Main menu

Background

Sunday, 24 Apr 2011

ဒေါ်လာတန်ဖိုး အားပျော့ပြီး ရေနံဈေးနှုန်း မြင့်တက်လို့ ချီကာကို ပဲပုပ်ဈေး ပြန်မြင့်တက်                 ရေနံဈေးဆက်လက် မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ဧပြီလ ၂ဝ ရက်နေ့ ချီကာကိုပဲပုပ်ဈေး ပြန်လည် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းဈေးအနည်းငယ်ကျဆင်းပြီး ဂံျု ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်ပို့ရမယ့် ပြောင်းစာချုပ်ဈေးက ၂ ဒသမ ၁၈ ရာခိုင်နှုန်း၊ ဂုံျဈေးက ဝ ဒသမဝ၃ ရာခိုင်နှုန်းအသီးသီးကျဆင်း ပြီး ပဲပုပ်ဈေးက ၁ ဒသမ ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကပဲပုပ်ဈေးမြင့်တက်ခြင်းက ဒေါ်လာတန်ဘိုးအားပျော့လာတာကြောင့်လို့ သိရပါတယ်။ ဒါ့အပြင် ရေနံဈေးနှုန်း ဆက်လက်မြင့်တက်ခြင်းကလည်း ပဲပုပ် ဈေးနှုန်းကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဧပြီလ ၂ဝ ရက်နေ့ ရေနံစိမ်း ဈေးက တစ်စည်ကို ၃ ဒသမ ၁၇ ဒေါ်လာ မြင့်တက်ပြီး ဒေါ်လာ ၁၁၁ ဒသမ ၄၅ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Xinhua .com

Sunday, 24 Apr 2011

ကာလတိုအတွင်း မလေးရှားစားအုန်းဆီဈေး ပြန်လည်မြင့ ်တက်လာ            ဈေးကွက်များအတွင်း သီးနံှနဲ့ ဆီထွက်သီးနံှဈေးနှုန်းမြင့်တက်လာတာကြောင့် ဧပြီလ ၂၁ ရက်မှာ မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ တစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ဇူလိုင်စာချုပ်ဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၁၅ ရှိခဲ့လို့ ဧပြီလ ၁၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ကြိုပွိုင့်ဈေးက အမေရိကန်သီးနံှအခြေအနေအရ ဝယ်လို အားတက်လာလို့ ဈေးမြင့်တက်ခဲ့ တာကြောင့်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပဲပုပ်နဲ့ ရေနံစိမ်းဈေးနှုန်း အတက်အကျနဲ့ နှိုင်းယှဉ်ရင် စားအုန်းဆီ ဈေးက အနည်းငယ်ကျဆင်းနေခဲ့ပေမဲ့ ယခုဈေးကွက်မှာ တည်ငြိမ်စပြု လာနေ ပြီလို့ ကွာလမ်လာပူ ကုန်စည်ပွဲစားတစ်ဦးက ပြောကြားပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်လိုအားနည်းပြီး ကမ္ဘာမှာ စားအုံးဆီ အများဆုံး ထုတ်လုပ်သူတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ထုတ်လုပ်မှု မြင့်တက်မှုတွေကြောင့် ဈေးနှုန်းအကျဘက်ဆင်းခဲ့ပါတယ်။ ဧပြီလ ၁ ရက်မှ ၂ဝ ရက်အထိ ပြည်ပတင်ပို့မှုဟာ မတ်လကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း ကျဆင်း ခဲ့တယ်လို့ ကုန်စည်စစ်ဆေးတဲ့ Intertek Agri Services က ပြောကြားပါတယ်။                     ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ စားအုန်းဆီတစ်တန်ကို ရင်းဂစ် ၃၉၆၇ (ကန်ဒေါ်လာ ၁၃၁၈) ထိ ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ရာမှ ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မေလအတွင်းမှာ ပြည်ပတင်ပို့ခွန်ကို ၁၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း လျှော့ချနိုင်တဲ့ သတင်းများအရ ဈေးနှုန်းကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့စားအုန်းဆီကြမ်းထွက်ရှိမှုကို Oil World  အဖွဲ့ရဲ့သုတေသနခေါင်းဆောင်က ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၈ ဒသမ ၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။                  မကြာသေးခင်က ဈေးနှုန်းကျဆင်းခဲ့ပြီး ယခုလမှာ တရုတ်နိုင်ငံကလည်း စားအုံးဆီတန်ချိန် ၅၅ဝဝဝဝ ဝယ်ယူသွားမယ်လို့လည်း ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇွန်လပို့ရမယ့် Palm Olein ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၂ ဒသမ ၅ဝ မြင့်တက်ပြီး ကန်ဒေါ်လာ ၁၁၆၂ ဒသမ ၅ဝ ကိုဖြစ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉ ဒသမ ၉၄) မြင့်တက်ပြီး တစ်တန်ကို မလေးရှားရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၂၃) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Sunday, 3 Apr 2011

တရုတ်ဝယ်လိုအားကြောင့် ပဲပုပ် ကုန်သွယ်မှု စံချိန်တင်မြင့်တက်နိုင်          တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေရဲ့ ဝယ်လိုအားက ယခုနှစ်ကမ္ဘာ့ ပဲပုပ် ကုန်သွယ်မှုကို ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်ပြီး တန်ချိန် ၉၇ ဒသမ ၆ သန်းထိ ရှိလာနိုင်တယ်လို့ နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီ  I G C ကပြောကြားပါတယ်။ စက်တင်ဘာ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ ကမ္ဘာ့ပဲပုပ်ကုန် သွယ်မှုကို I G C  ရဲ့ မတ်လအစီရင် ခံစာမှာ တန်ချိန် ၂ သိန်းတိုးမြှင့် ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။               တရုတ်နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်ဆီနဲ့ တိရစ္ဆာန်အစာကဏ္ဍ တိုးတက်မှု မြန်ဆန်လာတာကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၅ ပုံ ၃ ပုံနီးပါးဖြစ်တဲ့ တန်ချိန် ၅၆သန်း ကို ၆ ရာခိုင်နှုန်း တိုးတက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဥရောပ နိုင်ငံမှာ ပဲပုပ်အစား ဈေးနှုန်းပိုမြင့်တဲ့ မုန်ညှင်းစေ့ကို ပြောင်းလဲစိုက်ပျိုးလာကြပြီး ပြည် တွင်းရောင်းချမှု နည်းပါးလာတဲ့အတွက် ပဲပုပ်တင်သွင်းမှုဟာ ၁၃ ဒသမ ၅ သန်း ကို ၁၇ ရာခိုင်နှုန်းမြင့် တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်အမေရိကားရဲ့ ထုတ်လုပ်မှုတိုးတက်မယ့် အလား အလာအရ ၂ဝ၁ဝ-၁၁ ကမ္ဘာ့ပဲ ပုပ်ထုတ်လုပ်မှုကို တန်ချိန် ၂၅၉ ဒသမ ၁ သန်းထိ မြင့်တက်မယ်လို့လည်း ခန့် မှန်းထားပါတယ်။ ဒါ့အပြင် ဘရာဇီး ပဲပုပ် ထွက်ရှိမှုကလည်း တန်ချိန် ၇ဝ ဒသမ ၃ သန်းကို စံချိန်တင်မြင့်တက် နိုင်တယ်လို့ ဆိုပါတယ်။ ဘရာဇီးနဲ့ ပါရာကွေးတို့က ပိုမို တင်ပို့မှုက အာဂျင်တီးနားက တင်ပို့မှု အနည်းငယ်လျော့ကျမှုကို ကာမိယုံမက ပိုမိုမယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ပဲပုပ်တင်ပို့မှုဟာ ၁၂ ရာခိုင်နှုန်းမြင့် တက်ပြီး တန်ချိန် ၃၂ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အာရှနဲ့ အီးယူက ဝယ်လိုအားခိုင်မာလာမှုကြောင့် ကမ္ဘာ့ ပဲပုပ်ဖတ်ကုန်သွယ်မှုကလည်း တန်ချိန် ၅၈ဒသမ ၃ သန်းကို ၇ ရာခိုင်နှုန်း တိုး တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အီးယူ ရဲ့ ပဲပုပ်ဖတ် တင်သွင်းမှုဟာ တန်ချိန် ၂၃ ဒသမ ၉သန်းကို ၈ ဒသမ ၆ ရာခိုင် နှုန်းမြင့်ပြီး ဘရာဇီးရဲ့ ပဲပုပ်ဖတ်တင်ပို့မှု က တန်ချိန် ၁၃ ဒသမ ၂ သန်းကို ၃ ရာခိုင်နှုန်းမြင့်တက်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကမ္ဘာ့ မုန်ညှင်းစေ့ ကုန်သွယ်မှုကတော့ ပဲပုပ်ထက်ဈေးမြင့်တာ ကြောင့် မြောက်အမေရိကားနဲ့ အာရှ ဝယ်လိုအားနည်းလို့ ၁ဝ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန် ၁ဝ သန်းကို ၃ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ Source: dowjones .com

Sunday, 3 Apr 2011

ယခုတစ်ပတ် ဂျပန်ကို အတင်ရှိလို့ နှမ်းတင်ပို့မှုနည်းနည်းပိုလာ               ယခင်သီတင်း ၂ ပတ်ခန့်က ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ဂျပန်ကို တင်ပို့မှုနည်းလို့ တန် ၂ဝဝ ကျော်သာ ရှိခဲ့ရာက ယခုတစ်ပတ် မတ်လ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာတော့ တန်ချိန် ၃၇ဝ ခန့်အထိ တင်ပို့လာနိုင်ခဲ့ပါ တယ်။ ယခုတစ်ပတ်မှာတော့ ဂျပန်နိုင်ငံကို တန် ၁ဝဝ နီးပါးတင်ပို့ခဲ့လို့ အနည်းငယ် ပိုတင်လာနိုင်တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အတွင်းမှာတော့ ပုံမှန် အရောင်းအဝယ်ရှိနေလို့ နှမ်းဈေးငြိမ်နေပြီးရန်ကုန် FOB  ဈေးကတော့ ယခုတစ်ပတ် မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၃၅-၁၅၆ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ- ၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။               MIRT - MAPT

Wednesday, 30 Mar 2011

ဂျပန်ကိုတင်ပို့မှုနည်းနေသေးတဲ့ နှမ်း              ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ လတ်တလောကာလအတွင်း အခြားနိုင်ငံတွေကို ပုံမှန်တင်ပို့မှု ရှိပေမဲ့ ဂျပန်ကိုတော့ ဆက်လက်နည်း နေသေးတာ တွေ့ရပါတယ်။ ယခုသီတင်း ပတ်မှာလည်း တန်ချိန် ၂ဝဝကျော်သာ တင်ပို့နိုင်တာ တွေ့ရပြီး ဂျပန်နိုင်ငံကို တန် ၃ဝ ကျော်သာ တင်ပို့ခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာလည်း တရုတ်ဘက်က အဝယ်အေးလို့ ဈေးငြိမ်နေသလို ရန်ကုန် FOB  ဈေးလည်း ဆက်တိုက် ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခုတစ်ပတ်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကန်ဒေါ်လာ ၁၅၃၅-၁၅၆ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန် ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

ကုန်စည်ဈေးနှုန်းကျဆင်းခြင်းနဲ့ ဒေသတွင်း ကုန်သွယ်ရေး အခြေအနေတွေကြောင့် စားအုန်းဆီကြမ်းဈေး လျော့လာ                    အရှေ့အလယ်ပိုင်းနိုင်ငံရေး တင်းမာမှုများနဲ့ ဂျပန်နိုင်ငံရဲ့ ငလျင်လှုပ် ခတ်မှု အခြေအနေတွေအရ ချီကာကို ပဲပုပ်ဆီဈေး ပြန်ကျလာခြင်းနဲ့အတူ ဒေသတွင်း ကုန်သွယ်ရေး အခြေအနေတွေအရ မတ်လ ၁၆ ရက် မလေးရှားကုန် စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ပဲပုပ်ဆီဈေးနဲ့ စားအုန်းဆီဈေး ကွာခြားမှုဟာ တစ်တန်ကို ကန် ဒေါ်လာ ၄ဝ-၅ဝ ရှိခဲ့ရာက ယခုအခါ ကန်ဒေါ်လာ ၉၆ ထိ ကွာခြားမှုများလာ တာကြောင့် စားအုန်းဆီဝယ်ယူဖို့ ပိုမိုစိတ်ဝင်စားလာနိုင်တယ်လို့ စင်ကာပူရှိ နိုင်ငံ တကာဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။                ဇွန်လအတွက် အခြေခံစာခုျပ်ဈေးအသစ်ဟာ ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျပြီး ရင်းဂစ် ၃၃၄၇ (ကန်ဒေါ်လာ ၁ဝ၃၃) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာမေလ ပဲပုပ်ဈေးဟာ ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၄ ဒသမ ၁၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၉၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု မြင့်တက်မယ့် အလားအလာနဲ့ ဂျပန်နိုင်ငံက နျူကလီးယားပြဿနာကြောင့် အဝယ်အသစ်မရှိတဲ့အတွက် ပဲပုပ်ဈေးနှုန်းကန့် သတ်နိုင်လိမ့်မယ်လို့ မျှော်မှန်းကြပါတယ်။ ဂျပန်နိုင်ငံက ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအား ကျဆင်းခြင်းက စားအုန်းဆီဈေးကို ကျဆင်းဖို့လည်း ဖိအားဖြစ်စေနိုင်တယ် လို့ ကွာလမ်လာပူ အခြေစိုက် ကုန်စည်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ လစဉ် စားအုန်းဆီ တန်ချိန် ၄ဝဝဝဝ-၅ဝဝဝဝ ဝယ်ယူပါတယ်။ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ အင်ဒိုနီးရှားရဲ့ စားအုန်းဆီ ထုတ်လုပ်မှုက ၂ဝ၁၁ အတွင်း တန်ချိန် ၂၂ ဒသမ ၅ သန်းကို အနည်းငယ်တိုးတက် နိုင်တယ်လို့ အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်သူများအသင်း ဥက္ကဌ Fadhil Hasan  က ပြောကြားကြောင်း သိရပါတယ်။               လက်ငင်းဈေးကွက်မှာ ဧပြီလအတွက် စားအုန်းဆီခဲဈေးဟာ ၅ ဒေါ်လာကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၈ဝ ရှိပြီး ချက်ချင်းတင်ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၁ဝ (ကန်ဒေါ်လာ ၃ ဒသမ ၂၆) ကျဆင်းပြီး ရင်းဂစ် ၃၄၂ဝ (ကန်ဒေါ်လာ ၁၁၁၇) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယုဇန၊ ှSource: palmoilhq.com

Sunday, 13 Mar 2011

၂ဝ၁၁- ၂ဝ၁၂ တရုတ် ပဲပုပ်တင်သွင်းမှု မြင့်တက်နေဦးမယ်လို့ ခန့်မှန်း                           တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု လာမယ့် နှစ်မှာ သိပ်များများ မတိုးလာပေမဲ့ ပြည်တွင်းထုတ်လုပ်မှု ကျ ဆင်းခြင်းနဲ့ တိရစ္ဆာန်အစာအတွက် လိုအပ်ချက်ကြီးနေဦးမှာဖြစ်ခြင်းက တင်သွင်းမှုကို မြှင့်တင်လိမ့်မယ်လို့ အမေ ရိကန်စိုက်ပျိုးရေးဌာန အရာရှိများက ပြောကြားပါတယ်။ ကမ္ဘာ့အများဆုံး ပဲပုပ် တင်သွင်းနိုင်ငံအနေနဲ့ လက်ရှိ ရာသီတင်သွင်းမှုထက် ၅ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုပြီး ၂ဝ၁၁-၁၂ ရာသီအတွင်း ပဲပုပ်တန် ၅၈ သန်းခန့် ဝယ်ယူလိမ့်မယ် လို့ ဘေဂျင်းမှာရှိတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန ရုံးခွဲက ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ၂ဝ၁၁-၁၂ အတွင်း ပဲပုပ်စိုက်ပိုျးထုတ်လုပ်မှုကို ခန့်မှန်း ရာမှာ စိုက်ဟက်တာ ၈ ဒသမ ၇ သန်း ကနေ တန်ချိန် ၁၄ ဒသမ ၈ သန်းခန့် ထုတ်လုပ်မှုရှိပြီး ပြည်တွင်းစားသုံးမှု တန်ချိန် ၇၂ ဒသမ ၅၅ သန်းခန့်နဲ့ ပြည်ပက တန်ချိန် ၅၈ သန်းခန့် တင်သွင်း နိုင်ပြီး နှစ်ကုန်လက်ကျန် တန်ချိန် ၁၄ ဒသမ ၅၃ သန်းရှိမယ်လို့ USDA  က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ပဲပုပ်ဆီစားသုံးမှု တိုးတက်သလို အသားစားသုံးမှု ပိုများလာတာနဲ့အမျှ ပဲပုပ်ဖတ် ဝယ်လိုအား တက်လာတာ ကြောင့် ပဲပုပ်တင်သွင်းမှုက ပုံမှန်ကြီး ထွားနေခြင်းဖြစ်ပါတယ်။                            ဒါပေမဲ့ လယ်သမားတွေအနေနဲ့ အစိုး ရ ထောက်ပံ့မှုပိုရပြီး ဈေးပိုရတဲ့ သီးနံှတွေကို ပိုစိုက်လာကြလို့ ယခု ရာသီ ပဲပုပ်စိုက်ပျိုးမှု နည်းမယ်လို့ ဆိုပါတယ်။ ပဲပုပ်စိုက်ပျိုးမှု အကျိုးအမြတ် အနေနဲ့ တစ်ဟက်တာကို ကန်ဒေါ်လာ ၆ဝဝ ခန့်ရှိပေမဲ့ ပြောင်းတစ်ဟက်တာ ကို ကန်ဒေါ်လာ ၆ဝဝ-၁ဝဝဝ ဝန်းကျင်ရှိတာကြောင့် တရုတ်အရှေ့ပိုင်း ပြည် နယ်များမှာ ပဲပုပ်စိုက်ဧရိယာ ၁ဝ ရာခိုင်နှုန်းခန့်ဟာ ဝါဂွမ်းနဲ့ ပြောင်းကို ပြောင်း လဲစိုက်ပိုျး လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးနံှအလှည့်ကျစိုက်ပျိုးမှု မရှိ တာကြောင့် အထွက်နှုန်းလည်း လျော့ ကျ လာခဲ့ရာ အမေရိကန် အထွက်နှုန်း တစ်ဟက်တာ ၃ တန်ရဲ့ ထက်ဝက် ကျော်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: ogrimony.com  

Sunday, 6 Mar 2011

တရုတ်နိုင်ငံက ဖေဖော်ဝါရီလမှာ ပဲပုပ်တန်ချိန် ၃ ဒသမ ၁၇ သန်းခန့်တင်သွင်း              တရုတ်နိုင်ငံရဲ့ ဖေဖော်ဝါရီလအတွင်း ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၃ ဒသမ ၁၇ သန်းခန့် ရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ မတ်လမှာလည်း တန်ချိန် ၃ ဒသမ ၁၆ သန်းခန့် တင်သွင်းရမယ်လို့ ဆိုပါတယ်။ စီးပွားကူးသန်း MOC ဝက်ဘ်ဆိုဒ်က ဖော်ပြတဲ့ ခန့်မှန်းချက်များဟာ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း တင်သွင်းသူများထံက ရရှိတဲ့ အစီရင်ခံစာပေါ် အခြေခံထားတာဖြစ်ပါတယ်။                 MOC  က ထုတ်ပြန်တဲ့ ခန့်မှန်းချက်များဟာ ယေဘုယျအားဖြင့် အမှန်တင်သွင်းမှုထက် အနည်းငယ် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စားဆီနဲ့ ဆီထွက်ပစ္စည်း တင်သွင်းမှု ခန့်မှန်းပမာဏတို့အား ဖော်ပြ လိုက်ပါတယ်                                        ရေတွက်ပုံ - တန်ချိန်              အမျိုးအစား               ဖေဖော်ဝါရီ               မတ်                ပဲပုပ်                        ၃ .၁၇ သန်း           ၃ .၁၆ သန်း                ပဲပုပ်ဖတ်                  ၂၂၇၆ဝ                   ၈၁၆၂               ပဲပုပ်ဆီ                    ၁ဝ၈ဝဝ၅                 ၈၁၆၂               စားအုန်းဆီ                 ၁၉၇၃၅၁             ၉၄ဝဝ၅              မုန်ညှင်းဆီ                   ၁၂၉ဝ၆                    -                                                                      ယမင်းခင်၊ှSource: blackseadgrain

Sunday, 27 Feb 2011

ချီကာကိုပဲပုပ်ဆီဈေးကျဆင်းလို့ စားအုန်းဆီကြမ်းဈေးလည်း လျော့လာ              ကုန်စည်ဈေးကွက်အများစုမှာ ရင်းနှီးမြှုပ်နံှသူတွေက ၎င်းတို့ရင်းနှီး မြှုပ်နံှထားတဲ့ ကုန်စည်တွေ ရှင်းထုတ်နေခြင်းနဲ့ အတူ ဈေးနှုန်းကျဆင်းလာတာကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်၊ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေး လည်း အကျနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားဘာစာကုန်စည်ဒိုင်မှာ မေလစာခုျပ် အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၁၅၅ (ကန်ဒေါ်လာ ၅ဝ ဒသမ ၇၃) ကျဆင်းပြီး တစ်တန် ရင်းဂစ် ၃၅၁၄ (ကန်ဒေါ်လာ ၁၁၅ဝ) ဖြစ်ခဲ့တယ် လို့ သိရပါတယ်။              ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေးက ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၃ ဒသမ ၉၉ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၁၈၉ ဒသမ ၉၃) ဖြစ်ခဲ့တာကြောင့်လည်း စားအုန်းဆီကြမ်းဈေး ပိုမိုကျဆင်း လာတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပါးသွား တာ ကြောင့် ဖေဖော်ဝါရီလ ထုတ်လုပ်မှုဟာ ယခင်လနဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းခန့်မြင့်တက်လာမယ့် အခြေအနေကလည်း စားအုန်းဆီဈေးကို ကျဆင်းဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။                      ဇန်နဝါရီလမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ဝ၆ သန်းထုတ်လုပ် ခဲ့တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ စားအုန်းဆီထုတ်လုပ်မှု တဖြည်းဖြည်းမြင့်တက်လာခြင်း ကြောင့် လည်း စားအုန်းဆီဈေး ကျဆင်းလာတာပါလို့ မလေးရှားစားအုန်းဆီထုတ်လုပ်တဲ့ ကွာလမ်လာပူ Kepong Bhd  ရဲ့ အမှုဆောင်အရာရှိ Lee Oi Hian  က ပြောကြား ပါတယ်။                    ရေနံအဓိကထုတ်လုပ်တဲ့ လစ်ဗျားမှာ မငြိမ်မသက်ဆက်ဖြစ်နေဦးမယ် ဆိုရင် ရေနံဈေးနှုန်းပိုမိုမြင့်တက် လာဦးမှာ ဖြစ်သလို ရေနံနဲ့ အပြိုင် ဘိုင်အိုဒီဇယ် အသုံးပြုတဲ့ စားအုန်းဆီဈေးလည်း လိုက်ပါမြင့်တက်ဦးမယ်လို့ စင်ကာပူ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အများသူငါ တွေက သတိထားနေကြလို့ ဈေးကွက်အတွင်း ရောင်းချသူများပြီး နိုင်ငံရေးတည်ငြိမ် ချိန်ထိ ဝယ်ယူမှုတို့ စောင့်ဆိုင်း နေကြတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြား ပါတယ်။               ဧပြီ၊ မေ၊ ဇွန်အတွက် စားအုန်းဆီခဲဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ မှ ၁၂ဝ၅ ရှိပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ကို ရင်းဂစ် ၁၃ဝ ကျဆင်းပြီး ရင်းဂစ် ၃၆၂ဝ (ကန်ဒေါ်လာ ၁၁၈၅) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Sunday, 20 Feb 2011

တရုတ်ပဲပုပ် တင်သွင်းဈေးမြင့်တက်                 တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်း ဈေးက ဇန်နဝါရီလမှာ ယခင်နှစ်ကာလ တူ ထက် ၂ဝ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အဲဒီလိုတင်သွင်းဈေး မြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့အစိုးရအပေါ် ဖိအားဖြစ်စေတယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဇန်နဝါရီလအတွင်း ပဲပုပ် တင်သွင်းဈေးဟာ တစ်တန်ကို ကန်ဒေါ် လာ ၅၅၈ ကို မြင့်တက်ခဲ့ပြီး တင်သွင်း ပမာဏကတော့ ယခင်လထက် ၅ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၅ ဒသမ ၁၄ သန်းတင်သွင်း ခဲ့တယ်လို့ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု စာရင်းအရ သိရပါတယ်။                  နိုင်ငံတကာဈေးကြီးမြင့်ခြင်းက တရုတ်နိုင်ငံအတွင်း ပြုပြင်ကြိတ်ခွဲထုတ် လုပ်တဲ့ကုမ္ပဏီများကို ပြည်တွင်းပဲပုပ် တွေ ဝယ်ယူဖို့ တွန်းအားဖြစ်စေခဲ့ရာ ပြည်တွင်းပဲပုပ်ဈေးလည်း မြင့်တက် လာခဲ့တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး ရေး တက္ကသိုလ်မှ သုတေသနပညာရှင် Hu Bingchuan  က ပြောကြားပါ တယ်။                  ချီကာကိုမှာ ဖေဖော်ဝါရီ ဒုတိယ ပတ် ဂံျုဈေးက ယခင်နှစ်က ၇၈ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဈေးက ယခင်နှစ်ကာလတူထက် ၉၂ ရာခိုင်နှုန်း ခုန်တက်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၁ ရက်ပဲပုပ်ဈေးကတော့ တောင်အမေရိကားက ရိတ်သိမ်းနေပြီး အမေရိကန် ပဲပုပ်ကို ဝယ်လိုအားအနည်းငယ်သာ ရှိတာကြောင့် ဈေးပြန်ကျခဲ့တယ်လို့သိရပါတယ်။                  ရာသီဥတုဆိုးဝါးမှုကြောင့် အမေရိကန်၊ ဘရာဇီးနဲ့ အာဂျင်တီးနား တို့က ပဲပုပ်တင်ပို့မှုဟာ တန်ချိန် ၉ သန်းခန့် ကျဆင်းနိုင်တယ်လို့ Rabobank   ရဲ့ အစီရင်ခံစာအရ သိရ ပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်စည်ဒိုင် ၄ ခုထဲက တစ်ခုဖြစ်တဲ့ Zhengzhou  ကုန်စည်ဒိုင်မှာ ဂံျုစိုတ်တဲ့ ဒေသမှာ မိုးခေါင်ခြင်းကြောင့် ဂံျုဈေးစံချိန်သစ် တင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးခေါင်ခြင်းကြောင့် ဆန်နဲ့ ဂံျုဈေးက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မြင့် တက်လာခဲ့ရာ ဖေဖော်ဝါရီလအတွင်း FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း လည်း မြင့်တက်ခဲ့တယ်လို့ သိရပါ တယ်။ ယမင်းခင်၊ Source: China Daily

Pages