Background
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၁ဝဝဝ-၁၁၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉၅ဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၇ဝဝဝ-၉ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၇ဝဝဝ-၈ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၆ဝဝဝ-၆၅ဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၅ဝဝဝ-၅၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၅ဝဝဝ-၁၆ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၅၅ဝဝ-၆ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက် ။ ၃၅ဝဝ-၄ဝဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၇၅ဝဝ-၈ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၇-၁၂-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၁၇-၁၂-၂၀၁၀) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့် မြင့်၁။ ငါးကျည်း ပိဿာ ၁၈ဝဝ ၄၂ဝဝ၂။ ငါးခူ ။ ၁၈ဝဝ ၄၂ဝဝ၃။ ငါးမြစ်ချင်း ။ ၁၃ဝဝ ၂ဝဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၃၈ဝဝ၅။ ငါးရံ့ ။ ၁၈ဝဝ ၅၅ဝဝ၆။ ငါးတန် ။ ၁၆ဝဝ ၂၃ဝဝ၇။ ငါးသလောက် ။ ၂၅ဝဝ ၁၉ဝဝဝ၈။ ငါးရှဉ့် ။ ၁၈ဝဝ ၃၂ဝဝ၉။ ငါးခေါင်းပွ ။ ၁၃ဝဝ ၂၆ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆၅ဝဝ၁၁။ တီလားဗီးယား ။ ၁ဝဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂၅ဝဝ ၇၅ဝဝ၁၃။ ပုစွန်ကျော့ ။ ၁၄ဝဝ ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၂ဝဝဝဝ
ရေထွက်ကုန် တင်ပို့မှု ကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိ မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ လျက်ရှိရာ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ အမေရိကန် ဒေါ်လာ သန်း ၃၈ဝ ကျော် ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပ ကုန်စစ်ဆေးရေး ဌာနစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ''၂ဝ၁ဝ ခုနှစ်ဧပြီလ ၁ ရက်နေ့ ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ လမ်းကြောင်းတွေ အလိုက်တင်ပို့မှုကို ကြည့်ရင် ပုံမှန်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၂၃၈ ဒသမ ၇ဝ၄ သန်း၊ မူဆယ်က ဒေါ်လာ ၄၈ ဒသမ ၁၄၈ သန်း၊ ကော့သောင်းက ဒေါ်လာ ၁၄ ဒသမ ၁၇၄ သန်း၊ မြိတ်က ဒေါ်လာ ၆၅ ဒသမ ၂၁၅ သန်း၊ ဂဏန်းက ၂၃ ဒသမ ၃၉၃ သန်း၊ ငါးရှဉ့်က ဒေါ်လာ ၁၆ ဒသမ ၄၃၈ သန်းနဲ့ ရေချိုငါးက ဒေါ်လာ ၈၁ ဒသမ ၉ဝ၆ သန်း ရရှိမှုတွေ ပေါင်းလိုက်ရင် ဒေါ်လာ သန်း ၄ဝဝ ကျော်ရရှိထားပြီးဖြစ်ပါတယ် '' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်ပသို့ အများဆုံးတင်ပို့ ရောင်းချခဲ့သည့် ရေထွက်ကုန်များသည် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးရှဉ့်၊ ငါးလင်ဗန်း၊ ငါးပတ်၊ ငါးဂျောင်း၊ ဂဏန်းနှင့် ဂဏန်းပျော့တို့ဖြစ်ကြောင်း သိရသည်။ ခင်မျိုးသွယ်
ငါးမြစ်ချင်းကို တိုင်းဒေသြ့ကီး(၃)ခုမှ အဓိကထား ထုတ်လုပ်နေ ပြည်ပနိုင်ငံဈေးကွက်များသို့တင်ပို့လျက်ရှိသည့် ငါးမြစ်ချင်းဆိုဒ်ကြီးအရွယ်ကြီးများကို တိုင်းဒေသကြီး (၃) ခုမှ အဓိကထား မွေးမြူထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးအဖွဲ့ချုပ်မှ သိရသည်။ '' ငါးမြစ်ချင်းငါးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မွေးမြူနေတဲ့ငါးဖြစ်ပေမဲ့ ပြည်ပဈေးကွက်အတွက် အရွယ်ကြီး တွေရအောင် မွေးမြူနေတာက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ( အနောက်) နဲ့ ဧရာဝတီတိုင်း ဒေသကြီး (၃) ခုတို့က အဓိကထား အများဆုံးထုတ်လုပ်နေတာပါ။ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မွေးတဲ့ငါးမြစ်ချင်း တွေက ပြည်တွင်း စားသုံးမှုအတွက် မွေးမြူကြတာဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ငါးမွေးမြူရေးဧက ၂ သိန်းကျော်အနက် ပြည်ပဈေးကွက်အတွက် မွေးမြူတဲ့ တိုင်းဒေသကြီး ၃ ခုမှ ငါးမွေးဧက တစ်သိန်းခွဲကျော်ရှိနေပါ တယ်။ ရေခိုျငါး မွေးမြူရေး လုပ်ငန်းမှာ အဓိကထားမွေးမြူ ထုတ်လုပ်တဲ့ ငါးက ငါးမြစ်ချင်းပါ။ သူနဲ့မျိုးတူငါးတွေ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးခုံးမတို့ ရေချိုငါးမုန့်တို့ကို တိုးခဲျ့မွေးခဲ့ပေမဲ့ ငါးမြစ်ချင်းက ဈေးနှုန်းတည်ငြိမ်ပြီး မွေးမြူ သူတွေအတွက် အကျိုးအမြတ် ဖြစ်ထွန်းတဲ့ ငါးအဖြစ် ရေရှည် ရပ်တည်နိုင်ခဲ့တာပါ'' ဟုယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ငါးမြစ်ချင်းများတိုးခဲျ့မွေးမြူလာရခြင်း အကြောင်းကို သုံးသပ် ပြောကြားခဲ့သည်။ ခင်မျိုးသွယ်
အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူ ခွင့်ပြုချက်ရရှိရန် လျှောက်ထားလာ အီးယူဈေးကွက်ဖြစ်သော ဥရောပသမဂ္ဂနိုင်ငံများဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ နိုင်ရန်အတွက် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံ ၅ ရုံမှ အီးယူခွင့်ပြုချက် (EU Approval )ရရှိရန် ငါးလုပ်ငန်း ဦးစီးဌာနသို့ လျှောက်ထားလာကြောင်း သိရသည်။ '' အီးယူနိုင်ငံတွေကို ဖမ်းဆီးရရှိတဲ့ ငါးတွေ၊ ပုစွန်တွေကို အအေးခန်း စက်ရုံ ၈ ရုံကနေ တင်ပို့နေပါတယ်။ နောက်ပိုင်းမှာ မွေးမြူထုတ်လုပ်ခြင်းက ရရှိတဲ့ ငါးပုစွန်တွေကိုပါ တင်ပို့ခွင့်ရအောင် စီစဉ်နေပါတယ်။ မွေးမြူထုတ်လုပ်ရေးက ထွက်ရှိတဲ့ ငါးပုစွန်တွေကို အီးယူတင်ပို့ခွင့်ရအောင် လိုအပ်ချက်က ၁၂ ချက်လောက်ရှိ ပါတယ်။ အဓိကစစ်ဆေးပေးရမှာက ၆ မိုျးရှိပါတယ်။ တစ်နှစ်စာစစ်ဆေးခအနေနဲ့ ကျပ်သိန်း (၁၅ဝ) လောက် ကုန်ကျမှုရှိပါတယ်။ ဒါဟာ နိုင်ငံတကာ နဲ့ယှဉ်ပြီး လုပ်ရမဲ့ ကိစ္စဖြစ်ပါတယ် '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အီးယူ ဈေးကွက်သို့တင်ပို့ရန် လိုအပ်ချက်များအတွက် လိုအပ်သည့် သင်တန်းများကိုလည်း အီးယူနိုင်ငံများမှ ပညာရှင်များက လာရောက်ပို့ချပေးခဲ့ကြောင်း၊ အီးယူနိုင်ငံများ၏ လိုအပ်သည့် စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် အီးယူနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်သည့်အပြင် အခြားနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရာတွင်လည်း အီးယူခွင့်ပြုချက် ရရှိပြီး ဖြစ်ပါက ဈေးကွက်ယုံကြည်မှုနှင့် ဈေးကောင်းရရှိနိုင်သည်ဟုဆိုသည်။ ခင်မျိုးသွယ်
ရေထွက်ပစ္စည်းတန် ၁၅ဝ ကို လေကြောင်းလိုင်းက တင်ပို့ခဲ့ ၂ဝ၁ဝ နိုဝင်ဘာလအတွင်း ရေထွက်ကုန်ပစ္စည်းတန် ၁၅ဝ ကို လေကြောင်းလိုင်း ၈ ခုကတင်ပို့မှုရှိခဲ့ ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့ကMFF ၌ ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ '' နိုဝင်ဘာလတစ်လအတွင်းမှာ ကုမ္ပဏီ ၁၁ ခုက လေကြောင်း လိုင်း ၈ ခုကနေ ရေထွက်ကုန်တန် ၁၅ဝ ကို တန်ဖိုးအားဖြင့် ဒေါ်လာ ၄ သိန်းကျော်ဖိုး တင်ပို့ခဲ့ပါတယ်။ အဲဒီအထဲမှာ ကျောက်ငါးအရှင်၊ ကျောက်ငါး အသေ၊ ကဏန်းအရှင်၊ အလှမွေးငါး၊ ငါးပါးနီ၊ ငါးလင်ဗန်း၊ ကျောက်ပုစွန် စသည်ဖြင့် ပါဝင်ပါတယ်။ အဲဒီအထဲမှာ အလှမွေးငါးတင်ပို့မှုက ဝင်ငွေ ၃ သောင်းကျော်ဖိုး ရှိခဲ့ပါတယ်'' ဟုငါးလုပ်ငန်းဦးင်္စီးဌာနက တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ ယခုအခါမြန်မာနိုင်ငံမှပြည်ပသို့ပြေးဆွဲနေသည့် လေကြောင်း လိုင်းများမှာ China-Southern, Air-China, Thai-Airways, Bangkok-Airways, Malaysia- AirLines, Silk-Air, Vietnam-AirLines စသည်ဖြင့် လေကြောင်းလိုင်း ( ၁၃) ခုဖြင့် ပြေးဆွဲပေးလျက် ရှိသည်။ ခင်မျိုးသွယ်
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၁၀-၁၂-၂၀၁၀) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့်် မြင့်၁။ ငါးကျည်း ပိဿာ ၁၈ဝဝ ၄၅ဝဝ၂။ ငါးခူ ။ ၁၈ဝဝ ၄၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၄ဝဝ ၂၁ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၃၈ဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ ၆ဝဝဝ၆။ ငါးတန် ။ ၁၄ဝဝ ၂၁ဝဝ၇။ ငါးသလောက် ။ ၂၅ဝဝ ၁၉ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ ၃၅ဝဝ၉။ ငါးခေါင်းပွ ။ ၁၄ဝဝ ၂၇ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆၅ဝဝ၁၁။ တီလားဗီးယား ။ ၁ဝဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂၅ဝဝ ၇၅ဝဝ၁၃။ ပုစွန်ကျော့ ။ ၁၄ဝဝ ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၁၄ဝဝဝ
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၁ဝဝဝ-၁၁၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉၅ဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၇ဝဝဝ-၉ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၇ဝဝဝ-၈ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၆ဝဝဝ-၆၅ဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၅ဝဝဝ-၅၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၅ဝဝဝ-၁၆ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၅၅ဝဝ-၆ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက် ။ ၃၅ဝဝ-၄ဝဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၇၅ဝဝ-၈ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁ဝ-၁၂-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
အင်းလေးကန်အတွင်း ဒေသမျိုးရင်း ငါးမျိုးစိတ် ၉ ခု တွေ့ရ အင်းလေးကန်အတွင်း တွေ့ရှိခဲ့ရသော ငါးမျိုးစိတ်များအနက် ဒေသမျိုးရင်းငါးမျိုးစိတ် ၉ မျိုးတွေ့ရှိရ ကြောင်း အင်းလေး ကန် စိမ်းလန်းစိုပြေရေးကော်မတီ်၏ မှတ်တမ်းများအရ သိရသည်။ '' အင်းလေးကန်ထဲမှာရှိနေတဲ့ ငါးမျိုးစိတ်က ၅ဝ ခန့်ရှိနေပါတယ်။ အဲဒီငါးမျိုးစိတ်တွေထဲမှာ ဒေသမျိုးရင်း ငါးမျိုးစိတ် တွေကိုလည်းတွေ့ရပါတယ်။ ငါးဖြူစိမ်း၊ ငါးနီစိမ်း၊ ငါးဖိန်း၊ ငါးအုံမက်၊ ငါးခူရှင်ဖ၊ ငါးရစ်၊ ငါးပြားသမ၊ ငါး တောင်နွယ်၊ ငါးပုတ်တို့ပါ။ အင်းလေးဒေသရဲ့ ဘီလူးချောင်းအဝင်ဝရှိ အင်းတိမ်ရွာ၊ သန်းတောင်ချောင်း အဝင်ဝရှိ ပင်းချောင်းရွာ၊ ဟဲယာရွာမ အုပ်စုနဲ့တောင်ပိုကြီးအုပ်စု၊ ရန်ပယ်ချောင်းအဝင်ဝက ရွာတွေမှာ ဒေသတွင်းငါးမျိုး စိတ်တွေရှင်သန်ပေါက်ဖွားနေထိုင်ဖို့ ကောင်းတဲ့စားကျက်နေရာတွေရှိနေပါတယ်'' ဟု ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါအင်းလေးကန်အတွင်းငါးဖမ်းကွက်ဧရိယာ ဧက ၁၆ဝဝဝ ခန့်ရှိနေပြီး၊ အင်းလေး ကန်အတွင်း ငါးမျိုး စိတ်များ လျော့နည်းပပျောက်ခြင်းမရှိစေရန်အတွက် ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်အတွင်းငါးမျိုးစုံကောင်ရေ စုစုပေါင်း ၉၇ဝဝဝဝ ကျော်ကို အင်းလေးကန်အတွင်း ငါးမျိုးစိုက်ခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
တနင်္သာရီတိုင်းတွင် ကဏန်း ဘေးမဲ့ဇုန်ဧက ၆ဝဝ ခန့်ရှိ တနင်္သာရီတိုင်းတွင် ကဏန်းဘေးမဲ့ဇုန်များ အဖြစ် ဧက ၆ဝဝ ခန့်ကို ခရိုင် ၃ ခုတွင် သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း မြိတ်ကျွန်းစုဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ '' တနင်္သာရီတိုင်းမှာ မြိတ်ခရိုင်၊ ထားဝယ်ခရိုင်နဲ့ကော့သောင်းခရိုင် ၃ ခုအနက် ထားဝယ်ခရိုင်၊ ထားဝယ် မြစ်အနီးရှိ သရက်ချောင်းမြို့နယ်၊ လဘကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄ဝ၉ (B)တွင် ဧရိယာ ၁၁၅ ဧက၊ ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၆၁၁ (ဂ) တွင် ဧရိယာ ဧက ၁ဝဝ၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ပန်းဇင်ကျေးရွာအနီး ကမ်းမီးစပ်ချောင်းနှင့် မအိုင်ရေပြင်အကြားရှိ - ပန်းဇင်ချောင်း၊ ပိတပ်ချောင်း၊ သိန်ဇွယ်ဝချောင်းများတွင် ဧရိယာ ဧက ၃၅ဝ စုစုပေါင်း ဧက ၆ဝဝ ခန့်ကို ကဏန်းဘေးမဲ့ဇုန် အဖြစ်သတ်မှတ်ထားပြီး ဖြစ်ပါတယ် '' ဟု ယင်းအဖွဲ့ဥက္ကဌ ဦးဟန်ထွန်းက ပြောကြား သည်။ အဆိုပါဒေသများရှိ ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းကောင်ရေ ၃၅ဝဝ ကိုလည်းကောင်း၊ သရက်ချောင်း မြို့နယ်တွင် ကဏန်းကောင်ရေ ၆ဝဝ ကျော်ကိုလည်း ကောင်း၊ စုစုပေါင်း ကဏန်းကောင်ရေ ၄ဝဝဝ ကျော်ကို ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း မျိုးစိုက်ထည့်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
