Main menu

Background

Wednesday, 22 Sep 2010

 အထွက်မြင့်တက်ခြင်းနဲ့ သြဂုတ်လ လက်ကျန်များခြင်းကြောင့်မလေးရှား စားအုန်းဆီကြမ်း ဈေးကျဆင်း         စားအုန်းဆီလက်ကျန် သိသိသာသာမြင့်တက်ခြင်းနဲ့ နောက်လများမှာ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေ တွေကြောင့် စက်တင်ဘာလ၁၅ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးကျဆင်းခဲ့ပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုရောင်း နိုဝင်ဘာလ စာခုျပ်အခြေခံ ဈေးဟာတစ်တန်ကို ရင်းဂစ် ၂၈ လျော့ကျပြီး ရင်းဂစ် ၂၆၁၅ (ကန်ဒေါ်လာ ၈၃၉) ဖြစ်ခဲ့လို့စက်တင်ဘာလ ၃ ရက်နေ့မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ ရင်းဂစ် ၂၆ဝ၅ (ကန်ဒေါ်လာ ၈၃၆) နီးပါးဖြစ်လာတယ်လို့ သိရပါတယ်။     အစိုးရစာရင်းများအရ လက်ကျန်များခြင်းနဲ့ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေများကြောင့် လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း တစ်တန်ကိုရင်းဂစ် ၂၅၉ဝ (ကန်ဒေါ်လာ ၈၃၁) ထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သြဂုတ်လကုန် စားအုန်းဆီကြမ်း သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၇၂သန်းထိမြင့်တက်ခဲ့လို့ ဇူလိုင်လ လက်ကျန် တန်ချိန် ၁ ဒသမ ၄၁ သန်းထက် ပိုမိုလာတယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။ အထွက်နှုန်း မြင့်တက်နေခြင်းနဲ့ သြဂုတ်လ သိုလှောင်လက်ကျန် များခြင်း တို့ကြောင့် မကြာမီလက်ကျန်ဟာ တန်ချိန် ၂ သန်းအထိ မြင့်တက်နိုင်တယ်လို့ ကွာလာလမ်ပူ အခြေစိုက် ပွဲစားတစ်ဦးက ခန့်မှန်းထားပါတယ်။ သြဂုတ်လ စားအုန်းဆီ ထွက်ရှိမှု က ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆၁ သန်းရှိခဲ့ကာတင်ပို့မှုအနေနဲ့ ၁၈ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၁ ဒသမ ၂၁ သန်းသာရှိတယ်လို့ ဆိုပါတယ်။               အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ စားအုန်းဆီဟာ ပုံမှန်အားဖြင့် ဒုတိယနှစ်ဝက်အတွင်း အထွက်နှုန်း ပိုမြင့်တက် လေ့ရှိလို့ ယခုလနဲ့ နောက်လမှာ အထွက်ပိုမိုမြင့်တက်ဖွယ်ရှိပေမဲ့ ဝယ်လိုအားက တိုးတက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့ မတ်လပို့ရမယ့် စားအုန်းဆီခဲ ဈေးနှုန်းဟာ မလေးရှား FOB တစ်တန်ကို ကန်ဒေါ်လာ ၁ဝ လျော့ကျ ပြီး ကန်ဒေါ်လာ ၈၇ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးနှုန်းဟာ ရင်းဂစ်၅ဝ (ကန်ဒေါ်လာ ၁၆) လျော့ကျကာရင်းဂစ် ၂၇၅ဝ ( ကန်ဒေါ်လာ ၈၈၂)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                       ယုဇနSources: palmoil hq. com

Monday, 13 Sep 2010

 အမေရိကန်ပဲပုပ်က ကမ္ဘာ့ဝယ်လို အားကိုဖြည့်ဆည်းနိုင်မယ့် အလား အလာကြောင့် ပဲပုပ်ဈေးနှုန်းကျလာ    အမေရိကန်ပဲပုပ်ရောင်းချမှုက ပြည်တွင်းသာမက ကမ္ဘာ့လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်မယ့် အလား အလာများကြောင့် စက်တင်ဘာလ ၉ ရက်နေ့ ချီကာကိုမှာ ပဲပုပ်ဈေးဟာ ၈ လအတွင်းအမြင့်ဆုံးကို ရောက်ရှိရာမှ ပြန်လည်ကျဆင်းခဲ့တယ်လို့ သိရပါ တယ်။ လေ့လာဆန်းစစ် သူများနဲ့ ကုန် သည်များရဲ့ လေ့လာ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံမှ ပဲပုပ်ထွက်ရှိမှုဟာ ၂ဝဝ၉ ခုနှစ်မှာ ဘူရှယ် ၃ ဒသမ ၃၅၉ ဘီလီယံ (တန်ချိန် ၉၁ သန်း) ရှိရာမှ ယခုနှစ်မှာ ဘူရှယ် ၃ ဒသမ ၄၁ ဘီလီယံ (တန်ချိန် ၉၂ သန်း)ထိ တိုးတက်ထွက်ရှိ နိုင်တယ်လို့ ဆိုပါ တယ်။       အရန်သိုလှောင်မှုကို စိုက်ပိုျးရေး ဌာနက ခန့်မှန်းရာမှာ ၂ဝ၁၁ ခုနှစ် ရိတ်သိမ်းချိန်မတိုင်မီ ဘူရှယ် ၃ဝ၃ သန်း(တန်ချိန် ၈ ဒသမ ၁၉သန်း) ရှိမှာ ဖြစ်လို့ ယခုနှစ် အရန်သိုလှောင်မှု ဘူ ရှယ် ၁၆ဝ သန်း (တန်ချိန် ၄ ဒသမ ၃၂ သန်း) ထက်မြင့်တက်မယ်လို့ ဆိုပါ တယ်။ဒါကြောင့်မြင့်တက်နေတဲ့ ကမ္ဘာ့ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်လိမ့် မယ်လို့ ခန့်မှန်းကြခြင်း ဖြစ်ပါတယ်။       စက်တင်ဘာလ ၉ ရက်နေ့ ချီကာ ကိုမှာ နိုဝင်ဘာလ သင်္ဘောတင်ပဲပုပ် ကြိုပွိုင့်ဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ် လာ ၁ဝ ဒသမ ၄၆  (တစ်တန်ကို ကန်ဒေါ်လာ ၃၈၇ ) ဈေးနဲ့ ပိတ်ခဲ့ပါ တယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၅၇  (တစ်တန်ကို ကန်ဒေါ်လာ ၃၉၁ )ဈေးရှိခဲ့လို့ ဇန်နဝါရီလ  ၇ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                              ယမင်းခင်၊                                                                                                                 Sources: bloomberg.com

Monday, 13 Sep 2010

 သြဂုတ်လ နှမ်းအတင် ဇူလိုင်လထက်ပို    ပင်လယ်ရေကြောင်းက တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ကို နှမ်းတင်ပို့ရာမှာ သြဂုတ်လအတွင်း တန်ချိန် ၁၇ဝဝ ခန့် ရှိခဲ့လို့ ဇူလိုင်လတင်ပို့မှု တန်ချိန် ၁၂ဝဝ ခန့်ထက် ပိုမိုတာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် သြဂုတ်လမှာ တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂ဝဝ ခန့်ပိုတင်ပို့လာပါတယ်။ ယခုတစ်ပတ် (သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်) အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်တင်ပို့မှုရှိလို့ ယခင်တစ်ပတ်ထက် ထက်ဝက်ကျော် တိုးတက် တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ  ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                MIRT - MAPT

Monday, 13 Sep 2010

 ပဲပုပ်ဆီဈေးပြန်ကောင်းလာလို့ စားအုန်းဆီဈေး ၃ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိလာ         ပဲပုပ်ဆီစားသုံးမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို အမေရိကန် ပဲပုပ် ရောင်းချမှု များတာကြောင့် ပဲပုပ်ဆီဈေး ပြန်လည်မြင့်တက် လာခြင်းနဲ့အတူ စားအုန်းဆီဈေးဟာလည်း သီတင်းပတ် ၃ ပတ်အတွင်း အမြင့်ဆုံးကို တက်ခဲ့ပါတယ်။ မလေးရှားမှာ နိုဝင်ဘာလ ပို့ရမယ့် စားအုန်းဆီစာခုျပ်ဈေးဟာ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၅၂ ဖြစ်လာလို့ သြဂုတ်လ ၁၇ ရက်နောက် ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ချီကာကိုမှာ ပဲပုပ်ဆီဈေးဟာ စက်တင်ဘာလ ၇ ရက်နေ့ က ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ  ၄၁ ဒသမ ၇၉ ဆင့်  (တစ်တန်ကို ကန်ဒေါ်လာ ၉၂၁) ဖြစ်ခဲ့လို့ သြဂုတ်လ ၁၃ ရက်နောက်ပိုင်း မှာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။      တရုတ်နိုင်ငံရဲ့ အရန်သိုလှောင်မှုအတွက် အောက်တိုဘာနဲ့ ဒီဇင်ဘာလ အတွင်းပို့ရမယ့် အမေရိကန် ပဲပုပ်ဆီတန်ချိန် ၈ဝဝဝဝ ကို လွန်ခဲ့တဲ့သီတင်းပတ်မှာ ဝယ်ယူခဲ့ပါတယ်။ အာရှမှာ ပွဲတော်အတွက် ဝယ်လိုအားကောင်းနေတာအပြင် မလေးရှား ငွေကြေးတန်ဘိုး ခိုင်မာနေခြင်း ကြောင့် စားအုန်းဆီဈေးဟာ ဇူလိုင်လ ၇ ရက်မှာ ၈ လ အတွင်း အနိမ့်ဆုံးရှိရာမှ ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။  တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင် နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝ၄ ဖြစ်ခဲ့ပြီး မေလပို့ရမယ့် ပဲပုပ်ဆီ ဈေးဟာလည်း ဝ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး ယွမ် ၈၃၂၈  (ကန် ဒေါ်လာ ၁၂၂၇) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊ှSources  bloonberg. net

Tuesday, 7 Sep 2010

တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ                      သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် တရုတ်နိုင်ငံသို့ ပဲတီစိမ်း ၁၅၆၈ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈ဝ၄ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလမှာတော့ ပဲတီစိမ်း ၁၆၁၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းများ စတင် ထွက်ရှိနေပြီဖြစ်ခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ပဲတီစိမ်းစား သုံးမှုနည်းပါး လာခြင်း၊ ကမ္ဘာ့ပဲဈေးနှုန်းကျဆင်း ခြင်းနဲ့အတူ တရုတ်နယ်စပ်မှာလည်း ပဲဈေးနှုန်းများကျဆင်းခြင်း၊ ပြည်တွင်းဝယ်ယူချိန်နဲ့ တစ်ဘက်နိုင်ငံသို့ ရောင်းချ ချိန်အကြား သယ်ယူစရိတ်ဈေးကျပြီး အရှုံးပေါ်ခြင်းတို့ကြောင်း ရောင်းဝယ်မှုများကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမဲ့အပတ်မှာ ရောင်းဝယ်မှု ဆက်လက် လျော့ကျနေအုံးမယ်လို့ခန့်မှန်းကြောင်း ပဲတီစိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုသြဂုတ်လမှာ နယ်စပ်မှ ပဲတီစိမ်း ၁၃၉ဝ၄ တန် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၁၉၅၂၁ တန်တင်ပို့ခဲ့ တဲ့အတွက် တန်ချိန် ၅၆၁၇ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလမှသြဂုတ်လကုန်ထိ နယ်စပ်မှ ပဲတီစိမ်း စုစုပေါင်း ၆၅၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် မြန်မာတရုတ်နယ်စပ်ရှိ ပဲတီစိမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် -                  မိမိဘက်(ကျပ်/တန်)        ပြောင်းလဲမှု      ရာခိုင်နှုန်း        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)          ပြောင်းလဲမှု        ရာခိုင်နှုန်းယခုအပတ်        ၇၂၄၈၇၆                                                                     ၁၂၅၅ယခင်အပတ်      ၉၅၇၉ဝ၂                    ၂၃၃ဝ၂၆          ၃၂                          ၁၃၃၁                              ၇၆               ၇၆                                                                                                                                             MIRT (DOBT)

Tuesday, 7 Sep 2010

ဝယ်လိုအားည်းတဲ့ လက္ခဏာများကြောင့် ပဲပုပ်ဈေးနှုန်းများကျဆင်း       ဇွန်လကုန်ကထဲက ပဲပုပ်ဈေးနှုန်း ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ဝယ်လိုအား လျော့ကျမယ့်အရိပ် အရောင်များကြောင့် သီတင်း တစ်ပတ်ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အများဆုံး ကျဆင်းခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်အများဆုံး ထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဟေလုံကျန်းမှာရှိတဲ့ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သူများက အစိုးရ ရဲ့သိုလှောင်ထားတဲ့ ပဲပုပ်များဝယ်ယူနိုင် ရေးဆွေးနွေးလျက်ရှိခြင်းက အမေရိ ကန်မှ ပဲပုပ်တင်သွင်းဖို့ ဝယ်လိုအားကို ကျဆင်းစေ နိုင်ပါတယ်။       ပဲပုပ်အများဆုံးထုတ်လုပ်သူ၊ တင်ပို့ သူဖြစ်တဲ့ အမေရိကန်မှာ ပဲပုပ်အခြေခံ တိရစ္ဆာန်အစာသိုလှောင်မှုဟာ ယခုနှစ် အစောပိုင်းမှ ဇူလိုင်လကုန်အထိ  ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ Census Bureau ဗျူရိုမှ လွန်ခဲ့တဲ့ သီတင်းပတ် ကပြောကြားပါတယ်။ ပဲပုပ်ဆီသို လှောင်မှုဟာ လည်း ၂ဝဝ၃ ခုနှစ် ဒီဇင် ဘာ နောက်ပိုင်းမှစပြီး  အမြင့်ဆုံး ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ပဲပုပ်ကို တရုတ်ဝယ်လိုအား နှေးကွေးနိုင်တယ်လို့ ဈေးကွက်လေ့လာ ဆန်းစစ်သူ Chad Henderson မှ ပြောကြားပါတယ်။       သြဂုတ်လ ၃၁ ရက် ချီကာကိုမှာ နိုဝင်ဘာလအတွက် ပဲပုပ်ကြိုပွိုင့်ဈေး ဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၁ဝ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၇) နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သြဂုတ်လအ တွင်း တရုတ်နိုင်ငံက တင်သွင်းမှု မြင့်တက်ခဲ့လို့  ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး သြဂုတ်လ ၅ ရက်မှာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၄၉ ထိ ၇ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ ပါတယ်။ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးဟာလည်း ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ   ၄ဝ ဒသမ ဝ၅ ဆင့် (တစ် တန်ကို ကန်ဒေါ်လာ ၈၈၂) ဈေးနဲ့ပိတ်ခဲ့လို့ သြဂုတ်လ ၁၅ ရက် နောက် ပိုင်းမှာအများဆုံးကျဆင်း ခဲ့တာဖြစ်ပါတယ်။       စက်တင်ဘာလ ၃ဝ ရက်မှာ ပြီးဆုံး တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှုဟာ ယမန်နှစ် တင်သွင်းတန်ချိန် ၄၁ ဒသမ ၁ သန်းထက် ၂ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၉ ဒသမ ၅ သန်းအထိ စံချိန်တင်ခဲ့တယ်လို့ USDA စာရင်းအရ သိရပါတယ်။                                                                        ယမင်းခင်၊Sources: bloonberg.netှ

Tuesday, 7 Sep 2010

အိန္ဒိယ STC မှ ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းမယ်       အိန္ဒိယနိုင်ငံပိုင် STC ကော်ပိုရေးရှင်းဟာ စက်တင်ဘာနဲ့ နိုဝင်ဘာလ အတွင်း တင်ပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါတင်သွင်းသူများအနေနဲ့ မြန်မာ၊ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက်ပဲများကို တင်သွင်းရမှာဖြစ်ပြီး တင်ဒါနောက်ဆုံးရက်က စက်တင်ဘာ ၁ဝ ရက်နေ့ထိဖြစ်တယ်လို့ သိရပါတယ်။    တင်သွင်းမယ့်ပဲများမှာ မြန်မာမတ်ပဲ FAQ  တန်ချိန် ၂ဝဝဝ၊ SQ တန်ချိန် ၂ဝဝဝ၊ မြန်မာပဲစင်းငုံလီမွန် တန်ချိန် ၂ဝဝဝ၊ ပဲတီစိမ်း FAQ  တန်ချိန် ၂ဝဝဝ စီနဲ့ စုစုပေါင်း တန်ချိန် ၈ဝဝဝ ပါဝင်ပြီး ကျန်ပဲများမှာ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက် ကုလားပဲ၊ ပဲနီလေးနဲ့ စားတော်ပဲစိမ်းများ ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ချန်နိုင်းနဲ့ တူကီကိုရင်ဆိပ်ကမ်းများကို တင်ပို့ရ မယ်လို့ သိရပါတယ်။                                                                                    ယမင်းရွှွှွှွှွှွှွှွှေစင် Sources: commodityonline

Tuesday, 7 Sep 2010

ဝယ်လိုအားနည်းခြင်းကြောင့် စာအုန်းဆီကြမ်းဈေးကျဆင်း                တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့မှ ဝယ်လိုအားနည်းနေတာကြောင့် စားအုန်းဆီ ကြမ်း ဈေးကျဆင်းခဲ့ပြီး သြဂုတ်လကုန်စားအုန်းဆီ သိုလှောင်မှုပမာဏဟာ တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ စင်ကာပူအခြေစိုက်ကုန်သည် များက ဆိုပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတ Intertek Agri Services   နဲ့ SGS (မလေးရှား) တို့ရဲ့ စားရင်းတွေအရ သြဂုတ်လအတွင်း စားအုန်းဆီတင်ပို့မှု သိသိသာ သာ ကျဆင်းခဲ့ခြင်းက စားအုန်းဆီသိုလှောင်မှုကို မြင့်တက်စေပြီး ဈေးနှုန်းကျဆင်းဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။      Intertekု ရဲ့ စာရင်းအရ သြဂုတ်လ စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၂၂ သန်းကို ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး SGS စာရင်းအရ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁ ဒသမ ၁၅ သန်းရှိတယ်လို့ သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ စက်တင်ဘာလ အတွက် စားအုန်းဆီခဲ ဈေးနှုန်းဟာ တစ်တန်ကို ကန် ဒေါ်လာ ၁ဝ လျော့ကျပြီး ကန်ဒေါ်လာ ၉၁၅၊ စားအုန်းဆီကြမ်းဈေးနှုန်းက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၆၈ဝ (ကန်ဒေါ်လာ ၈၅၅) ဈေးဖြစ်ခဲ့ပါတယ်။     မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၅၃၅  (ကန်ဒေါ်လာ ၈ဝ၉) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာလည်း အောက်တို ဘာလ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၄၃၅ဝဝဝ (ကန်ဒေါ်လာ ၈၂၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                    ယုဇနSources: palmoil hq .com

Tuesday, 23 Feb 2010

                                                                    US$/Ton                                RBD P.Oil    RBD P.Olein    RBD P.Strarinဇန်နဝါရီ တတိယပတ်       ၇၆၀.၀၀          ၇၇၇.၅၀          ၇၀၅.၀၀ဇန်နဝါရီ စတုတ္ထပတ်        ၇၄၂.၅၀          ၇၆၀.၀၀           ၆၉၄.၀၀ဖေဖော်ဝါရီ ပထမပတ်      ၇၂၈.၅၀          ၇၄၄.၅၀           ၆၈၄.၅၀ဖေဖော်ဝါရီ ဒုတိယပတ်     ၇၄၉.၀၀         ၇၆၄.၀၀           ၇၁၄.၅၀ဖေဖော်ဝါရီ တတိယပတ်    ၇၅၁.၅၀         ၇၆၆.၅၀          ၇၂၂.၅၀

Tuesday, 23 Feb 2010

     ရေနံဈေးနှုန်းမြင့်တက်ခြင်းနဲ့အတူ စားအုန်းဆီကြမ်းဈေးကလည်း သီတင်းပတ် ခြောက်ပတ်အတွင်းမှာ ဆက်တိုက်မြင့်တက်လာ ခဲ့ရာ မလေးရှားကုန်စည်ဒိုင်မှာ

Pages