Background
ဝယ်လိုအားတက်မဲ့ အလားအလာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး အမြင့်နဲ့ပိတ် စားအုန်းဆီဝယ်လိုအားတက်မယ့် အလားအလာနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး မြင့်တက်မှုတို့ကြောင့် မေလ ၁ဝ ရက်နေ့ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစာချုပ်ဈေး ဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၂၅၈ (ကန်ဒေါ်လာ ၁ဝ၈၅) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇူလိုင်ပဲပုပ်ဆီဈေးကလည်း ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ပေါင်ကို ၅၆ ဒသမ ၆၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၄၈) ဈေးနဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိစားအုန်းဆီဈေးနှုန်း အခြေအနေကောင်းမွန်နေပြီး လာမယ့် သီတင်း ပတ်များမှာ အရှေ့အလယ်ပိုင်း ဒေသက ဝယ်လိုအားမြင့်တက်ဖွယ်ရှိတယ်လို့ အီဂျစ် အခြေစိုက် ဟင်းသီးဟင်းရွက်ထုတ်လုပ်တဲ့ ကုမ္ပဏီမှ ကုန်သွယ်ရေးအမှု ဆောင်တစ်ဦးက ဆိုပါတယ်။ မလေးရှား စားအုန်းဆီဘုတ်မှ ပြောကြားချက်အရ ဧပြီလ စားအုန်းဆီထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ၅၃ သန်းကို ယခင်လထက် ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တင်ပို့မှုမှာလည်း ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၁ ဒသမ ၃၃ သန်းရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek Agri Services ရဲ့ ခန့်မှန်းချက်အရ မေလ ၁ ရက်မှ ၁ဝ ရက်အတွင်း တန်ချိန် ၃၂၃၆၅၅ တန်တင်ပို့နိုင်မှာဖြစ်လို့ ယခင်လ ပထမ ၁ဝ ရက်ကထက် ၁၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ မေလအတွင်း စားအုန်းဆီခဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝ၇ ဒသမ ၅ဝ နဲ့ ဇွန်လစာချုပ်ဈေးက ကန်ဒေါ်လာ ၁၁၉၅ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ သင်္ဘောတင်ရမယ့် မလေးရှား FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၁၄ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန်ကို ရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၂၆) နဲ့ ရောင်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com
အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလို့ မလေးရှားစားအုန်းဆီဈေး တစ်ပတ်အတွင်းအနိမ့်ဆုံးကို ရောက်ရှိ အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလာပြီး ကုန်သည်များဈေးထိန်း ဝယ်ယူလာကြတဲ့ အတွက် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ သီတင်းတစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်လ အခြေခံစာချုပ်ဈေးဟာ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၂၇၇ (ကန်ဒေါ်လာ ၁၁ဝ၆) ရှိခဲ့လို့ ဧပြီလ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ချီကာကိုမှာ မေလ ပဲပုပ်ဆီဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၇ ဒသမ ၈၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၇၄) ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလလက်ရှိအချိန်ထိ ထုတ်လုပ်မှုမြင့်တက်ခြင်းက လကုန်လက်ကျန်ပမာဏကို တန်ချိန် ၂ သန်းအထိ တိုးတက်လာဖွယ်ရှိပေမဲ့ ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားကျဆင်းမယ့် အခြေအနေကို စိုးရိမ်နေကြတာ ကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့လည်း လာမယ့်လအနည်းငယ်မှာ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ အဓိကပွဲတော်များအတွက် ဝယ်လိုအားတက်လာနိုင်တာကြောင့် လာမယ့်သီတင်းပတ်အတွင်းမှာတော့ ဈေးနှုန်းကျဆင်းမှု အပြီးသတ်နိုင်တယ် လို့လည်း အခိုျ့က ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးနဲ့ ပဲပုပ်ဆီဈေးအကြား ကွာဟမှုက တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝ ဝန်းကျင်လျော့ကျခြင်းကလည်း စားအုန်းဆီဝယ်ယူဖို့ ပိုဆွဲဆောင်နေပါတယ်။ Citigroup က ခန့်မှန်းတာတော့ ဒုတိယနှစ်ဝက်အတွင်း ထုတ်လုပ်မှု မြင့်တက်နေလို့ ၂ဝ၁၁ ခုနှစ်အတွင်း စားအုန်းဆီကြမ်းဈေး ဟာ ပျမ်းမျှ တစ်တန် ကန်ဒေါ်လာ ၁ဝ၅ဝ မှာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာ ဇူလိုင်လပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး မလေးရှား လက်ငင်းဈေးကွက် FOB ဈေးကတော့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလပို့ရမယ့် Palm Oil ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၇ ဒသမ ၈ဝ နဲ့ ၁၁၅၂ ဒသမ ၅ဝ ဈေးအတွင်းရှိတယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁ ဒသမ ၈) ကျဆင်းပြီး ရင်းဂစ် ၃၃၈၅ (ကန်ဒေါ်လာ ၁၁၄၃) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq .com
ဒေါ်လာတန်ဖိုး အားပျော့ပြီး ရေနံဈေးနှုန်း မြင့်တက်လို့ ချီကာကို ပဲပုပ်ဈေး ပြန်မြင့်တက် ရေနံဈေးဆက်လက် မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ဧပြီလ ၂ဝ ရက်နေ့ ချီကာကိုပဲပုပ်ဈေး ပြန်လည် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းဈေးအနည်းငယ်ကျဆင်းပြီး ဂံျု ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်ပို့ရမယ့် ပြောင်းစာချုပ်ဈေးက ၂ ဒသမ ၁၈ ရာခိုင်နှုန်း၊ ဂုံျဈေးက ဝ ဒသမဝ၃ ရာခိုင်နှုန်းအသီးသီးကျဆင်း ပြီး ပဲပုပ်ဈေးက ၁ ဒသမ ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကပဲပုပ်ဈေးမြင့်တက်ခြင်းက ဒေါ်လာတန်ဘိုးအားပျော့လာတာကြောင့်လို့ သိရပါတယ်။ ဒါ့အပြင် ရေနံဈေးနှုန်း ဆက်လက်မြင့်တက်ခြင်းကလည်း ပဲပုပ် ဈေးနှုန်းကို အထောက်အကူဖြစ်စေခဲ့ပါတယ်။ ဧပြီလ ၂ဝ ရက်နေ့ ရေနံစိမ်း ဈေးက တစ်စည်ကို ၃ ဒသမ ၁၇ ဒေါ်လာ မြင့်တက်ပြီး ဒေါ်လာ ၁၁၁ ဒသမ ၄၅ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Xinhua .com
ကာလတိုအတွင်း မလေးရှားစားအုန်းဆီဈေး ပြန်လည်မြင့ ်တက်လာ ဈေးကွက်များအတွင်း သီးနံှနဲ့ ဆီထွက်သီးနံှဈေးနှုန်းမြင့်တက်လာတာကြောင့် ဧပြီလ ၂၁ ရက်မှာ မလေးရှားစားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ တစ်ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ဇူလိုင်စာချုပ်ဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၁၅ ရှိခဲ့လို့ ဧပြီလ ၁၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ကြိုပွိုင့်ဈေးက အမေရိကန်သီးနံှအခြေအနေအရ ဝယ်လို အားတက်လာလို့ ဈေးမြင့်တက်ခဲ့ တာကြောင့်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပဲပုပ်နဲ့ ရေနံစိမ်းဈေးနှုန်း အတက်အကျနဲ့ နှိုင်းယှဉ်ရင် စားအုန်းဆီ ဈေးက အနည်းငယ်ကျဆင်းနေခဲ့ပေမဲ့ ယခုဈေးကွက်မှာ တည်ငြိမ်စပြု လာနေ ပြီလို့ ကွာလမ်လာပူ ကုန်စည်ပွဲစားတစ်ဦးက ပြောကြားပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်လိုအားနည်းပြီး ကမ္ဘာမှာ စားအုံးဆီ အများဆုံး ထုတ်လုပ်သူတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ထုတ်လုပ်မှု မြင့်တက်မှုတွေကြောင့် ဈေးနှုန်းအကျဘက်ဆင်းခဲ့ပါတယ်။ ဧပြီလ ၁ ရက်မှ ၂ဝ ရက်အထိ ပြည်ပတင်ပို့မှုဟာ မတ်လကာလတူနဲ့ နှိုင်းယှဉ်ရင် ၁၅ ရာခိုင်နှုန်း ကျဆင်း ခဲ့တယ်လို့ ကုန်စည်စစ်ဆေးတဲ့ Intertek Agri Services က ပြောကြားပါတယ်။ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ စားအုန်းဆီတစ်တန်ကို ရင်းဂစ် ၃၉၆၇ (ကန်ဒေါ်လာ ၁၃၁၈) ထိ ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ရာမှ ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မေလအတွင်းမှာ ပြည်ပတင်ပို့ခွန်ကို ၁၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း လျှော့ချနိုင်တဲ့ သတင်းများအရ ဈေးနှုန်းကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့စားအုန်းဆီကြမ်းထွက်ရှိမှုကို Oil World အဖွဲ့ရဲ့သုတေသနခေါင်းဆောင်က ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၈ ဒသမ ၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင်က ဈေးနှုန်းကျဆင်းခဲ့ပြီး ယခုလမှာ တရုတ်နိုင်ငံကလည်း စားအုံးဆီတန်ချိန် ၅၅ဝဝဝဝ ဝယ်ယူသွားမယ်လို့လည်း ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇွန်လပို့ရမယ့် Palm Olein ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၂၂ ဒသမ ၅ဝ မြင့်တက်ပြီး ကန်ဒေါ်လာ ၁၁၆၂ ဒသမ ၅ဝ ကိုဖြစ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉ ဒသမ ၉၄) မြင့်တက်ပြီး တစ်တန်ကို မလေးရှားရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၂၃) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
တရုတ်ဝယ်လိုအားကြောင့် ပဲပုပ် ကုန်သွယ်မှု စံချိန်တင်မြင့်တက်နိုင် တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေရဲ့ ဝယ်လိုအားက ယခုနှစ်ကမ္ဘာ့ ပဲပုပ် ကုန်သွယ်မှုကို ၅ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်ပြီး တန်ချိန် ၉၇ ဒသမ ၆ သန်းထိ ရှိလာနိုင်တယ်လို့ နိုင်ငံတကာ ကောက်ပဲသီးနံှကောင်စီ I G C ကပြောကြားပါတယ်။ စက်တင်ဘာ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ ကမ္ဘာ့ပဲပုပ်ကုန် သွယ်မှုကို I G C ရဲ့ မတ်လအစီရင် ခံစာမှာ တန်ချိန် ၂ သိန်းတိုးမြှင့် ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဟင်းသီးဟင်းရွက်ဆီနဲ့ တိရစ္ဆာန်အစာကဏ္ဍ တိုးတက်မှု မြန်ဆန်လာတာကြောင့် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၅ ပုံ ၃ ပုံနီးပါးဖြစ်တဲ့ တန်ချိန် ၅၆သန်း ကို ၆ ရာခိုင်နှုန်း တိုးတက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဥရောပ နိုင်ငံမှာ ပဲပုပ်အစား ဈေးနှုန်းပိုမြင့်တဲ့ မုန်ညှင်းစေ့ကို ပြောင်းလဲစိုက်ပျိုးလာကြပြီး ပြည် တွင်းရောင်းချမှု နည်းပါးလာတဲ့အတွက် ပဲပုပ်တင်သွင်းမှုဟာ ၁၃ ဒသမ ၅ သန်း ကို ၁၇ ရာခိုင်နှုန်းမြင့် တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်အမေရိကားရဲ့ ထုတ်လုပ်မှုတိုးတက်မယ့် အလား အလာအရ ၂ဝ၁ဝ-၁၁ ကမ္ဘာ့ပဲ ပုပ်ထုတ်လုပ်မှုကို တန်ချိန် ၂၅၉ ဒသမ ၁ သန်းထိ မြင့်တက်မယ်လို့လည်း ခန့် မှန်းထားပါတယ်။ ဒါ့အပြင် ဘရာဇီး ပဲပုပ် ထွက်ရှိမှုကလည်း တန်ချိန် ၇ဝ ဒသမ ၃ သန်းကို စံချိန်တင်မြင့်တက် နိုင်တယ်လို့ ဆိုပါတယ်။ ဘရာဇီးနဲ့ ပါရာကွေးတို့က ပိုမို တင်ပို့မှုက အာဂျင်တီးနားက တင်ပို့မှု အနည်းငယ်လျော့ကျမှုကို ကာမိယုံမက ပိုမိုမယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ပဲပုပ်တင်ပို့မှုဟာ ၁၂ ရာခိုင်နှုန်းမြင့် တက်ပြီး တန်ချိန် ၃၂ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အာရှနဲ့ အီးယူက ဝယ်လိုအားခိုင်မာလာမှုကြောင့် ကမ္ဘာ့ ပဲပုပ်ဖတ်ကုန်သွယ်မှုကလည်း တန်ချိန် ၅၈ဒသမ ၃ သန်းကို ၇ ရာခိုင်နှုန်း တိုး တက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အီးယူ ရဲ့ ပဲပုပ်ဖတ် တင်သွင်းမှုဟာ တန်ချိန် ၂၃ ဒသမ ၉သန်းကို ၈ ဒသမ ၆ ရာခိုင် နှုန်းမြင့်ပြီး ဘရာဇီးရဲ့ ပဲပုပ်ဖတ်တင်ပို့မှု က တန်ချိန် ၁၃ ဒသမ ၂ သန်းကို ၃ ရာခိုင်နှုန်းမြင့်တက်နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကမ္ဘာ့ မုန်ညှင်းစေ့ ကုန်သွယ်မှုကတော့ ပဲပုပ်ထက်ဈေးမြင့်တာ ကြောင့် မြောက်အမေရိကားနဲ့ အာရှ ဝယ်လိုအားနည်းလို့ ၁ဝ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန် ၁ဝ သန်းကို ၃ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ Source: dowjones .com
ယခုတစ်ပတ် ဂျပန်ကို အတင်ရှိလို့ နှမ်းတင်ပို့မှုနည်းနည်းပိုလာ ယခင်သီတင်း ၂ ပတ်ခန့်က ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ဂျပန်ကို တင်ပို့မှုနည်းလို့ တန် ၂ဝဝ ကျော်သာ ရှိခဲ့ရာက ယခုတစ်ပတ် မတ်လ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာတော့ တန်ချိန် ၃၇ဝ ခန့်အထိ တင်ပို့လာနိုင်ခဲ့ပါ တယ်။ ယခုတစ်ပတ်မှာတော့ ဂျပန်နိုင်ငံကို တန် ၁ဝဝ နီးပါးတင်ပို့ခဲ့လို့ အနည်းငယ် ပိုတင်လာနိုင်တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အတွင်းမှာတော့ ပုံမှန် အရောင်းအဝယ်ရှိနေလို့ နှမ်းဈေးငြိမ်နေပြီးရန်ကုန် FOB ဈေးကတော့ ယခုတစ်ပတ် မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၃၅-၁၅၆ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ- ၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဂျပန်ကိုတင်ပို့မှုနည်းနေသေးတဲ့ နှမ်း ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ လတ်တလောကာလအတွင်း အခြားနိုင်ငံတွေကို ပုံမှန်တင်ပို့မှု ရှိပေမဲ့ ဂျပန်ကိုတော့ ဆက်လက်နည်း နေသေးတာ တွေ့ရပါတယ်။ ယခုသီတင်း ပတ်မှာလည်း တန်ချိန် ၂ဝဝကျော်သာ တင်ပို့နိုင်တာ တွေ့ရပြီး ဂျပန်နိုင်ငံကို တန် ၃ဝ ကျော်သာ တင်ပို့ခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက်တွေမှာလည်း တရုတ်ဘက်က အဝယ်အေးလို့ ဈေးငြိမ်နေသလို ရန်ကုန် FOB ဈေးလည်း ဆက်တိုက် ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခုတစ်ပတ်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကန်ဒေါ်လာ ၁၅၃၅-၁၅၆ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန် ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ကုန်စည်ဈေးနှုန်းကျဆင်းခြင်းနဲ့ ဒေသတွင်း ကုန်သွယ်ရေး အခြေအနေတွေကြောင့် စားအုန်းဆီကြမ်းဈေး လျော့လာ အရှေ့အလယ်ပိုင်းနိုင်ငံရေး တင်းမာမှုများနဲ့ ဂျပန်နိုင်ငံရဲ့ ငလျင်လှုပ် ခတ်မှု အခြေအနေတွေအရ ချီကာကို ပဲပုပ်ဆီဈေး ပြန်ကျလာခြင်းနဲ့အတူ ဒေသတွင်း ကုန်သွယ်ရေး အခြေအနေတွေအရ မတ်လ ၁၆ ရက် မလေးရှားကုန် စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ပဲပုပ်ဆီဈေးနဲ့ စားအုန်းဆီဈေး ကွာခြားမှုဟာ တစ်တန်ကို ကန် ဒေါ်လာ ၄ဝ-၅ဝ ရှိခဲ့ရာက ယခုအခါ ကန်ဒေါ်လာ ၉၆ ထိ ကွာခြားမှုများလာ တာကြောင့် စားအုန်းဆီဝယ်ယူဖို့ ပိုမိုစိတ်ဝင်စားလာနိုင်တယ်လို့ စင်ကာပူရှိ နိုင်ငံ တကာဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ ဇွန်လအတွက် အခြေခံစာခုျပ်ဈေးအသစ်ဟာ ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျပြီး ရင်းဂစ် ၃၃၄၇ (ကန်ဒေါ်လာ ၁ဝ၃၃) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာမေလ ပဲပုပ်ဈေးဟာ ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၄ ဒသမ ၁၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၉၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှု မြင့်တက်မယ့် အလားအလာနဲ့ ဂျပန်နိုင်ငံက နျူကလီးယားပြဿနာကြောင့် အဝယ်အသစ်မရှိတဲ့အတွက် ပဲပုပ်ဈေးနှုန်းကန့် သတ်နိုင်လိမ့်မယ်လို့ မျှော်မှန်းကြပါတယ်။ ဂျပန်နိုင်ငံက ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအား ကျဆင်းခြင်းက စားအုန်းဆီဈေးကို ကျဆင်းဖို့လည်း ဖိအားဖြစ်စေနိုင်တယ် လို့ ကွာလမ်လာပူ အခြေစိုက် ကုန်စည်ရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ လစဉ် စားအုန်းဆီ တန်ချိန် ၄ဝဝဝဝ-၅ဝဝဝဝ ဝယ်ယူပါတယ်။ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ အင်ဒိုနီးရှားရဲ့ စားအုန်းဆီ ထုတ်လုပ်မှုက ၂ဝ၁၁ အတွင်း တန်ချိန် ၂၂ ဒသမ ၅ သန်းကို အနည်းငယ်တိုးတက် နိုင်တယ်လို့ အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်သူများအသင်း ဥက္ကဌ Fadhil Hasan က ပြောကြားကြောင်း သိရပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီလအတွက် စားအုန်းဆီခဲဈေးဟာ ၅ ဒေါ်လာကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၈ဝ ရှိပြီး ချက်ချင်းတင်ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၁ဝ (ကန်ဒေါ်လာ ၃ ဒသမ ၂၆) ကျဆင်းပြီး ရင်းဂစ် ၃၄၂ဝ (ကန်ဒေါ်လာ ၁၁၁၇) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယုဇန၊ ှSource: palmoilhq.com
၂ဝ၁၁- ၂ဝ၁၂ တရုတ် ပဲပုပ်တင်သွင်းမှု မြင့်တက်နေဦးမယ်လို့ ခန့်မှန်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု လာမယ့် နှစ်မှာ သိပ်များများ မတိုးလာပေမဲ့ ပြည်တွင်းထုတ်လုပ်မှု ကျ ဆင်းခြင်းနဲ့ တိရစ္ဆာန်အစာအတွက် လိုအပ်ချက်ကြီးနေဦးမှာဖြစ်ခြင်းက တင်သွင်းမှုကို မြှင့်တင်လိမ့်မယ်လို့ အမေ ရိကန်စိုက်ပျိုးရေးဌာန အရာရှိများက ပြောကြားပါတယ်။ ကမ္ဘာ့အများဆုံး ပဲပုပ် တင်သွင်းနိုင်ငံအနေနဲ့ လက်ရှိ ရာသီတင်သွင်းမှုထက် ၅ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုပြီး ၂ဝ၁၁-၁၂ ရာသီအတွင်း ပဲပုပ်တန် ၅၈ သန်းခန့် ဝယ်ယူလိမ့်မယ် လို့ ဘေဂျင်းမှာရှိတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန ရုံးခွဲက ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ ၂ဝ၁၁-၁၂ အတွင်း ပဲပုပ်စိုက်ပိုျးထုတ်လုပ်မှုကို ခန့်မှန်း ရာမှာ စိုက်ဟက်တာ ၈ ဒသမ ၇ သန်း ကနေ တန်ချိန် ၁၄ ဒသမ ၈ သန်းခန့် ထုတ်လုပ်မှုရှိပြီး ပြည်တွင်းစားသုံးမှု တန်ချိန် ၇၂ ဒသမ ၅၅ သန်းခန့်နဲ့ ပြည်ပက တန်ချိန် ၅၈ သန်းခန့် တင်သွင်း နိုင်ပြီး နှစ်ကုန်လက်ကျန် တန်ချိန် ၁၄ ဒသမ ၅၃ သန်းရှိမယ်လို့ USDA က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ပဲပုပ်ဆီစားသုံးမှု တိုးတက်သလို အသားစားသုံးမှု ပိုများလာတာနဲ့အမျှ ပဲပုပ်ဖတ် ဝယ်လိုအား တက်လာတာ ကြောင့် ပဲပုပ်တင်သွင်းမှုက ပုံမှန်ကြီး ထွားနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ လယ်သမားတွေအနေနဲ့ အစိုး ရ ထောက်ပံ့မှုပိုရပြီး ဈေးပိုရတဲ့ သီးနံှတွေကို ပိုစိုက်လာကြလို့ ယခု ရာသီ ပဲပုပ်စိုက်ပျိုးမှု နည်းမယ်လို့ ဆိုပါတယ်။ ပဲပုပ်စိုက်ပျိုးမှု အကျိုးအမြတ် အနေနဲ့ တစ်ဟက်တာကို ကန်ဒေါ်လာ ၆ဝဝ ခန့်ရှိပေမဲ့ ပြောင်းတစ်ဟက်တာ ကို ကန်ဒေါ်လာ ၆ဝဝ-၁ဝဝဝ ဝန်းကျင်ရှိတာကြောင့် တရုတ်အရှေ့ပိုင်း ပြည် နယ်များမှာ ပဲပုပ်စိုက်ဧရိယာ ၁ဝ ရာခိုင်နှုန်းခန့်ဟာ ဝါဂွမ်းနဲ့ ပြောင်းကို ပြောင်း လဲစိုက်ပိုျး လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးနံှအလှည့်ကျစိုက်ပျိုးမှု မရှိ တာကြောင့် အထွက်နှုန်းလည်း လျော့ ကျ လာခဲ့ရာ အမေရိကန် အထွက်နှုန်း တစ်ဟက်တာ ၃ တန်ရဲ့ ထက်ဝက် ကျော်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: ogrimony.com
တရုတ်နိုင်ငံက ဖေဖော်ဝါရီလမှာ ပဲပုပ်တန်ချိန် ၃ ဒသမ ၁၇ သန်းခန့်တင်သွင်း တရုတ်နိုင်ငံရဲ့ ဖေဖော်ဝါရီလအတွင်း ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၃ ဒသမ ၁၇ သန်းခန့် ရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ မတ်လမှာလည်း တန်ချိန် ၃ ဒသမ ၁၆ သန်းခန့် တင်သွင်းရမယ်လို့ ဆိုပါတယ်။ စီးပွားကူးသန်း MOC ဝက်ဘ်ဆိုဒ်က ဖော်ပြတဲ့ ခန့်မှန်းချက်များဟာ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း တင်သွင်းသူများထံက ရရှိတဲ့ အစီရင်ခံစာပေါ် အခြေခံထားတာဖြစ်ပါတယ်။ MOC က ထုတ်ပြန်တဲ့ ခန့်မှန်းချက်များဟာ ယေဘုယျအားဖြင့် အမှန်တင်သွင်းမှုထက် အနည်းငယ် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စားဆီနဲ့ ဆီထွက်ပစ္စည်း တင်သွင်းမှု ခန့်မှန်းပမာဏတို့အား ဖော်ပြ လိုက်ပါတယ် ရေတွက်ပုံ - တန်ချိန် အမျိုးအစား ဖေဖော်ဝါရီ မတ် ပဲပုပ် ၃ .၁၇ သန်း ၃ .၁၆ သန်း ပဲပုပ်ဖတ် ၂၂၇၆ဝ ၈၁၆၂ ပဲပုပ်ဆီ ၁ဝ၈ဝဝ၅ ၈၁၆၂ စားအုန်းဆီ ၁၉၇၃၅၁ ၉၄ဝဝ၅ မုန်ညှင်းဆီ ၁၂၉ဝ၆ - ယမင်းခင်၊ှSource: blackseadgrain
