Main menu

Background

Monday, 16 Jan 2012

    အမေရိကန်စိုက်ပျိုးရေးဌာန၊ USDA  ရဲ့ သီးနှံအစီရင်ခံစာ မကြာခင်ထွက်ပေါ် တော့မှာဖြစ်ပြီး၊ ချီကာကို ပဲပုပ်ဆီဈေး ကျဆင်းမယ့် အလားအလာများကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေးလည်း ဇန်နဝါရီလ ၁၁ ရက်မှာ အနည်းငယ်တိုး ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်မှာ ပြန်ဆင်းလာခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည် ဒိုင်မှာမတ်လစာချုပ်အခြေခံဈေးဟာ တစ်တန်ရင်းဂစ် ၃၂၂၂ (ကန်ဒေါ်လာ ၁၀၂၉) ထိ မြင့်တက်ခဲ့ရာမှ ၁ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရင်းဂစ် ၃၀၂၀(ကန်ဒေါ်လာ ၉၆၄) ဈေးဖြစ်ခဲ့ပါတယ်။

Monday, 16 Jan 2012

    ယခုနှစ်မှစ၍ တရုတ်နိုင်ငံဘက်မှမြေပဲအနီလုံးဆံ(စပိန်နီဆံ) တစ်ရက်လျှင် အိတ် ၁၀၀၀၀န်းကျင်ဝယ်ယူမှု ရှိကြောင်း၊မန္တလေးမြို့ရှိကုန်သည်များထံမှသိရပါတယ်။ တရုတ် နိုင်ငံသို့ ကုန်တင်ပို့နေတဲ့ မန္တလေးမြို့မှ ကုန်သည်တစ်ဦးက "ဒီလထဲမှာ မြေပဲနီလုံးဆံကို တရုတ်က အဆွဲများနေလို့ ပစ္စည်းလက်ကျန်နည်းသလောက်ရှိနေတဲ့အတွက် ဈေးကွက် ထဲမှာ ပစ္စည်းအဝင်နည်းသွားပြီး၊ဟိုဘက်ကလုပ်ငန်းသုံးအတွက် ဝယ်ယူမှုရှိနေတာ။

Sunday, 8 Jan 2012

ဂျပန်က ဝယ်လိုအားကောင်းနေလို့ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် အရှိန်တက်လာနေပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၅၀ တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်းပတ် (ဒီဇင်ဘာ ၂၆-၃၀) အတွင်းမှာတော့တန်ချိန် ၂၀၀၀ နားနီးလာခဲ့ပါတယ်။

Monday, 26 Dec 2011

    ယခုတစ်ပတ်ဒီဇင်ဘာလ ၁၂-၁၆ရက်အတွင်း ပင်လယ် ရေကြောင်းက နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၁၀၀ ခန့်ရှိပြီး ယခင် သီတင်းပတ်က တင်ပို့တဲ့ တန်ချိန်  ၇၃၀ ထက်ပိုမိုလာပါတယ်။ ယခုတစ်ပတ်မှာ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေး ရှားနဲ့ တရုတ်ကို တင်ပို့ခဲ့တာဖြစ်ပြီး ဂျပန်ကို အများဆုံးနဲ့ တန်ချိန် ၆၆၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးအနေနဲ့ တည်ငြိမ်နေတာတွေ့ရပြီး၊ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် ရိုးရိုး တစ်တန် ကန်ဒေါ် လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိ ကြောင်း သိရပါတယ်။             MIRT - MAPT

Sunday, 18 Dec 2011

    အောက်တိုဘာ ၁ ရက်မှာ စတင် တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှု ၁၀ ရာခိုင်နှုန်း မြင့် တက်နိုင်တဲ့အတွက် ကမ္ဘာ့ဝယ်ယူမှုမှာ တရုတ်နိုင်ငံနဲ့ ဝေစုကလည်း ၆၀ ရာခိုင် နှုန်းထိတိုးတက်လာနေတယ်လို့ ဟမ်း ဘတ်အခြေစိုက် Oil World သုတေသနဌာနမှ ပြောကြားပါတယ်။ ယခုနှစ် အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ စုစုပေါင်းတန်ချိန် ၅၇ ဒသမ ၈ သန်းအထိရှိလိမ့်မယ်လို့လည်းဆိုပါတယ်။

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက နှမ်းပုံမှန်တင်ပို့မှုရှိနေရာ ယခုတစ်ပတ်မှာ ဂျပန်ကို တင်ပို့မှု အားကောင်း တာတွေ့ရပါတယ်။ ဒီဇင်လာလ ၅ ရက်မှ ၉ ရက်အတွင်း နှမ်း တန်ချိန် ၇၃၀ ပင်လယ်ရေကြောင်းက တင်ပို့ခဲ့တဲ့အနက် ဂျပန်ကို တန်ချိန် ၄၅၀ ခန့်ထိ ရှိခဲ့ပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်တို့ကို တင်ပို့ကြောင်း သိရပါတယ်။    ဒီဇင်ဘာလ ၁၅ ရက် FOB ဈေးများအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန်ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုးမှာ ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့  နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Sunday, 18 Dec 2011

    ဥရောပဇုန်ကြွေးမြီး အကျပ်အတည်းအပေါ် စိုးရိမ်မှုများမြင့်တက်လာကာ၊ ကုန်စည်များရောင်းထုတ်မှုများပြီး ဈေးကျဆင်းလာခြင်းတို့ကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ မလေးရှားစားအုန်းဆီကြမ်း  ကြိုပွိုင့်ဈေးလည်း ကျဆင်းခဲ့ပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ စာချုပ်အခြေခံစံနှုန်းဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်း ပြီး၊ တစ်တန်ရင်းဂစ် ၂၉၇၁(ကန်ဒေါ်လာ၉၃၅)ဖြစ်ခဲ့လို့ နိုဝင် ဘာလ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။

Monday, 12 Dec 2011

    ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ သီးနှံ အထွက်လျော့ခြင်းက တောင်အမေရိ ကမှ  ရောင်းချမှုကို အပြိုင်ဝယ်လာ နိုင်တဲ့အတွက် ပဲပုပ်ဈေးနှုန်းမြင့်တက် လာနိုင်တယ်လို့  Oil World  မှ ခန့်မှန်း ပြောကြားပါတယ်။

Monday, 5 Dec 2011

                 ကမ္ဘာ့အကြီးဆုံး ပဲပုပ်စားသုံးတဲ့ တရုတ်နိုင်ငံဟာ စိုက်ပျိုးထုတ်လုပ်သူများ သီးနှံရောင်းချမှုကို အကူအညီ ပေး ဖို့ ပြည်တွင်းထွက်ရှိတဲ့ ပဲပုပ်များ သိုလှောင်မယ်လို့ နိုင်ငံကောက်ပဲသီးနှံ စီမံ ခန့်ခွဲတဲ့ အေဂျင်စီမှ ပြောကြားပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်များမှ တောင်သူများထံက ပဲပုပ် တစ်တန် ယွမ် ၄၀၀၀ (ကန်ဒေါ်လာ ၆၂၇) ဈေးနဲ့ နိုဝင်ဘာလ ၂၃ ရက်မှ ဧပြီလ ၃၀ ရက်အထိ အစိုးရမှ ဝယ်ယူ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ အနေနဲ့ သိုလှောင်ဖို့ ပမာဏကို ကန့် သတ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဝယ်ယူတဲ့ကာလရှည်တဲ့အတွက် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှု ကိုလည်း ကန့်သတ်စေမှာဖြစ် တယ်လို့ Guoxin Futures ကုမ္ပဏီမှ သုတေသနမန်နေဂျာ Cau Yanhui မှ ပြောကြားပါတယ်။ တောင်သူတွေ အနေနဲ့ သင့်တင့်တဲ့ ဈေးနဲ့ရရှိမှာဖြစ်ပြီး၊ အစိုးရ မှ တန်ချိန် ၄ သန်း - ၅ သန်းခန့် ဝယ် ယူနိုင်တယ်လို့လည်း ဆိုပါတယ်။                    ချီကာဂိုမှာ ဇန်နဝါရီ ပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်ဘူရှယ်ကို ကန်ဒေါ် လာ ၁၁ ဒသမ ၂၅ (တစ်တန်ကို ၄၁၆) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပ ဇုန်ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးပြီး၊ ကုန်စည်ဝယ်လို အားကျဆင်းတဲ့အတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ ယခုလအတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လာမယ့်နှစ် ပထမနှစ်ဝက် အတွင်း ရောင်းချသွားမယ့် ၂၀၀၈ ခုနှစ် ကသိုလှောင်ထားတဲ့ပြည်တွင်းပဲပုပ်တန် ချိန် ၄ သန်း - ၅ သန်းခန့် အစိုးရ သိုလှောင်မှုရှိနေသေးတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Bloomberg

Monday, 5 Dec 2011

                      ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန်ချိန် ၁၂၀၀ ကျော်ထိ ပြန်တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်) အတွင်းမှာတော့ တန် ၇၀၀ ခန့်သာရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီယား၊ တရုတ်နဲ့ စင်ကာပူတို့ဖြစ်ပြီး ဂျပန်ကို တန် ၅၀၀ ခန့်နဲ့ အများဆုံးတင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၇၅၂၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၀၅ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၅၅၄၀၀ ခန့်နဲ့ ဝင်ငွေ ကန်ဒေါ်လာ ၇၇ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT(MAPT)

Pages