Main menu

Background

Tuesday, 28 Dec 2010

 တရုတ်နိုင်ငံဝယ်လိုအားကြောင့် ၂ဝ၁၁ကမ္ဘာ့ပဲပုပ်စေ့နှင့် ပြောင်းဈေးနှုန်း မြင့်တက်နိုင်           ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ပြောင်းနှင့် ပဲပုပ်စေ့အများဆုံး တင်ပို့ ရောင်းချသော ဘရာဇီးနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့၌ ပူပြင်း ခြောက်သွေ့သော ရာသီဥတုအခြေအနေနှင့် ရင်ဆိုင်နေရ၍ သီးနံှအထွက်နှုန်းများ အပေါ် စိုးရိမ်ကြောင့်ကျလျက်ရှိနေသည်။ ကမ္ဘာ တတိယအများဆုံး ပဲပုပ်စေ့ ရောင်းချသည့် အာဂျင်တီးနား သည် ၂ဝဝ၉ခုနှစ်တွင် ပဲပုပ်စေ့ စိုက်ပျိုးမှု ၈၅.၇ ရာခိုင်နှုန်း ရှိခဲ့ သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် မိုးနည်း ခဲ့၍ ၇၄.၇ ရာခိုင်နှုန်းသာ စိုက်ပျိုးခဲ့ ရာ စိုက်ပျိုးဟက်တာ ၁၈.၅သန်း၊ ဧက ၄၅.၇သန်းဖြစ်ပြီး ၂ဝဝ၉ခုနှစ် စိုက်ပျိုးမှု သည် ၁၉ သန်း ဟက်တာ ရှိခဲ့သည်။ တောင်ပိုင်း ဘရာဇီး နိုင်ငံ၏ ပဲပုပ် စေ့ အထွက်နှုန်းသည် လာနီညာ ရာသီဥတုကြောင့် လာမည့်နှစ် ၂ဝ၁၁ တွင် ပူပြင်းခြောက်သွေ့မည် ဖြစ်၍ အထွက်နှုန်း ၂ဝရာခိုင်နှုန်း ကျဆင်း မည်ဟု ခန့်မှန်းထားသည်။               အကယ်၍ အာဂျင်တီးနားသည် လာမည့်နှစ်တွင် မိုးနည်းမည်ဆိုပါက တရုတ်နိုင်ငံ၏ဝယ်လိုအား မြင့်မှုကြောင့် ကမ္ဘာ့ပြောင်းနှင့် ပဲပုပ်စေ့ ဈေးနှုန်း များသည် လောင်နေသော မီးအပေါ် ဓါတ်ဆီ လောင်းသကဲ့သို့ ဈေးနှုန်းထိုး တက်လာမည်ဟု ခန့်မှန်းထားသည်။               ၂ဝ၁၁ခုနှစ်၊ မတ်လ သင်္ဘောတင် ပြောင်း ဈေးနှုန်းသည် ချီကာဂို ဈေးကွက် တွင် ၅ ဆင့် ဝ.၈ရာခိုင်နှုန်း မြင့်လာ၍ တစ်ဘူရှယ်လျှင် အမေရိကန် ဒေါ်လာ ၆.၁၄ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့နောက်ပိုင်း ပြောင်း ဈေးနှုန်းသည် တစ်ဘူရှယ်လျှင် အမေရိကန် ဒေါ်လာ ၆.၁၄၇၅ ဖြစ်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ကြိုပွိုင့် ဈေးနှုန်း ၂.၉ရာခိုင်နှုန်း မြင့်ခဲ့သည်။ ကမ္ဘာ့ ပြောင်းအများဆုံး ထွက်ရှိ သည့် အမေရိကန်နိုင်ငံ၏ ၂ဝဝ၉ ခုနှစ် ပြောင်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၄.၆ ဘီလီယံရရှိခဲ့ပြီး ပဲပုပ်စေ့မှ ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၃၁.၈ ဘီလီယံဖြစ်ကြောင်း သိရှိရသည်။                                                                                                                                                   Source:Bloomberg.com SSYှ့

Sunday, 12 Dec 2010

 ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု ၂ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဝန်ကြီးဌာနကဆို            ယခုလအတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ နိုဝင်ဘာလမှာ တန်ချိန် ၅ ဒသမ ၄ သန်းခန့်မှ ဒီဇင်ဘာလမှာ ၅ ဒသမ ၃ သန်းကို လျော့ကျနိုင်တယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ ပဲပုပ်ဆီတင်သွင်းမှုကတော့ တန်ချိန် ၁၉၅ဝဝဝ တန်ခန့်ထိ ရှိလာနိုင်လို့ ယခင်လတင်သွင်းမှု တန်ချိန် ၉၉၁ဝဝ ထက်တိုးတက်ပြီး စားအုန်းဆီ တင်သွင်းမှုကတော့ ယခင်လက တန် ချိန် ၃၄၁၈ဝဝ ရှိခဲ့ရာမှ ယခုလမှာ တန်ချိန် ၂၁၄၁ဝဝ ကို လျော့ကျ တင်သွင်းဖွယ်ရှိတယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့ ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားကြောင်း သိရပါတယ်။             တရုတ်နိုင်ငံရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ ဆီထွက်သီးနံှထုတ်ကုန် တင်သွင်းမှုနဲ့ ပတ်သက်လို့ လဝက်မှာ အမြဲတမ်းထုတ်ပြန်လျက်ရှိပြီး ယင်းဌာန ရဲ့ ခန့်မှန်းတဲ့ပမာဏဟာ အမှန်တကယ် တင်သွင်းတဲ့ ပမာဏထက် ပုံမှန်အား ဖြင့် လျော့ကျပါတယ်လို့ တရုတ်နိုင်ငံ တော် ကောက်ပဲသီးနံှနဲ့ ဆီသတင်း အချက်အလက်ဌာနက ပြောကြားပါ တယ်။                                                                                                               ယမင်းခင်၊Sources: bloonberg .com

Sunday, 12 Dec 2010

တရုတ်နိုင်ငံက သိုလှောင်ထားရှိမယ့်အခြေအနေကြောင့် စားအုန်းဆီဈေး ၃ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိနိုင်                 အာဂျင်တီးနားမှာ ရာသီဥတု ပူတာကြောင့် ပဲပုပ်စိုက်ပျိုးမှုကို ထိခိုက် ခဲ့တဲ့အတွက် တရုတ်နိုင်ငံက စားအုန်းဆီတင်သွင်းမှုတိုးတက်မယ့် အခြေအနေ အရ စားအုန်းဆီဈေးဟာ ၃ နှစ်နီးပါးအတွင်း အမြင့်ဆုံးဈေးကို ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ G G N International  မှ ဒါရိုက်တာGovindlal G. Patel က ပြောကြားပါတယ်။မတ်လအတွက်ကြိုပွိုင့်ဈေးက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၂၇၂ )ထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ မလေးရှား နိုင်ငံရဲ့ ရာသီဥတုအရ ထုတ်လုပ်မှုကျဆင်းနိုင်ခြင်းကလည်း ဈေးနှုန်းကို မြင့် တက်စေနိုင်တယ်လို့ ၎င်းကဆိုပါတယ်။                      ယခုနှစ်အတွင်း ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ စားအုန်းဆီဈေးဟာ ဆီထွက်သီးနံှစိုက်ပျိုးတဲ့ နိုင်ငံများမှာ မိုးရွာသွန်းခြင်း၊ မိုးခေါင်ခြင်းဆိုတဲ့ ရာသီဥတုမမှန်ခြင်းကြောင့် ကမ္ဘာ့ဆီထွက်သီးနံှရောင်းချမှု လျော့ကျခြင်းနဲ့ တရုတ် နိုင်ငံက ဝယ်လိုအားမြင့်တက်ခြင်းတို့အကြား စားအုန်းဆီဈေးဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတာဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ဟင်းသီးဟင်းရွက်ဆီ ၈ မျိုးအတွက် ကမ္ဘာ့ဝယ်လိုအားက ၈ နှစ်အတွင်း ပထမ အကြိမ်အနေနဲ့ ကမ္ဘာ့ထုတ်လုပ်မှုထက် ကျော်လွန်မယ်လို့ Oil World  က နိုဝင်ဘာလ ၁၉ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။                        ဒီဇင်ဘာလ ၈ ရက် မလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလပို့ရမယ့် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၆၄ဝ (ကန်ဒေါ်လာ ၁၁၅၇) ကို ၈ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။စားအုန်းဆီအများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ ဈေးနှုန်း ထိန်းချုပ်ဖို့အတွက် စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်များအတွင်း ဈေးကစားဖို့ ဘဏ်အြွေကးကတ်များ အသုံးပြုခြင်းကို ကန့်သတ်လိုက်သလို နိုင်ငံတော်အရန် သိုလှောင်မှုထဲက ပဲပုပ်နဲ့ ဟင်းသီးဟင်းရွက်ဆီများ ရောင်းချပေးခဲ့ပါတယ်။ ပဲပုပ်အများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ ယခုနှစ်အတွင်း တန်ချိန် ၅၇ သန်းဝယ်ယူနိုင်ဖွယ်ရှိတယ်လို့ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းမြင့်တက်မယ်လို့USDA  က ခန့်မှန်းထားပါတယ်။ ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တန်ချိန် ၁၄ ဒသမ ၂ သန်းကျော်တင်သွင်းနိုင်လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၄ သန်းပိုမိုမယ်လို့ လည်း Oil World  မှ ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပါတယ်။                                                                           ယုဇန၊ှSources: bloonberg .net

Monday, 6 Dec 2010

တရုတ်အစိုးရက ပဲပုပ်တန်ချိန် ၃ သိန်းထုတ်ရောင်းဖို့စီစဉ်                             တရုတ်နိုင်ငံတော် ကောက်ပဲ သီးနံှနဲ့ ဆီကုန်သွယ်ရေးစင်တာ (NGOC ) ဟာ ဒီဇင်ဘာလ ၃ ရက်နေ့ မှာ ဈေးကွက်ကို ပဲပုပ်တန်ချိန် ၃ သိန်း ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ တရုတ် ပြည်တွင်းသတင်းမှာ ဖော်ပြထား ပါတယ်။ (NGOC ) ဟာ ဈေးကွက်လိုအပ် ချက်ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ပြီး ဝယ်ယူသူများဟာ ဝယ်ယူတဲ့နေ့မှ စပြီး ရက် ၃ဝ အတွင်း ပဲပုပ်ဆီကြိတ်ခွဲပြီး ဈေးကွက်ကို ဖြန့်ဖြူးနိုင်ရမယ်လို့ သတ်မှတ် ထားကြောင်း သိရပါတယ်။ ပဲပုပ်တန်ချိန် ၃ သိန်းကို ကြိတ်ခဲွဲ နှုန်း ၁၆ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဆီ တန်ချိန် ၄၈ဝဝဝ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းစားဆီဈေး တည်ငြိမ်မှုရှိစေဖို့(NGOC ) ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း မုန်ညှင်းဆီ တန်ချိန် တစ်သိန်း ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။                                                                                                                               ယမုံနာ၊ှSources: Internet

Monday, 29 Nov 2010

 တောင်အမေရိကမှာ ရာသီဥတု ပူပြင်းခြင်း၊ တရုတ်က ဝယ်လိုအား ကောင်းခြင်းတို့ကြောင့် ပြောင်းနဲ့ ပဲပုပ် ဈေးမြင့်လာ           တောင်အမေရိကမှာ ရာသီဥတု ပူပြင်းခြင်းကြောင့် ကောက်ပဲသီးနံှနဲ့ ဆီထွက်သီးနံှထွက်ရှိမှု ကျဆင်းနိုင်ခြင်း နဲ့ တရုတ်က ဝယ်လိုအားကောင်း နေခြင်းတို့ကြောင့် ပဲပုပ်ဈေးနှုန်း ၃ ရက် ဆက်တိုက်မြင့်တက်ခဲ့ပြီး ပြောင်းဈေး နှုန်းလည်း ယခင်ရက်ထက် မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇန်နဝါရီပို့ရမယ့် ပဲပုပ်ဈေးဟာ ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၄၈ (တစ်တန် ကို ကန်ဒေါ်လာ ၄၆၂) ရှိပြီး မတ်လ ပို့ရမယ့် ပြောင်းဈေးကလည်း ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၅ ဒသမ ၄၉ (တစ်တန်ကို ကန်ဒေါ်လာ ၂၂ဝ ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။          တောင်အမေရိကမှာ လာနီညာ ရာသီဥတုအရ ယခုတစ်ပတ်အတွင်း ပူပြင်းတာကြောင့် လယ်ယာမြေများ မှာ အစိုဓါတ် လျော့နည်းလျက် ရှိတယ် လို့ ဆိုပါတယ်။ အမေရိကန်ဟာ ကမ္ဘာ မှာ ပြောင်းနဲ့ ပဲပုပ် အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားတို့ ဟာလည်း ပဲပုပ်ထုတ်လုပ်မှု ထိပ်တန်း နိုင်ငံများမှာ ပါဝင်ပါတယ်။ ဘရာဇီး နိုင်ငံက ပဲပုပ်နဲ့ပြောင်း တောင်သူများ ဟာလည်း မိုးခေါင်ခြောက်သွေ့မှု ကြောင့် လွန်ခဲ့တဲ့ ၅ နှစ်က နံှစားသီးနံှနဲ့ ဆီထွက်သီးနံှ ၁၃ ရာခိုင်နှုန်းခန့် ပျက်စီး ခဲ့တဲ့ အခြေအနေမျိုး ရောက်ရှိနေ တယ်လို့ အစိုးရ မိုးလေဝသဌာနမှ သုတေသန ခေါင်းဆောင် Expedito Rebello  က ပြောကြားပါတယ်။        ဘရာဇီးနိုင်ငံတောင်ပိုင်း မှာလာနီညာ ကြောင့် အောက်တိုဘာလကစပြီး ပျမ်းမျှမိုးရေချိန်အောက်သာ ရရှိတယ် လို့ သိရပါတယ်။ တရုတ်နိုင်ငံကလည်း ငွေကြေး ဖောင်းပွမှုလျော့ကျအောင် လယ်ယာ ထွက်ကုန်ဈေးများ သိုလှောင်ခြင်း ကြို ရောင်းကြိုဝယ်ကစားခြင်းများ လျော့ နည်းလာအောင် ကြိုးပမ်းမှုများဆောင်ရွက်နေပေမဲ့ ဝယ်လိုအား မြင့်တက် ခြင်းက လက်ရှိဈေးနှုန်းကိုမြင့်တက်စေပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်အရာရှိများက အမေရိကန် ပဲပုပ်တန်ချိန် ၅ ဒသမ ၅ သန်းဝယ်ယူဖို့ ကန်ဒေါ်လာ ၃ ဘီလီယံနီးပါး တန်ဖိုး ရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ တယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တင်ပို့မှုဟာ လွန်ခဲ့ တဲ့ ၁ဝ စုအတွင်း မြင့်တက်လျက်ရှိရာ ၂ဝဝဝ ပြည့်နှစ်မှာ ပဲပုပ်တန်ချိန် ၁  ဒသမ ၅ ဘီလီယံဖိုး ရှိခဲ့ရာမှ ၂ဝ၁ဝ မှာ ကန်ဒေါ်လာ ၅ ဘီလီယံဖိုးထိ တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။                ယမင်းခင်၊ Sources: Bloomberg.net

Monday, 29 Nov 2010

အင်ဒိုနီးရှားက ဒီဇင်ဘာသင်္ဘောတင်အတွက် စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို ၁၅ ရာခိုင်နှုန်းြမှင့်တင်           အင်ဒိုနီးရှားအစိုးရဟာ ဒီဇင်ဘာသင်္ဘောတင်အတွက် စာအုန်းဆီကြမ်း ပို့ကုန်ခွန်ကို ယခုလမှာ ၁ဝ ရာခိုင်နှုန်းကောက်ခံရာမှ ၁၅ ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူးချုပ် Deddy Saleh မှ ပြောကြားပါတယ်။ ယခုလို အခွန်တိုးမြင့် လိုက်ခြင်းက ယခင်က တစ်တန်ကို ကန်ဒေါ်လာ ၉၅၅ ဒသမ ၁၇ ရှိရာမှ ကန်ဒေါ်လာ ၁ဝ၈၁ ဒသမ ၅ ကို တိုးတက်လာတဲ့ ပျမ်းမျှစားအုန်းဆီကြမ်း ဈေးနှုန်း တိုးမြင့်မှုအပေါ်အခြေခံခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ စားအုန်းဆီအများဆုံးထုတ်လုပ်သူ ဖြစ်ပြီး ယခုနှစ်မှာ စားအုန်းဆီတန်ချိန် ၂၁ သန်း -၂၃ သန်းထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး ၂ဝ၁၄ မှာ တန်ချိန် ၂၄ သန်းကို အနည်းဆုံး ၅ သန်းမြှင့်တင်ဖို့ ရည်မှန်းထားတယ်လို့ စိုက်ပျိုးရေးဝန်ကြီး H.E Suswono  က ပြောကြားပါတယ်။ လွန်ခဲ့တဲ့နှစ်က အင်ဒိုနီးရှား စားအုန်းဆီထုတ်လုပ်မှုဟာ တန်ချိန် ၁၉ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား နိုင်ငံအာဏာပိုင်များဟာ သစ်တော အမြောက်အမြားကို ပျက်စီးစေတဲ့ စားအုန်းဆီစိုက်ပျိူးမှု တိုးခဲျ့မှုနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်ဆိုတဲ့ စွပ်စွဲမှုများနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။                                                                                                                ယုဇန၊ Sources: xinhua .com

Tuesday, 23 Nov 2010

အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှ ပဲပုပ်စေ့ တင်သွင်းမှု သိသိသာသာလျော့ ကျ       အောက်တိုဘာလ အတွင်း တရုတ် နိုင်ငံမှ ပဲပုပ်စေ့ တင်သွင်းမှုဟာ မမျှော်လင့်နိုင်လောက်တဲ့ပမာဏထိ လျော့ကျခဲ့ပါတယ်။ အောက်တိုဘာလ တစ်လတည်း တင်သွင်းမှုလျော့ကျသော်လည်း ပြည်တွင်းဈေးကွက်ကို ထိခိုက်စေခြင်းမရှိဘူးလို့ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများကဆိုပါတယ်။ အောက်တိုဘာလ တင်သွင်းမှုကို စက်တင်ဘာလ နဲ့နှိုင်း ယှဉ်လျှင် ၁၉ ရာခိုင်နှုန်း ကျော်လျော့ ကျခဲ့ပြီး တန်ချိန်အားဖြင့် ဝ ဒသမ ၇၈ သန်း လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်း ပဲပုပ် တင်သွင်းမှုတန်ချိန်က၂ ဒသမ ၉၅သန်း ဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလမှ အောက်တိုဘာ ကုန်ထိ တရုတ် နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ တန်ချိန် ၄၄ သန်းနီးပါးရှိပါတယ်။      အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာ ဈေးနှုန်းများမြင့်တက်နေခြင်းဟာ တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု အတွက် အဓိကကျနေတယ်လို့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနဲ့ တရုတ်လူမှုသိပ္ပံဌာနမှ လက် ထောက် သုတေသနတစ်ဦး ဖြစ်တဲ့ Hu Bingchuan က ပြောကြားပါတယ်။        ၂ဝ၁ဝ ပြည့်နှစ်ပထမ ၁ဝ လ အတွင်း ချီကာဂိုကုန်သွယ်ရေး အဖွဲ့က ထုတ်ပြန်တဲ့ ဈေးနှုန်းဟာ အောက်တိုဘာလမှာ အမြင့်ဆုံးသို့ ရောက်ရှိသွား ပြီး ၁ တန်ကို ၄၂၇ ဒေါ်လာပေါက်ပါတယ်။ ဇန်နဝါရီလ ပေါက်ဈေး ၃၅၈ ဒသမ ၉၇ ဒေါ်လာထက် ၂ဝ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ အောက်တိုဘာဈေးဟာ ၂ဝဝ၈ ခုနှစ် သြဂုတ်လကဈေးထက်ပိုမိုမြင့်ခဲ့ပါတယ်။         ရှန်ဟိုင်း အခြေစိုက်Qingma Investment  မှ တာဝန်ရှိသူကလည်း '' အောက်တိုဘာလရဲ့ တင်သွင်းမှု ကျဆင်းခြင်းဟာ တစ်နှစ်လုံး တင်သွင်း မှုကို ထိခိုက်စေနိုင်ခြင်းမရှိကြောင်းနဲ့ နိုဝင်ဘာလနဲ့ဒီဇင်ဘာလများမှာ ပဲပုပ်စေ့ အများအပြား တင်သွင်း နိုင် ဖွယ်ရှိတယ်။ ဒါမှပြည်တွင်း စား သောက်ကုန် ဈေးကွက်တွင် ကုန် ဈေးနှုန်း မြင့်တက်မှုကို လျော့ကျစေ မယ်'' လို့ ဆိုပါတယ်။       တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ပဲပုပ် အများဆုံး စားသုံးမှုပြုတဲ့နိုင်ငံဖြစ်ပြီး ပြည်တွင်းထွက်ရှိမှုဟာ တစ်နိုင်ငံ လုံး လိုအပ်ချက်ရဲ့ သုံးပုံတစ်ပုံသာ ရှိကြောင်းနဲ့ ဒီနှစ်တစ်နှစ်လုံးမှာ ပဲပုပ်စေ့တန်ချိန် သန်း ၅ဝ တင်သွင်းဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။  Source:Chiadaily                                                                                                                                          KKCM

Thursday, 18 Nov 2010

 တရုတ်နိုင်ငံက ဝယ်လိုအားကျဆင်းနိုင်တဲ့ အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း မြင့်တက်နေရာမှ ပြန်အေးလာ             တရုတ်နိုင်ငံက စားနပ်ရိက္ခာ ဈေးနှုန်းတည်ငြိမ်အောင် ကြိုးပမ်းနေ ခြင်းနဲ့ပတ်သက်လို့ စားဆီဝယ်လိုအား လျော့ကျမယ့် အရိပ်အရောင်ရှိလာတဲ့ အတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ အစောပိုင်းက မြင့်တက်ခဲ့ရာမှ ပြန်အေးလာ တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်များက အမေရိကန်အစိုးရရဲ့ ပဲပုပ်တင်ပို့မှု ၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ပြောကြားပြီးနောက် ချီကာဂို မှာ ပဲပုပ်ဈေးဟာ ၂၅ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ၆၈ ရာခိုင်နှုန်းခန့်ဟာ တရုတ်ကိုရောင်းချခဲ့ တယ်လို့ဆိုပါတယ်။              အစောပိုင်းက ဇန်နဝါရီလ အတွက် ပဲပုပ်ကြိုပွိုင့်ဈေး တစ်ဘူရှယ် ကို ကန်ဒေါ်လာ ၁၂ ဒသမ ၄၈၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၆၂ ) ဈေး ရှိခဲ့ရာမှ အောက်တိုဘာလ ၂၈ ရက်မှာကန်ဒေါ်လာ ၁၂ ဒသမ ၃၆ (တစ်တန် ကို ကန်ဒေါ်လာ ၄၅၇ ) ကိုကျဆင်းပြီး၊ ၎င်းဈေးနဲ့ငြိမ်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အမေရိကန် တင်ပို့ သူများမှ တန်ချိန် ၂ ဒသမ ဝ၂၆ သန်း ရောင်းချခဲ့တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောကြားပါတယ်။ ပဲပုပ်ဟာ အမေရိကန်ရဲ့ ဒုတိယအများဆုံး တင်ပို့တဲ့သီးနံှဖြစ်ပြီး ယခင်နှစ်က ကန် ဒေါ်လာ ၃၁ ဒသမ ၈ ဘီလီယံဖိုး တင်ပို့ခဲ့တယ်လို့သိရပါတယ်။                                                                         ယမင်းခင်၊ Source: bloomberg.net

Wednesday, 10 Nov 2010

 တရုတ်အစိုးရက နိုင်ငံမြောက်ပိုင်းပြည်နယ်များမှာ ပဲပုပ်ဝယ်ယူသွားမယ်        တရုတ်နိုင်ငံ ဗဟိုကောက်ပဲသီးနံှ အရန်ထိန်းသိမ်းရေးမှ နိုင်ငံမြောက်ပိုင်း ပဲပုပ်ထိပ်တန်းထုတ်လုပ်တဲ့ ပြည်နယ် များမှာ တောင်သူများ ဝင်ငွေမြှင့်တင်ဖို့ ယခုနှစ်ပဲပုပ်များ ဝယ်ယူသွားမယ်လို့ ပြည်နယ်ကောက်ပဲသီးနံှ စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောကြားပါတယ်။ ဟေးလုံ ကျန်း၊ လျောင်နင်း၊ မွန်ဂိုလီးယား အတွင်းပိုင်းနဲ့ ချီလင်ဒေသတို့မှာ အစိုးရ က ယခုနှစ်ရိတ်သိမ်းပြီးတဲ့ ပဲပုပ်များ အတွက် တစ်တန်ကို ယွမ် ၃၈ဝဝ (ကန်ဒေါ်လာ ၅၇ဝ ) ပေးဝယ်သွား မယ်လို့ ယင်းအေဂျင်စီ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ဝယ်ယူမှုကို နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ပြီး ဧပြီလ ၃ဝ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။        ပဲပုပ်သစ်အတွက် လက်ရှိဈေးနှုန်း မှာ အစိုးရဝယ်ယူမယ့်ဈေးထက်ပိုပြီး တစ်တန်ကို ၃၉ဝဝ ယွမ်မှ ၄ဝဝဝ ယွမ် (ကန်ဒေါ်လာ ၅၈၃-၅၉၈) ရှိတယ်လို့ ချီလင်ကောက်ပဲသီးနံှကော်ပိုရေးရှင်းမှ Chen Baimin  မှ ပြောကြားပါတယ်။ ပြည်တွင်းထွက်ရှိတဲ့ ပဲပုပ်ကို အဓိက အားဖြင့် တို့ဟူးနဲ့ ပဲငန်ပြာရည်အဖြစ် အသုံးပြုပြီး ပြည်ပကတင်သွင်းတဲ့ မျိူးရိုးဗီဇ မြှင့်တင်ထားတဲ့ ပဲပုပ်ကိုတော့ ဆီပါဝင်မှုများတဲ့အတွက် စားဆီနဲ့ တိရစ္ဆာန်အစာအဖြစ် အသုံးပြုတယ်လို့ သိရပါတယ်။         အစိုးရဟာ ယခုနှစ် ရိတ်သိမ်းတဲ့ ပဲပုပ်တစ်မျိုးထဲကိုသာ ဝယ်ယူခြင်း ဖြစ်ပြီး ယင်းပဲများမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မီရမယ် လို့ သိရပါတယ်။                                                                                                                                                  ယမင်းခင်ှ                                                                                                                                Sources: Bloonberg. net

Wednesday, 10 Nov 2010

 စားဆီလက်ကျန်နည်းလာပြီဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယရဲ့ ဝယ်လိုအားကြောင့် စားအုန်းဆီဈေး အမြင့်ဆုံးကို ရောက်ရှိလာ       တရုတ်၊ ပါကစ္စတန်နဲ့ ဥရောပတို့မှ စားဆီဝယ်လိုအား တိုးတက် နေခြင်းကို ပြည့်မီနိုင်အောင် ရောင်းချ နိုင်ဖွယ်မရှိတဲ့ ခန့်မှန်းချက်များအရ စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ နှစ်နှစ်ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလ ၂ ရက်နေ့က ဇန်နဝါရီ ပို့ရမယ့် စာချုပ်ဈေးဟာ ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၃၁ဝ၆ (ကန်ဒေါ်လာ ၁ဝဝ၃) ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီ ဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၂၄ရက် နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်တယ်လို့ သိရပါ တယ်။        အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဝယ်လိုအား ၁၁ ရာခိုင်နှုန်းခန့် တိုးတက် လာတာကြောင့် လာမယ့်နှစ်မှာ ပဲပုပ်နဲ့စားအုန်းဆီသိုလှောင်မှုဟာ ၁၂ ရာခိုင်နှုန်း ခန့်ကျဆင်းနိုင်တယ်လို့ အမေရိကန်စိုက်ပိုျးရေးဌာန စာရင်းများအရ သိရပါတယ်။ ကမ္ဘာမှာ ဒုတိယအများဆုံးတင်ပို့တဲ့ မလေးရှားရဲ့ စားအုန်းဆီတင်ပို့မှုဟာ စက်တင်ဘာလ အထိ ၉ လအတွင်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အထွက်မှာလည်း တန်ချိန် ၁၂ ဒသမ ၇ သန်းကို ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့မှ ပြောကြားပါတယ်။          ဘရာဇီးနိုင်ငံ ပဲပုပ်စိုက်ပျိုးမှုရဲ့ ၄၇ ရာခိုင်နှုန်းခန့်စိုက်ပျိုးတဲ့ အနောက် အလယ်ပိုင်းမှာ မိုးရွာသွန်းမှု မရှိတာကြောင့် စိုက်ပျိုးမှုနှေးကွေးခဲ့တဲ့အတွက် ချီကာကိုမှာ ပဲပုပ်ဆီဈေးဟာ ယခုနှစ်အတွင်း ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာမှာ စားဆီအများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားဟာ လာမယ့် ဖေဖော်ဝါရီလ နှစ်သစ်ကူးပွဲတော်နီးကပ်တဲ့ကာလတွေမှာ တိုးတက်လာမှာ ဖြစ်ပါတယ်။ ၂ဝ၁ဝ-၁၁ ဈေးကွက်ရာသီအတွင်း တရုတ် နိုင်ငံက ပဲပုပ်တန်ချိန် ၆ဝ သန်းအထိ တင်သွင်းနိုင်ဖွယ်ရှိတယ်လို့ တရုတ်အမျိုးသား ကောက်ပဲသီးနံှနဲ့ ဆီထွက်သီးနံှ သတင်းအချက်အလက်ဌာနမှ ပြောကြားပါတယ်။        ချီကာကိုမှာ ပဲပုပ်တစ်ဘူရှယ်ကို ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ကန်ဒေါ်လာ ၁၂ ဒသမ ၄၁ (တစ်တန်ကို ကန်ဒေါ်လာ ၄၅၉) ရှိခဲ့ပြီး၊ ဒီဇင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ပြီး၊ တစ်ပေါင် ကို ကန်ဒေါ်လာ ၄၉ ဒသမ ၉၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၁၁ဝဝ) ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒေလီယံ ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ယွမ် ၈၇၄ဝ (ကန်ဒေါ်လာ ၁၃ဝ၈)၊ စက်တင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးဟာလည်း ဝ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ယွမ် ၉၆၃၂ (ကန်ဒေါ်လာ ၁၄၄၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                         ယုဇန၊ှSource: bloomberg.net

Pages