Main menu

Background

Wednesday, 26 Dec 2012

မလေးရှားစားအုန်းဆီ သိုလှောင်လက်ကျန် စံချိန်တက်မြင့်တင်ခြင်းနဲ့ အမေရိ ကန် ဘဏ္ဍာရေး အခြေအနေအပေါ် စိုးရိမ်မှုများကြောင့် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေး ဆက်တိုက်ကျဆင်းလာကြောင်း သိရပါတယ်။ အမေရိကန်အစိုးရရဲ့ ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်စေတဲ့ ကြေညာချက်များ ထုတ်ပြန်ခ ဲ့ပေမယ့် အမေရိကန်လွှတ်တော်အဖွဲ့နဲ့ အိမ်ဖြူတော်အကြား ၂၀၁၃ ငွေကြေးအသုံးစရိတ် ဆွေးနွေးမှုများနဲ့ ပတ်သက်လို့ သိသာကွာခြားမှုများကြောင့် ကုန်သည်များ ရောင်း ဝယ်မှုအပေါ် ဆက်ပြီး သတိထားနေ ကြပါတယ်။

Wednesday, 12 Dec 2012

အာဂျင်တီးနားမှာ မကြုံဖူးတဲ့ ရာသီဥတုအေးခြင်းကြောင့် ပဲပုပ်ရောင်းချမှု အဟန့်အတားဖြစ်ခြင်းနဲ့ တရုတ်နိုင်ငံဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်းအလား အလာများအရ ဒီဇင်ဘာ ၆ ရက် မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေး သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံရဲ့ နိုဝင်ဘာလ ပဲပုပ် သိုလှောင် လက်ကျန် စံချိန်တင်မြင့်တက်မှုနဲ့ ပတ်သက်လို့တော့ ရင်းနှီးမြှုပ်နှံသူ တွေရဲ့ စိုးရိမ်မှုရှိခြင်းက ဈေးနှုန်းမြင့်တက်မှု ကို ထိန်းချုပ်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ နိုဝင်ဘာလ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီသိုလှောင်လက်ကျန်က တန်ချိန် ၂ ဒသမ ၅၈ သန်းခန့်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Monday, 3 Dec 2012

အမေရိကန် ဘဏ္ဍာရေး အခြေအနေယိုင်လာခြင်းက ကမ္ဘာ့စီးပွားရေး တိုး တက်မှုနဲ့ ကုန်စည်ဝယ်လိုအားကို အဟန့်အတားဖြစ်လာနိုင်ခြင်းတို့အပေါ် စိုးရိမ်မှု တွေရှိလာတဲ့အတွက် နိုဝင်ဘာလ ၂၈ ရက်မလေးရှားစားအုန်း ဆီကြိုပွိုင့်ဈေး လျော့ ကျခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ ဂရိအကြွေးပြဿနာ ဖြေရှင်းမှုက ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်သက်သာရာရစေခဲ့လို့ နိုဝင်ဘာလ ၂၇ ရက်မှာ သီတင်းတစ်ပတ်နီးပါး အတွင်း ဈေးအမြင့်ဆုံးဖြစ်ခဲ့ရာမှ အမေရိကန်ငွေကြေး အခြေ အနေတိုးတက်မှုမရှိခြင်းနဲ့ မလေးရှားစားအုန်းဆီ သိုလှောင်မှုက ယခုနှစ်မှာ စံချိန် သစ်တင်နိုင်တယ်ဆိုတဲ့ ခန့်မှန်းခြင်းတွေကြောင့် ဈေးနှုန်းပြန်လည်လျော့ကျခဲ့ တာ ဖြစ်ပါတယ်။

Monday, 26 Nov 2012

ကမ္ဘာ့စီးပွားရေးတိုးတက်မှုက ဆက်ပြီးမှေးမှိန်နေတဲ့အတွက် စားဆီဝယ်လို အားနည်းပါးမှာကို ရင်းနှီးမြှုပ်နံှသူများမှ စိုးရိမ်းမှုဆက်ရှိနေသေးတဲ့အတွက် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးက ၄ ရက်မြောက်အနေနဲ့ ဆက်တိုက် ကျဆင်းခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူများဟာ ဂရိအတွက် အရေးပေါ်ကူညီပေးဖို့ သဘောတူ ညီရေး ဒုတိယအကြိမ် အနေနဲ့ နိုင်ငံတကာ ခေါင်းဆောင်များတွေ့ဆုံမယ့် လာမယ့် သီတင်းပတ် ဥရောပအစည်းအဝေးကို စောင့်ကြည့် လျက်ရှိနေပါတယ်။

Monday, 26 Nov 2012

အိန္ဒိယနိုင်ငံဟာ ၂၀၁၁ နိုဝင် ဘာလမှ ၂၀၁၂ အောက်တိုဘာလ အထိ တစ်နှစ်တာ ကာလအတွင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု စံချိန်တင် မြင့်မားခဲ့တယ်။ စားသုံးမှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အသုံးပြုမှု မြင့်မားလာတဲ့အတွက် တင်သွင်းမှု မြင့်မားတယ်လို့ သိရ တယ်။ ၂၀၁၁ - ၁၂ ခုနှစ်အတွင်း တင်သွင်းမှုပမာဏ တန်ချိန် ၁၀ ဒသမ ၁၉ သန်းရှိရာ ၂၀၁၀ - ၁၁ ခုနှစ်က တင်သွင်းမှုပမာဏဖြစ်တဲ့ တန်ချိန် ၈ ဒသမ ၆ သန်းနဲ့ ယှဉ်ရင် ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားခဲ့ တယ်။

Monday, 19 Nov 2012

နိုဝင်ဘာလ ၉ ရက်နေ့အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်မှ စုစုပေါင်း နှမ်းတင်ပို့မှုက တန်ချိန် ၄၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး အဲဒီထဲမှာ ပင်လယ်ရေကြောင်း က တင်ပို့မှုက တန်ချိန် ၇၀၀ ကျော်သာ ရှိတာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်း ကဂျပန်၊စင်ကာပူနဲ့ ကိုရီးယားကိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။ မြေပဲကိုတော့ လတ် တလောမှာတရုတ်နယ်စပ်ဘက်မှ အဆွဲရှိတာကြောင့် မြေပဲတင်ပို့မှုတော့ ဒီတစ်ပတ် မရှိသလောက်နည်းတယ်လို့ သိရပါတယ်။ နှမ်းစုစုပေါင်း တင်ပို့မှုအနေနဲ့ နိုဝင်ဘာ လ ၆ ရက်နေ့အထိ စုစုပေါင်း နှမ်းတန်ချိန် ၇ သိန်းကျော် တင်ပို့ထားပြီး ဝင်ငွေအား ဖြင့်ကန်ဒေါ်လာ ၁၁၇ သန်းကျော်ရရှိထားရာ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန် ၆၈၀၀၀ ကျော်၊ ကန်ဒေါ်လာ ၉၅ သန်းကျော်ထက် ပမာဏရော၊ ဝင်ငွေပါ ပိုမိုကြောင်း သိရပါတယ်။                           MIRT - MAPT

Monday, 19 Nov 2012

တရုတ်အစိုးရဟာယခုနှစ် သီး နှံရိတ်သိမ်းမှုထဲမှ ပြည်တွင်း ပြောင်း နဲ့ပဲပုပ် သိုလှောင်မှု စတင်တော့မှာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ထက် ဈေးပိုပြီး၊ တောင်သူတွေကို ထောက်ပံ့သွား မယ်လို့ သိရပါတယ်။ တရုတ်အစိုးရ ဟာ အဓိကပဲပုပ် စိုက်ပျိုးရာ အရှေ့ မြောက်ဒေသမှာ ပဲပုပ်စိုက်ပျိုးသူများ ကို ပြီးခဲ့တဲ့ဈေး တစ်တန် ယွမ် ၄၀၀၀ (ကန်ဒေါ်လာ ၆၄၂)ထက် ၁၅ ရာခိုင်နှုန်းပိုပြီး၊ တစ်တန်ယွမ် ၄၆၀၀ (ကန်ဒေါ်လာ ၇၃၈)ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း ပြောင်းရောင်းချသူတွေကိုလည်း ပြီးခဲ့တဲ့နှစ်ထက် ၇ ရာခိုင်နှုန်းခန့်ဈေး တိုးပြီး၊ တစ်တန် ယွမ် ၂၁၀၀ မှ ၂၁၄၀ (ကန်ဒေါ်လာ ၃၃၇ မှ ၃၄၃) အတွင်းပေးမယ်လို့ ရိုက်တာသတင်း မှာ ဖော်ပြထားပါတယ်။

Wednesday, 7 Nov 2012

လာမယ့်သီတင်းပတ်များမှာ စားဆီပိုမိုမှာယူမယ့်မျှော်လင့်ချက်များအရ တရုတ် နိုင်ငံမှ ပဲပုပ်ဝယ်လိုအား ကောင်းနေတာကြောင့် နိုဝင်ဘာလ ၁ ရက် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ တရုတ် ပုဂ္ဂလိက ကဏ္ဍစက်ရုံများဟာ အောက်တိုဘာလမှာ ၈ လအတွင်း အလုပ်အများဆုံး ဖြစ်တဲ့အတွက် စီးပွားရေး တိုးတက်တဲ့ လက္ခဏာရှိလာပါတယ်။ တရုတ်အမှာများပုံမှန်ရှိနေပြီး၊ အီးယူမှ ဝယ် လိုအားကောင်းတာကြောင့် မလေးရှားနိုင်ငံရဲ့ ယခင်လ စားအုန်းဆီတင်ပို့မှုဟာ ယခုနှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Wednesday, 7 Nov 2012

တရုတ်နိုင်ငံမှ ပဲပုပ်ဝယ်လိုအား ရှိ နေခြင်း၊ တောင်အမေရိကမှာ မိုးအလွန် အမင်း ရွာသွန်းခြင်းကြောင့် ပဲပုပ်စေ့ စိုက်ပျိုးမှုအပေါ် စိုးရိမ်မှုတွေရှိလာခြင်းနဲ့ မလေးရှား စားအုန်းဆီ တင်ပို့မှု မြင့်မား ခြင်းတို့ကြောင့် ကမ္ဘာအနှံ့ ပဲပုပ်စေ့ ဈေး နှုန်းတွေနဲ့အတူ အိန္ဒိယပဲပုပ်စေ့နဲ့ ပဲပုပ် စေ့ဆီကြိုပွိုင့်ဈေးနှုန်းတွေလည်း  မြင့် မား လာတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၀၈း၂၄ နာ ရီမှာ အမေရိကန်နိုင်ငံ ချီကာဂိုကုန် သွယ်ရေးမှာ ပဲပုပ်စေ့ဈေးနှုန်းက တစ် ကွမ်တယ်ကို သုည ဒသမ ၆၇ ရာခိုင် နှုန်း မြင့်မားပြီး ၁၅ ဒသမ ၄၄ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၅၇၁ ဝန်း ကျင်)အထိ ရောက်ရှိခဲ့တယ်လို့ သိရ တယ်။

Monday, 29 Oct 2012

မန္တလေးဈေးကွက်တွင် မြေပဲ ဆန်ဈေး ကျဆင်းပြီး၊ ဆီဈေးနှုန်းပါ ကျဆင်းလာကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်ကို နွားထိုးကြီး၊ ရွှေ ဘို၊ ကျောက်ပန်းတောင်း၊ ရှမ်းပဲဆန် များ ထွက်ရှိနေပြီး၊ ရှမ်းပဲဆန်ပါ ပေါ် လာပြီဖြစ်လို့ နယ်စုံမှ ပဲဆန်ဝင်နေချိန်၊ တရုတ်ဝယ်လက်များအဝယ်ရပ်နေခြင်း ကြောင့်၊ ပဲဆန်ဈေးမှာ တစ်ပတ်၊ ၁၀ ရက်အတွင်း ကျဆင်းလာပါတယ်။ ပဲ ဆန် အဖြူဈေးမှာ နွားထိုးကြီး ပဲ ၂၀၅၀ ကျပ်ရှိရာမှ ၁၉၀၀ ကျပ်ကို လည်းကောင်း၊ နှမ်းဈေးမှာ (အညို) ၃ တင်းတစ်အိတ်ကိုရန်ကုန်မှ အဝယ် လိုက်ပြီး ၇၃၀၀၀ ကျပ်မှ ၇၈၀၀၀ -၇၉၀၀၀ကျပ်သို့ပြန်တက်လာကြောင်း သိရပါတယ်။

ဘောဂဆီစက်ပိုင် ဦးဌေးက "ဒီ အချိန်ပဲဆန်ပေါ်ချိန်မှာ တရုတ်ဘက် ကလည်း ပဲရချိန်၊ မုန့်စားပွဲလည်းပြီး သွားချိန်ဆိုတော့ ရာသီချိန်မဟုတ်လို့ အရောင်းအဝယ်က ပုံမှန်ပဲရှိပြီး ဈေး ကျလာတယ်။ ပဲဆန်ဈေးကျလို့ ပဲဆီ ဈေးလိုက်ကျပေမယ့် ပဲဆီအရောင်း အဝယ်အေးပါတယ်။ စားအုန်းဆီဈေး လည်း ကျနေတော့ စားအုန်းဆီဘက် အဝယ် လိုက်တယ်။ နှမ်းဆီကတော့ ဈေးမကျဘူး။ ပဲဆီဈေးကထပ်ပြီး ကျ မယ်လို့မှန်းထားပါတယ်"လို့ပြောပါတယ်။ မန္တလေးဈေးကွက်ရှိ ပဲဆီဈေး နှုန်းမှာ တစ်ပိဿာကို ကျပ် ၄၇၀၀ မှ ၃၈၀၀ ကျပ်ကို လည်းကောင်း၊ ၅၅၀၀ ကျပ်မှ ၅၀၀၀ကျပ်ကိုလည်း ကောင်း၊ စားအုန်းဆီဈေးမှာ ၁၈၅၀ ကျပ်မှ ၁၅၂၀ ကျပ်ကို လည်းကောင်း၊ ကျဆင်းပြီး၊  နှမ်းဆီ ဈေးမှာ  ကျပ် ၃၅၀၀ ဈေးနဲ့ ဈေးတန့်နေကြောင်း သိရပါတယ်။     ဇူးဇူး - မန္တလေး
 

Pages