Background
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၇-၁-၂ဝ၁၁) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပံုံံ နိမ့်် မြင့်၁။ ငါးကျည်း ပိဿာ ၁၇ဝဝ ၄၈ဝဝ၂။ ငါးခူ ။ ၁၇ဝဝ ၄၈ဝဝ၃။ ငါးမြစ်ချင်း ။ ၁၆ဝဝ ၂ဝဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၄ဝဝဝ၅။ ငါးရံ့ ။ ၁၇ဝဝ ၄၅ဝဝ၆။ ငါးတန် ။ ၁၅ဝဝ ၂ဝဝဝ၇။ ငါးသလောက် ။ ၂၅ဝဝ ၁၆၅ဝဝ၈။ ငါးရှဉ့် ။ ၁၈ဝဝ ၃၅ဝဝ၉။ ငါးခေါင်းပွ ။ ၁၈ဝဝ ၂၅ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆ဝဝဝ၁၁။ တီလားဗီးယား ။ ၁ဝဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂၅ဝဝ ၇၅ဝဝ၁၃။ ပုစွန်ကျော ။ ၁၅ဝဝ ၂ဝဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၂ဝဝဝဝ
ငါးမြစ်ချင်းမွေးမြူသူများ ထုတ်လုပ်မှုစရိတ် အနည်းဆုံးဖြစ်အောင် စီစဉ်ရန်လို ရေချိုငါးများတွင် အဓိက ပါဝင်နေသည့် ငါးမြစ်ချင်းကို မွေးမြူသူများအနေဖြင့် ထုတ်လုပ်မှု စရိတ်ကို အနည်းဆုံး ဖြစ်အောင် လျော့ချဆောင်ရွက်ရန် လိုအပ်ကြောင်း ရေခိုျ ငါးမွေးမြူသူများ အသင်းက သိရသည်။ '' ထိုင်းနဲ့အိန္ဒိယကလည်း ငါးမြစ်ချင်းကိုမွေးပြီး၊ ကမ္ဘာ့ ငါးမြစ် ချင်းဈေးကွက်ကို တင်လာတာ တွေ့ရ တယ်။ အိန္ဒိယကအရင်က ငါးမြစ်ချင်း တင်ပို့ရောင်းချမှုကို ပြည်တွင်းစားသုံးမှု မလုံလောက်တဲ့အတွက် ခွင့်ပြုမှု မရှိခဲ့ ဘူး။ အခုခွင့်ပြုတာ တွေ့ရတယ်။ အိန္ဒိယ ငါးမြစ်ချင်းက အကောင်ကြီး တယ်။ အရောင်ပိုလှတယ်။ ထိုင်း ငါး မြစ်ချင်းက အကောင်သေးတယ်။ အရသာ မကောင်းဘူး၊ မြန်မာ့ငါး မြစ်ချင်းက အရသာကောင်းတယ်။ အရောင်အသွေး အနေနဲ့ ထပ်လုပ်ဖို့ လိုပါသေးတယ်။ ကြာလာရင် ဈေး ကွက်ဝေစုကို တဖြည်းဖြည်း ဖဲ့ယူ သွားနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာ မွေးမြူသူတွေအနေနဲ့ ငါးမြစ်ချင်း မွေးရာမှာ ထုတ်လုပ်မှုစရိတ်ကို အနည်း ဆုံး ဖြစ်အောင်စီမံနိုင် ပါမှ ရေရှည် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှာပါ'' ဟု ယင်းအသင်းက ဥက္ကဌဦးသန်းလွင်က ပြောကြား သည်။ ယခုအခါ မြန်မာငါးမြစ်ချင်း များကို အရွယ်အစားကြီးပြီး အရောင် ကောင်းမွန်စေမည့် မျိုးမြှင့် တင်မှုကိုပုဂ္ဂလိက သားပေါက်စခန်း ၃ ခု က စီစဉ် ဆောင်ရွက်နေပြီဟု ဆိုသည်။ ခင်မျိုးသွယ်
ငါးသယံဇာတကြီးထွားဖို့ ငါးပေါက်ဖွားကြီးထွားချိန် ပေးဖို့လို ငါးသယံဇာတကြီးထွားရန် အတွက် ငါးများပေါက်ဖွားကြီးထွားချိန် ရှိရန်လိုအပ်ကြောင်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များထံကသိရသည်။ ''ဒီနှစ်ထဲမှာ ပင်လယ်ရေစီးကြောင်း ကပုံမှန်အတိုင်းမဟုတ်ဘဲ တစ်ခါတရံ ရေစီးကြောင်းပြောင်းလဲတာတွေ့ရ တယ်။ အဲဒီလို ရေစီးကြောင်းပြောင်းလဲ ရင်ငါးတည်ရှိတဲ့နေရာအထိုင်တွေလည်း ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် ဖမ်း ဆီးရမိတဲ့ ငါးပုစွန်တွေကိုလေ့လာကြည့် ရင် အရင်ကဖမ်းဆီးရမိတဲ့အကောင် အရွယ်အစားတွေလောက် မကြီးတာ၊ မမီတာတွေကို တွေ့ရပါတယ်။ ငါးသယံ ဇာတတွေကြီးထွားဖို့အတွက် ငါးပေါက် ဖွားကြီးထွားချိန်ရှိဖို့လိုပါတယ်။ ပေါက်ဖွားကြီးထွားနိုင်ရန် ငါးဖမ်းကာလသတ် မှတ်ခြင်းကြောင့် ငါးသယံဇာတပေါ ကြွယ်ဝမှုကိုဖြစ်စေပြီး ငါးသယံဇာတကို လည်း ထိန်းသိမ်းရာရောက်ပါတယ်''ဟု ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီး ရမိသည့်နှုန်းများမှာ၁၉၈၂-၈၃ ခုနှစ် တွင်တစ်နာရီလျှင် ငါးဖမ်းရရှိမှုမှာ ၂၈၈ ကီလိုအထိရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် တစ်နာရီလျှင် ငါးဖမ်းရရှိမှုမှာ ၁၈၆ ကီလို သာရှိကာ ၂ဝဝ၆ ခုနှစ်တွင် ငါးဖမ်းရရှိ မှုမှာ ၈၆ ကီလိုသာ ရှိတော့သည်ဟုဆိုသည်။ ခင်မျိုးသွယ်
ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက သန်း ၂၉ဝ ခန့်ရရှိ မြန်မာနိုင်ငံက ဖမ်းဆီးမွေးမြူထုတ်လုပ်သည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိရာ ဒီဇင်ဘာလကုန်အထိ ဒေါ်လာသန်း ၂၉ဝ ခန့် ရရှိထားပြီးဖြစ်ကြောင်းသိရသည်။ '' ရေထွက်ကုန်ပစ္စည်းတွေကို ပင်လယ်ရေကြောင်းကနေတင်ပို့တာ ဒေါ်လာ ၂၆ဝ ခန့်နယ်စပ်ကုန်သွယ် ရေးစခန်း တွေဖြစ်တဲ့ မူဆယ်က ဒေါ်လာ ၅၄ သန်းခန့် ၊ မြဝတီကဒေါ်လာ၅ သန်းခန့်၊ ကော့သောင်းက ဒေါ်လာ ၁၆ သန်းခန့်၊ စစ်တွေကဒေါ်လာ ၆ သန်းခန့်၊ မြိတ်က ဒေါ်လာ ၇၁ သန်းခန့် ၊ မောင်တောက ဒေါ်လာ ၃ သန်းကျော်၊ တမူးက ဒေါ်လာ ဝ ဒသမ ဝ၁၃ သန်းခန့် စုစုပေါင်းဒေါ်လာ သန်း ၂၉ဝ ခန့်ရရှိထားပါတယ်။ ရေထွက်ကုန်တွေအနက် ပင်လယ် ငါးမျိုးစုံ၊ ရေချိုမွေးမြူရေးငါး၊ ကဏန်း၊ ငါးရှဉ့်၊ ရေမှော်စတဲ့ပစ္စည်းတွေကို နိုင်ငံပေါင်း ၃၃ နိုင်ငံကို အဓိက တင်ပို့နေပါ'' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။ ယခုအခါရေထွက်ကုန်ပစ္စည်းများကိုပိုမိုတင်ပို့နိုင်ရန်အတွက် မွေးမြူရေးသမားများအနေဖြင့် စူတန်ငါး၊ အအေးပိုင်း ဒေသများတွင် မွေးမြူရသည့်ငါးများ၊ ပင်လယ်မျှော့နှင့် ခရုများကိုတိုးခဲျ့မွေးမြူလျက်ရှိသည်ဟုဆိုသည်။ ခင်မျိုးသွယ်
ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၁၈ သန်းခန့် ရရှိထား မြန်မာနိုင်ငံက ဖမ်းဆီးရရှိ သည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိရာ ဒီဇင်ဘာ လကုန်အထိ ဒေါ်လာ ၁၈ သန်းခန့်ရရှိထားကြောင်းသိရသည်။ '' မြန်မာနိုင်ငံက ငါးရှဉ့်တွေ ကို တရုတ်နိုင်ငံကို အဓိကတင်ပို့နေတာ ပါ။ တရုတ်မှာငါးရှဉ့်ကို အတော် စားသုံးသလို အချို့ငါးရှဉ့်တွေကိုတော့ အရွယ်ကြီးတွေရအောင်ပြန်မွေးမြူကြ တယ်။ ပြီးမှ ဝယ်လက်ရှိတဲ့ ရုရှားတို့၊ ဂျပန်တို့ကို အမြင့်ဈေးနဲ့ ပြန်ပို့ တယ် လို့သိရပါတယ်။ မြန်မာရေလုပ်ငန်းရှင် တွေအနေနဲ့ သူတို့ရဲ့ မွေးမြူတဲ့နည်း ပညာ သူတို့တင်ပို့တဲ့ ဈေးကွက်တွေကို လေ့လာပြီး ဘယ်လိုလုပ်သင့်တယ်ဆို တာ ကိုဆုံးဖြတ်လုပ်သင့် ပါပြီ။ ကိုယ့် ဆီက ကုန်ကြမ်းကိုယူပြီး တင်ပို့သူ တွေ ထက်စာရင် ကိုယ့်ကုန်ကြမ်းနဲ့ တန်ဖိုး မြှင့်ကုန်တွေ မွေးမြူထုတ်လုပ် တင်ပို့ သင့်ပါတယ် '' ဟု ငါးရှဉ့်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။ ငါးရှဉ့်များကို မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် လေ ကြောင်းလိုင်းတို့ကတစ်ဆင့် ပြည်ပသို့ တင်ပို့လျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများ ၂၇-၁၂-၂ဝ၁ဝ ရက်နေ့ မှ ၃ဝ-၁၂-၂ဝ၁ဝ ရက်နေ့ထိ အမျိုးအစား ရေတွက်ပံုံံ ဈေးနှုန်းပဲဖတ် ၁ ပိဿာ ၇၅ဝိ/-နှမ်းဖတ် ။ ၇၃ဝိ/-ပဲပုပ်ဖတ် ။ ၉၃ဝိ/-ပဲပုပ်စေ့ ။ ၈၅ဝိ/-ဖွဲနု ။ ၂၈ဝိ/-ပုဇွန်ဖွဲ ။ ၄၅ဝိ/-နေကြာ ။ ၆၄ဝိ/-ပန်းနှမ်း ။ ၆၈ဝိ/-ငါးဂုံးညို ။ ၁၂၅ဝိ/-ငါးဝိုင်း ။ ၁၂၅ဝိ/-ပဲမှုန့် ။ ၄၂ဝိ/-မုန်ညင်း ။ ၆၅ဝိ/-ပဲတီစိမ်းမှုန့် ။ ၄၂ဝိ/-ခရုမှုန့် ။ ၁၅ဝိ/-ပြောင်းဆန် ။ ၂၈ရိ/-ဆန်ကွဲ ၂+၃+၄ ၁ အိတ် ၈ဝဝဝိ/-ငါးပေါင်းမှုန့် တစ်တန် ၈.၅ သိန်းTMA,MAPT(YGN)
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၁ဝဝဝ-၁၁၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉၅ဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၇ဝဝဝ-၈ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၆ဝဝဝ-၆၅ဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၅ဝဝဝ-၅၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၅ဝဝဝ-၁၆ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၅၅ဝဝ-၆ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက် ။ ၃၅ဝဝ-၄ဝဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၇၅ဝဝ-၈ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၃ဝ-၁၂-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၃ဝ-၁၂-၂ဝ၁ဝ) ဈေးနှုန်းး (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့် မြင့်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ ၄၅ဝဝ၂။ ငါးခူ ။ ၂ဝဝဝ ၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၄ဝဝ ၂ဝဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၄ဝဝဝ၅။ ငါးရံ့ ။ ၁၅ဝဝ ၅၈ဝဝ၆။ ငါးတန် ။ ၁၆ဝဝ ၂၆ဝဝ၇။ ငါးသလောက် ။ ၂၅ဝဝ ၁၉ဝဝဝ၈။ ငါးရှဉ့် ။ ၁၈ဝဝ ၃၅ဝဝ၉။ ငါးခေါင်းပွ ။ ၁၄ဝဝ ၂၇ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆၅ဝဝ၁၁။ တီလားဗီးယား ။ ၁ဝဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂၅ဝဝ ၇၅ဝဝ၁၃။ ပုစွန်ကျော့ ။ ၁၄ဝဝ ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၂ဝဝဝဝ
ငါးမြစ်ချင်း ထုတ်လုပ်မှု တိုးတက်လျက်ရှိကြောင်း FAO က ထုတ်ဖော်ပြောကြား မြန်မာနိုင်ငံ၏ ငါးမြစ်ချင်းမွေးမြူထုတ်လုပ်မှုမှာ တိုးတက်လျက်ရှိနေသည်ဟု FAO ကထုတ်ဖော်ပြော ကြားခဲ့ ကြောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။ '' မြန်မာနိုင်ငံဟာ ဒေသတွင်း ငါးမွေးမြူ ထုတ်လုပ်မှုမှာ တိုးတက်မှု ၂၈ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း ငါးမြစ်ချင်း မွေးမြူမှုက ထိပ်တန်းမှာရှိပါတယ်၊ တစ်ကမ္ဘာ လုံး ဆိုင်ရာ ရေပြင်မွေးမြူရေးလုပ်ငန်း အစည်း အဝေးမှာ FAO က ထုတ်ဖော်ပြောကြားခဲ့ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ရေချိုငါးမွေးမြူရေး အောင် မြင်မှုကို ပြသနိုင်ခဲ့ပြီး ရေခိုျငါးမွေးမြူရေးကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများကို ကြိုတင်ပြင်ဆင်ကာ ကွယ်ခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ရန် လိုအပ် လျက် ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ငါးသေးအချို့နှင့် ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတ ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့ရန် ပြောကြား သဘာဝရေပြင်ရှိ ငါးသေးအချို့နှင့်ငါးမျိုးစိတ်များပျောက်ကုန်သည့်အတွက် သယံဇာတထိန်းသိမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်း ထိန်းသိမ်းဖို့လိုအပ်ကြောင်း မြိတ်ကျွန်းစု ထိန်းသိမ်းရေးကော်မတီအဖွဲ့က သိရသည်။ '' အရင်တုန်းက သုတေသနပြု လေ့လာချက်တွေအရ သဘာဝရေပြင်မှာ ငါးပုစွန် အထိ အမိက တစ်နာရီ ကို ၂၈၈ ကီလိုရှိခဲ့ပြီး အခုနောက်ပိုင်း ၂ဝဝ၆ ခုနှစ်မှာ SEAFDEC ရဲ့ စစ်တမ်းတွေအရ ငါးပုစွန်အထိအမိမှာ တစ်နာရီကို ၈၆ ကီလိုသာ ရှိလာပါတယ်။ ငါးအထိအမိက ၃ဝ ရာခိုင်နှုန်းအထိကျဆင်းသွားတာပါ။ ဒါ့အပြင် ငါးသေးအချို့နှင့် ငါးမျိုးစိတ် တွေ ပျောက်ကုန်တဲ့အတွက် သယံဇာတ ထိန်းသိမ်းရေးကော်မတီတစ်ရပ်ဖွဲ့ဖို့လိုပါတယ်။ ဒီလိုပဲတစ်ကမ္ဘာလုံးမှာလည်း ငါးသယံဇာတတွေကို အလွန်အကံျွဖမ်းဆီးကြတာကြောင့် သယံဇာတတွေ တဖြည်းဖြည်း လျော့ကျနေပါပြီ၊ ဒါ့ကြောင့်လည်း သဘာဝမှာ ငါးသယံဇာတတွေ လျော့ပါးလာတဲ့အတွက် မွေးမြူရေးက အစားထိုးထုတ်လုပ်ကြရတာဖြစ်ပါတယ်'' ဟု မြိတ် ကျွန်းစု ထိန်းသိမ်းရေး ကော်မတီဥက္ကဌက ပြောကြားသည်။ အဆိုပါအသင်းအနေဖြင့် မြိတ်ကျွန်းစု ဒေသထိန်းသိမ်းရေးအတွက် ကကတစ် မွေးမြူရေးနှင့် ရေမှော် စိုက်ပျိုးမွေးမြူရေး၊ ပင်လယ်မျှော့၊ ခရုနှင့်အခြားရေသတ္တဝါများ မွေးမြူနိုင်ရေးအတွက်နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေ သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
