Background
ပဲသစ်ဝင်ရောက်မှုကြောင့် ပြည်ပက တင်သွင်းတဲ့ ပဲစင်းငုံဈေးကျ အိန္ဒိယပဲစင်းငုံရိတ်သိမ်းထွက်ရှိနေတာကြောင့် ဖေဖော်ဝါရီလ ပထမ ၂ ပတ်မတိုင်မီ အိန္ဒိယဆိပ်ကမ်းတွေမှာ တင်သွင်းပဲစင်းငုံတစ်တန် ကန်ဒေါ်လာ ၁၁ဝဝ ဝန်းကျင်ရှိခဲ့ရာက လတ်တလောမှာကန်ဒေါ်လာ ၈၅ဝ ကို ကျဆင်းခဲ့ တယ်လို့ ကုန်သည်များနဲ့ဈေးကွက်လေ့လာဆန်စစ်သူများက ဆိုပါတယ်။ ကာနာတာကာ၊ မဟာရပ်ရှ်တရာနဲ့ မဒ္ဒရာပရာဒေ့ရှ် တို့ရဲ့ လက်ငင်းဈေးကွက်တွေကို ပဲစင်းငုံသစ်တွေ ဝင်ရောက်နေခြင်းက ပြည်တွင်းဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ လတ်တလောပဲစင်းငုံဈေးက တစ်ကီလို ရူပီး ၃၅-၃၇ (ကန်ဒေါ်လာ ဝ ဒသမ ၇၈-ဝ ဒသမ ၈၃) ရှိလို့ ဇန်နဝါရီလ ဈေးထက် ရူပီး ၅-၁ဝ (ကန်ဒေါ်လာ ဝသမ ၁၁-ဝ ဒသမ ၂၂) ကျဆင်းခဲ့ပြီး ပဲစင်းငုံခွဲခြမ်း လက်ကားဈေးကလည်း ရူပီး ၅-၁ဝ ကျဆင်းပြီး တစ်ကီလို ရူပီး ၅ဝ-၅၅ (ကန်ဒေါ်လာ ၁ ဒသမ ၁၂- ၁ ဒသမ ၂၃) နဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ ယခုနှစ်အိန္ဒိယပဲစင်းငုံ အထွက်ကို တန်ချိန် ၂၂ သိန်း ဝန်းကျင်ခန့်မှန်းထားလို့ ပုံမှန်ထွက်ရှိမှု တန်ချိန် ၂၃- ၂၄ သိန်းထက် လျော့ကျပေမဲ့ ပဲပင်ကြီးထွားချိန် အဓိကပဲစိုက်ဒေသတွေမှာ ရာသီဥတုဆိုးဝါးခဲ့လို့ အထွက်လျော့ကျမယ်လို့ အစောပိုင်းခန့်မှန်း ပမာဏထက်တော့ ပိုမိုနေဆဲဖြစ်ကြောင်း အင်ဒိုရီ အခြေစိုက် Ruchi Group မှ မန်နေဂျာReena Gomes က ပြောကြားပါတယ်။ ပဲစင်းငုံကို ဇွန်- ဇူလိုင်လအတွင်း စိုက်ပျိုးပြီး မတ်လမှဧပြီလအတွင်း ရိတ်သိမ်းပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်း လိုအပ်ချက် တန်ချိန် ၂၇-၂၈ သိန်းပြည့်မီဖို့ မြန်မာနဲ့ အာဖရိကနိုင်ငံများက နှစ်စဉ် တန်ချိန် ၃ သိန်းမှ ၄ သိန်း ဝန်းကျင် တင်သွင်းရပါတယ်။ အဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ အအေးပိုခဲ့ တာကြောင့် ဇန်နဝါရီလအတွင်း တင်သွင်းဈေးထောင်တက်ခဲ့ပေမဲ့ ရာသီဥတု ကောင်းမွန်လာတာကြောင့် ပဲဈေးလည်း ပြန်ကျလာခဲ့တယ်လို့ Gomes က ပြောကြားပါတယ်။ ဒါ့အပြင် ပြည်တွင်းပဲဝယ်လိုအားနည်းခြင်းကလည်း ပဲဈေးနှုန်းကို ကျဆင်းစေပါတယ်လို့ ဈေးကွက် ကျွမ်းကျင်သူများက ထောက်ခံပြောကြားပါတယ်။ လတ်တလောမှာ ဈေးသက်သာတဲ့ ဟင်းသီးဟင်းရွက်ကို စားသုံးနေကြလို့ ပဲစင်းငုံ ဝယ်လိုအား နည်းနေတာပါလို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ရောင်းချမှု လျော့ပါးလာမယ့် ဧပြီအလွန်လောက်မှတော့ ပဲစင်းငုံ ဈေးနှုန်း တဖန်ပြန်တက်လာနိုင်တယ်လို့ မွန်ဘိုင်းအခြေစိုက် ပဲမျိုးစုံ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဝယ်လိုအားလျော့ကျခြင်းနဲ့ ပြည်တွင်းပဲပိုမိုရရှိမယ်လို့ မျှော်မှန်းချက်တွေကြောင့် အိန္ဒိယပဲတင်သွင်းမှု ကျဆင်းခြင်းက ဈေးနှုန်းကို ထိခိုက်စေပါတယ်လို့ Gomes က ထပ်လောင်းပြောကြားပါတယ်။ လတ်တလော အများပြည်သူရောင်းဝယ်ရေး ဆိုင် (PSUs) များကလည်း ပြင်ပပေါက်ဈေးနိမ့်နေလို့ များများစားစား ဝယ်ယူခြင်း မရှိဘူးလို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာ လည်း မြန်မာနိုင်ငံက ပဲအထွက်ကောင်းမယ့် အခြေအနေတွေအရ မနှစ်ကလို ဈေးမြင့်တက်လာမှာမဟုတ်ဘူးလို့Ruchi Group မှ အရာရှိများက ဆိုပါတယ်။ ယခင်နှစ်က ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ ထုတ်လုပ်မှု ကျဆင်းလို့ ပဲစင်းငုံ ခွဲခြမ်း တစ်ကီလိုကို ရူပီး ၁ဝဝ (ကန်ဒေါ်လာ ၂ ဒသမ ၂၄) ထိ ထောင်တက်ခဲ့ကြောင်း သိရပါတယ်။ ယမင်းရွှေစင်၊Source: Business strandard
ပဲအသစ်ဝင်ရောက်မှု တိုးလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲအသစ်ဝင်ရောက်မှု ပိုမိုလာတာ ကြောင့် လက်ငင်းဈေး ၃ ဒသမ ဝ၉ ရာခိုင်နှုန်းခန့် လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြိုပွိုင့်ဈေးကတော့ ယခင်ရက်က ကျဆင်းခဲ့ရာမှ မတ်လ ၃ဝရက် မှာ ဈေးကွက်အဝယ်တက်လာလို့ ဝ ဒသမ ၅၉ ရာခိုင်နှုန်းပြန်တက်လာတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစိုက်ပျိုးမှု အများဆုံးမဒ္ဒရာပရာဒေ့ရှ်ပြီးရင် ဒုတိယအများဆုံးစိုက်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းထွက်ရှိနေပြီဖြစ်ပါတယ်။ ဘီကနာက ဈေးကွက်တွေကို ပဲဝင်ရောက်နေပြီဖြစ်ပြီး မကြာခင် ရာဂျက်စသန်က ပဲဝင်ရောက်မှု အမြင့်ဆုံးဖြစ်လာတော့မှာဖြစ်ပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ရာဂျက်စသန်က ပဲအိတ် ၃ဝဝဝဝ ဝန်းကျင်ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက် ဒုတိယအကြိမ်ခန့်မှန်းချက်အရ ယခုနှစ်ကုလားပဲ ထုတ်လုပ်မှု တန်ချိန် ၇ ဒသမ ၃၇ သန်းဖြစ်လို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ၄၈ သန်းထက် ပိုမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှုကို ၁၃ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ပြီး တန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်မယ်လို့ ခန့်မှန်းထားပြီး ကနေဒါ ကုလားပဲဖြူလုံးကြီး ထုတ်လုပ်မှုကတော့ ယခင်နှစ်က တန်ချိန် ဝ ဒသမ ၇၆ သိန်းရှိရာမှ ၂ဝ၁ဝ-၂ဝ၁၁ မှာ တန်ချိန် ၁ ဒသမ ၂၈ သိန်း ကို တိုးတက်ခန့်မှန်းထားပါတယ်။ လာမယ့် ရက်များမှာ ရာဂျက်စသန်က ပဲဝင်ရောက်မှု တိုးတက်လာတော့မှာ ဖြစ်လို့ ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပေမဲ့ ဈေးအနိမ့်မှာ ဝယ်ယူမှုများခြင်း ကတော့ ဈေးတအားမကျအောင် ထိန်းထားနိုင်မယ်လို့ ဈေးကွက်က ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Angle Commodities
အိန္ဒိယဒေလီဈေးကွက်မှာ ပြည်တွင်းပဲတီစိမ်းဈေးလျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပြည်ပက တင်သွင်းတဲ့ ပဲတီစိမ်းဈေးငြိမ်နေပေမဲ့ ဒေလီဈေးကွက်မှာ ပြည်တွင်းထွက်ပဲတီစိမ်းဈေးက တစ်လအတွင်း လျော့ကျခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အင်ဒိုရီဈေးကွက်မှာတော့ ပြည်တွင်း ပဲဈေးက တည်ငြိမ်နေတာတွေ့ရပါတယ်။ ဈေးကွက်တွေအတွင်း လက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ပြည်တွင်းပဲအရည်အသွေးအရ ဈေးနှုန်းကွာခြားမှုရှိတာတွေ့ရပါတယ်။ ဒေလီနဲ့ အင်ဒိုရီဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ပြည်တွင်းပဲတီစိမ်းဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ကန်ဒေါ်လာ ဒေလီ အင်ဒိုရီ၃၁-၃-၁၁ ၈၂၉-၉၆၃ ၁၁၆၅၁-၃-၁၁ ၁၂၈၅ ၁၁၅၂MIRT (MAPT)
တစ်လအတွင်း အိန္ဒိယမွန်ဘိုင်း မတ်ပဲဈေး ကန်ဒေါ်လာ ၆ဝ ကျော်မြင့်လာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးက မတ်လ တစ်လအတွင်း ကန်ဒေါ်လာ ၆ဝ ကျော်မြင့် တက်ကွာခြားခဲ့ပါတယ်။ မတ်လအစပိုင်းမှာ မတ်ပဲ ဈေးအေးပေမဲ့ လကုန်ပိုင်းမှာ ဈေးကွက်အတွင်း ရောင်းချမှု အကန့်အသတ်သာရှိပြီး အဝယ်ပြန်တက်လာတဲ့အတွက် ဈေးပြန်မာလာတာဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ စိုက်ရာ ဥတ္တရာပရာဒေ့ရ်နဲ့ အင်ဒရာပရာဒေ့ရှ်ဒေသတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းမွန်တဲ့အတွက် ပဲအထွက်ပိုမယ်လို့ ခန့်မှန်းကြပါတယ်။ မတ်လဆန်းနဲ့ လကုန် ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ဒေလီ ၃၁-၃-၁၁ ၉၄၆ ၈၉၆-၉၆၃ ၁-၃-၁၁ ၈၈၁ ၈၈၇ MIRT(MAPT)
ဂျပန်နိုင်ငံနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ပြည်သူများ ဗီယက်နမ်ဆားကို ဝယ်ယူလာ တရုတ်ပြည်သူများဟာ ဂျပန်နိုင်ငံမှ ရေဒီယိုသတ္တိြွကပြန့်နံှ့မှုကို ဆားလုပ်ငန်းများမှာ ကာကွယ်မယ့်သတင်းများကြောင့် နယ်စပ်မှ ဖြတ်ကျော်ပြီး ဗီယက်နမ်အိုင်အိုဒင်းဆားများ ဝယ်ယူစုဆောင်းလာကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိြွကများ ပင်လယ်ထဲသို့ စီးဝင်ပြီး ပင်လယ်ရေမှာ ပါဝင်နိုင်တာကို စိုးရိမ်ပြီးHe Kou ရှိ တရုတ်ပြည်သူများဟာ ဗီယက်နမ်နိုင်ငံက ဆားကို အပြေးအလွှား ဝယ်ယူလာတဲ့အတွက် ဆားဈေးများ ထောင်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံLao Cai ပြည်နယ် Coc Leu ရှိ ဆားဆိုင်ပိုင်ရှင်များ ပြောကြားချက်အရ ဆားဈေးကွက်ဟာ ပုံမှန်ထက် ပိုရောင်းနေရတယ်လို့ သိရပါတယ်။ ဆားဈေးများလည်း ၃၅-၅ဝ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သလို ဆားလက်ကျန်များ ဟာလည်း ၂ ရက်အတွင်း ရောင်းကုန်သွားတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းဆိုင်များကလည်း ၎င်းတို့အနေနဲ့ တိုးတက်နေတဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့ အမြင့်ဈေးနဲ့ ဆားတွေဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား အလွန်အမင်းမြင့်မားနေခြင်းက ဆားဈေးရုတ်တရက် မြင့်တက်စေခဲ့တယ် ဆိုပါတယ်။ ပုံမှန်အနေနဲ့ အိုင်အိုဒင်းဆား ၅ဝ ကီလိုတစ်အိတ်ကို ဒေါင် ၁ဝ၅ဝဝဝ (ကန်ဒေါ်လာ၅ ဒသမ ဝ၄)ရှိရာမှ ဒီရက်ပိုင်းအတွင်း ဒေါင် ၁၆ဝဝဝဝ - ၂ဝဝဝဝဝ (ကန်ဒေါ်လာ ၇ ဒသမ ၇၆-၉ ဒသမ ၅၉) အထိမြင့်တက် လာခဲ့တယ်လို့ ဆိုပါတယ်။ He Kou ရှိတရုတ်ဈေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း တရုတ်လူမျိုးများ ဆားကို အပြေးအလွှား ဝယ်ယူလာ ကြလို့ ဈေးနှုန်း မြင့်တက်နေတယ်လို့ အတည်ပြုပြောကြားပါတယ်။ ၂ ကီလို တစ်အိတ်ကို ၅ ယွမ် (ကန်ဒေါ်လာ ဝ ဒသမ ၇၆) နဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ံHe Kou ရှိ ဈေးဆိုင်အားလုံးမှာ ဆားပြတ်လပ်သွားလို့ ဗီယက်နမ်Lao Cai ပြည်နယ်က ဆားတွေစုဆောင်းဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Lao Cai ပြည်နယ်မှာ ဆားဈေး ထောင်တက်နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပင် တရုတ်လူမျိုးများကို ဆား တန် ၃ဝ-၄ဝ ခန့်ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ Lao Cai နယ်စပ်ဂိတ် အကောက်ခွန် ဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Phan Thi Ha ပြောကြားချက်အရ တရုတ်He Kou မှာ ဆားဈေးက ဆက်တိုက်မြင့်တက်ခဲ့လို့ တရုတ်ပြည်သူများက ဗီယက်နမ်ဆားကို ချက်ချင်းတင်သွင်း နေကြတယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက ဆားဈေးကွက်တည်ငြိမ်စေဖို့ ကြိုးပမ်းနေပြီး တရုတ်ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်ရှင်များက အိုင်အိုဒင်းဆားများက ရေဒီယိုသတ္တိြွကပြဿနာကို ကာကွယ်နိုင်ခြင်းမရှိကြောင်း ရှင်းပြဖို့ ကြိုးပမ်းနေသလို တရုတ်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးတဲ့အတွက် ရေဒီယို သတ္တိြွကကြောင့် ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက Lao Cai ပြည်နယ်က ဆားတင်သွင်းမှုကို တင်းကြပ်ထားကြောင်းနဲ့ နယ်စပ်ဒေသခံ များအနေနဲ့ နယ်စပ်ဖြတ်ကျော်ချိန်မှာ လူတစ်ဦး ဆား ၅ အိတ်-၁ဝ အိတ်သာသယ်ယူနိုင်တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Vietnam.Net
နနွင်းဝင်ရောက်မှုလျော့ကျလို့ အိန္ဒိယနနွင်းကြိုပွိုင့်ဈေး မြင့်တက်လာ အိန္ဒိယနနွင်းဈေးကွက်မှာ လက်ကျန်နည်းခြင်းနဲ့ နနွင်းစိုက်ပျိုးရာဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းလို့ နနွင်း ဝင်ရောက်မှု လျော့ကျခဲ့တဲ့ သတင်းများအရ မတ်လ ၂၂ ရက်နေ့မှာ နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၂၅ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ကွေ့နိုင်ငံများက အဝယ်တက်လာတာကြောင့် လည်း ဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်းပတ်များမှာတော့ နနွင်းအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးကွက်ဈေးနှုန်းကို ဖိအား သက်ရောက်နိုင်တယ်လို့ဆိုပါတယ်။ နနွင်းဈေး ပိုမိုမြင့်တက်လာတာကြောင့် တောင်သူများ စိုက်ဧရိယာခဲျ့ထွင် လာကြတဲ့ အတွက် လက်ငင်းဈေးကွက်မှာ နနွင်းသစ်ရောင်းချမှု အဆက်မပြတ်တိုးတက်နေတယ်လို့သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာရှိတဲ့ အဓိကလက်ငင်းဈေးကွက်ကြီးဖြစ်တဲ့ နီဇမ်မာဘတ်မှာ ရူပီး ၄၄၁၉ ဒသမ ၅ (ကန်ဒေါ်လာ ၉၉ ဒသမ ၃၇) ကျဆင်းပြီး၊ ရူပီး ၁ဝ၆၇၆၂ (ကန်ဒေါ်လာ ၂၄ဝဝ ) နဲ့ ဈေးပိတ်ခဲ့တယ်လို့သိရပါတယ်။ နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၂ ရက်နေ့က နီဇမ်မာဘတ်ကို အိတ် ၁၆ဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ ကာလတိုအတွင်း နနွင်းဝင်ရောက်မှုတိုးတက် လာမှာဖြစ်လို့ ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: Angel Commodities
မလေးရှားကို အများဆုံးတင်ပို့ခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၁၃၆ တန် ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွက်ဘက်နိုင်ငံတွေက ဂျပန်နိုင်ငံကို ၁၈ တန်၊မလေးရှားနိုင်ငံကို ၉၀တန်နဲ့ စင်ကာပူနိုင်ငံကို ၂၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ မတ်လမှာ နှစ်ပတ်ဆက်တိုက် အပို့ပျောက်နေတဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော် ဝါရီလအတွင်း ၆၈ တန်သာတင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်ပို့တဲ့ နနွင်းတန်ချိန်က ပိုသာ ခဲ့တယ်လို့ ဆိုရပါမယ်။ ပျမ်းမျှတစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၅၉၅၄ဝ ရရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ Kerala ၏ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်သည့်ဟင်းခတ်အမွှေးအကြိုင်များအား ဂျပန်နိုင်ငံသို့ တင်ပို့မှုလျော့နည်းနိုင် ဂျပန်နိုင်ငံတွင် ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း သဘာဝအဆီ တွေနဲ့ ဟင်းခတ်အမွှေးအကြိုင် အဆီတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဂျပန် နိုင်ငံကို တင်ပို့လျက်ရှိတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဟင်းခတ်အမွှေးအကြိုင်များ ထွက်ရှိရာ ဒေသဖြစ်တဲ့ Kerala က တင်ပို့မှုလျော့နည်းမှာကို စိုးရိမ်လျက် ရှိပါတယ်။ ဖာလာစေ့မှာ ဂျပန်နိုင်ငံကိုအဓိကတင်ပို့နေတဲ့ ပို့ကုန်အမယ်မဟုတ်သော် လည်း ဂျပန်နိုင်ငံကို ငရုတ် ကောင်းနဲ့ ဖာလာစေ့တင်ပို့မှုမှာ လျော့နည်းနိုင်ဖွယ်ရှိပါတယ်။ ဒါ့ပြင် ုKerala က သီဟိုဠ်စေ့တွေကို ဂျပန်နိုင်ငံကို တန်ချိန် ၅၆ဝဝ တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ ဂျပန်နိုင်ငံတွင် ဘေးဒုက္ခဖြစ်ပေါ်ပြီးတဲ့ နောက် သီဟိုဠ်စေ့တင်ပို့မှုမှာလည်း လျော့နည်းသွားနိုင်ပါတယ်။ အလားတူ ပုစွန်ဆိတ်အဓိကတင်ပို့လျက်ရှိတဲ့ ဂျပန်နိုင်ငံကို ပင်လယ်စာ တင်ပို့မှုနဲ့ ၂ဝ၁ဝ ပြည့်နှစ်က ဖွံ့ဖြိုးမှု ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအကြား ဖြစ်ထွန်းခဲ့တဲ့ အုန်းဆံမျှင် တင်ပို့မှုမှာလည်း လျော့နည်းသွားနိုင်ပါတယ်။ ကြည်မာလာ၊Source:commodityonline.com
ငလျင်ကြောင့် ဂျပန်အစားအစာထုတ်လုပ်မှုထိခိုက် ဂျပန်နိုင်ငံရဲ့ အဓိကသီးနံှစိုက်ပျိုးထုတ်လုပ်ရာအရှေ့မြောက်ဒေသဟာ ငလျင် ဘေးသင့်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုအကြီးအကျယ်ရင်ဆိုင်ခဲ့ရကြောင်းနဲ့ ၎င်း ဒေသဟာနိုင်ငံရဲ့ သီးနံှစားသုံးမှုရဲ့ ၃ဝ ရာခိုင်နှုန်းကို ထုတ်လုပ်တဲ့ဒေသဖြစ်ကြောင်း အမေရိကန်သီးနံှကောင်စီ USGC က ပြောကြားခဲ့ပါတယ်။ပျက်စီးသွားတဲ့ဒေသ က အစာထုတ်လုပ်တဲ့စက်ရုံတွေရဲ့ စွမ်းအားကို အခြားဒေသက စက်ရုံတွေရဲ့ ထုတ်လုပ်မှုက ကာမိကြောင်းနဲ့ သဘာဝဘေးဒဏ်ကျရောက်ပြီး နောက်ပိုင်းစက်ရုံတွေ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း USGC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဂျပန်ရဲ့ အစားအစာထုတ်လုပ်မှုစုစုပေါင်းက မက်ထရစ်တန် ၂၅ သန်းရှိပြီး USGC က ငလျင်ကြောင့် သီးနံှကုန်သွယ်ရေးအပေါ်အကျိုးသက်ရောက်မှု တရား ဝင် ထုတ်ပြန်ချက်ကို စောင့်ဆိုင်း နေကြောင်းသိရပါတယ်။ စက်လှေများလိုအပ်မှု၊ လမ်းများပျက်စီးမှုနဲ့ လောင်စာဆီပြတ်လတ်မှုတွေ ကြောင့် ရေထွက်ကုန်နဲ့ ကြက်သားထုတ်လုပ်မှုပိုင်းကတော့ လတ်တလောမှာ အခက်တွေ့နေကြောင်း သိရပါတယ်။လယ်သမားများ အတွက် အစားအစာ ရောင်းလိုအားက အကန့်အသတ်ရှိနေပြီး မွေးမြူရေးတိရစ္ဆာန်တွေအတွက်လဲ အစားအစာ လိုအပ်ချက်ရှိတယ်လို့ USGC က ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ်ရဲ့ ပျက်စီးမှုတွေကြောင့် တိရစ္ဆာန်တွေသယ်ဆောင်ဖို့၊ အပင်တွေရဲ့ စိုက်ပိုျးရေးလုပ်ငန်းစဉ်နဲ့ နို့ထွက်ပစ္စည်းတွေအတွက် စွမ်းအားပြည့်မဆောင်ရွက်နိုင် သေးကြောင်း USGC က ဆက်လက်ပြောကြားခဲ့ပါတယ်။ ယခုရက်သတ္တပတ်အစောပိုင်းမှာတော့ သီးနံှသင်္ဘောတွေက ဂျပန်ရဲ့ တောင် ပိုင်းဆိပ်ကမ်းတွေကို အဆက်မပြတ်ဝင်ရောက်နေပြီး မြောက်ပိုင်းဆိပ်ကမ်းထက်စာ ရင် တောင်ပိုင်းက အန္တရာယ်ကင်းကြောင်း USGC ကပြောကြားခဲ့ပါတယ်။ဒါ့အပြင် ဂျပန်က အမေရိကန်ရဲ့ အကြီးဆုံးပြောင်းဈေးကွက်လဲဖြစ်ကြောင်း သတင်းရရှိ ပါတယ်။ KZW ,Source: Commodity online
ချီကာဂိုကုန်သွယ်ရေးတွင် ပြောင်းကြိုပွိုင့်ဈေးနှုန်း နှစ်လအတွင်း အနိမ့်ဆုံးရောက်ရှိ ဂျပန်နိုင်ငံတွင် နျူကလီးယားအရေးအခင်း အရှိန်အဟုန်မြင့်နေမှုကြောင့် ကုန်စည်ဝယ်လိုအားလည်း ကျဆင်းသွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ပြောင်းကြိုပွိုင့်ဈေးနှုန်းက နှစ်လအတွင်းတွင် အနိမ့်ဆုံးကို ကျဆင်းသွားကြောင်း သတင်း ရရှိပါတယ်။ မတ်လ ၁၈ ရက်နေ့က ချီကာဂိုကုန်သွယ်ရေးတွင် မေလသင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက တစ်ဘွတ် ရှယ်ကို ၃ ဒသမ ၁ ရာခိုင်နှုန်းဈေးကျသွားကာ ကန်ဒေါ်လာ ၆ ဒသမ ၁၆၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၄၃) နဲ့ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းတွင် ပြောင်းဈေးနှုန်းက ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက ကမ္ဘာ့ပြောင်းအများဆုံးတင်ပို့နေတဲ့ နိုင်ငံဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ပြောင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၆၆ ဒသမ ၇ ဘီလီယံရရှိခဲ့ကြောင်း အစိုးရစာရင်းအင်းများအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:atrobuono.com