Background
အိန္ဒိယ နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေထွက်ပစ္စည်းစစ်ဆေး ရေး၏စခန်းစတင်ဖွင့်လှစ်ပြီးသည့် အ ချိန်မှစ၍အိန္ဒိယနိုင်ငံ၏ပုစွန်ဖြူထုတ် လုပ်မှုမှာငါးဆခန့်တိုးတက်လာခဲ့ကြောင်း သိရသည်။
အမေရိကသို့ ပင်လယ်စာ တင်သွင်းမှုစာရင်းများအရ ၂၀၁၂ခုနှစ် တတိယသုံးလပတ်အတွင်းတွင် ပင်လယ်စာ တင်ပို့မှုသည် အနုတ်လက္ခဏာပြလျက်ရှိကာ အမေရိကန်ဒေါ်လာ ၅ဒသမ၇ ဘီလျံသာရှိကြောင်း သိရသည်။
အမေရိက၏ပင်လယ်စာတင်သွင်းမှုများကို ကြည့်ပါက စုစုပေါင်း ပင်လယ်စာတင်သွင်းမှု၏ ၁၈ရာခိုင်နှုန်းကို ကနေဒါနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံ၏တင်သွင်းမှုသည် ယခင်နှစ်က တင်သွင်းမှုနှင့် နှိုင်း ယှဉ်ပါ က ၃ ဒသမ ၃ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ချီလီမှတင်သွင်းမှု ၁၇ ရာ ခိုင်နှုန်းတက်ခဲ့သော်လည်း ထိုင်းမှ တင် သွင်းမှုတွင် ၂၁ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
မလေးရှားအစိုးရသည် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်လျက်ရှိရာ ပုစွန်ဖြူမွေးမြူရေးလုပ်ငန်း ဆောင် ရွက်နိုင်ရန်အတွက် မြေဧရိယာ ဟက်တာပေါင်း ၁၀၉၀ ဟက် တာကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။အတည်ပြုပေးခဲ့သည့်နေရာမှာ Terenggaru အရှေ့ အလယ်ပိုင်းဖြစ်ပြီး အဆိုပါ ပုစွန်ဖြူမွေးမြူရေးအတွက် ရင်း နှီးမြှုပ်နှံမှုမှာ မလေးရှားရင်းဂစ် ၁ ဒသမ ၈ ဘီလျံ (အမေ ရိကန်ဒေါ်လာ ၅၇၇ ဒသမ ၈သန်း)ဖြစ်ကြောင်း သတင်းများ က ဖော်ပြထားချက်များအရ သိရသည်။
ပဲလောက၏ တတိယမျိုးဆက်သို့ တည်ဆောက်ပေးအပ်ခဲ့ရမယ့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မှ ရေထွက်ကုန်ပစ္စည်း တင်ပို့ နိုင်မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၇ သန်း ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၁ သန်းကျော် တင်ပို့နိုင်ခဲ့ သဖြင့် ကာလတူထက်တန်ဖိုး ၁၄၆ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့ခဲ့သည် ကို တွေ့ရှိရပါသည်။
ပြည်တွင်းအသားစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ဖို့ရည်ရွယ်ပြီး၊ အသားတိုးနွားမွေးမြူရေးလုပ်ငန်းကို ပုသိမ်ကြီးမြို့နယ်၊ ကံကြီးကျေးရွာရှိ သာလွန်နွားမွေးမြူရေးခြံမှာ စတင်အကောင်အထည်ဖော်လျက်ရှိရာ တိရစ္ဆာန်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီး၊ မန္တလေးတိုင်းဦးစီးမှူး ဒေါက်တာသောင်းထိုက်၊ ပုသိမ်ကြီးမြို့နယ်မှ ဒေါက်တာစိုးလွင်နဲ့တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၀၈၈ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၇၉ တန်ခန့် တမူးမှ ၃၂ တန်နဲ့ ရိဒ်မှ ၄၇ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပု့ိနိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၁၃ တန်ခန့် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ရာသီဥတုနဲ့ တစ်ဖက်နိုင်ငံလမ်းဖွင့်သည့်အခြေအနေပေါ်မူတည်ပြီး တင်ပို့နေတာဖြစ်ပါတယ်။ MIRT (DOBT)
မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၈၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၄၈၉ တန်ကို ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ မြဝတီ၊ ကော့သောင်းနဲ့ မြိတ်တို့မှ တင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့နိုင်မှုတွေကတော့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ ငါး ၅၂ တန်၊ ပုစွန် ၈ တန်နဲ့ ကဏန်း တန် ၇၀ ဝန်းကျင်၊ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၆၃ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၀၉၂ တန်၊ ကင်းမွန် ၁ ဒသမ ၆ တန်၊ ကဏန်း ၆
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၈၇၆ သန်းတန်ဖိုးရှိ အေးခဲအမဲသားများ ကို မူဆယ်မှ ၃၂၅ တန်ကျော်နဲ့ ချင်း ရွှေဟော်မှ ၁၅၆ တန်ကျော် မတ်လ ၇ ရက်မှ ၁၃ ရက်ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းတန်ဖိုးရှိတဲ့ နွားဘေး ထွက်၊ နွားကြောနဲ့ ဝမ်းတွင်းသားများ ၁၂၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၈၇ သန်းဖိုး ကိုလည်း တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် အေး ခဲ အမဲသား ၉၄ တန်ခန့်နဲ့ နွားဘေး ထွက်ပစ္စည်း ၅၆ တန်ကျော် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီး မန္တလေးနဲ့ မိတ္ထီလာအရပ် ဒေသများမှ ပစ္စည်းများကို တင်ပို့တာ သိရပါတယ်။MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ငါးရှဉ့် ၁၅၄ တန်ခန့်နဲ့ ကဏန်း တန် ၇၀ ကျော် တင်ပို့နိုင် ခဲ့တဲ့အတွက် ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ငါးရှဉ့် ၂၂ တန် အပို့လျော့ခဲ့ပေမယ့် ကဏန်းတင်ပို့မှုမှာတော့ ၃၄ တန် ပိုမိုခဲ့ တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ ငါးရှဉ့်ကို မူဆယ်မှ တန် ၁၁၀ ကျော်နဲ့ ချင်းရွှေဟော်မှ ၄၃ တန်ကျော်၊ ကဏန်းကို မူဆယ်မှ တန် ၇၀ ခန့်နဲ့ ချင်းရွှေ ဟော်မှ သုည ဒသမ ၆၈၄ တန် အသီးသီးဖြစ်ပြီး ယခုအပတ် မှာ ငါးရှဉ့်တင်ပို့မှုမှ ကန်ဒေါ်လာသုညဒသမ ၉၃၃ သန်းနဲ့ ကဏန်းတင်ပို့မှုမှ ကန်ဒေါ်လာသုညဒသမ ၂၉၂ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၆၆ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က အပို့ မရှိခဲ့တဲ့ချင်းခြောက်၊ တောင်လုံးကျော်နဲ့ တောဂျူးမြစ်အပို့ရှိခဲ့ပြီး ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစား ဂမုန်း၊ ကြောင်လျှာစေ့များ အပု့ိပိုခဲ့ပါတယ်။ ဒါပေမယ့် မိချောင်းကွမ်းဖတ်စေ့၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ်တို့ အပို့လျော့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၀၃ တန် အပို့လျော့ခဲ့ပြီး တမူးနယ်စပ်မှာတော့ ယခင်အပတ်က အသွင်း မရှိခဲ့ပေမယ့် ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်းနဲ့ ဖာလာတို့လည်း အသွင်းရှိနေပါတယ်။MIRT(DOBT)