် MSME လုပ်ငန်းများအတွက် အစိုးရကချေးငွေရင်းဂစ် ၄၀ ဘီလီယံကို သတ်မှတ်ပေးခဲ့သည်။ MSME လုပ်ငန်းများ စီမံခန့်ခွဲရေးအတွက် Central Coordinating Agency ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် လုပ်ငန်းများနှောင့်နှေးမှုကို မဖြစ်စေဘဲ လုပ်ငန်းများအောင်မြင်နေကြောင်း တွေ့ရှိရသည်။ အမျိုးသမီးများ ဦးဆောင်နေသည့် MSME လုပ်ငန်းများအား ပံ့ပိုးရန်အတွက် ချေးငွေပမာဏရင်းဂစ် သန်း ၄၇၀ အထိသတ်မှတ်ထားပြီး ၎င်းချေးငွေကို လုပ်ငန်းဆောင်ရွက်မည့် ကိရိယာများဝယ်ယူခြင်းနှင့် လုပ်ငန်းချဲ့ထွင်ခြင်းတို့အတွက် ချေးငွေပေးမည်ဖြစ်သည်။ ၎င်းအပြင် တီထွင်ဆန်းသစ်သည့် စိတ်ကူးများရှိသော်လည်း အရင်းအနှီးမရှိသည့် လူငယ်များ စီးပွားရေး လုပ်ငန်းရှင်များအား ချေးငွေများပေးအပ်မည့် အစီအစဉ်အရ ှနြ ဘဏ်များက အသက်(၁၈)နှစ်မှ (၃၀) အတွင်းရှိ လူငယ်စီးပွားရေး လုပ်ငန်းရှင်များအား ချေးငွေရင်း ဂစ် ၁၀ဝ၀ဝ၀ ကို အတိုးနှုန်း လျော့ နည်းစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် နိုင်ငံ အတွင်းရှိMSME လုပ်ငန်းများတွင် သာမန်လုပ်ငန်းမှ ဒစ်ဂျစ်တယ် စနစ်သုံး MSME လုပ်ငန်းအဖြစ် မြှင့်တင်ရေးအတွက် ချေးငွေ ၃ ဒသမ ၈ ဘီလီယံကို Bank Negara Malaysia(BNM) က ချေးငွေ ထုတ်ချေးပေးခဲ့သည်။
MSME လုပ်ငန်းများဖွံ့ဖြိုးခြင်းဖြင့် နိုင်ငံများရှိ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ အဆင်ပြေလာသည်ကို တွေ့ရှိရသည်။ ပြည်ပ မှ မှာယူရမည့်ပစ္စည်းများကို နိုင်ငံအတွင်း ထုတ်လုပ်နိုင်ခြင်းနှင့် နိုင်ငံ သားများအတွက် အလုပ်အကိုင်များရရှိခြင်းမှာလည်း အားသာချက်များပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင်MSME လုပ်ငန်းများမြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်နေရာ နိုင်ငံအသီးသီးရှိ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အောင်မြင်စွာဆောင်ရွက်နိုင် သည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ အနာဂတ်ကာလတွင်MSME လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိစေရေးအတွက် ရေးသားတင်ပြလိုက်ပါသည်။
ကိုးကား- Myanmar Digital News Page
(ဤဆောင်းပါးတွင် အသုံးပြုထားသည့် ဓာတ်ပုံများအတွက် မူရင်း ပိုင်ရှင်များအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။)
အေးကဗျာပိုင် (ပဲခူး)
