Background
ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများ၊ ရန်ကုန်ဆိပ်ကမ်းအရောက် တစ်ပိဿာအရင်းဈေးတွက်ချက်ပုံ (၁၄ - ၇ -၂ဝ၁၁)နေ့ အကြောင်းအရာ တွက်ချက်နှုန်း တစ်ပိဿသာကုန်ကျစရိတ် (ကျပ်)CIF ဈေး (1160 x 808)/ 612 ၁၅ဝ၈ .၉ဝFDA ထောက်ခံစာ 58 .20/ 612 ဝ .၁ဝသွင်းကုန်လိုင်စင်ကြေး 50/ 612 ဝ .ဝ၈L/C စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၃ .၇၇Bill စရိတ် (CIF 1160 x 0.25% x Earning 808/)/612 ၇ .၅၄စားအုန်းဆီအလျော့ 0.5% x 2000 ၁ဝ .ဝဝဆီကန်သိုလှောင်ထိန်းသိမ်းခ 5/ -1% ၄ .၉၅အကောက်ခွန် (CIF 1160 x ကောင်တာဈေး 450 x 5%) 612 ၄၂ .၂၈ဆိပ်ကမ်းခွန် (50000/ 1000) 612 ဝ .ဝ၈MITS စစ်ဆေးခ (FDA အပါအဝင်) ဝ .၆ဝအမြတ်ခွန် (CIF 1160 x 35/-) 612 ၆၅ .၇၇ဆိပ်ကမ်းကပ်ခ (3x Earning 808) 612 ၃ .၉၄ရန်ကုန်ဆိပ်ကမ်းအရောက်အရင်းဈေး ၁၆၄၈ .ဝ၁မှတ်ချက်။ ၁။အထက်ပါတွက်ချက်မှုမှာ (၁၄-၇-၂ဝ၁၁)နေ့(CIF ဈေး ၁၁၆ဝ ဒေါ်လာနှင့် Earning ဒေါ်လာဈေး ၈ဝ၃) ကျပ်ဖြင့်တွက်ချက် ထားခြင်း ဖြစ်ပါသည်။ ၂။ (၁၄-၇-၂ဝ၁၁)နေ့ ဝယ်ယူပြီးနောက် (၁ဝ) ရက်ခန့်အကြာ ရန်ကုန် ဆိပ်ကမ်းရောက်ရှိမည့် ဈေးဖြစ်ပါသည်။ ၃။ တင်သွင်းလာသော ကုမ္ပဏီ၏ အမြတ်၊ ဆိပ်ကမ်းမှ ဖြန့်ဖြူးမည့် ဈေးကွက်အရောက် သယ်ယူစရိတ်၊ လုပ်သားခ၊ လက်လီဆိုင်များ၏ အမြတ်များ မပါဝင်သေးပါ။
ကြိတ်ခွဲသူများ သင်္ဘောတင် ရွှေ့ဆိုင်းခြင်းကြောင့် တရုတ်ပဲပုပ်တင်သွင်းမှု ဇွန်လမှာကျဆင်း ကမ္ဘာတွင် ပဲပုပ်အများဆုံးဝယ်ယူ တဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ်ကြိတ်ခွဲသူများ က အကျိုးအမြတ် ရရှိမှုနည်းလို့ သင်္ဘောတင်ရွှေ့ဆိုင်းခြင်းတွေကြောင့် ပဲပုပ်တင်သွင်းမှုဟာ မေလထက်ဇွန်လ မှာ ကျဆင်းခဲ့ပါတယ်။ အကောက်ခွန်ရုံး မှဖော်ပြချက်အရ လွန်ခဲ့တဲ့လမှာ ပဲပုပ် သင်္ဘောတင်သွင်းမှုတန်ချိန် ၄ ဒသမ ၃ သန်းရှိတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ မေလအတွင်း တင်သွင်း တဲ့တန်ချိန် ၄ ဒသမ ၆ သန်းထက် လျော့ကျလို့ ၂ဝ၁ဝ ခုနှစ် ဇွန်လ တင် သွင်းမှုထက်လည်း ၃၁ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။ ယခု နှစ်ဝက်မွေးမြူမှု ကျဆင်းခြင်းက တိရစ္ဆာန် အစာ ဝယ်လိုအားလျော့ ကျခဲ့ပြီး တစ်ဆက်ထဲမှာ ပဲပုပ်ကြိတ်ခွဲ လည်ပတ်မှုကို လျော့ကျစေတဲ့အတွက် ယခုနှစ်ပဲပုပ် တင်သွင်းမှု နှေးကွေး ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပဲပုပ် တင်သွင်းမှု လျော့ကျတဲ့အတွက် ယခု နှစ်ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းက ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖို့ဖြစ်စေ ပါတယ်။ သင်္ဘောတင်မှုဟာ နောက်နှစ် တိုင်အောင် တုံ့ဆိုင်းနိုင်ဖွယ်ရှိတယ်လို့ Jilin Gram Group မှ မန်နေဂျာChen Baomin မှ ပြောကြားပါတယ်။ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ဈေးဟာ တစ် ဘူရှယ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၄၆၂၅ (တစ်တန်ကန်ဒေါ်လာ ၄၉၈) ရှိလာခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကဆိပ်ကမ်း များမှာ သိုလှောင်ပဲပုပ်တန်ချိန် ၆ ဒသမ ၅ သန်း၊ ၇ သန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက စက်တင်ဘာလ ၃ဝ ရက်အထိ ယခုနှစ်အတွင်း ဆီထွက်သီးနံှတင်သွင်းမှုဟာ တန်ချိန် ၅၄ သန်းခန့် ရှိနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနကခန့်မှန်းထားပါတယ်။ ယမင်းခင် Source: bloomberg.net
ဘရာဇီးပဲပုပ် တင်ပို့မှု ကျဆင်းနိုင် အမေရိကန်ပြီးရင် ကမ္ဘာမှာ ပဲပုပ် ဒုတိယအများဆုံးထုတ်လုပ်တဲ့ ဘရာဇီး ရဲ့ ပဲပုပ်ထုတ်လုပ်မှုနဲ့ ပြည်ပတင်ပို့မှု ဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၃ဝ ရာခိုင်နှုန်း နီးပါးရှိပါတယ်။ လူတစ်ဦးအသားစား နှုန်းနဲ့ ဇီဝလောင်စာထုတ်လုပ်မှု မြင့် တက်လာတာကြောင့် လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကျော်အတွင်း ပဲပုပ်ထုတ်ကုန်ပြည်တွင်းစားသုံးမှုဟာ ခိုင်မာအား ကောင်းလာခဲ့ပါတယ်။ ၂ဝ၁ဝ အတွင်း ဇီဝလောင်စာထုတ်လုပ်မှုရဲ့ ၄ ပုံ ၃ ပုံကို ပဲပုပ်ဆီမှ ထုတ်လုပ်ကြောင်း သိရပါတယ်။ ဇီဝလောင်စာ ထုတ်လုပ်မှု တိုး တက်နေခြင်းနဲ့အတူ ပဲပုပ်ဖတ်နဲ့ ပဲပုပ် ဆီဝယ်လိုအားကလည်း ၂ဝ၂ဝ ခုနှစ် လောက်မှာ စံချိန်တင်မြင့်တက်နိုင်တယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ပဲပုပ် ထုတ်လုပ် မှုကတော့ လိုအပ်ချက် ကြီး ွားမှုနှုန်းနဲ့ အညီ ထုတ်လုပ်ဖို့ ရုန်းကန်ရလိမ့်မယ် လို့ဆိုပါတယ်။ ကာလလတ်အတွင်းမှာ ဘရာဇီးပဲပုပ်အထွက် တိုးတက်မှု နှေး ကွေးသွားနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မှုတွေနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ကြီးမြင့်မှုတွေကြောင့် ပဲပုပ်စိုက်ပျိုးဖို့ ဧရိယာထပ်မံ တိုးခဲျ့လို့ရနိုင်ဖွယ်မရှိဘူး လို့ သိရပါတယ်။ ယမင်းခင်၊ Source: Barclays
အထွက်ကျဆင်းလို့ တရုတ်နိုင်ငံက ပဲပုပ်တင်သွင်းမှု မြင့်တက်နိုင်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနကဆို အောက်တိုဘာ ၁ ရက်မှ စတင်တဲ့ ယခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၅၈ သန်းအထိ ရှိနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ဆိုပါတယ်။ ယခုနှစ်အတွင်း အထွက်ကျဆင်းတာကြောင့် အစောပိုင်းက တန်ချိန် ၅၄ ဒသမ ၅ သန်းတင်သွင်းမယ်လို့ ခန့်မှန်းရာမှ ပိုမိုတင်သွင်းရမယ့် အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ဆီထွက်သီးနံှ တန်ချိန် ၁၅ ဒသမ ၂သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၁၄ ဒသမ ၇၅ သန်းကို ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းပြောကြားထားပါတယ်။ ယမင်းခင်၊Source: bloomberg .net
ရာသီဥတုပူနွေးလာခြင်းက ဝယ်လိုအား တက်စေတာကြောင့်တရုတ်စားအုန်းဆီတင်သွင်းမှုမြင့်တက် တရုတ်နိုင်ငံမှာ ရာသီဥတုပူနွေးလာခြင်းက စားသုံးဆီဝယ်လိုအားကို မြင့်တက် စေတာကြောင့် ယခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှု အမြင့်ဆုံး ပမာဏ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လမှာ တန်ချိန် ၄၅၃ဝ၈၉ တင်သွင်း ခဲ့ရာမှ ဧပြီလမှာ ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ပုံမှန်အားဖြင့် နွေရာသီဖြစ်တဲ့ နှစ်စဉ်ဧပြီလအတွင်း တင်သွင်းမှုမြင့်တက် လေ့ရှိတယ်လို့ Guoxin Funtures Co မှ လေ့လာဆန်းစစ်သူ Cao Yanhui u က ပြောကြားပါတယ်။ နွေရာသီမှာ စားအုန်းဆီ ခဲခြင်းမရှိလို့ အသုံးပြုမှု တိုးတက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခင်နှစ်ထက်တော့ သင်္ဘောတင် ၁၄ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်ကြောင်း အကောက်ခွန်စာရင်းအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ယခင်လငွေကြေးဖောင်းပွမှုဟာ ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး နီးပါးရှိလာတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ထိန်းခုျပ်ဖို့ တင်းကျပ်ခဲ့ပြီး စားဆီ အပေါ်လည်း ဈေးနှုန်းခုျပ်ကိုင်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးဟာ ယခုနှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမ ၄ လအတွင်း တင်သွင်းမှုဟာ တန်ချိန် ၁ ဒသမ ၅ သန်းရှိလို့ ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အကောက်ခွန် စာရင်းများအရ သိရပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလပို့ရမယ့်အတွက် စားအုန်းဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄ဝ၄ ရှိပြီး ပဲပုပ်ဆီ ဈေးလည်း ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၅၇ ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: Bloonberg.net
တရုတ်နိုင်ငံပဲပုပ်အကျဈေးနဲ့ ဆက်လက်ရှိနေ တရုတ်နိုင်ငံမှာ ပဲပုပ်တင်သွင်းမှု မြင့်တက်မယ့် အလားအလာအရ ပြည်တွင်းပဲပုပ်ဈေးနှုန်းအကျဈေးနဲ့ ဆက်လက်ရှိနေကြောင်း သိရပါတယ်။ အစိုးရက ပြည်တွင်းဈေးနှုန်းထိန်းချုပ်ဖို့ ရည်ရွယ်ပြီး သိုလှောင်ထားတဲ့ ပဲပုပ်ကို လေလံတင်ရောင်းချခြင်းဖြင့် လတ်တလော ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ယခုတစ်ပတ်အတွင်း ပဲပုပ် အရန်တန်ချိန် ၃ သိန်းကို နိုင်ငံတော် သီးနံှနှင့် ဆီသတင်းအချက်အလက် ဌာနက ရောင်းချမယ်လို့ သိရပါတယ်။ တင်သွင်းဈေးနှုန်း ကျဆင်းခြင်းက ပိုမိုတင်သွင်းဖို့ ဖြစ်စေခဲ့တာကြောင့် တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ယခင် သီတင်းပတ် အစီရင်ခံချက်အရ ဧပြီလ ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၄ ဒသမ ၃၅ သန်းကို ယခင်နှစ် ကာလ တူထက် ၃ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ဖွယ်ရှိပြီး မတ်လတင်သွင်းမှုထက် ၂၄ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ မေလအတွင်းမှာတော့ တန်ချိန် ၄ ဒသမ ၄ သန်းကို မြင့်တက် တင်သွင်း ရဖွယ်ရှိပြီး တင်သွင်းဈေးက ပြည်တွင်း ဈေးထက် ယွမ် ၂၅ဝ နီးပါး (ကန်ဒေါ်လာ၃၈ ဒသမ ၄၈) နိမ့်နေကြောင်း သိရပါတယ်။ ဒေလီယံ ကုန်စည်ဒိုင်မှာ ပဲပုပ်ကြိုပွိုင့်ဈေးက အနည်းငယ်ကျဆင်းပြီး ဇန်နဝါရီလ စာချုပ်ဈေးက ၁ ယွမ်ကျဆင်းပြီး တစ်တန်ကို ယွမ် ၄၄၇၄ (ကန်ဒေါ်လာ ၆၈၉) ဖြစ်တယ် လို့ သိရပါတယ်။ ယမင်းခင် Source: nnscommodityonline
အာဂျင်တီးနား ပဲပုပ်ဆီတင်သွင်းမှု တရုတ်တိုးမြှင့်မယ် အာဂျင်တီးနားပဲပုပ်ဆီ တန် ၅ သိန်းကို တရုတ်က ဝယ်ယူသွားမယ်လို့ အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်စီးပွားကူးသန်းဝန်ကြီးက မေလ ၁၇ ရက်နေ့မှာ ပြောကြားပါတယ်။ အဲဒီဝယ်ယူမှုဟာ တရုတ်သွင်းကုန် လျှော့ချခဲ့တဲ့ ယခင်နှစ်ကုန်သွယ်ရေး အငြင်းပွားမှုကို ပုံမှန်ပြန်ဖြစ်လာဖို့ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ယခင်နှစ်က ၆ လအကြာ အာဂျင်တီးနား ပဲပုပ်ဆီ တင်သွင်းမှု ပိတ်ပင်ခဲ့ပြီးနောက် တရုတ် ကုန်သွယ်မှု လေ့လာရေး အဖွဲ့ဟာ ဗျူနိုအေးရီးကို သွားရောက်ခဲ့တာ ဖြစ်ပါ တယ်။ ဒါ့အပြင် အာဂျင်တီးနားမှာ တရုတ်ကုမ္ပဏီများက ကန်ဒေါ်လာ ၁၄ ဘီလီယံဖိုး ရင်းနှီးမြှုပ်နံှမယ်ဆိုတာ လည်းကြေညာခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာမှာ ပဲပုပ်ဆီ အများဆုံးဝယ်ယူတဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း တင်ပို့ သူ အာဂျင်တီးနား က ပဲပုပ်ဆီဝယ်ယူမှု ကို ၂ဝ၁ဝ ခုနှစ် မတ်လ နှောင်းပိုင်းမှာ ရပ်ထားခဲ့ပါတယ်။ အမေရိကန် တောင် ပိုင်းနိုင်ငံတွေက တရုတ်ထုတ်ကုန် ပစ္စည်းအချို့ အပေါ် တင်သွင်းမှု ပိတ်ပင်ခဲ့ပြီးနောက်မှာ တရုတ်က ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ပထမ ၃ လအတွင်း တရုတ်နိုင်ငံရဲ့ပဲပုပ်ဆီ တင်သွင်းမှုဟာ ၂ဝ၁ဝ ပထမ ၃ လတင်သွင်းမှုထက် ၂ဆကျော် ပိုမိုပြီး၊ တန်ချိန် ၃ သိန်းရှိ ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Reuters
မလေးရှား စားအုန်းဆီဈေး ခိုင်မာနေဆဲလို့ MPOC မှဆို ပြည်ပအဝယ်ခိုင်မာလာနိုင်တာကြောင့် လာမယ့်လများမှာ မလေးရှား စားအုန်းဆီဈေး ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ မလေးရှားစားအုန်းဆီကောင်စီ (MPOC) ဥက္ကဌ Datuk lee Yeow Chor က ပြောကြားပါတယ်။ ရောင်းချမှု အလံျှပယ်ရှိနေပေမဲ့ လက်ရှိမူမမှန်တဲ့ ပူနွေးရာသီဥတုဖြစ်စဉ်က ကုန်စည်ဈေးနှုန်း မြင့်တက်ဖို့ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ယခု ပထမ ၁၅ ရက်အတွက် ပြည်ပတင်ပို့မှုဟာ ၂ဝ ရာခိုင်နှုန်းကျော် တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဈေးကွက်အခြေအနေခိုင်မာနေဆဲဖြစ်တယ်လို့ မေလ ၁၉ ရက်မှာ ကျင်းပတဲ့ Palm International Nutra Cosmeceuticals 2011 (PINC 2011) ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ မေလ ၁ ရက်မှ ၁၅ ရက်အတွင်း မလေးရှားစားအုန်းဆီ ထုတ်ကုန်တင်ပို့မှုဟာ ဧပြီလ ၁ ရက်မှ ၁၅ ရက်အတွင်းတင်ပို့ခဲ့တဲ့ တန်ချိန် ၄၁၈၁၃၄ ထက် ၂၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၅၃၃၃၄၁၉ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ပထမနှစ်ဝက်အတွင်း ပူပြင်းပြီး မိုးခေါင်တဲ့ အခြေအနေကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ထိခိုက်ခဲ့သလို ဒုတိယနှစ်ဝက်မှာလည်း မိုးများသည်းထန်ခဲ့လို့ စားအုန်းဆီ အထွက်နှုန်း ကျဆင်းခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့ စားအုန်းဆီကြိုပွိုင့်ဈေးဟာ အိန္ဒိယနဲ့ တရုတ်က ဝယ်လိုအားခိုင်မာလာတာကြောင့် သီတင်း ၂ ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အမေရိကန်မှာရာသီဥတု စိုစွတ်မှုကြောင့် ပဲပုပ်စိုက်ပျိုးမှု ထိခိုက်ပြီး ဥရောပမှာ မိုးခေါင်ခြင်းကြောင့် မုံညှင်းစေ့ အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ တွေအရ စားအုန်းဆီဈေးမြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယုဇန Source: Bennama
တောင်သူများ ဆီထွက်သီးနံှ ထုတ်လုပ်မှု မြင့်တက်လို့ အိန္ဒိယစားအုန်းဆီတင်သွင်းမှု ကျဆင်းနိုင် တရုတ်နိုင်ငံပြီးရင် စားဆီအသုံးပြုမှု အကြီးဆုံး အိန္ဒိယဟာ ပဲပုပ်နဲ့ မြေပဲ အထွက်မြှင့်တင်ဖို့ အကူအညီပေးတဲ့အနေနဲ့ တောင်သူများအတွက် ဆီထွက်သီးနံှ ဈေးနှုန်းကို တိုးမြင့်ပေးမှာဖြစ်လို့ စားအုန်းဆီ တင်သွင်းမှု ကျဆင်းနိုင်ပါတယ်။ စားနပ်ရိက္ခာသီးနံှနဲ့ နှိုင်းယှဉ်ရင် မိုးရာသီစိုက်ပျိုးတဲ့ ဆီထွက်သီးနံှနဲ့ ပတ်သက်ပြီး တောင်သူတွေအကျိုးအမြတ်ပိုမိုရရှိဖို့ အစိုးရက အကူအညီပေးနိုင်တယ်လို့ စိုက်ပျိုးရေး ထုတ်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင်ဥက္ကဌ Ashok Gulati က ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံဟာ စားဆီတင်သွင်းမှုရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို စားအုန်းဆီတင် သွင်းပြီး ကမ္ဘာ့စားအုန်းဆီအများဆုံးဝယ်ယူသူအဖြစ် တည်ရှိနေပါတယ်။ အိန္ဒိယရဲ့ တင်သွင်းမှု ကျဆင်းနိုင်ခြင်းက မလေးရှား အခြေခံစံဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ဆန်၊ ပဲနီလေး၊ ပြောင်းနဲ့ ဆီထွက်သီးနံှအပါအဝင် သီးနံှထုတ်လုပ်မှု ကုန်ကျ စရိတ်ဟာ စွမ်းအင်နဲ့ ဓါတ်မြေသြဇာဈေးနှုန်းကြီးမြင့်ခြင်း၊ လယ်ယာလုပ်သားများရဲ့ လုပ်ခလစာငွေ ပိုမိုလာခြင်းတို့ကြောင့် ယခင်နှစ်မှာ ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ Gulati က ဆိုပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကျော်လွန်ပြီး တောင်သူအကျိုးအမြတ် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း ရရှိစေဖို့ ကြိုးစားနေကြောင်း၊ တောင်သူများအနေနဲ့ အစိုးရဝယ်ယူဈေးထက် နိမ့်ကျတဲ့ ဈေးကွက်ထဲမှာ ရောင်းချမှုကို ကာကွယ်ရမယ်လို့ လည်း ဆိုပါတယ်။ ဇွန်လမှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွင်း အိန္ဒိယဆီထွက်သီးနံှ ထွက်ရှိမှုဟာ ၂၁ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၃ဝ ဒသမ ၂၅ သန်းထိ မြင့်တက်နိုင်တယ်လို့ ဧပြီလ ၆ ရက်နေ့မှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ဟင်းသီးဟင်းရွက်တင်သွင်းမှုဟာ စားအုန်းဆီ တန်ချိန် ၇ ဒသမ ၆ သန်းအပါအဝင် စုစုပေါင်း တန်ချိန် ၉ ဒသမ ၃၇ သန်းအထိ ရှိလာနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ လိုအပ်ချက်ရဲ့ ထက်ဝက်ကျော်ကို တင်သွင်းလျက်ရှိရာ မလေးရှားနဲ့ အင်ဒိုနီးရှားက စားအုန်းဆီ ဝယ်ယူပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက ပဲပုပ်ဆီဝယ်ယူလေ့ရှိပါတယ်။ ယုဇန၊Source: Bloonberg
တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များခြင်းကြောင့် ပဲပုပ် အမှာအော်ဒါများ ဖျက်သိမ်းခဲ့ပြီး တင်သွင်းမှုကိုလျှော့ချ ကမ္ဘာ့ပဲပုပ်အများဆုံး ဝယ်ယူ တင်သွင်းနေတဲ့ တရုတ်နိုင်ငံဟာ လက်ကျန် သိုလှောင်မှုမြင့်တက်ပြီး ကြိတ်ခွဲဖို့ အတွက် ဝယ်လိုအားနည်းတာကြောင့် ချက်ချင်းသင်္ဘောတင်ဝယ်ယူထားတာတွေကို လျှော့ချမှုတွေရှိလာလို့ ပဲပုပ်တင်သွင်း မှုဟာ တတိယလအနေနဲ့ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဧပြီလအတွင်း တင်သွင်းမှုတန်ချိန် ၃ ဒသမ ၈၈ သန်း ရှိလို့ ယခင်နှစ် တင်သွင်းခဲ့တဲ့ တန်ချိန် ၄ ဒသမ ၂သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ အကောက် ခွန်စာရင်းများအရ သိရပါတယ်။ အဲဒီပမာဏဟာ မျှော်မှန်းထား တာထက် လျော့ကျခဲ့တယ်လို့ ွှWanda Futures ကုမ္ပဏီမှ လေ့လာ ဆန်းစစ် ပညာရှင်Wang Wenfi က ပြောကြားပါတယ်။ ကြိတ်ခွဲစက် လုပ်ငန်း ရှင်များဟာ ဆုံးရှုံးမှုများလာခြင်းနဲ့ တိရစ္ဆာန်အစာနဲ့ ပဲသိုလှောင်မှု များတာကြောင့် အမေရိကန်နဲ့ တောင် အမေရိကားက တင်ပို့မယ့်ကုန် အော်ဒါများကို ဖျက်သိမ်းခဲ့တယ်လို့ လည်း ၎င်းကဆက်လက် ပြောကြားပါ တယ်။ ကြိတ်ခွဲရာမှာ ဆုံးရှုံးမှု များနေတာ ကို လျှော့ချဖို့ လွန်ခဲ့တဲ့လက တရုတ် ပဲပုပ်ကြိတ်ခွဲသူများဟာ ပဲပုပ်သင်္ဘော ၁ဝ စီးကျော် အမှာဖျက်သိမ်းခဲ့တယ်လို့ ဧပြီလ ၁၉ ရက်မှာပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ပဲပုပ်တင်ပို့မှုရဲ့ ၆ဝ ရာခိုင်နှုန်း နီးပါးဝယ်ယူနေတဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားနှေးကွေးလာခြင်းက ယခု နှစ် ကုန်စည်တွေရဲ့ ဈေးနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ယခင်နှစ်ကုန်ပိုင်းကတည်းက တရုတ် နိုင်ငံတစ်ဝန်းရှိ ဆိပ်ကမ်းများမှာ ပဲပုပ် တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ သန်း အတွင်းရှိနေလို့ ယခင်နှစ်က ပျမ်းမျှ တန်ချိန် ၄ ဒသမ ၅ သန်းထက် ပိုမိုနေတယ်လို့Wang က ဆိုပါတယ်။ အစိုးရကလည်းအရန်သိုလှောင်ထားတဲ့ ၂ဝဝ၈ ခုနှစ်ထွက်ပဲပုပ်တန်ချိန် ၃ သန်း ကို စားဆီဈေးနှုန်းလျှော့ချဖို့ ကြိတ်ခွဲ လုပ်ငန်း ရှင်ကြီးတွေကို ရောင်းချပေး ခဲ့ပါတယ်။ အဲဒီလို ရောင်းချပေးခြင်း ကလည်း ပဲပုပ်တင်သွင်းဖို့ လိုအပ်ချက် ကို ထပ်မံကျဆင်းစေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲပုပ်တန်ချိန် ၅၇ သန်းခန့် တင်သွင်းခဲ့တယ်လို့USDA က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏ ဟာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း ကျော် ပိုမိုခဲ့ပေမဲ့ ယခုနှစ်မှာတော့ တန် ချိန် ၅၁ သန်းခန့်ကို ကျဆင်းဖွယ်ရှိ တယ်လို့ လေ့လာဆန်းစစ်သူMonica Tu က ပြောကြားပါတယ်။ ယမင်းခင် Source: Bloomberg
