Main menu

Background

Sunday, 2 Jan 2011

ကဏန်းတန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့                 ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့် ကဏန်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရာတွင်တန်ချိန် ၁၁၇ဝဝ ကျော်တင်ပို့မှုက ဒေါ်လာ ၂၁ သန်းခန့် ရရှိခဲ့ကြောင်းကဏန်းလုပ်ငန်း ရှင်များ အသင်းက သိရသည်။                   '' မနှစ်က ကဏန်းတင်ပို့တဲ့တန်ချိန်က ၁၁၇၃၁ ဖြစ်ပြီး ဒေါ်လာအားဖြင့် ၂ဝ ဒသမ ၈၅ သန်းရရှိခဲ့ပါ တယ်။ ကဏန်းပျော့ ထုတ်လုပ်မှုအနေနဲ့တစ်နှစ်လုံး ထုတ်လုပ် တင်ပို့မှုက ၁၆၂၈ ဒသမ ၆၇ တန် ရှိခဲ့ပြီး ငွေရရှိမှု က ဒေါ်လာ ၈ ဒသမ ၂၃ သန်းဖြစ်ပါတယ်။ ကဏန်းပျော့ဟာ ရေထွက်ပစ္စည်း ပို့ကုန်တွေထဲမှာ ဝယ်လိုအား ကောင်းတဲ့ ပစ္စည်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဗီယက်နမ် ကပါ ကဏန်းပျော့မွေးမြူထုတ်လုပ်လာ တဲ့အတွက် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်ရမဲ့ နိုင်ငံတစ်နိုင်ငံတိုးလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကဏန်းပျော့ ထုတ်လုပ်သူတွေအနေနဲ့ အရည်အသွေး ကောင်းကောင်းနဲ့ဈေးကွက်ကို ထိုးဖောက် ရပ်တည် နိုင်ဖို့လိုပါတယ်'' ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                   မြန်မာနိုင်ငံက ကဏန်းများကို တင်ပို့ရာတွင် မူဆယ်၊ မြဝတီ၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် လေကြောင်းလိုင်းတို့က တင်ပို့ရောင်းချလျက် ရှိသည်။                                                              ခင်မျိုးသွယ်

Sunday, 2 Jan 2011

ရေထွက်ကုန်ထုတ်လုပ်မှု၏ ၁ဝ ရာခိုင်နှုန်းကိုသာ ဈေးကွက်သို့တင်ပို့နေ                    မြန်မာနိုင်ငံရေထွက်ကုန်ပစ္စည်းများထုတ်လုပ်မှု၏ ၁ဝ ရာခိုင်နှုန်းကိုသာ ကမ္ဘာ့ရေထွက်ပစ္စည်းဈေးကွက် သို့ တင်ပို့လျက်ရှိနေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက သိရသည်။                    '' မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်စ္စည်းတွေကို နိုင်ငံပေါင်း ၃ နိုင်ငံကို အဓိက တင်ပို့နေပါတယ်။ တကယ် ထုတ်လုပ်နိုင်တာဟာ တန် ၃ဝဝဝဝဝဝ ဆိုရင် တင်ပို့ရောင်းချနိုင်တာက တန် ၃ဝဝဝဝဝ ပဲရှိပါတယ်။ ဒါကိုကြည့်ရင် ဈေးကွက်ရဲ့ ၁ဝ ရာခိုင်နှုန်းကိုသာ တင်ပို့နေရတယ်လို့ သုံးသပ်လို့ရပါတယ်'' ဟု ယင်းဌာန၏ အကြီးအကဲတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံအဓိက တင်ပို့လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးပတ်၊ ငါးဂျောင်း၊ ထိုင်းငါးခုံးမကြီး၊ ငါးသလောက်၊ ငါးပါးနီ၊ ငါးဂုံးညို၊ ငါးဝိုင်း စသည့်ငါးများအပြင် ပင်လယ်ရေမှော် ၊ ငါးရှဉ့်၊ ကဏန်း၊ ကဏန်းပျော့စသည်တို့ပါဝင်သည်ဟုဆိုသည်။ ခင်မျိုးသွယ်

Tuesday, 28 Dec 2010

အင်းအိုင်များနှင့်သဘာဝရေပြင်က ထုတ်လုပ်မှုနှစ်ဆတိုးတက်လာ               အင်းအိုင်များနှင့် သဘာဝရေပြင်က ထုတ်လုပ်မှုမှာ ၅ နှစ်အတွင်းနှစ်ဆ တိုးတက်လာကြောင်းမွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက သိရသည်။ '' အင်းအိုင်များနဲ့ သဘာဝရေပြင်ကနေ ၂ဝဝ၉-၂ဝ၁ဝ အတွင်း သဘာဝငါးထုတ်လုပ်မှု မက်ထရစ်တန် ၁ဝ သိန်းရှိပြီး ငါးနှစ်အတွင်း ထုတ်လုပ်မှုနှစ်ဆတိုးတက်လာကြောင်းကို ကိန်းဂဏန်းများအရသိရပါတယ်။ အင်းအိုင် လုပ်ငန်းမှာ အမြတ်အစွန်းရရှိရေး တစ်ခုတည်းကိုသာ အဓိကမထားဘဲ အင်းများရေရှည်တည်တန့်ပြီး ရေချိုငါး လုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဆောင်ရွက်ကြဖို့လိုပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနက အင်းများရေရှည် တည်တန့်ဖို့ အတွက် ကြေးတိုင်အင်းများလုပ်ကိုင်ရန် ကြေးတိုင်ချပေးခြင်း၊ အင်း နယ်နမိတ်ကျောက် တိုင်များစိုက်ထူခြင်း၊ အင်းများရေစီးရေလာ ကောင်းစေရန် အတွက်ပြင်ဆင်ခြင်း၊ အင်းရေပြင်များအတွင်း Hatchery  မှ ငါးသားပေါက်များစိုက်ထည့်ခြင်းနဲ့ သဘာဝမှ ငါးမိုျးများ အင်းရေပြင် အတွင်း ချန်လှပ်မွေးမြူစေခြင်းတို့ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်'' ဟု ယင်းဌာနက အကြီးအကဲ တစ်ဦးက ပြောကြားသည်။                       မြန်မာနိုင်ငံတွင် ငါးဖမ်းဆီးထုတ်လုပ်ရေးအတွက် သဘာဝ ရေပြင်များ အပြင် အင်းလုံးရေ ၃၇၂၄ ရှိနေသည်ဟုဆိုသည်။                                                                                                      ခင်မျိုးသွယ်

Tuesday, 28 Dec 2010

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                         ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)       ပိဿာ               ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)        ။                    ၁၁ဝဝဝ-၁၁၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)         ။                     ၉၅ဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)       ။                      ၈ဝဝဝ-၉ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)              ။                    ၁ဝဝဝဝ-၁၁ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)               ။                      ၇ဝဝဝ-၈ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)               ။                   ၁ဝဝဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)               ။                      ၆ဝဝဝ-၆၅ဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                   ။                   ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                ။                   ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                     ။                     ၅ဝဝဝ-၅၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး                       ။                  ၁၅ဝဝဝ-၁၆ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                     ။                  ၁၁ဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက်                       ။                    ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                   ။                     ၅၅ဝဝ-၆ဝဝဝ၁၆ ငါးပုတ်သင်ခြောက်                  ။                     ၃ဝဝဝ-၃၅ဝဝ၁၇ ငါးတံခွန်လုံးခြောက်                 ။                      ၁ဝဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက်                       ။                      ၃၅ဝဝ-၄ဝဝဝ၁၉ ငါးမန်းသားတွဲခြောက်               ။                       ၇၅ဝဝ-၈ဝဝဝ၂ဝ ငါးနှပ်ချိုခြောက်                      ။                       ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၂၄-၁၂-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Tuesday, 28 Dec 2010

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၂၄-၁၂-၂ဝ၁ဝ)            ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည်     ရေတွက်ပံုံံ         နိမ့််     မြင့်၁။ ငါးကျည်း                 ပိဿာ     ၁၈ဝဝ     ၄ဝဝဝ၂။ ငါးခူ                          ။         ၁၈ဝဝ     ၄ဝဝဝ၃။ ငါးမြစ်ချင်း                   ။          ၁၃ဝဝ     ၂ဝဝဝ၄။ ငါးကြင်း                      ။          ၂ဝဝဝ     ၄ဝဝဝ၅။ ငါးရံ့                          ။          ၁၈ဝဝ      ၅၅ဝဝ၆။ ငါးတန်                       ။         ၁၆ဝဝ      ၂၆ဝဝ    ၇။ ငါးသလောက်               ။         ၂၅ဝဝ      ၁၉ဝဝဝ၈။ ငါးရှဉ့်                        ။        ၂ဝဝဝ        ၃၅ဝဝ၉။ ငါးခေါင်းပွ                   ။        ၁၃ဝဝ       ၂၇ဝဝ၁ဝ။ ကကတစ်                 ။        ၂၅ဝဝ        ၆ဝဝဝ၁၁။ တီလားဗီးယား            ။       ၁ဝဝဝ        ၁၈ဝဝ၁၂။ ကသပေါင်း               ။       ၂၅ဝဝ        ၇၅ဝဝ၁၃။ ပုစွန်ကျော့                ။       ၁၄ဝဝ        ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်              ။       ၆ဝဝဝ        ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး              ။       ၁ဝဝဝဝ     ၁၄ဝဝဝ

Tuesday, 28 Dec 2010

ပုစွန်ကျားနေရာတွင်ရေငန်ပုစွန်ဖြူကို အစားထိုးမွေးမြူလာ          ပုစွန်မွေးမြူရေးတွင် ရေငန်ပုစွန်မှာ မွေးမြူရေးဆိုင်ရာ အားသာချက်များကြောင့် ပုစွန်ကျားနေရာတွင် ရေငန်ပုစွန်ဖြူကို အစားထိုးမွေးမြူလာကြောင်း ပုစွန် လုပ်ငန်းရှင်များ အသင်းက သိရသည်။ ''ရေငန်ပုစွန်ဖြူကို ၂ဝဝ၅ခုနှစ် နှစ်လယ်လောက်ကစပြီး တရားဝင် မွေးမြူခွင့်ရရှိခဲ့တာပါ။ အခုဆိုရင်ရေငန်ပုစွန်ဖြူ မွေးမြူတဲ့ သက်တမ်း ၆ နှစ်ထဲ ရောက်လာပါပြီ။ ပုစွန် မွေးမြူသူ တွေအနေနဲ့ ရေငန်ပုစွန်ဖြူရဲ့ မွေးမြူရေး ဆိုင်ရာ အားသာချက်တွေကို သိရှိလာပြီး ပုစွန်ကျားနေရာမှာ အစားထိုး မွေးမြူလာကြပါတယ်။ လက်ရှိပုစွန်ဖြူ ထုတ်လုပ် နိုင်မှုမှာ တစ်နှစ်ကိုတန်ချိန် ၁ဝဝဝ ခန့်ဖြစ်ပြီး ယင်းအနက် တန် ၅ဝဝ ကျော်က အရွယ်အစားသေးပုစွန် တွေပါ။ အရွယ် အစားသေးပုစွန်တွေကို ပြည်တွင်းစားသုံးမှုအတွက် အစား ထိုးရောင်းချလာကြပါတယ်။ ဈေးနှုန်းရရှိမှုကလည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်နဲ့အညီ အထိုက် အလျောက် ဈေးကွက်ရရှိလာကြပါတယ်။ ထုတ်လုပ်မှုရဲ့ အရွယ်အစားကြီး ပုစွန်တွေကို အရည်အသွေးမြှင့် ပုစွန်ထုတ်ကုန်အဖြစ် ဂျပန်နိုင်ငံကို အဓိကတင်ပို့လျက်ရှိပါတယ်'' ဟု ယင်းအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြားသည်။                                                                  ခင်မျိုးသွယ်

Tuesday, 28 Dec 2010

ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ၅၆ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီး              ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကရေထွက်ကုန်ပစ္စည်းများကိုပြည်ပသို့တင်ပို့ရာတွင် ၅၆ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီး ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကထုတ်ပြန်ချက်အရသိရ သည်။ '' ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်မှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့မှုကနေ ဒေါ်လာ သန်း ၇ဝဝ ရရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိရာမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဒေါ်လာသန်း ၃၉ဝ ကျော်ရရှိထား ပြီး ဖြစ်တာကြောင့် ၅၆ ရာခိုင်နှုန်းအကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အဲဒီရရှိငွေတွေထဲက ကဏန်းတင်ပို့မှုက ဒေါ်လာ ၃၅ သန်း၊ လျာထားချက်အနက် ဒေါ်လာ ၂၃ သန်းကျော်ရရှိထားပြီး ၆၈ ရာခိုင်နှုန်း ကျော် တင်ပို့ပြီးဖြစ်ပါတယ်။ ငါးရှဉ့်လုပ်ငန်း တင်ပို့မှုက ဒေါ်လာ ၂၅ သန်း လျာထားပြီး ဒေါ်လာ ၁၆ သန်းကျော်ရရှိ ထားပြီး ၆၇ ရာခိုင်နှုန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ရေခိုျငါး တင်ပို့မှုအတွက် ဒေါ်လာ ၁၂၅ သန်းလျာထားပြီး အခုဒေါ်လာ ၈၄ သန်းကျော်ရရှိထားကာ အကောင်အထည်ဖော် တင်ပို့ပြီး ရာနှုန်းက ၆၇ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ် '' ဟု အဆိုပါပုဂ္ဂိုလ်ကပြောကြားခဲ့သည်။ ရေထွက်ပို့ကုန်များကို ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေဒေါ်လာသန်း ၇ဝဝ ရရှိရန်လျာထား ဆောင်ရွက်ခဲ့ရာ ဒေါ်လာ ၄၉၆ ဒသမ ၅၉ သန်း ရရှိခဲ့သည်ဟု ဆိုသည်။                                                                                                        ခင်မျိုးသွယ်

Tuesday, 28 Dec 2010

အရွယ်ကြီး ရေချိုပုစွန်ထုပ်များကို အေးခဲပုံစံဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နေ                      ၂ဝဝ ဂရမ်အထက် အရွယ်အစားကြီးရေချိုပုစွန် ထုပ်ကြီးများကို အေးခဲပုံစံဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နေ ကြောင်း ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သူများထံကသိရသည်။ '' လက်ရှိ ရေချိုပုစွန်ထုပ် ဈေးကွက်မှာ ၁ဝဝ ဂရမ်အောက် အရွယ်အစားတွေကို ပြည်တွင်းစားသုံးမှု အတွက် ရောင်းချလာကြပါတယ်။ ဈေးနှုန်းအရလည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်နဲ့အညီ ဈေးနှုန်းတိုးမြှင့် ရရှိကြပါတယ်။ ၁ဝဝ ဂရမ်နဲ့ ၂ဝဝ ဂရမ်အရွယ် ရေချို ပုစွန်ထုပ်တွေကို ပြည်တွင်းဈေးကွက်လိုအပ်ချက်ထက်ပိုလံျှ ရင် နိုင်ငံခြားကို တင်ပို့ရောင်းချမှုရှိနေပါတယ်။ ဒါ့အပြင် အရွယ်အစားကြီး ၂ဝဝ ဂရမ်အထက် ရေချိုပုစွန်ထုပ်ကြီး တွေကို အေးခဲပုံစံနဲ့ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတာ လည်း ရှိပါတယ်'' ဟု ရေထွက်ပစ္စည်းထုတ်လုပ်သူ များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                     ရေခိုျပုစွန်ဈေးနှုန်းမှာ ဈေးကွက်ရှိမှုနှင့်အတူ ဈေးနှုန်း တည်ငြိမ်ခိုင်မာမှုရှိပြီး ဈေးကွက်လိုအပ်ချက်များ ဖြစ်ပေါ် နေသော်လည်းရေချိုပုစွန် မွေးမြူရေးအတွက် စရိတ်မြင့်မား သဖြင့် ပုစွန်သီးသန့်မွေးခြင်းမှ ငါးပုစွန်ရောနှော မွေးမြူ ခြင်းများကို လုပ်ဆောင်နေကြရကြောင်းသဘာဝတွင် ရှားပါး စ ပြုနေသည့် ရေချိုပုစွန်ထုပ်ကြီးများကို နည်းမျိုးစုံဖြင့် မွေးမြူ ထုတ်လုပ်နိုင်ပါက အကျိုးဖြစ်ထွန်းနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပြောကြားသည်။                                                   ခင်မျိုးသွယ်

Tuesday, 28 Dec 2010

ကဏန်းထွက်ရှိရာနေရာများ၌ ဥပါမျိုးကဏန်းမကြီးများ ပြန်လွှတ်ပေးခဲ့           မြန်မာနိုင်ငံရှိ ကဏန်းထွက်ရှိရာနေရာများ၌ ဥပါ မိုျးကဏန်းမကြီးများကို ပြန်လွှတ်ပေးရေး လုပ်ငန်းများကို ငါးလုပ်ငန်း ဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။            '' ကဏန်းထွက်ရှိတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး (၃) ခုတို့မှာ ဥ ပါမျိုးကဏန်း အမကြီးတွေကိုပြန်လွှတ်ပေးဖို့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ၁ဝဝ ဂရမ် အောက်ကဏန်းငယ် တွေကိုလည်း ပြန်လွှတ်ပေးရေးကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကဏန်းတွေဟာ ပြန်လည်မိုျးပွား နိုင်တဲ့ အလေ့အထတွေရှိပေမဲ့ သဘာဝကထုတ်ယူသုံးစွဲမှုတွေ များပြားလာရင် သဘာဝမှာ ကုန်ခမ်းသွားပြီး မျိုးသုန်းရှားပါး သွားနိုင်တာကြောင့် ဒီအစီအစဉ်ကို ဆောင်ရွက် လုပ်ကိုင်ရတာဖြစ်ပါ တယ်။ လုပ်ငန်းရှင်တွေအနေနဲ့နည်းပညာကို အသုံးပြုပြီး ရေရှည်လုပ်ငန်းအတွက် ကဏန်း သားဖောက်နိုင်တဲ့ အဆင့်အထိ ငါးလုပ်ငန်းဦးစီးဌာန နဲ့ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။                ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကဏန်းသယံဇာတထိန်းသိမ်းရေးအတွက် သဘာဝမှ ထုတ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရန် အတွက် ချောင်းသာ ကဏန်းသားဖောက်စခန်းတွင် ကဏန်းသားဖောက်လုပ်ကိုင်မှုကို ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်က စတင်လုပ်ကိုင် လျက်ရှိသည်ဟုဆိုသည်။                                                                          ခင်မျိုးသွယ်

Tuesday, 21 Dec 2010

 ရေထွက်ပစ္စည်းအရှင်များ ပြည်ပတင်ပို့ရန် လိုင်စင်လျှောက်ထားရန်လို             ရေထွက်ကုန်ပစ္စည်းများထဲမှ ငါးပုစွန်အရှင်နှင့် အခြားရေထွက်ကုန် ပစ္စည်းအရှင်များကို ပြည်ပတင်ပို့ရာတွင် လိုင်စင်လျှောက်ထားရန်လိုအပ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက သားငါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။              '' ရေထွက်ကုန်ပစ္စည်းအရှင်များကို ပြည်ပကိုတင်ပို့မယ်ဆိုရင် ဌာနမှာ လိုင်စင်လျှောက်ထားနိုင်ပါတယ်။ တရားဝင်ခွင့်ပြုမိန့် ထုတ်ပေးမှာပါ၊ အကယ်၍ ရေထွက်ကုန်ပစ္စည်းအရှင်တွေကို လိုင်စင်မပါဘဲ တရားမဝင် ပြည်ပကို တင်ပို့တာကို စစ်ဆေးတွေ့ရှိခဲ့ရင် ထောင်ဒဏ် ၁ နှစ်နဲ့ဒဏ်ငွေ ကျပ်တစ်သောင်းကို တစ်မျိုးမျိုးကို သော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း ကျခံရမှာဖြစ်ပါတယ်။သက်သေခံ အဖြစ် အဲဒီငါးပုစွန်အရှင်တွေ မွေးတဲ့ မွေးကန်ကိုလည်းပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူဖို့ ဥပဒေကပြဌာန်းထားပါတယ်'' ဟု ယင်းဌာနမှ အရာထမ်း တစ်ဦးက အတည်ပြုပြောကြားသည်။           ယခုအခါ ပြည်ပပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့်ရေထွက်ပစ္စည်း အရှင်များအနက် အလှမွေးငါး၊ ဂဏန်း၊ ကျောက်ငါး၊ ငါးရှဉ့်၊ ရေခိုျပုစွန်ထုပ်နှင့် ကျောက်ပုစွန် အရှင်တို့ကို တင်ပို့လျက်ရှိကြောင်းသိရသည်။                                            ခင်မျိုးသွယ်

Pages