Background
အိန္ဒိယရဲ့ ဆီးနှင်းခဲတဲ့ အခြေအနေက ကနေဒါပဲလုံးတင်ပို့မှုကို တိုးတက်စေနိုင် အိန္ဒိယရဲ့ ပဲလုံးစိုက်ပျိုးမှုဟာ ဆီးနှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းကျဆင်းတဲ့အတွက် ကနေဒါ တောင်သူများ ပဲလုံး တိုးမြင့်တင်ပို့နိုင်တဲ့ အချိန်အခါကောင်းကို မျှော်လင့်လျက်ရှိပါတယ်။ ယခုရာသီ အိန္ဒိယ ပဲလုံးအထွက်ဟာ အစောပိုင်းမှာ တန်ချိန် ၇ သိန်းထွက်မယ်လို့ ခန့်မှန်းထားရာက အချို့ဒေသတွေမှာ အအေးပိုပြီး နှင်းခါးရိုက်မှုတွေကြောင့် တန်ချိန် ၅၅ဝဝဝဝ ဝန်းကျင်သာ ထွက်ရှိနိုင်ဖွယ်ရှိတယ်လို့ ကနေဒါ ဝက်ဘ်ဆိုဒ် catlemen.ca မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံအဓိကတင်သွင်းသူဖြစ်ပြီး နှစ်စဉ်တန်ချိန် ၃ သန်းဝန်းကျင် လိုအပ်လျက်ရှိပါတယ်။ ယခင် နှစ်က အိန္ဒိယကို တင်ပို့မှုအားလုံးရဲ့ ၆၈ ရာခိုင်နှုန်းခန့်ရှိတဲ့ ပဲလုံးတန်ချိန် ၂ ဒသမ ၈ သန်းကို ကနေဒါနိုင်ငံက တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတော့ ကနေဒါ ပဲလုံးတင်ပို့မှုက တန်ချိန် ၂ ဒသမ ၃ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ကနေဒါရဲ့ ယခုနှစ် ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၁၃ သန်းလို့ ခန့်မှန်းထားလို့ ၂ဝ၁ဝ-၁၁ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၆၈၇ သန်းထက် ကျဆင်းမယ်လို့ ဆိုပါတယ်။ ၂ဝ၁၁-၁၂ သီးနံှရာသီအတွက် ကနေဒါ ပဲမျိုးစုံလက်ကျန်ဟာ တန်ချိန် ၃ သိန်းခန့် သာရှိနိုင်လို့ ယခင်နှစ်က ကျန်ရှိတဲ့ တန်ချိန် ၇၉၅ဝဝဝ ထက် လျော့ကျမယ်လို့ ဆိုပါတယ်။ လတ်တလော ပဲမိုျးစုံဈေးကွက်မှာ ပဲစိမ်းလုံး တစ်ဘူရှယ်ကို ၈ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၉၃.၉၅) နဲ့ ပဲဝါလေး တစ်ဘူရှယ်ကို ၇ ဒသမ ၇၉ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၆.၂၃) ရှိတယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: commodityonline
အိန္ဒိယကုလားပဲဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ ပြန်လည်မြင့်တက် အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ အစောပိုင်းရက်တွေက ကုလားပဲ ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ မတ်လ ၁ ရက်မှာတော့ ပဲခွဲစက်များနဲ့ လှောင်လက်အချို့ အဝယ်ရှိလာလို့ ဈေးပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်ရက်တွေက ဆက်တိုက်ကျဆင်းလာခဲ့ခြင်းက အချို့ဝယ်လက်တွေ အဝယ် ပြန်ထွက်ဖို့ ဖန်တီးခဲ့သလို ဖြစ်တာကြောင့် လက်ငင်းရော၊ ကြိုပွိုင့်ပါ မြင့်တက်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ ပဲရိတ်သိမ်းမှု ပြီးစီးပြီဖြစ်ပြီး ေြွခလှေ့နေပြီဖြစ်လို့ ကာလတိုအတွင်း ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်သလို ရာဂျက်စသန်မှာ လည်း ၁ဝ ရက်အတွင်း ရိတ်သိမ်းမှု စတင်တော့မှာဖြစ်လို့ တစ်လအတွင်း ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာတော့မှာ ဖြစ်ပါတယ်။ ပဲအသစ်ဝင်ရောက်မှု တိုးတက်သလို အခြားပဲတွေ ဈေးကွက်အတွင်း ဝင်ရောက်လာနေတာကြောင့် လာမယ့်ရက်တွေမှာ ကုလားပဲဈေး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒေလီလက်ငင်းဈေးကွက်မှာ မတ်လ ၃ ရက် ကုလားပဲတစ်တန်ကို ရူပီး ၂၅၂၆၆ (ကန်ဒေါ်လာ ၅၅၈) နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ယမင်းခင်၊ ှSource: Angel Commodities
အိန္ဒိယပဲတီရွှေဝါဈေး အနည်းငယ်အေးလာ ယခင်လများက အိန္ဒိယဈေးကွက်တွေမှာ ပဲတီရွှေဝါ၊ ပဲတီစိမ်းဈေး တည်ငြိမ်ခိုင်မာလာခဲ့ပေမဲ့ ယခုလမှာတော့ အနည်းငယ် အေးလာတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်း လက်ကျန်နည်းပေမဲ့ ဈေးနှုန်း ကြီးမြင့်တဲ့ ပဲကိုအဝယ်နည်းတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲအသစ်အချို့လည်း ဧပြီလလောက်မှာ ဝင်ရောက်မှာဖြစ်လို့ လက်ရှိ ဈေးဝန်းကျင်မှာ တန့်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီပဲတီစိမ်း၃-၃-၁၁ ၁၃၁၂-၁၃၃၅ ၁၂၉ဝ၃-၂-၁၁ ၁၃၃၇ ၁၂၇၁MIRT (MAPT)
အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့်ကျဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းနေတာကြောင့် မတ်ပဲအကျဘက်ဆင်းလျက်ရှိရာ ဖေဖော်ဝါရီလကနေ မတ်လဆန်းထိ တစ်တန်ကို ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့်လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းနေပြီဖြစ်ပေမဲ့ ပဲအသစ်ဝင်လာရင် ဈေးကျမယ့်ခန့်မှန်းချက်တွေအရ အဝယ်နည်းနေကြောင်း သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ပဲအထွက်လျော့ကျ နိုင်ပြီး ဈေးကွက်အတွင်း ပဲဝင်ရောက်မှုလည်း ၁ဝ ရက် - ၁၅ ရက်ခန့် နောက်ကျ မယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေးများကို ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F ) ၃-၃-၁၁ ၈၈၄ ၉၂ဝ-၉၃ဝ ၃-၂-၁၁ ၉၅၉ ၉၄ဝ-၉၅ဝ MIRT(MAPT)
တရုတ်ချင်းဈေးအပြောင်းအလဲက ထိုင်းပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းကို အကျိုးသက်ရောက်နေ လက်ရှိအချိန်ဟာ ထိုင်းနိုင်ငံရဲ့ ချင်းအသစ်ထွက်ရှိမှုနဲ့ တင်ပို့မှုအမြင့်ဆုံး ရာသီပဲဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ ယှဉ်ရင် ဈေးနှုန်းမြင့်တက်မှုက ထိုင်းချင်း ယှဉ်ပြိုင်မှုကို များစွာလျော့ကျစေပါတယ်။ ဈေးနှုန်းကွာဟမှုအပေါ် လွှမ်းမိုးနေတဲ့ အချက်များစွာထဲမှာ ရာသီဥတုနဲ့ စိုက်ပျိုးမှုလျော့ကျခြင်းတို့ ပါဝင်သလို အရေးပါတဲ့ အချက်တစ်ခု ကတော့ ဈေးကစားခြင်းနဲ့ သိုလှောင်ထိန်းသိမ်းခြင်းတို့ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ပဲတီစိမ်းနဲ့ အခြားစိုက်ပျိုးရေးထုတ်ကုန်တွေလိုပဲ ချင်းကို လည်း တရုတ်နိုင်ငံမှာ ဈေးကစား ကြတယ်လို့ ဆိုပါတယ်။ ဈေးကစားသူတွေဟာ ပထမအဆင့်အနေနဲ့ ဈေးအနိမ့်နဲ့ ချင်းအမြောက်အမြား ဝယ်ယူသိုလှောင်ခြင်းဖြင့် မြေပြင်မှာ ဝယ်လိုအားတက်လာအောင်လုပ်ကြတယ်။ အဲဒီနောက် ဈေးအမြင့်နဲ့ အမြောက်အမြားဝယ်ယူလိုတဲ့ ပုံစံနဲ့ ဈေးမြှောက်တင်တယ်။ ဈေးတက်လာတာနဲ့ ၎င်းတို့ရဲ့ လက်ကျန်တွေကို ချက်ချင်းရောင်းချလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ချင်းနဲ့ ကြက်သွန်ဖြူ ကုန်ပစ္စည်း ၂ မျိုးကို သိုလှောင်ထိန်းသိမ်းခြင်းနဲ့ ဈေးကစားခြင်းများ ဆက်လက် ဆောင်ရွက်နေခြင်းက ဈေးနှုန်းမြင့်တက်မှုကို တွန်းပို့နေတယ်လို့ တရုတ်ဈေးကွက်လည်ပတ်ရေးဌာနမှ ညွှန်ကြားရေးမှူး Wang Bingnan က ပြောကြားပါတယ်။ ဒါပေမဲ့တရုတ်အစိုးရက အဲဒီကုန်စည်များ ပြည်ပ တင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ဈေးကစားတာတွေကို ထိန်းချုပ်ဖို့လိုပြီဆိုတာ သတိ ထားမိလာကြပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး စီမံသူဖြစ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မရှင်က စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်ခြင်းနဲ့ ဈေးကစားခြင်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ဇူလိုင်လမှာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သိုလှောင်ထိန်းသိန်းမှုလျှော့ချဖို့ ဆောင်ရွက်ခဲ့တဲ့အပြင် တရုတ်အစိုးရ ဟာ ၂ဝ၁ဝ နောက်ဆုံး ၃ လအတွင်း စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပယှဉ်ပြိုင် တင်ပို့နိုင်ဖို့ ဆောင်ရွက်မှုများစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ချက် တွေကြောင့် တရုတ်ချင်းဈေးဟာ သီတင်းပတ် ၆ ပတ်ဆက်တိုက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်နေစဉ်မှာ ထိုင်းနိုင်ငံ ချင်းအသစ်များ ဒီဇင်ဘာလမှာ ဝင်ရောက်လာတဲ့အတွက် ယခင်က အီးယူ ချင်း တင်သွင်းသူတွေက တစ်ကီလိုကို ၂ ဒေါ်လာအထက်ဈေးပေးဝယ်ခဲ့ရာက တစ်ကီလို ၁ ဒေါ်လာအောက်ကို ဈေးချပေးဝယ်လာကြတယ်လို့ ဆိုပါတယ်။ ထိုင်းချင်းဟာ တရုတ်ချင်းထက် အရသာပိုမိုကောင်းမွန်တဲ့အတွက် ဝယ်လက်များစွာက ထိုင်းချင်းကို ပိုမိုနှစ်သက်ကြပါတယ်။ ဒါ့အပြင် ထိုင်းချင်းက ပိုးသတ်ဆေးြွကင်းပါဝင်မှုနည်းပြီး ကျန်းမာရေးအတွက် စိတ်ချရတဲ့GAP ၊ TESCO Nurture ၊ HACCP ၊ GMP နဲ့ SEDEXလို နိုင်ငံတကာအဆင့်မီ စံနှုန်း သတ်မှတ်ချက်များနဲ့ အသိအမှတ်ပြုခံထားရတာဖြစ်လို့ တရုတ်ချင်းထက် စားသုံးသူ ဈေးကွက်ကို ဖြန့်ဝေမှုမှာ ပိုမိုအခွင့်အလမ်းရနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ် ချင်းကလည်း တဖြည်းဖြည်းနဲ့ ဈေးကျဆင်းလာပြီး ထိုင်းနိုင်ငံမှာ ထိန်းချုပ်ခြင်းမရှိတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်လာပြီဖြစ်လို့ ထိုင်းချင်းက ဦးဆောင်ယှဉ်ပြိုင်ပြီး တင်ပို့နိုင်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ ယမင်းးခင်၊Source: freshplaza .com
မလေးရှားကို ချင်း တန် ၄၉ ဒသမ ၄ တန် တင်ပို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း ချင်းတန်ချိန် ၄၉ ဒသမ ၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင် သီတင်းပတ် အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှာပြန်လည် တင်ပို့ခဲ့တာဖြစ်ပါ တယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၄ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့ တဲ့ အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၁၁၃၆ ရရှိခဲ့ပါတယ်။ MIRT (DOT)
တရုတ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ တန် ၇၈ဝဝ ကျော်တင်ပို့ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမြန်မာတရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်းနီးပါးတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၇၈၄ဝ ကျော ်တင်ပို့မှုရှိခဲ့ပါတယ်။နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ၇၆၃၈ တန်ကျော်၊ လွယ်ဂျယ်မှ ၁၈၃ တန်နဲ့ ချင်းရွှေဟော်မှ တန် ၂ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၈၂ဝဝ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၇ဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။မူဆယ်နဲ့ ချင်းရွှေဟော်မှ တင်ပို့မှုလျော့နည်းခဲ့ပြီး လွယ်ဂျယ် မှ တင်ပို့မှုမှာမူ ပိုမိုခဲ့ပါတယ်။ပြောင်းတင်ပို့မှု လျော့နည်းရခြင်းမှာ ကုန်ပစ္စည်းအရင်း တန်ဖိုး တောင်ကြီး ကုန်စည်ဒိုင် ဈေးနှုန်း ၁ ပိဿာ ၂၂၅ ကျပ်၊ လားရှိုး ကုန်စည်ဒိုင်ဈေး ၁ ပိဿာ ၂၈ဝ ကျပ်ဖြစ်နေပြီး ယခုအပတ်မှာ သယ်ယူပို့ဆောင်ခစရိတ် ပြန်လည်မြင့်တက် နေတာကြောင့် မိမိဖက်မှ တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်း ပြောင်းဈေးနှုန်းမှာ ယခင်အပတ်က ၁၆၆၇၈၄ ကျပ်မှ ၁၇၂၄ဝ၇ ကျပ်ထိ ရှိခဲ့ပြီး ယခုအပတ်မှာ ကျပ် ၁၅၈၇၉၆ မှ ၁၇ဝ၁၃၈ ထိရှိနေပါတယ်။တစ်ဖက်နိုင်ငံ ဝယ်ဈေးအနေဖြင့် ယခုအပတ်မှာ ပြောင်းလဲမှုမရှိဘဲ ကုန်စည်ဒိုင် ပေါက်ဈေး တစ်တန်ကို ၁၈၁ဝ ယွမ်နဲ့ ရွှေလီဝယ်ယူမှုဈေး၁၈၉ဝ ယွမ်ဖြစ်နေပြီး ပြောင်းတစ်အိတ်လျှင် ၉၄ ယွမ်မှ ၉၅ ယွမ်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၉၃၁၃၃ ၂၉၈၆၄၆ ၅၅၁၃ ၂ ၂၈၇ ၂၈၇ - -MIRT (DOBT)
ဗီယက်နမ်ပို့ကုန်များ အလားလာကောင်း ၂ဝ၁၁ ရဲ့ ရော်ဘာဝယ်လိုအား တန်ချိန် ၁၁ သန်းမှ ၁၅ သန်းအထိရှိပေမဲ့ ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှု ကတော့ ဒီကိန်းဂဏန်းထက်နည်းနေအုံးမှာ ဖြစ်ကြောင်း ကမ္ဘာ့ရော်ဘာအသင်းက ပြောကြားပါတယ်။ ဝယ်လိုအားက ရောင်းလိုအားထက် ပိုနေတာကြောင့် ရော်ဘာဈေးနှုန်းက ၂ဝ၁၁ မှာ တိုးလာအုံးမယ်လို့ မျှော်လင့် ရပါတယ်။၂ဝ၁ဝ နိုဝင်ဘာလ၊ ဒီဇင်ဘာလကတည်းက ဗီယက်နမ်ရော်ဘာပို့ကုန်၊ သွင်းကုန်အုပ်စုမှာ ပါဝင်တဲ့ ကုမ္ပဏီအတော်များများက အရောင်းအဝယ်စာချုပ်တွေ ချုပ်ဆိုခဲ့ကြောင်း ၎င်းအသင်းရဲ့အကြီးအကဲက ပြောကြားခဲ့ပါတယ်။၂ဝ၁၁ ဇန်နဝါရီလမှာတော့ ဒီအဖွဲ့အစည်းက တန်ချိန် ၈ သောင်း တင်ပို့ခဲ့ကြောင်း သိရပါတယ်။၂ဝ၁၁ ဖေဖော်ဝါရီမှာ တန်ချိန် ၄ သောင်း ထပ်မံတင်ပို့ခဲ့ကြောင်း သိရပါတယ်။လာမယ့်လမှာတော့ ရော်ဘာဈေးနှုန်းက ခုန်တက်သွားနိုင်ပြီးတစ်တန်ကို ဗီယက်နမ်ဒေါင်သန်း ၁ဝဝ (ဒေါ်လာ ၅ဝဝဝ) လောက်ဈေးရှိမယ်လို့သိရပါတယ်။ဒါကတော့ ဗီယက်နမ်ရော်ဘာလုပ်ငန်းများက ကမ္ဘာမှာ တဖြည်းဖြည်းအားကောင်း လာတာကို သက်သေပြတဲ့အချက်ဖြစ်ပါတယ်။၂ဝ၁၁ အစောပိုင်းမှာ တရုတ်နိုင်ငံက ကားတာယာနဲ့ ကျွတ်များ ထုတ်လုပ်ဖို့ဗီယက်နမ်ရဲ့ရော်ဘာတွေကို တင်သွင်းခဲ့ကြောင်း သိရပါတယ်။ဗီယက်နမ်ကလည်း တရုတ်ကို ရော်ဘာ တင်ပို့မှုကို တိုးမြှင့်ဖို့ လိုအပ်နေပါတယ်။ရော်ဘာကနေ ယခုနှစ်ပထမ လေးလပတ်မှာ ဈေးကွက်အကိုျးကျေးဇူးတွေ ခံစားရလိမ့် မယ်လို့ စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြောင်း လဲသိရပါတယ်။ ရော်ဘာအပြင်ပင်လယ်စာ တင်ပို့မှုကလည်း အကိုျးကျေးဇူးတွေရရှိကြောင်း သိရပါတယ်။ဗီယက်နမ် ကုမ္ပဏီ ၅၆၉ ခုကျော်က ပင်လယ်စာထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံ ၁၆၂ နိုင်ငံကို တင်ပို့နေကြောင်း သိရပါတယ်။ အရည်အသွေးပြည့်မီတဲ့ ထုတ်လုပ်မှုတွေကြောင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ အဓိကရောင်းချသူတွေဖြစ် လာနိုင်ကြောင်း သတင်းရရှိပါတယ်။ KZW
အိန္ဒိယပဲစင်းငုံဈေး ဇန်နဝါရီ၊ ဖေဖော်ဝါရီ ကာလတူဈေး ကန်ဒေါ်လာ ၁၂ဝ ကျော်ကွာခြား အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေး ကျဆင်းလျက်ရှိရာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကာလတူဈေးနှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝ ကျော်လျော့ကျကွာခြားနေတာတွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲစင်းငုံ အသစ်တွေ နယ်စုံက ဝင်ရောက်နေပြီဖြစ်ပြီး ဝင်လာတဲ့ ပဲအသစ်များမှာလည်း အရည်အသွေးနိမ့်တာကြောင့် ဈေးလျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်း ဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ် လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F)၂၄-၂-၁၁ ၇၈၈-၇၉၃ ၉၅ဝ-၉၆ဝ၂၄-၁-၁၁ ၉၁ဝ-၉၃၂ ၁ဝ၃ဝMIRT(MAPT)
အိန္ဒိယ မတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၇ဝ ဝန်းကျင်ကျဆင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ၂ဝ၁၁ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ရာမှာ တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၇ဝ ဝန်းကျင် ကျဆင်းလာတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် သိပ် မရှိတော့ပေမဲ့ တချို့ဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှုရှိနေတဲ့အပြင် ပဲခွဲစက်နဲ့ ကုန်သည်တွေရဲ့ ဝယ်လိုအားနည်းမှုကြောင့် ဈေးလျော့ကျလာခြင်း ဖြစ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက တင်သွင်းမတ်ပဲတွေလည်း ဝင်ရောက်လာ တော့မှာဖြစ်လို့ ဈေးနှုန်းအကျဘက်ဆင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဇန်န ဝါရီလနဲ့ ဖေဖော်ဝါရီလ ကာလတူ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေး များကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C & F ) ၂၄-၂-၁၁ ၈၉၃ ၉၇ဝ-၉၅ဝ ၂၄-၁-၁၁ ၉၄၃-၉၆၅ ၉၈ဝ MIRT(MAPT)