Main menu

Background

Sunday, 27 Feb 2011

ချီကာကိုပဲပုပ်ဆီဈေးကျဆင်းလို့ စားအုန်းဆီကြမ်းဈေးလည်း လျော့လာ              ကုန်စည်ဈေးကွက်အများစုမှာ ရင်းနှီးမြှုပ်နံှသူတွေက ၎င်းတို့ရင်းနှီး မြှုပ်နံှထားတဲ့ ကုန်စည်တွေ ရှင်းထုတ်နေခြင်းနဲ့ အတူ ဈေးနှုန်းကျဆင်းလာတာကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်၊ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေး လည်း အကျနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှားဘာစာကုန်စည်ဒိုင်မှာ မေလစာခုျပ် အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၁၅၅ (ကန်ဒေါ်လာ ၅ဝ ဒသမ ၇၃) ကျဆင်းပြီး တစ်တန် ရင်းဂစ် ၃၅၁၄ (ကန်ဒေါ်လာ ၁၁၅ဝ) ဖြစ်ခဲ့တယ် လို့ သိရပါတယ်။              ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေးက ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၃ ဒသမ ၉၉ ဆင့် (တစ်တန် ကန်ဒေါ်လာ ၁၁၈၉ ဒသမ ၉၃) ဖြစ်ခဲ့တာကြောင့်လည်း စားအုန်းဆီကြမ်းဈေး ပိုမိုကျဆင်း လာတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအဓိကစိုက်ပျိုးတဲ့ဒေသတွေမှာ မိုးပါးသွား တာ ကြောင့် ဖေဖော်ဝါရီလ ထုတ်လုပ်မှုဟာ ယခင်လနဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းခန့်မြင့်တက်လာမယ့် အခြေအနေကလည်း စားအုန်းဆီဈေးကို ကျဆင်းဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။                      ဇန်နဝါရီလမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ဝ၆ သန်းထုတ်လုပ် ခဲ့တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ စားအုန်းဆီထုတ်လုပ်မှု တဖြည်းဖြည်းမြင့်တက်လာခြင်း ကြောင့် လည်း စားအုန်းဆီဈေး ကျဆင်းလာတာပါလို့ မလေးရှားစားအုန်းဆီထုတ်လုပ်တဲ့ ကွာလမ်လာပူ Kepong Bhd  ရဲ့ အမှုဆောင်အရာရှိ Lee Oi Hian  က ပြောကြား ပါတယ်။                    ရေနံအဓိကထုတ်လုပ်တဲ့ လစ်ဗျားမှာ မငြိမ်မသက်ဆက်ဖြစ်နေဦးမယ် ဆိုရင် ရေနံဈေးနှုန်းပိုမိုမြင့်တက် လာဦးမှာ ဖြစ်သလို ရေနံနဲ့ အပြိုင် ဘိုင်အိုဒီဇယ် အသုံးပြုတဲ့ စားအုန်းဆီဈေးလည်း လိုက်ပါမြင့်တက်ဦးမယ်လို့ စင်ကာပူ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အများသူငါ တွေက သတိထားနေကြလို့ ဈေးကွက်အတွင်း ရောင်းချသူများပြီး နိုင်ငံရေးတည်ငြိမ် ချိန်ထိ ဝယ်ယူမှုတို့ စောင့်ဆိုင်း နေကြတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြား ပါတယ်။               ဧပြီ၊ မေ၊ ဇွန်အတွက် စားအုန်းဆီခဲဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ မှ ၁၂ဝ၅ ရှိပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ကို ရင်းဂစ် ၁၃ဝ ကျဆင်းပြီး ရင်းဂစ် ၃၆၂ဝ (ကန်ဒေါ်လာ ၁၁၈၅) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com

Sunday, 20 Feb 2011

တရုတ်ပဲပုပ် တင်သွင်းဈေးမြင့်တက်                 တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်း ဈေးက ဇန်နဝါရီလမှာ ယခင်နှစ်ကာလ တူ ထက် ၂ဝ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အဲဒီလိုတင်သွင်းဈေး မြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့အစိုးရအပေါ် ဖိအားဖြစ်စေတယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဇန်နဝါရီလအတွင်း ပဲပုပ် တင်သွင်းဈေးဟာ တစ်တန်ကို ကန်ဒေါ် လာ ၅၅၈ ကို မြင့်တက်ခဲ့ပြီး တင်သွင်း ပမာဏကတော့ ယခင်လထက် ၅ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၅ ဒသမ ၁၄ သန်းတင်သွင်း ခဲ့တယ်လို့ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု စာရင်းအရ သိရပါတယ်။                  နိုင်ငံတကာဈေးကြီးမြင့်ခြင်းက တရုတ်နိုင်ငံအတွင်း ပြုပြင်ကြိတ်ခွဲထုတ် လုပ်တဲ့ကုမ္ပဏီများကို ပြည်တွင်းပဲပုပ် တွေ ဝယ်ယူဖို့ တွန်းအားဖြစ်စေခဲ့ရာ ပြည်တွင်းပဲပုပ်ဈေးလည်း မြင့်တက် လာခဲ့တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုး ရေး တက္ကသိုလ်မှ သုတေသနပညာရှင် Hu Bingchuan  က ပြောကြားပါ တယ်။                  ချီကာကိုမှာ ဖေဖော်ဝါရီ ဒုတိယ ပတ် ဂံျုဈေးက ယခင်နှစ်က ၇၈ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဈေးက ယခင်နှစ်ကာလတူထက် ၉၂ ရာခိုင်နှုန်း ခုန်တက်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၁ ရက်ပဲပုပ်ဈေးကတော့ တောင်အမေရိကားက ရိတ်သိမ်းနေပြီး အမေရိကန် ပဲပုပ်ကို ဝယ်လိုအားအနည်းငယ်သာ ရှိတာကြောင့် ဈေးပြန်ကျခဲ့တယ်လို့သိရပါတယ်။                  ရာသီဥတုဆိုးဝါးမှုကြောင့် အမေရိကန်၊ ဘရာဇီးနဲ့ အာဂျင်တီးနား တို့က ပဲပုပ်တင်ပို့မှုဟာ တန်ချိန် ၉ သန်းခန့် ကျဆင်းနိုင်တယ်လို့ Rabobank   ရဲ့ အစီရင်ခံစာအရ သိရ ပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်စည်ဒိုင် ၄ ခုထဲက တစ်ခုဖြစ်တဲ့ Zhengzhou  ကုန်စည်ဒိုင်မှာ ဂံျုစိုတ်တဲ့ ဒေသမှာ မိုးခေါင်ခြင်းကြောင့် ဂံျုဈေးစံချိန်သစ် တင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးခေါင်ခြင်းကြောင့် ဆန်နဲ့ ဂံျုဈေးက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မြင့် တက်လာခဲ့ရာ ဖေဖော်ဝါရီလအတွင်း FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း လည်း မြင့်တက်ခဲ့တယ်လို့ သိရပါ တယ်။ ယမင်းခင်၊ Source: China Daily

Sunday, 20 Feb 2011

တရုတ်အဝယ်လိုက်လာတဲ့ မန်းနှမ်းဈေးကွက်                       မန်းဈေးကွက်သို့ ရွှေဘို၊ ဝက်လက်၊ ကျောက်တွင်း၊ ရေနံ့သာ၊ မတ္တရာ ဒေသများမှ နှမ်းဖြူများအပြင် အောင်လံ၊ အညာဒေသများမှ နှမ်းနက်များလည်း ဝင်ရောက်မှုရှိနေပါတယ်။ ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ထက် တရုတ် အဝယ်ရှိလာတဲ့အတွက် ဈေးအနည်းငယ်မြင့်လာတာကိုလည်း တွေ့ရပါတယ်။ ယခု တစ်ပတ် နှမ်းဖြူ တစ်ပိဿာ ၁၇၃၃ ကျပ်၊ တစ်တန် ၁ဝ၆၁၂ဝဝ ကျပ်၊ နှမ်းနက် အညာစမုံက တစ်ပိဿာ ၂၂၈၉ ကျပ်၊ တစ်တန် ၁၄ဝ၁၇ဝဝ ကျပ်၊ နှမ်းနက် (ရိုးရိုး) ထိပ်စတစ်ပိဿာ ၂ဝဝဝ ကျပ်၊ တစ်တန် ၁၂၂၄၇ဝဝ ကျပ်၊ နှမ်းညို ၁၅၁၁ ကျပ်၊ တစ်တန် ၉၂၅၃ဝဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ နှမ်းဆီ ဈေးက တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၁၅ဝ ကျပ်၊ နှမ်းဖတ်က ၆၄ဝ ကျပ်-၆၆ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်နေကြပြီး၊ ယခုတစ်ပတ်မှာ တရုတ်နှစ်သစ်ကူး မတိုင်မီ ထက် ရောင်းဝယ်သွက်လာသလို ရောင်းဝယ်နေကြတဲ့ နှမ်းတွေကလည်း ဆောင်းနှမ်းပဲဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောပါတယ်။ ကျော်ကျော်မိုး

Tuesday, 15 Feb 2011

တရုတ်နိုင်ငံက တင်သွင်းမှုတိုးတက်မယ့် အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း မြင့်တက်                    ကမ္ဘာမှာ ပဲပုပ်အများဆုံးတင်ပို့တဲ့ အမေရိကန်ပဲပုပ်ကို တရုတ်က ပိုမိုဝယ် ယူမယ့် အလားအလာကြောင့် ပဲပုပ်ကြိုပွိုင့်ဈေးဟာလေးကြိမ်မှာ ပထမအကြိမ် အနေနဲ့ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲပုပ်အများဆုံးသုံးစွဲတဲ့ တရုတ် နိုင်ငံက ဇူလိုင်လ ၃၁ ရက်မှာပြီးဆုံး မယ့် ယခုနှစ်အတွင်း တန်ချိန် ၅၄ ဒသမ ၅ သန်း တင်သွင်းနိုင်တဲ့အတွက် ယခင်နှစ်ထက် ၁၆ ရာခိုင်နှုန်းမြင့်တက် လိမ့်မယ်လို့ ဟမ်းဘတ်အခြေစိုက် ဆီကမ္ဘာမှ ဖေဖော်ဝါရီလ ၈ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်းသိရပါတယ်။                   ပဲပုပ်မှ တိရစ္ဆာန်အစာနဲ့ ဟင်းချက်ဆီ ထုတ်လုပ်မှုဟာ ၁၃ ရာခိုင်နှုန်း ထိ မြင့်တက်မယ်လို့လည်း သုတေသန ပြုသူများက ဆိုပါတယ်။ အောက်တိုဘာ လလယ်က တရုတ်နိုင်ငံရဲ့ အတိုး နှုန်းကို တတိယအကြိမ် မြင့်တင်လိုက် ပြီး နောက်ပိုင်း ပဲပုပ်ဆီဈေးကျဆင်း လာခဲ့ပါတယ်။ အတိုးနှုန်းတိုးမြင့်လိုက် ခြင်းက ပဲပုပ်ဝယ်လိုအားကို နှေးကွေး စေတော့မှာ မဟုတ်ဘူးလို့ ချီကာကိုရှိ PFG Best Inc  မှ ဈေးကွက်လေ့လာ ဆန်းစစ်သူTim Hannagan  က ဆို ပါတယ်။                  တရုတ်နိုင်ငံက ၎င်းရဲ့ အရန် သိုလှောင်မှုကို ဖြည့်ဆည်းဖို့နဲ့ စားနပ် ရိက္ခာဈေးနှုန်းဖောင်းပွမှုကို လျော့ကျ စေဖို့ ပိုမိုတင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ ၎င်းကထပ်လောင်းဆိုပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေး ဟာ ဝ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၃၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၁) ရှိခဲ့ပါတယ်။ အစောပိုင်းက တစ်တန်ကို ကန်ဒေါ်လာ ၅၂၃ ထိကျဆင်း ခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မှာ တစ်တန်ကို ကန်ဒေါ်လာ ၅၃၇ ရှိခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လကတည်းက အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။                   လွန်ခဲ့တဲ့လက ချီကာကိုမှာ အမေရိကန်ပဲပုပ်ကို ကန်ဒေါ်လာ ၆ ဒသမ ၆၈ ဘီလီယံ တန်ဖိုးရှိ စာချုပ် ၂၁ စောင်ကို တရုတ်က ဝယ်ယူလက်မှတ် ရေးထိုးခဲ့တယ်လို့ အမေရိကန်ပဲပုပ် တင်ပို့မှု ကောင်စီက ပြောကြားပါ တယ်။ ၂ဝဝ၉ ခုနှစ်မှာ အမေရိကန်က ပဲပုပ်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၁ ဒသမ ၈ ဘီလီယံ ဒုတိယအနေနဲ့ ဝင်ငွေရရှိပြီး ပြောင်းတင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၈ ဒသမ ၆ ဘီလီယံရရှိခဲ့တယ်လို့ အစိုးရစာရင်းများ အရ သိရပါတယ်။ ယမင်းရွှေစင်၊ Source: bloomberg.net

Sunday, 6 Feb 2011

အာဂျင်တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်လို့ ပဲပုပ်နဲ့ ပြောင်းဈေးနှုန်းမြင့်တက်                  ကမ္ဘာ့ ပဲပုပ် အများဆုံး တင်ပို့တဲ့ အမေရိကန်ရဲ့ သီးနံှများကို ဝယ်လို အားတက်ခြင်းနဲ့ အာဂျင်တီးနား ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှု တွေ ကြောင့် ပဲပုပ်ဈေးနှုန်းက လ ၃ဝ အတွင်း အမြင့်ဆုံးကို ဖြစ်လာသလို ပြောင်း ဈေးနှုန်းလည်း မြင့်တက်လာ တယ်လို့ သိရပါတယ်။ အမေရိကန် ပြောင်း တန်ချိန် ၁၂ဝဝဝဝ နဲ့ ပဲပုပ် တန်ချိန် ၁၁ဝဝဝဝ ကို သြဂုတ်လ ၃၁ ရက် မတိုင်မီ တင်ပို့ ရမယ်လို့ စိုက်ပျိုး ရေး ဌာနက ဖေဖော် ဝါရီလ ၁ ရက်နေ့ မှာ ပြောကြားခဲ့ပါတယ်။ အာဂျင် တီးနားမှာ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်နေခြင်းက အမေရိ ကန်မှ တင်ပို့ မှုကို ပိုမိုမြင့်တက်စေတယ် လို့ ဝါရင့် ဈေးကွက် လေ့လာဆန်းစစ်သူ Dale Durchholz က ပြောကြားပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့် ပဲပုပ် ကြိုပွိုင့်ဈေးက ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၃၈ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၂) ဖြစ် ခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ အမြင့် ဆုံးဖြစ် ခဲ့တဲ့ တစ်ဘူရှယ် ၁၄ ဒသမ ၄ဝ၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၃) နီးပါး ရောက်ရှိလာတယ်လို့သိရပါတယ်။ မတ်လပို့ရမယ့် ပြောင်း ကြိုပွိုင့် ဈေးလည်း ၁ ရာခိုင်နှုန်း မြင့် တက်ပြီး တစ်ဘူရှယ်ကို ကန် ဒေါ်လာ ၆ ဒသမ ၆၆ (တစ်တန်ကို ကန်ဒေါ်လာ ၂၆ဝ) ဖြစ်ခဲ့လို့ လွန်ခဲ့တဲ ၁၂ လအတွင်း ၈၆ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါ တယ်။ ပြောင်း ဈေးနှုန်းဟာ လွန်ခဲ့တဲ့ နှစ်က ရုရှား၊ ယူကရိန်းနဲ့ ဥရောပ အခြားဒေသများ အတွင်းမိုး ခေါင် ခြောက်သွေ့လို့ သီးနံှ များ အထွက် လျော့ပြီးနောက် အမြင့်မှာပဲ စိုးမိုး နေခဲ့ တာဖြစ်ပါတယ်။ ယခုလိုဈေးနှုန်းမြင့်တက် ရခြင်း ဟာ ပဲပုပ်နဲ့ ပဲပုပ်ဆီအများဆုံး တင်သွင်းတဲ့ တရုတ်နိုင်ငံက ဝယ်လိုအား တက်လာတဲ့ အလားအလာ များ ကြောင့်လည်း ဖြစ်ပါတယ်လို့ နယူးယောက်ရှိ ဝါရင့်ဆီထွက်သီးနံှ လေ့လာ ဆန်းစစ်သူ Anne Frick  က ပြော ကြားပါတယ်။ယမင်းခင်၊ Source: Bloonberg .net

Sunday, 6 Feb 2011

ဆောင်းမြေပဲများစတင်ထွက်ပေါ်တဲ့ အရာတော်မြို့                စစ်ကိုင်းတိုင်းဒေသကြီး ၂ဝ၁ဝ-၂ဝ၁၁ ဆောင်းမြေပဲ လျာထားစိုက်ဧက ၄ သိန်းတစ်သောင်းကျော်အနက် ၄ သိန်းကျော် ၉၈ ရာခိုင်နှုန်းစိုက်ပိုျးပြီး ဖြစ်ပါတယ်။ မြေပဲရဲ့ စိုက်ပိုျးကာလ ၄ လဖြစ်လို့ အောက်တိုဘာလမှာ စတင်စိုက်ခဲ့တဲ့ အရာတော်မြို့နယ်မှ တောင်သူအချို့ရဲ့ ဆောင်းမြေပဲများ စတင် ထွက်ပေါ်နေကြောင်း မြို့ခံတစ်ဦးမှ ပြောပြလို့ သိရပါတယ်။ မြေပဲတစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်၊ မိသားစုလုပ်အားခမပါ ၉ သောင်းကျော်ကုန်ကျပြီး အထွက် နှုန်း မြေပဲတောင့် ၄၅ တင်းခန့်ထွက်ရှိကြောင်း၊ မြေပဲတောင့် တစ်တင်းကို မြေပဲဆံ ၂ ပြည်ရရှိလို့ မြေပဲတစ်တင်း ပေါက်ဈေး ၃၃ဝဝဝ ကျပ်နဲ့ ရောင်းချပါက ကျပ် တစ်သိန်းကိုးသောင်းကျော်ရရှိသဖြင့် တစ်ဧကကို အမြတ် တစ်သိန်း ဝန်းကျင် ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံး ဆံပေါက်ဈေး တစ်တင်း ၃၃ဝဝဝ ကျပ်-၃၅ဝဝဝ ကျပ်ဈေးေပေါက်ကြောင်း သိရပါတယ်။                                                                                                                        သန်းးသန်းးတင်

Sunday, 6 Feb 2011

လာနီညာရာသီဥတုခန့်မှန်းချက်ကြောင့် စားအုန်းဆီဈေး ၃၅ လအတွင်း အမြင့်ဆုံးကိုရောက်ရှိ                 လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် အာရှမှာ ရေလွှမ်းမိုးမှုဖြစ်စေပြီး တောင်အမေရိကားမှာ မိုးခေါင်မှုတွေ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်လို့ စားအုန်းဆီဈေးဟာ ၃၅ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့သလို နောက်ထပ် ၄ လအတွင်း မှာလည်း ထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ကွာလမ်လာပူမှာ ဧပြီ အရောက် ပို့ရမယ့် စားအုန်းဆီကြိုပွိုင့်ဈေးက ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၈၉၅ (ကန်ဒေါ်လာ ၁၂၈ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လာနီညာဟာ ဇွန်လမှာ စတင်ပြီး ပုံမှန်အားဖြင့် ၉ လ၊ ၉ လထက်ပို ကြာတတ်ပြီးအရှေ့တောင်အာရှ ဒေသတော်တော်များများမှာ ပျမ်းမျှမိုးရေချိန် အထက် ရွာသွန်းတတ်တာကြောင့် ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်သူများဖြစ်တဲ့ အင်ဒို နီးရှားနဲ့ မလေးရှားတို့မှာ စားအုန်းဆီရိတ်သိမ်းမှုနှောင့်နှေးစေခဲ့ပါတယ်။ လာနီညာဖြစ်စဉ် အားကောင်းမှုဟာ နောက် ၄ လအတွင်း လျော့ကျစေနိုင်တယ်လို့ မလေးရှား မိုးလေဝသဌာနက ပြောကြားပါတယ်။                     မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအဓိကထုတ်လုပ်တဲ့ Johor  ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၂ လကျော်အတွင်း ဈေးနှုန်း အများဆုံး မြင့်တက်ခဲ့ပါတယ်။ လာနီညာကြောင့် အာဂျင်တီးနားမှာ မိုးခေါင်ခဲ့လို့ ကမ္ဘာ့တတိယအများဆုံးပဲပုပ်ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ပါတယ်။ မတ်လပို့ရမယ့် ပဲပုပ်ဈေးက တစ်ဘူရှယ်ကို ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး ကန်ဒေါ်လာ ၁၄ ဒသမ ၄၅၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၅၃၅) ဖြစ်ခဲ့ပြီး၊ ပဲပုပ်ဆီဈေးက တစ် ပေါင်ကို ကန်ဒေါ်လာ ၅၉ ဒသမ ဝ၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ) ဖြစ်ခဲ့ပါတယ်။                   ဒေလီယံကုန်စည်ဒိုင်ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စက်တင်ဘာလ ပို့ရမယ့် စားအုန်းဆီဈေးက ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅ဝ၅ ဖြစ်ခဲ့ပြီး ပဲပုပ်ဆီဈေးကလည်း ဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ယွမ် ၁ဝ၆၂၈ (ကန်ဒေါ်လာ ၁၆၁၃) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယုဇန၊ှSource: bloomberg.net

Friday, 28 Jan 2011

တရုတ်နိုင်ငံက ဝယ်လိုအား ကျဆင်းနိုင်တဲ့အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း ကျဆင်း            ကမ္ဘာ့ပဲပုပ် အများဆုံး ဝယ်ယူတဲ့ တရုတ်နိုင်ငံမှာ အစိုးရက အရံငွေ အတွက် စရံငွေပိုမိုချထားပေးဖို့ ဘဏ် များကို ညွှန်ကြားခဲ့တဲ့နောက် ဝယ်လိုအား နှေးကွေးနိုင်တဲ့ အလားအလာ များကြောင့် ပဲပုပ်ကြိုပွိုင့်ဈေး ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ ချီကာကို မှာ မတ်လ ပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ဝ၈၂၅ (တစ် တန်ကို ကန်ဒေါ်လာ ၅၂၁) ဈေးဖြစ် ခဲ့တယ်လို့ သိရပါတယ်။ တရုတ် နိုင်ငံ ရဲ့ နောက်ဆုံးချမှတ်လိုက်တဲ့ မူဝါဒအရ တရုတ်နိုင်ငံရဲ့ ဆီထွက်သီးနံှဝယ်လိုအား နည်းသွားနိုင်တယ်လို့ သြစတြေးလျ Commonwealth Bank မှ ကုန်စည် လေ့လာဆန်းစစ်သူ Luke Mathews  က ပြောကြားပါတယ်။           စက်တင်ဘာလ ၁ ရက်မှ ဇန်နဝါရီလ ၆ ရက်အထိ အမေရိကန်နိုင်ငံမှ တရုတ်ကို ပဲပုပ်တန်ချိန် ၁၅ ဒသမ ၂ သန်းတင်ပို့ခဲ့တယ်လို့ အမေရိကန် စိုက်ပိုျးရေးဌာနက ဇန်နဝါရီလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံ အနေနဲ့ ယခင်နှစ်က တန်ချိန် ၅ဝ ဒသမ ၃ သန်းတင်သွင်းခဲ့ရာမှ ယခုနှစ် မှာ တန်ချိန် ၅၇ သန်းထိ မြင့်တက်လိမ့် မယ်လို့လည်း  USDA က ခန့်မှန်းထား ပါတယ်။ ယမင်းခင်၊ Source: Bloonberg ,nt  

Friday, 28 Jan 2011

 နှမ်းတန် ၂ဝဝဝ ကျော်ပို့          မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတွေကနေ ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း နှမ်းရောင်စုံ တန် ၂ဝဝဝ ကျော် တန်ဖိုးကန် ဒေါ်လာ ၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်ရက်သတ္တပတ်ထက်တော့ တန် ၃ဝဝ ကျော်ခန့်ပိုမိုတင်ပို့ခဲ့တာ တွေ့ရှိရပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့မှုတွေကတော့ နှမ်းဖြူ ၁၅၁ တန်ကျော်၊ နှမ်းနက် ၁၄၆ဝ တန်ကျော်နဲ့နှမ်းအခွံချွတ် ၄၆၆ တန် အသီးသီး ဖြစ်ပါတယ်။ပြည်တွင်းနှမ်းဈေးကတော့နှမ်းဖြူ (လတ်) တစ်တန်ကို ကျပ် (၉ ဒသမ ၂၅ )သိန်း၊ နှမ်းဖြူ(ကောင်း)တစ်တန်ကို ကျပ် (၉ ဒသမ ၉၄) သိန်းဝန်းကျင်၊ နှမ်းဖြူ ထိပ်စ တစ်တန်ကိုကျပ် (၁ဝ ဒသမ ဝ၁) သိန်းဝန်းကျင်၊ နှမ်းနက်ဈေးမှာ အညံ့တစ်တန်ကျပ် (၁ဝ ဒသမ ၈၈)သိန်းနှင့် အရည်အသွေးကောင်းတစ်တန်ကျပ် (၁၂ ဒသမ ၆၆) သိန်းဝန်းကျင်ရှိပါတယ်။ ရွှေလီဈေးမှာ နှမ်းဖြူတစ်တန်ယွမ် (၈၆ဝဝ မှ ၉၆ဝဝ) ကြားနဲ့ နှမ်းနက်တစ်တန်ကို ယွမ် (၁၁ဝဝဝ မှ ၁၂၅ဝဝ) ကြားရှိကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်နှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။                                          မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်            ပြောင်းလဲမှု     %          ယခု              ယခင်        ပြောင်းလဲမှု         %နှမ်းဖြူ            ၁၁၄၅၁၄၇    ၁၁၃၈၆ဝ၂       ၆၅၄၅         ဝ .၅       ၁၃၄၇          ၁၂၅၁               ၉၆                ၈နှမ်းနက်         ၁၄၃ဝ၉၁၃   ၁၅၅၁၃၂၂        ၁၂ဝ၄ဝ၉        ၈         ၁၇၁၁           ၁၇၇၉               ၆၈               ၄MIRT (DOBT)

Friday, 28 Jan 2011

ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု ပြန်တက်လာ         ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုဟာ တန် ၄ဝဝ ခန့်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်) အတွင်း မှာတော့ တန်ချိန် ၆၂ဝ ကျော်အထိ တိုးတင်လာတာတွေ့ရပါတယ်။ ၂ဝ၁ဝ ဒီဇင် ဘာလ တစ်လလုံး နှမ်းတင်ပို့မှုကို ကြည့်မယ်ဆိုရင် တန်ချိန် ၄ဝဝဝ ခန့်ရှိလို့ နိုဝင်ဘာလတင်ပို့မှု ပမာဏအတိုင်း တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ဒီဇင်ဘာလမှာတော့ တန်ချိန် ၄၃ဝဝ ခန့်အထိ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ဈေးကွက်တွေကို နယ်စုံက နှမ်းအသစ်တွေ ဖြိုင်ဖြိုင်ဝင်လာနေပြီဖြစ်သလို တရုတ်နယ်စပ်ဘက်ကလည်း ဝယ်လိုအား ကောင်းနေတာကြောင့် ပြည်တွင် နှမ်းဈေး မြင့်လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီလ ၂၁ ရက်မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈ဝ-၁၉၃ဝ၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁ဝ-၁၅၆ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ- ၁၄၁ဝ ဈေးအသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT

Pages