Main menu

Background

Tuesday, 15 Feb 2011

 ပြည်ဈေးကွက်မှာ ငါးကြင်းအဝင်သွက်ပြီး ငါးသလောက်ဈေးမာ                      ပြည်ဒေသအတွင်း တစ်ပိုင်တစ်နိုင်မွေးမြူခြင်းနဲ့ စီးပွား ဖြစ်မွေးမြူသော ငါးကြင်းငါးများဟာ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဈေးကွက်များတွင် အရောင်းအဝယ်သွက်နေ ကြောင်း သိရပါတယ်။                      ယခုဖေဖော်ဝါရီလအတွင်း ဒေသအတွင်း ထွက်ရှိသော ငါးကြင်းငါးအသေးဆိုက်( ၁၅ ကျပ်သားအောက်ခံ) ငါးကလေးများကို ငါးဒိုင်များတွင် တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင်းသို့ ယခုဖေဖော်ဝါရီလအတွင်း ရန်ကုန်ဗဟိုစံပြငါးဈေးကြီးမှ ငါးသလောက်များ နေ့စဉ်ပုံမှန် ဝင်ရောက်လျက်ရှိပါတယ်။ ငါးသလောက်ဈေးမှာလည်း အတက်အကျမရှိဘဲ အမြင့်ဈေးမှာငြိမ်နေတာကို တွေ့ရပါ တယ်။ ပြည်ငါးဒိုင်များတွင် တစ်နေ့ကို ငါးသလောက် ဝင်ရောက်မှု ပိဿာချိန် ၅ဝဝ ခန့် ဝင်ရောက်ပြီး ငါးသလောက် တစ်ပိဿာကို ၂၆ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။နီနီဝင်း

Sunday, 6 Feb 2011

ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများအမျိုးအစား                    ရေတွက်ပုံ          ဈေးနှုန်းပဲဖတ်                             ၁ ပိဿာ           ၇၇ဝိ/-နှမ်းဖတ်                              ။                  ၇၃ဝိ/-ပဲပုပ်ဖတ်                             ။                  ၉၃ဝိ/-ပဲပုပ်စေ့                               ။                 ၈၃၅ိ/-ဖွဲနု                                      ။                ၂၄၅ိ/-ပုဇွန်ဖွဲ                                  ။                 ၄၅ဝိ/-နေကြာ                                ။                  ၆၃ဝိ/-ပန်းနှမ်း                                ။                  ၆၈ဝိ/-ငါးဂုံးညို                                ။                  ၉ဝဝိ/-ငါးဝိုင်း                                  ။                  ၈၅ဝိ/-ပဲမှုန့်                                     ။                 ၄၂ဝိ/-မုန်ညင်း                                ။                 ၆၄၅ိ/-ပဲတီစိမ်းမှုန့်                            ။                 ၄၂ဝိ/-ခရုမှုန့်                                   ။                 ၁၃ဝိ/-ပြောင်းဆန်                            ။                 ၃ဝ၅ိ/-ဆန်ကွဲ ၂+၃+၄ ၁               အိတ်             ၈၈ဝဝိ/-ငါးပေါင်းမှုန့်                        တစ်တန်         ၈.၅ သိန်းTMA,MAPT(YGN)

Sunday, 6 Feb 2011

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၄-၂-၂၀၁၁)                                                   ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည်           ရေတွက်ပုံ                နိမ့်            မြင့်၁။ ငါးကျည်း                        ပိဿာ               ၁၆ဝဝ        ၃၂ဝဝ၂။ ငါးခူ                                  ။                    ၁၆ဝဝ        ၃၂ဝဝ၃။ ငါးမြစ်ချင်း                         ။                    ၁၄ဝဝ        ၁၇ဝဝ၄။ ငါးကြင်း                            ။                    ၂ဝဝဝ         ၃၄ဝဝ၅။ ငါးရံ့                                 ။                     ၁၆ဝဝ        ၃၄ဝဝ၆။ ငါးတန်                             ။                     ၁၆ဝဝ       ၂၉ဝဝ၇။ ငါးသလောက်                    ။                    ၂ဝဝဝ        ၁၈ဝဝဝ၈။ ငါးရှဉ့်                               ။                    ၂၅ဝဝ         ၃၇ဝဝ၉။ ငါးခေါင်းပွ                        ။                     ၁၄ဝဝ        ၂၂ဝဝ၁ဝ။ ကကတစ်                      ။                     ၃၃ဝဝ        ၄၈ဝဝ၁၁။ တီလားဗီးယား                ။                     ၁ဝဝဝ       ၂ဝဝဝ၁၂။ ကသပေါင်း                   ။                      ၃၂ဝဝ        ၄၅ဝဝ၁၃။ ပုစွန်ကျော့                    ။                      ၁၈ဝဝ       ၂၇ဝဝ၁၄။ ပုစွန်စပ်ထုပ်                  ။                     ၆ဝဝဝ        ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                 ။                   ၁၂ဝဝဝ      ၁၉ဝဝဝ

Sunday, 6 Feb 2011

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                              ရေတွက်ပုံ                    ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)             ပိဿာ                  ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)               ။                     ၁ဝဝဝဝ-၁ဝ၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)                 ။                     ၁ဝဝဝဝ-၁၁ဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)               ။                        ၇၅ဝဝ-၈ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                       ။                         ၈ဝဝဝ-၉ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                         ။                         ၅ဝဝဝ-၆ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                         ။                       ၉ဝဝဝ-၁ဝဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                         ။                         ၆ဝဝဝ-၆၅ဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                              ။                     ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                          ။                      ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                                ။                        ၆၅ဝဝ-၇ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး                                  ။                      ၁၇ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                                ။                      ၁၄ဝဝဝ-၁၅ဝဝဝ၁၄ ငါးရံ့လုံးခြောက်                                   ။                         ၆၅ဝဝ-၇ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                               ။                        ၇၅ဝဝ-၈ဝဝဝ၁၆ ငါးပုတ်သင်ခြောက်                               ။                        ၃၅ဝဝ-၄ဝဝဝ၁၇ ငါးတံခွန်လုံးခြောက်                              ။                        ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက်                                    ။                         ၄ဝဝဝ-၄၅ဝဝ၁၉ ငါးမန်းသားတွဲခြောက်                            ။                        ၈၅ဝဝ-၉၅ဝဝ၂ဝ ငါးနှပ်ချိုခြောက်                                   ။                        ၃၅ဝဝ-၄ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၄-၂-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Sunday, 6 Feb 2011

 နာဂါစကီ သမဝါယမအသင်းက အသည်းပုံကမာကောင်များထုတ်လုပ်                  မွေးမြူရေးဌာန များတွင် အသည်းပုံ ကမာကောင်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျပန် နိုင်ငံနာဂါစကီခရိုင်အတွင်းရှိ ဆာဆဲဘိုငါးမွေးမြူရေး သမဝါယမအသင်းက ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောကြားပါ တယ်။ ယခုကြေညာချက်မှာ ဂျပန်အမျိုးသမီးတို့က သူတို့ ချစ်သူများအား ချော့ကလက် သို့မဟုတ်အခြားလက်ဆောင် များကို ပေးလေ့ရှိသော ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ချစ်သူများနေ့မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ကမာကောင်များကို ထုတ်လုပ် ရန်အတွက် အချိန်သုံးလကြာမြင့်မည်ဖြစ်တဲ့အတွက် ယခုနှစ်မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ အသည်းပုံ ကမာကောင်များကို ထုတ်လုပ်နိုင်ဦးမှာ မဟုတ်ကြောင်း သမဝါယမအသင်းက ပြော ကြားပါတယ်။ ကမာကောင် များကို အသည်းပုံရရှိရန် သတ္တုပုံစံခွက်များကိုလည်း အသုံးပြုပုံဖော်မှာဖြစ်ပြီး ဆာဆဲဘိုရှိ ကူပွန်ကူရှီးမားကျွန်း တွင် သုံးလခန့်မွေးမြူရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာကမာကောင်များကို အသည်းပုံနဲ့ အလုံးအရင်းဖြင့် ထုတ်လုပ်ရာမှာ ယခုအကြိမ်က ပထမအကြိမ်ဖြစ်တယ်လို့ သမဝါယမအသင်း ရဲ့ တာဝန်ရှိသူ ဘူချီက ပြောကြားပါတယ်။ Source: japantoday.com

Sunday, 6 Feb 2011

ငါးရှဉ့်-ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုးတင်ပို့ထား                  ၂ဝ၁၁ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ငါးရှဉ့်နှင့် ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။                   ''ငါးရှဉ့်နဲ့ကဏန်းတွေကို လေကြောင်းလိုင်းကနေတင်ပို့ ဖို့ ခွင့်ပြုထားတဲ့အတွက် လုပ်ငန်းရှင်တွေက လေကြောင်း လိုင်းကို ရွေးချယ်တင်ပို့လာကြပါတယ်။ငါးရှဉ့်ကိုလေကြောင်း လိုင်းကနေ တင်ပို့တာ ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုးနဲ့ ကဏန်းကိုလေယာဉ်နဲ့ တင်ပို့ရောင်းချတာဒေါ်လာ ၁၁ ဒသမ ၂၄၉ သန်း၊ စုစုပေါင်းဒေါ်လာ ၁၁ သန်းကျော်ဖိုး ရှိနေပါပြီ'' ဟုငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                  ငါးရှဉ့်နှင့်ကဏန်းကို လေကြောင်းလိုင်းအပြင် နယ်စပ် ကုန်သွယ်ရေးစခန်းအလိုက် တင်ပို့မှုမှာ မူဆယ်၊ မြဝတီ၊ မြိတ်နှင့်ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒေါ်လာ ၉ ဒသမ ၆၇၉ သန်း၊ ငါးရှဉ့်ကို မူဆယ်နှင့် မြဝတီ စခန်းများက ဒေါ်လာ ၁၉ ဒသမ ၄၉၈ သန်းဖိုး တင်ပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။ MN

Sunday, 6 Feb 2011

ရေထွက်ကုန်တင်ပို့မှုက ယခင်နှစ်ထက် ဒေါ်လာ ၆၂ သန်းကျော်ပို                 ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာလက်ရှိရရှိထားသော ဝင်ငွေမှာ ယခင်နှစ်က အနေအထားထက်နှိုင်းယှဉ်ပါက ဒေါ်လာ ၆၂ သန်းကျော် ပိုမိုရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ''ရေထွက်ကုန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေက ဒေါ်လာ ၄၆၄ ဒသမ ၉၆၃ သန်းရှိထားပါပြီ။မနှစ်က ၂ဝဝ၉ ဧပြီလ ၁ ရက်ကနေ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရရှိခဲ့တဲ့ဝင်ငွေက ဒေါ်လာ ၄ဝ၂ ဒသမ ၆၃၈ သန်း ပါ။အဲဒီဝင်ငွေနှစ်ခုကို နှိုင်းယှဉ်လိုက်ရင် ဒီနှစ်ထဲမှာရရှိထားတဲ့ ဝင်ငွေက ဒေါ်လာ ၆၂ သန်းကျော် ပိုရထားတာ တွေ့ရပါတယ်''ဟုယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။                ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း အပတ်စဉ်ရေထွက်ကုန်တင်ပို့မှုက ရရှိဝင်ငွေမှာ ဇန်နဝါရီလ ၁ ရက်မှ ၉ ရက်အထိ ဒေါ်လာ ၉ ဒသမ ၉၉၂ သန်း၊ ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိ ဒေါ်လာ ၈ ဒသမ ၈၇၆ သန်း၊ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ ဒေါ်လာ ၉ ဒသမ ၈၆၃ သန်း၊ ဇန်နဝါရီလ ၂၄ ရက်မှ ၃ဝ ရက် အထိ ဒေါ်လာ ၁ဝ ဒသမ ၆၂၃ သန်း၊စုစုပေါင်းဒေါ်လာ ၃၉ ဒသမ ၃၅၄ သန်းရရှိခဲ့သည်ဟု ဆိုသည်။ MN

Sunday, 6 Feb 2011

 ပုစွန်ရာသီအတွက် ပုစွန်သားပေါက်များ စတင်ရောင်းချနေပြီဖြစ်တဲ့ စစ်တွေ                        စစ်တွေမှာ ယခုနှစ် ပုစွန် ရာသီ အတွက် ရေငန်ပုစွန်များစတင် မွေးမြူ နိုင်ရေး ကန်ပြင်ဆင်ခြင်း၊ သားပေါက် များထည့်ခြင်းကို ဆောင်ရွက်နေပြီ ဖြစ်သလို အလယ်သံကျော် ပုစွန်သားပေါက် စခန်းမှာလည်း သားပေါက်များ စတင်ရောင်းချတော့မယ်လို့ သတင်း ရရှိပါတယ်။ ပုစွန်မွေးမြူ ကုန်သွယ်မှု ပြုမယ့်သူများလည်း ခရိုင်ငါးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး သားပေါက်များဝယ်ယူ ထည့်သွင်း မွေးမြူသွားကြရန် ဇန်နဝါရီ လ ၃၁ ရက်နေ့က မောင်တောမြို့ နယ်စပ်ကုန်သည်များအသင်း ဒေဝါနဒီ ခန်းမမှာ ပြုလုပ်တဲ့မောင်တော နယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး အစည်း အဝေးမှာ တာဝန်ရှိသူများက အသိ ပေး ပြောကြားခဲ့ပါတယ်။                    စစ်တွေမြို့အနေနဲ့ ဒီဇင်ဘာလ မှာ ရေထွက်ကုန်တင်ပို့နိုင်မှုများမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၈၆ သိန်း တန်ဖိုးရှိ ရေငန်ပုစွန် ၉ ဒသမ ၈၈၈ တန် နဲ့ ငါးစုံလေးခြောက် ၅၅၁ ဒသမ ၄၆၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ အနီး စပ်ဆုံး ကာလဖြစ်တဲ့ ဒီဇင်ဘာလထက် ၁၆၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် ကာလတူ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ထက် ၃၂၉ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။                  မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ အများဆုံးပို့ကုန်တွေကတော့ ရေငန်ပုစွန်၊ ငါးနီတူးခြောက်၊ ငါးကုန်း ညိုခြောက်၊ ငါးစုံလေးခြောက်၊ ကလေး စီး ဖိနပ်၊ စောင်ပါး၊ ကင်းဘတ်ရှုး၊ ကတ္တီပါစ၊ လူကြီးစီးဖိနပ်၊ သားရေကွင်း၊ ထွန်းရွှေဝါ၊ ဝေါကင်းရှုးများဖြစ်ပါတယ်။ အများဆုံး သွင်းကုန်တွေကတော့ ဒါန်ရေတကောင်း၊ ဘိလပ်မြေ၊ ဆံပင်နဲ့ ရေသန့်စင်ဘူးတို့ဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 30 Jan 2011

မြိတ်ကျွန်းစုရှိ ငါးသယံဇာတများ ထိန်းသိမ်းမည်               တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြိတ်ကျွန်းစုရှိ ငါးသယံဇာတများကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဆွေးနွေးပွဲက သိရပါတယ်။             ''အရင်အပတ်က ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ရာသီဥတုပြောင်းလဲခြင်း၊ ဂေဟစနစ် ထိန်းသိမ်းခြင်း၊ ရင်းနှီး မြူပ်နံှခြင်းစသည်များ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ ဖူးခက်မြို့ကို ငါးလုပ်ငန်းဦးစီးဌာနက ၁ဝ ဦးတက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတက်ရောက်တဲ့ ကိုယ်စားလှယ်ပေါင်း ၄၅ ဦးရှိပြီး အုပ်စု ၃ စုခွဲ၍ လေ့လာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ် အော်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကNational Coordanitor ခန့်အပ်ပြီးဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့် စီမံကိန်းငယ်တွေကစပြီး ဆောင်ရွက်မှာပါ။ဒါ့ကြောင့် မြိတ်ကျွန်းစုထဲမှာရှိတဲ့ ငါးသယံဇာတတွေကို ထိန်းသိမ်းဖို့ ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။          ထိုင်းနိုင်ငံ ဖူးခက်ဒေသမှ ကျူနာငါးများကို မက်ထရစ်တန် ၁၇ဝဝဝ ကို နှစ်စဉ်ဂျပန်နိုင်ငံသို့ တင်ပို့လျက် ရှိနေကြောင်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားပါတယ်။ MN 

Sunday, 30 Jan 2011

ငါးခူ၊ ငါးကျည်းများကို အောင်မြင်စွာ သားဖောက်ထားနိုင်             မြန်မာနိုင်ငံ၏ ဒေသမျိုးရင်း ငါးများဖြစ်သော ငါးခူနဲ့ငါးကျည်းများကို အောင်မြင်စွာသားဖောက်ထားနိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ငါးသားဖောက်ပညာရှင်များထဲက သိရပါတယ်။           ''ဒေသမျိုးရင်းငါးတွေ မပျောက်ပျက်ရအောင် ကာကွယ်တဲ့အနေနဲ့ သုတေသနတွေ မပျက်ပြုလုပ် နေသလို ရှားပါးနိုင်တဲ့ ငါးအချို့ကိုလည်း သားဖောက်လုပ်ထားပါတယ်၊ ငါးကျည်းနဲ့ ငါးခူသားဖောက် ထုတ်လုပ်မှုကို ပြုလုပ်နိုင်ခဲ့တာကြာပါပြီ၊ နည်းပညာအရ တွင်တွင်ကျယ်ကျယ်သားဖောက်ထားတဲ့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ပူးပေါင်း ဆောင်ရွက် စေလိုပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။          မြန်မာနိုင်ငံက ငါးကျည်းသားဖောက်များကို ၂ဝဝ၈ ခုနှစ်တွင်လည်းကောင်း၊ ငါးခူသားဖောက်များကို ၁၉၈၁ ခုနှစ်တွင် လည်းကောင်း သားဖောက်နိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါငါးများအနက် ငါးခူများမှာ ၁ ပိဿာလျှင် ကျပ်တစ်သောင်းကျော်ဈေးနှုန်းများ၊ ၂ဝ၁ဝ စက်တင်ဘာနဲ့ အောက်တိုဘာလတို့တွင် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ MN 

Pages