Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ SQ ၊ FAQ ကို နေ့စဉ် အရောင်းအဝယ်ဖြစ်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ် က တန်ချိန် ၇၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်) အတွင်းမှာတော့ တန်ချိန် ၆၆၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က လယ်ယာထုတ်ကုန်ဈေးကွက်တစ်ခုဖြစ်တဲ့ Maharashtra ပြည်နယ်မှာ ကြက်သွန် နီသိုလှောင် ထားမှုနဲ့ ကြက်သွန်နီအသစ်ဝင်ရောက်မှုကြောင့် ကြက်သွန်နီဈေးနှုန်းတွေ တစ်ကီလိုဂရမ်ကို ၂ ရူပီး ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
အိန္ဒိယနနွင်း လက်ငင်းဈေးကွက်များမှာ စပ်မျိုးနနွင်းလက်ချောင်းကို ဝယ်လိုအားရှိလာလို့ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ် လာ ၅၈)ခန့် မြင့်တက်ခဲ့ပါတယ်။ဒါပေမယ့်စပ်မျိုးနနွင်းဥကိုတော့ အဝယ်မရှိလို့ တစ်တန် ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၉)လျော့ ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝယ်လက်များ ဝယ်ယူမှုမှာ အကန့်အသတ်သာရှိတာကြောင့် ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ကနေဒါပဲထုတ်လုပ်မှုဟာ မနှစ်ကနဲ့ယှဉ်ရင် ၂၀၁၁ ခုနှစ်မှာ ပဲလုံးတန်ချိန် တစ်သန်းနီးပါးလျော့နည်းမှာ ဖြစ်ပေမယ့် ဝယ်လိုအားနည်းနေတဲ့အတွက် ဈေးကွက် အတွင်း ဈေးနှုန်းမြင့်တက်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ကနေဒါ စာရင်းအင်းဌာနမှ ဒီဇင်ဘာ ၆ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၁၁-၁၂ ပဲလုံးထုတ်လုပ်မှုဟာ တန်ချိန် ၂ ဒသမ ၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံ တင် သွင်းမှုဟာ ယခုနှစ် အောက်တိုဘာ အတွင်းမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၄၀၆ သန်းဖိုးသာရှိလို့ ယခင်ဘဏ္ဍာ နှစ်ကာလတူ တင်သွင်းခဲ့တဲ့ ကန်ဒေါ် လာ ၄၉ ဒသမ ၆၉ သန်းဖိုးနဲ့ယှဉ်ရင် ၂၄ ရာခိုင်နှုန်း သို့မဟုတ် ကန် ဒေါ် လာ ၁၂ ဒသမ ၂၈၄ သန်း လျော့ကျ တင်သွင်းခဲ့ တယ်လို့ တရားဝင်စာရင်း များအရ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲခွဲစက်များမှ အဝယ်နည်းပေမဲ့ ပဲစင်းငုံ လက်ကျန်နည်းလာတာကြောင့် ပဲစင်းငုံဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှ ဝင်လာမယ့်ပဲစင်းငုံ ပမာဏလျော့နည်း နိုင်ခြင်းက လှောင်လက်များအတွက် လုံလောက်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ဝယ်ယူမှုနည်းနေတဲ့အတွက် နောက်ရက်များမှာ ဈေးသိသိသာသာ မြင့် တက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ် ဒါ့အပြင် မွန်ဘိုင်းမှ ပဲတင်သွင်းသူများက လည်း အစောပိုင်း သိုလှောင်ထားတဲ့ ပဲများကို ဈေးအနိမ့်နဲ့ ရောင်းဝယ် ထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် ၈-၁၂-၁၁ ၇-၁၂-၁၁ ၆-၁၂-၁၁ ၅-၁၂-၁၁မွန်ဘိုင်း ၆၁၈-၆၁၉ ၆၁၂ ၆၂၅ ၆၂၅-၆၃၀ဒေလီ ၆၅၆-၆၆၆ ၆၃၆-၆၆၀ ၆၅၉-၆၆၄ ၆၆၄-၆၇၄ချန်နိုင်း ၆၁၃-၆၁၈ ၆၂၁ ၆၂၅ ၆၂၅MIRT(MAPT)
အိန္ဒိယပြည်တွင်းဈေးကွက်များကို မတ်ပဲဝင်ရောက်မှု နည်းလာတာကြောင့် ဈေးအနည်းငယ်တိုးလာပါတယ်။ ဒါ့အပြင် ပဲခွဲစက်များနဲ့ လှောင်လက်တချို့မှလည်း အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။
ICE ကြိုပွိုင့်ဈေးကွက်မှာ သကြားကြမ်းဈေး လက်ရှိတစ်ပေါင်ကန်ဒေါ်လာ ၂၃ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၀၇) ရှိရာမှ လာမယ့်နှစ်မှာ သိသိသာသာကျဆင်းဖွယ် ရှိတယ်လို့သိရပါတယ်။ ကမ္ဘာ့သကြားစိုက်ပျိုးထုတ်လုပ် တင်ပို့မှုအကြီးဆုံးဖြစ်တဲ့ ဘရာဇီး နိုင်ငံမှာ ရာသီဥတုဆိုးဝါးပြီး ၂၀၁၁-၂၀၁၂ မှာ သကြားထွက်ရှိမှုကျဆင်း မယ်လို့ ခန့်မှန်းထားတဲ့တိုင် အိန္ဒိယ၊ ထိုင်းနဲ့ သြစတြေးလျတို့ ကြံထွက်ရှိမှုတိုးတက်ပြီး သိုလှောင်မှုများခြင်းက ဘရာဇီးနိုင်ငံမှ အထွက်လျော့ကျမှုကို ပြန်လည်ဖြည့်ဆည်း နိုင်မယ်လို့ Capital Economics မှ စီးပွားရေးပညာရှင်များမှ ပြောကြားပါတယ်။ သကြားတင်သွင်းတဲ့ တရုတ်နိုင်ငံပင်လျှင် ၎င်းင်းတင်သွင်းမှုအမြင့်ဆုံးပမာဏ အောက်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စီးပွားရေး အားပျော့လာခြင်းကြောင့် စားသုံးမှုတိုးတက်ခြင်းကလည်း နှေးကွေးလာတာနဲ့အမျှ ရေနံဈေးနဲ့ အခြားကုန်စည် ဈေးများကျဆင်းနေတာကြောင့်လာမယ့်နှစ်များမှာ သကြားဈေးကွက်အတွင်း ထုတ် လုပ်မှု ကုန်ကျစရိတ်များ ကျဆင်းဖွယ်ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။ စီးပွားရေးပညာရှင်များ ခန့်မှန်းကြရာမှာ နောက်နှစ်နှစ်ကျော်မှာလည်း သကြားရောင်းချမှု ပိုလျှံမယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်း သကြားဈေးဟာ လက်ရှိပမာဏအောက် ၂၀ ရာခိုင်နှုန်းဝန်းကျင်နိမ့်ကျပြီး ၂၀၁၃ မှာ တစ်ပေါင်ကို ကန်ဒေါ်လာ ၁၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၃၃၁) ကို ထပ်မံကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင် Source: bloomberg.net
နိုဝင်ဘာလနှောင်းပိုင်း အာရှရော်ဘာဈေးနှုန်းတွေက လဆန်းပိုင်းကာလနှုန်းထားတွေအောက် များစွာ လျော့နည်း လာတယ်။ လဆန်းပိုင်းက တစ်တန်ကို ၃၉၆၂ ဒေါ်လာ ရှိနေခဲ့တဲ့ ထိုင်းမှ မှိုင်းခံရော်ဘာ အဆင့် (၅) (Rubber Smoked Sheet-RSS-5) အမျိုးအစားက နိုဝင်ဘာ လနှောင်းပိုင်းမှာ တစ်တန်ကို ၃၃၀၀ ဒေါ်လာဝန်းကျင်အထိ ကျဆင်းသွားတယ်။ ကြွေးမြီအကျပ်အတည်း ပြဿနာကြုံ နေတဲ့ ဥရောပဒေသအပါအဝင် ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှ ရော်ဘာဝယ်လိုအား ကျဆင်းနေခြင်းက ရော်ဘာဈေးနှုန်း အပေါ် ဖိအားဖြစ်စေတယ်။ အီးယူဒေသရဲ့ ရော်ဘာဝယ်လို အားက ကမ္ဘာ့ရာဘာဝယ်လိုအားရဲ့ ၁၁ ရာခိုင်နှုန်း ဝန်းကျင် ရှိတယ်လို့ ဥရောပဒေသ တာယာနဲ့ ရော်ဘာထုတ်လုပ်သူများအသင်းက ပြောကြားတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်းလာတဲ့အတွက် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား သုံးနိုင်ငံပါဝင်တဲ့ နိုင်ငံတကာ ရော်ဘာကောင်စီ (ITRC) အနေနဲ့ ရော်ဘာတစ်ကီလိုကို အနိမ့်ဆုံးဈေးနှုန်းမှာ ၃ ဒသမ ၅၀ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၃၅၀၀) ရရှိမှသာ ရောင်းချဖို့ သဘောတူခဲ့ကြတယ်။ ရော်ဘာစေး ထုတ်ယူမှုကိုလျှော့ချပြီး တင်ပို့မှုကို ကန့်သတ်ကာ သိုလှောင်မှုပမာဏကို မြှင့်တင်ကြမယ်လိ့ုလည်း သဘောတူညီခဲ့ကြတယ်။ ဒါ့အပြင် ရော်ဘာဈေးနှုန်းတွေ ထပ်မံကျဆင်းမယ်မျှော်မှန်းကာ စာချုပ်တွေဝယ်ယူမှုနှုန်း လျှော့ချတဲ့ သင်္ဘောတင်ပို့မှုရက်တွေ ရွှေ့ဆိုင်းတဲ့ ဝယ်ယူသူတွေကို အမည်ပျက်စာရင်း ( Black List) မှာ ထည့်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ ပပ၊ Source:thejakartaglobe.com, the Jakarta post , rubberboard.org.in
ရူပီးတန်ဖိုးတွေကျဆင်းနေပေမယ့် အင်ဒိုနီးရှားထုတ်ကုန်ပစ္စည်းတွေ ဝယ်လိုအား နှောင့်နှေးနေတာက ပို့ကုန်သမားတွေ အတွက် နောက်ဆုံးကြုံတွေ့ရတဲ့ ပြဿနာဖြစ်နေကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ အမှာတွေ ကျဆင်းနေကြောင်း အင်ဒိုနီးရှား ဆီအုန်းအသင်း (Gapki)ရဲ့အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ စားအုန်းဆီကြမ်း သင်္ဘောတင်မှုက စက်တင်ဘာမှာ တန်ချိန် ၁ ဒသမ ၆ သန်းအ ထိကျဆင်းခဲ့ပြီး သြဂုတ်မှာ တန်ချိန် ၁ ဒသမ ၈ သန်းရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ သြဂုတ်ကနေ စက်တင်ဘာအထိကာလမှာ အိန္ဒိယကို တင်ပို့မှု ၁၄ ရာခိုင်နှုန်းကျဆင်းပြီး ၅၄၆၀၀၀ တန်ရှိပြီး ဥရောပသမဂ္ဂကို တင်ပို့မှု ၁၉ ရာခိုင်နှုန်းကျဆင်းကာ ၄၈၁၀၀၀ တန်ရှိကာ တရုတ်ကို တင်ပို့မှုကတော့ ၄ ရာခိုင်နှုန်းကျဆင်းကာ ၂၉၃၀၀၀ တန်ရှိကြောင်းသိရပါတယ်။ ရူပီးဈေးကျတာကြောင့် ပို့ကုန်သမားအတွက် အမြတ်ပိုနိုင်ပေမယ့် ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်မှုအားကောင်းလာတာကြောင့် ၎င်းတို့အနေနဲ့ ရူပီးဈေးငြိမ်မှ စီးပွားရေးအတွက် ပိုမို ကောင်းမွန်နိုင် ကြောင်း ကုန်သည်များက ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ၁၇ လအတွင်း ရူပီးဈေးအနိမ့်ဆုံးကို ရောက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေကလည်း ဥရောပကြွေးမြီအကျပ်အတည်းကြောင့် စိုးရိမ်ပြီး ဒေါ်လာတွေကို ကိုင်ထားတဲ့အတွက် ထိုင်းဘတ်ငွေရော အိန္ဒိယရူပီးပါ ဈေးကျခဲ့တယ်လို့သိရပါတယ်။ မကြာသေးမီက ရူပီးဈေးကျတဲ့အတွက် ရော်ဘာထုတ်လုပ်မှုကျနေပေမယ့်လည်း အသက်ရှု အနည်းငယ်ချောင်လည်ခဲ့ကြောင်း တောင်ဆူမားတြား ဒေသက ရော်ဘာပို့ကုန်သမားတစ်ဦးကပြောပါတယ်။ မိမိတို့ဒေသမှ မိုးသည်းထန်တဲ့ ရာသီဖြစ်နေတာကြောင့် ရော်ဘာအထွက်ကျနေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားပါတယ်။ ရော်ဘာဈေးနှုန်းက ဖေဖေါ်ဝါရီမှာ ၁ ကီလိုကို ၆ ဒသမ ၄ ဒေါ်လာရှိခဲ့ပေမယ့် ယခုအချိန်မှာ ၃ ဒေါ်လာ အထက်မှာ ပဲရှိကြောင်း၊ ဒီလိုရော်ဘာဈေးကျတာက ဥရောပနိုင်ငံများရဲ့ အကြပ်အတည်းကြောင့် ဖြစ်ပြီး ဥရောပနိုင်ငံတွေက ကမ္ဘာ့ရော်ဘာ ဝယ်လိုအားရဲ့ ၁၁ ရာခိုင်နှုန်းကိုသုံးစွဲတာဖြစ်ကြောင်း ဥရောပ တာယာနဲ့ ရော်ဘာထုတ်လုပ်သူများ အသင်းရဲ့ စာရင်းများအရ သိရပါတယ်။ လာမယ့်နှစ်မှာတော့ပြည်တွင်းဝယ်လိုအားက ရောင်းချနှုန်းကို အထောက်အပံ့ ပေးနိုင်ကြောင်း ကုန်သည်များက မျှော်လင့်နေပါတယ်။ အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ ရော်ဘာထုတ်လုပ် သောနိုင်ငံများအသင်း (ANRPC) ရဲ့ ဝယ်လိုအားက ကမ္ဘာ့သုံးစွဲမှုရဲ့ ၅၇ ရာခိုင်နှုန်းကို သုံးစွဲပြီး လာမယ့်နှစ်မှာ ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၆ ဒသမ ၃ သန်း သုံးစွဲဖွယ် ရှိကြောင်း (ANRPC) ရဲ့ အထွေထွေအတွင်းရေးမှူးကပြောကြားပါတယ်။ Source: Jakata globe,KZW