Main menu

Background

Thursday, 9 Dec 2010

 သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်            မြန်မာနိုင်ငံတွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည့် သစ်မွှေးပင်များ၏ မျိုးစေ့များသည် ရန်ကုန်မြို့တွင် အရောင်း အဝယ် နည်းပါးသော်လည်း နယ်ဈေးကွက်တွင် ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်းသိရသည်။ လက်ရှိသည် သစ်မွှေးစိုက်ပျိုးသည့် ရာသီကုန်ဆုံးချိန် ဖြစ်သဖြင့် ရန်ကုန်ဈေးကွက်တွင် မျိုးစေ့နှင့် ပျိုးပင်ပေါက် ရောင်းချရမှု နည်းပါးလျက်ရှိပြီး နယ်မြို့များတွင် သစ်မွှေး မျိုးစေ့ ရောင်းချရမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ ''ရန်ကုန်အနီးတစ်ဝိုက်မှာ ရောင်းချရမှု နည်းသွားတယ်၊ နယ်မြို့တွေမှာတော့ ဈေးနှုန်းတွေ မြင့်တက်နေတယ်၊ သစ်မွှေး က တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ် စိုက်ပျိုးနိုင်တဲ့အတွက် စိတ်ဝင်စားမှုများတယ်''ဟု သစ်မွှေးမျိုးစေ့ရောင်းချသူ တစ်ဦး က ပြောကြားသည်။ ရန်ကုန်ဈေးကွက်သည် စိုက်ပျိုးသည့် ကာလ ပြီးဆုံးချိန်ဖြစ်သဖြင့် ရောင်းချရမှု နည်းပါးသည့်အပြင် ဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း၊ နယ်မြို့များ တွင်လည်း ပိုျးပင်ထက် မျိုးစေ့ရောင်းချရမှု မြင့်မားနေပြီး မျိုးစေ့ တစ်ဘူး(နို့ဆီဘူး)လျှင် ငွေကျပ် တစ်သိန်းဝန်းကျင် ရှိကြောင်း၊ ပျိုးပင်များအနေဖြင့် တစ်ပင်လျှင် ကျပ် ၅ဝဝဝ မှ ကျပ် ၂ဝဝဝဝ အထိရှိပြီး ရောင်းချရမှုနည်းပါးလျက်ရှိ ကြောင်း သိရသည်။             သစ်မွှေးစိုက်ပျိုးခြင်း ၅ နှစ်အတွင်းကျပ် သိန်း ၂ဝ ခန့် အမြတ်ရရှိနိုင်သည့်အပြင် မျိုးကောင်းပါက ရေရှည်စိုက် ပျိုးသွားနိုင်ခြင်းကြောင့် နယ်မြို့များတွင် စိတ်ဝင်စားမှု များပြား လျက်ရှိကြောင်း သိရသည်။ ''သစ်မွှေးစိုက်မယ်ဆိုရင် သက် ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ ဆေးထိုးခွင့်ကိုပါ တင်ပြရတယ်၊ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြရင် ပြည်ပပို့ကုန် တစ်မျိုးအထိ ဖြစ် လာမှာပါ ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။           သစ်မွှေးပင်သည် မြန်မာနိုင်ငံအပါအဝင် တရုတ်နိုင်ငံ တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ စသည့် အာရှတောင်ပိုင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး သစ်မွှေးဆီသည် တစ်ကမ္ဘာလုံးမှ ဝယ်လိုအားမြင့်မားကြောင်း၊ အာရပ်နိုင်ငံများတွင် သစ်မွှေးဆီများကို ရိုးရာပူဇော်ပွဲများတွင် သာမက အိမ်ဧည့်ခန်းတွင်အသုံးပြုကြသည့်အပြင် သစ်မွှေး ပင်၏ အခေါက်အသားများကိုပါ ဝယ်ယူကြသည့်အတွက် တစ်ပင်လုံး အကျိုးအမြတ်ရရှိကြောင်း သိရသည်။ သစ်မွှေးပင်များအား မျိုးအောင်ရန် ဆေးထည့်သွင်း ခြင်းကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးလျက် ရှိပြီး သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရကြောင်း သိရသည်။                                                                                       ကိုဖြိုး

Tuesday, 16 Nov 2010

 ဗီယက်နမ် နဂါးမောက်သီးများ ကိုရီးယားဈေးကွက်ရရှိသွား      ဗီယက်နမ်နိုင်ငံမှ နဂါးမောက်သီးများ တောင်ကိုရီးယား နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ရာ အမေရိကန်နဲ့ ဂျပန် နိုင်ငံပြီးလျှင် တောင်ကိုရီးယားသည် တတိယမြောက် တင်သွင်းခွင့်ရရှိသွားတဲ့ နိုင်ငံဖြစ်ပါတယ်။         ဗီယက်နမ်နိုင်ငံရဲ့ နဂါးမောက်သီးဟာ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခွင့်ရတဲ့ ပထမဦးဆုံးသော သစ်သီးအစို ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံ စိုက်ပိးရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှ နဂါးမောက် သီးများကို တောင်ကိုရီးယားသို့ တင်ပို့ခြင်းမပြုမီ အပူဓာတ် ပေးမှု (Heat-treated)ပြုလုပ်ပေးရန် လိုအပ်တယ်လို့ သိရပါတယ်။ ယခုနှစ်ဆန်းပိုင်းက ကိုရီးယားကျွမ်းကျင်သူများဟာ ဗီယက်နမ်နိုင်ငံရှိ နဂါးမောက်သီး စိုက်ပျိုးတဲ့ ဒေသများနဲ့ ထုတ်လုပ်မှုနည်းစနစ်များကို လာရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။        ဆက်လက်ပြီး သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံများသို့ ဗီယက်နမ် နဂါးမောက်သီးဈေးကွက် ထိုးဖောက်နိုင်ရေး အတွက် ကမ်းလှမ်းလျက်ရှိတယ်လို့လည်း သတင်းရရှိပါတယ်။                                                                                 KKCM

Tuesday, 16 Nov 2010

 ကိုရီးယားမုံလာထုပ် ထုတ်လုပ်မှု ၄ဝ ရာခိုင်နှုန်းခန့်ကျဆင်း        ကိုရီးယားနိုင်ငံအတွင်း မုံလာထုပ်ဈေးနှုန်းမြင့်တက်မှုကို လျော့ကျစေဖို့ ကိုရီးယားအစိုးရဟာ အောက်တိုဘာလ အစောပိုင်းက မုံလာထုပ်တင်သွင်းခွန်ကို သုညအထိ လျှော့ချခဲ့ပါတယ်။ အစိုးရရဲ့ အကောင်အထည်ဖော်မှုကြောင့် နိုဝင်ဘာ လမှာစတင်တဲ့ အဓိကမုံလာထုပ်ရိတ်သိမ်းကာလအထိ ကင်ချီလုပ်တဲ့ မုံလာထုပ်ဈေးနှုန်းများ တည်ငြိမ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂ဝ၁ဝ အတွင်း မုံလာထုပ်ထုတ်လုပ်မှုဟာ ထုပ်ရေ ၁ ဒသမ ၅ သန်းခန့်သာရှိနိုင်တာကြောင့် ၂ဝဝ၉ ခုနှစ် ထွက်ရှိမှု ပမာဏ ၂ ဒသမ ၅ သန်းထက် ၄ဝ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ သိရပါတယ်။                                                                                                                              ယမုံံနာ                                                                                                            Sources: freshplaza

Tuesday, 12 Oct 2010

 ငရုတ်မျိုး ပြောင်းလဲစိုက်ပျိုးလာကြပြီ      နှစ်စဉ်စိုက်ပျိုးခဲ့ကြတဲ့ဒေသမျိုး မိုးထောင်ငရုတ်ဟာ ကာလ ရှည်ကြာလာတာနဲ့အမျှ အထွက်နှုန်းကျလာတာ တွေ့ရပါတယ်။တစ်ဧကအထွက်နှုန်း အခြောက်ပိဿာ ၂ဝဝ ဝန်းကျင်သာထွက် ခဲ့တဲ့အတွက် တောင်သူအများစုက တွက်ချေမကိုက်ကြဘူးလို့ဆိုပါတယ်။ ဒီမွန်၊ သာမို၊ ဘီဂျိုမျိုးတွေကို တောင်သူများ ပြောင်း လဲစိုက်ပျိုးခဲ့တဲ့အတွက် တစ်ဧကအထွက်နှုန်း ၄ဝဝ ကျော်ထွက်ခဲ့ကြလို့ ဝင်ငွေအကိုျးအမြတ်လည်း ထိထိမိမိရရှိခဲ့ကြပါတယ်။     ''ကျွန်တော်တို့မြစ်သားမြို့နယ် စပါယ်တော၊ ရွာနန်းကြီး၊ လေးဆယ်ကုန်း၊ ကသည်းကုန်းကျေးရွာတွေမှာ ဒေသမျိုး မိုးထောင်၊ နိုင်ငံခြားမျိုး ဒီမွန်၊ သာမို၊ ဘီဂျို၊ မျိုးစုံစိုက်ပျိုးခဲ့ကြပါတယ်။ ဒေသမျိုး မိုးထောင်ငရုတ်က အထွက်နှုန်းကျလာလို့ တစ်ဧကဝင်ငွေလည်း နည်းပါတယ်။ နိုင်ငံခြားမိုျးတွေကတော့ အထွက် နှုန်းကောင်းတဲ့အတွက် တစ်ဧကဝင်ငွေ အနည်းဆုံး ၄ သိန်းကျော်မြတ်ခဲ့ပါတယ်။ ကျွန်တော်မှာ အိန္ဒိယမျိုးဖြစ်တဲ့ ဘီဂျိုငရုတ် ကိုမနှစ်က နိုဝင်ဘာလ စိုက်ခဲ့ရာ ဒီနေ့ထိ အားလုံးဆွတ်ခူးခဲ့ရာပိဿာချိန် ၄၅ဝ ရရှိခဲ့ပါတယ်။ တစ်ဧက ဝင်ငွေအကျိုးအမြတ် ကတော့ ၅ သိန်းဝန်းကျင် ရရှိခဲ့ပါတယ်။ ဒေသမျိုးကတော့အချိန်ကုန်လူပန်းပြီး တွက်ချေမကိုက်တော့ပါဘူး။ အထွက်နှုန်း ကောင်းတဲ့မျိုးတွေကို ရွေးချယ်စိုက်ပျိုးတဲ့အတွက် တောင်သူများထိမိစွာအကျိုးအမြတ် ခံစားလာကြရပါတယ်''လို့ တောင်သူ ဦးစိန်အောင်လင်းက အထွက်နှုန်း ကောင်းတဲ့ မျိုးတွေကို စိုက်ပိုျးလို့ဝင်ငွေ တိုးတက်လာကြပြီလို့ ဆိုပါတယ်။ ကျော်ဦး

Tuesday, 12 Oct 2010

ကျောင်းကုန်းမှာ တစ်မိုးနှစ်သီးစပါးစံကွက် ရိတ်ပြီ    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့ နယ်သည် ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် မိုးစပါးလျာထားဧက ၁၁၈၃ဝ၂ရှိသည့်အနက် ဧက ၁ဝ၄၇၄၉ စိုက်ပျိုးပြီးစီးခဲ့ပြီး ရေကျ နောက်စိုက်ဧကအနည်းငယ်သာ စိုက်ပျိုးရန် ကျန်ရှိနေခဲ့ရာ တစ်ကွက် ပေါ်ရင်တစ်ကွက် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။     စက်တင်ဘာလ ၁၉ ရက်တွင် ကံျုဖာရိုးကျေးရွာက တောင်သူဦးအောင်မောင်းရဲ့ လယ်မြေဧက ၈ ဒသမ ၇ဝ မှာ တစ်မိုးနှစ် ်သီးစိုက် အိုင်အာ ၇၄၇ စပါးစံကွက်ရိတ် သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ၉၇ ဒသမ ၁ဝ တင်းထွက်ရှိ ကြောင်းသိရပါတယ်။     စံကွက်ရိတ်သိမ်းမှုကို ခြွေလှေ့စက်ဖြင့် ေြွခလှေ့ပြီးပြီးခြင်း ၁၆ ပြည်ကိုက်တင်းဖြင့် စပါး တစ်တင်း ၅ဝဝဝ ကျပ်ဈေးဖြင့်သာပေါင်းမြို့နယ်မှ ရေကျနောက်စိုက် ဒေသများကို မျိုးစပါး အဖြစ်ရောင်းချခဲ့လို့ အကျိုးအမြတ်ရရှိနေတာ တွေ့ရပါတယ်။အောက်တိုဘာလလယ်ပိုင်းမှ စတင်ပြီး ကောက်စောစပါးများ လှိုင်လှိုင်ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။                                                                                                                                သိန်းအောင်

Tuesday, 12 Oct 2010

 ပြည်ဒေသထွက ကိုင်းခရမ်းချဉ်အရောင်းသွက်     ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိကာ အရောင်းသွက်လျက်ရှိပါတယ်။ ဈေးကွက်တွင် ရှမ်းသီးနဲ့ ကိုင်းသီးနှစ်မျိုးရှိပါတယ်။ ယခင်နှစ်က ရှမ်းသီး တစ်ပိဿာ ၈ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်၊ ကိုင်းသီး တစ်ပိဿာ ၁၁ဝဝ ကျပ်မှ ၁၂ဝဝ ကျပ်ရှိခဲ့ သော်လည်း ယခုနှစ်တွင် ရှမ်းသီးရော၊ ကိုင်းသီးပါ တစ်ပိဿာ ၁၂ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးနှုန်းတူသော် လည်း အခွံပါးပြီးနူးညံ့တဲ့ ဒေသထွက် ကိုင်းခရမ်းချဉ်သီးများဟာ ရှမ်းခရမ်းချဉ်သီးများထက် လူကြိုက်ပိုများကာ ပိုမိုအရောင်းသွက် တယ်လို့ သိရပါတယ်။      ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများကို အဝယ်ဒိုင်ဖွင့်ကောက် ယူရာတွင် ရှမ်းပြည်ဘက်မှ သေတ္တာများဖြင့်ဝင်၍ ဒေသထွက် ကိုင်း ခရမ်းချဉ်သီးများမှာ ခြင်းများဖြင့် လာရောက်ရောင်းချကြပါတယ် ပြည်ဈေးကွက်မှတစ်ဆင့် တိုင်းတွင်း မြို့နယ်များသို့လည်း ဖြန့်ဖြူး ရောင်းချတဲ့အပြင် မကွေးဘက်ကိုလည်း တင်ပို့ရောင်းချကြောင်း သိရပါတယ်။                                                                                                                                        အိရွှေဇင်

Tuesday, 12 Oct 2010

ကချင်၊ မိုးကောင်းဒေသတွင် ကျွန်း၊ ရော်ဘာ၊ သစ်မွှေးများပိုမိုစိုက်ပျိုး    ကချင်ပြည်နယ်၊ မိုးကောင်းဒေသတွင် မြေလွတ်မြေရိုင်းများ ရယူစိုက်ပိုျးနေကြသော လုပ်ငန်းရှင်အများစုအနေဖြင့် ကျွန်း၊ ရော်ဘာ၊ သစ်မွှေးပင်များ အများဆုံးစိုက်ပျိုးနေကြောင်း တွေ့ရပါတယ်။ နှစ်တို၊ နှစ်ရှည်ခြံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသူများ မှလည်း ရော်ဘာ၊ သစ်မွှေး၊ ကျွန်းပင်များကို အဓိကထား စိုက်ပျိုး လျက်ရှိပါတယ်။     ယခုအခါ ဒေသတွင်းမှာ ကျွန်း၊ ရော်ဘာ၊ သစ်မွှေးပင်ပေါက် မျိုးစေ့ရောင်းချသူများ၊ ပျိုးထောင်ရောင်းချသူများ အရောင်းအဝယ် သွက်လက်ရှိပြီး သစ်မွှေးမျိုးစေ့ မြန်မာမျိုးမှ တစ်ပြည်ကို ၆ဝဝဝဝ ကျပ်ဈေးရှိပြီး ကျွန်းပျိုးပင်ပေါက် တစ်ပင် ကို ၂ဝဝ ကျပ်၊ သစ်မွှေး ပင်ပေါက် တစ်ပင်ကို ၁၂ဝဝကျပ် (2000 Series ရော်ဘာ) ပင်ပေါက် တစ်ပင်ကို ၁၄ဝဝ ကျပ်ဈေးဖြင့် ရောင်းချနေကြောင်း သိရပါတယ်။                                                                                                                                                  ဝင်းသိန်းဦး

Tuesday, 12 Oct 2010

 ဒုတိယအကြိမ်စိုက်မယ့် ဖရဲ၊ သခွား      ဒုတိယအကြိမ် ဖရဲ၊ သခွားစိုက်ရာသီဖြစ်တဲ့အတွက် မန္တလေး တိုင်းဒေသကြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများနဲ့ အောက်တိုဘာ ၁ ရက်တွင် ဖရဲ၊ သခွားစိုက်တောင်သူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။     အဆိုပါဆွေးနွေးပွဲမှ စီမံကိန်းသီးနံှစိုက်ပျိုးတဲ့ လယ်မြေတွင် စိုက်ပျိုးခြင်းမပြုရန်၊ စီမံကိန်းသီးနံှစိုက်ပျိုးပြီးတဲ့ ယာမြေတွင် စိုက်ပျိုးရန်၊ ဆည်ရေကို သုံးစွဲခြင်းမပြုရန် မြစ်ချောင်း၊ မြေအောက် ရေကိုသာ သုံးစွဲစိုက်ပျိုးရန်၊ မြေလွတ်မြေရိုင်းတွင် ပလပ်ထားတဲ့မြေများ ဥယျာဉ်ခြံမြေများတွင် စိုက်ပိုျးသွားရန်နဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအတိုင်း စိုက်ပျိုးကြဖို့ အသင်းဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ ဆွေးနွေးမှာကြားသွားကြောင်း သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ရရှိ မည့်ကာလကို မျှော်မှန်းပြီး အကျိုး အမြတ်ရရှိရေးအတွက် ရာသီ အမီ စိုက်ပျိုးသွားရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူအသင်း အနေဖြင့် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်စီးပွားရေး တိုးတက်ရန် အတွက် မှန်ကန်တဲ့ရောင်းဝယ်မှုစနစ်ကို ကျင့်သုံးစိုက်ပျိုးကြဖို့ ဆွေး နွေးကြတယ်လို့ သိရပါတယ်။ အေးအေးတင်

Tuesday, 12 Oct 2010

 အရောင်းအဝယ်အေးနေတဲ့ ပြည်အာလူးဈေးကွက်       ဒီတစ်ပတ် ပြည်အာလူးဈေးကွက်တွင် မိုးသီးနံှဖြစ်တဲ့ ကျောက်ဖရုံ၊ ဘူး၊ ခရမ်း စတဲ့သီးနံှများ လှိုင်လှိုင်ပေါ်နေတဲ့အတွက်စားသုံးသူအဝယ်နည်းနေပြီး ဈေးနှုန်းအခြေအနေလည်း ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ အာလူး  များ တစ်ပတ်ကို ပိဿာ ၄ဝ ဝင် အိတ် ၂ဝဝ ခန့်အဝင်ရှိနေပြီး ရန်ကုန်ဘက်မှလည်း အောင်ပန်းအာလူးကိုပင် တစ်ပတ်အိတ် ၁၈ဝ ခန့်ကို ဈေးအနည်းအများပေါ်မူတည်ပြီး တင်သွင်းရောင်းဝယ်နေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် ဇွန်၊ ဇူလိုင်လများ၌ အာလူး တစ်ပိဿာ ၁၄ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး သြဂုတ်လမှစပြီး တဖြည်းဖြည်း ဈေးအေးလာခဲ့ရာ ယခုတစ်ပတ်ထိ အာလူးအကြီး တစ်ပိဿာ ၈ဝဝ ကျပ်၊ အသေး ၆ဝဝ ကျပ်နဲ့ ပုံမှန်အားဖြင့် တစ်နေ့ ပိဿာ ၁၅ဝဝ ခန့်နှင့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။                                                                                                                                  ဝင်းလဲ့ဝါ

Tuesday, 12 Oct 2010

 မန္တလေသစ်သီးဈေးကွက်      မန္တလေးသစ်သီးဈေးကွက်မှာ တရုတ်သစ်သီးတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်၊ နဂါးမောက်၊ ဆန်းကစ်၊ စပျစ်စတဲ့အသီးတွေ အဝင် နည်းပြီး ပြည်တွင်းသီးတွေဖြစ်တဲ့ ဖရဲ၊ သခွား၊ သင်္ဘော၊ ကမ္ဗလာ၊ လိမ္မော်၊ ထောပတ်၊ ပင်မှည့်၊ ဂရိတ်ဖရု၊ သြဇာတွေ အဝင်များနေ တာကို တွေ့ရပါတယ်။ လိမ္မော်ကတော့ အဝင်ရှိပေမဲ့ အဝင်နည်းပြီး ရက်ခြားသာဝင်ပါတယ်။ လိမ္မော်ကို ပြည်တွင်းက ရှမ်းပြည်နယ် တောင်ပိုင်းသီးနဲ့ တရုတ်သီးတွေ စဝင်နေတာကိုတွေ့ရပြီး သီတင်း ကျွတ်နောက်ပိုင်းမှ လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။      တရုတ်လိမ္မော် တစ်ဖာ ၁၂ဝဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိဈေး ရှိပါတယ်။ ပြည်တွင်းလိမ္မော်က အချိန် ၁ဝဝ ကို ၁ဝဝဝဝဝ ကျပ်ဈေး ရှိပေမဲ့ အရောင်းအေးပါတယ်။ မန္တလေးမှာ ဖျော်ရည်သီးဖြစ်တဲ့ ပင်မှည့်၊ ကမ္ဗလာနဲ့ ဂရိတ်ဖရုသီးတွေက အရောင်း သွက်ပြီး ပင်မှည့် တစ်လုံး ၅ဝ ကျပ်၊ ၆ဝကျပ်၊ ဂရိတ်ဖရုတစ်လုံး ၄ဝ ကျပ်၊ ၅ဝ ကျပ် ကမ္ဗလာ အချိန် ၁ဝဝ ကို ၅ဝဝဝဝ ကျပ်၊ ၆ဝဝဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။                                                             မျိုးသီတာ

Pages