Main menu

Background

Monday, 13 May 2013

အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာမှာဒုတိ ယအများဆုံးစားအုန်းဆီတင်သွင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံမှာ တင်သွင်းမှုက စားသုံးမှုထက် သာလွန်နေတဲ့အတွက် စားအုန်းဆီသိုလှောင်လက်ကျန်က စံ ချိန်တင်မြင့်တက်ခဲ့ပါကြောင်း တရုတ် သီးနှံနဲ့ဆီလုပ်ငန်းအဖွဲ့က ပြောပါ တယ်။ နိုင်ငံရဲ့ အဓိကဆိပ်ကမ်းတွေ မှာ ယခုရက်သတ္တပတ်အတွင်းသို လှောင်ရုံ လက်ကျန်က မက်ထရစ်တန်  ၁ ဒသမ ၅ သန်းရှိတဲ့အတွက် လွန်ခဲ့ တဲ့တစ်လ ကရှိခဲ့တဲ့ တန် ၁ ဒသမ ၄၆ သန်းထက် ပိုမိုခဲ့ကြောင်း ပေကျင်း အခြေစိုက် သုတေသနလုပ်ငန်းရဲ့ အထွေ ထွေ မန်နေဂျာ လျူကျန်ဝူးက မေ ၁၀ ရက် ကပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု မှာ ပြောပါတယ်။

လက်ကျန် များနေတာကြောင့် တရုတ်နိုင်ငံရဲ့ အဝယ်ကျဆင်းပြီးဈေး နှုန်းကိုကျဆင်းစေခဲ့ပါ တယ်။ ဈေးနှုန်း တွေက Bursa Malaysia Derivatives  မှ ၂၀၁၂ ခုနှစ်က ၂၃ ရာခိုင် နှုန်းကျဆင်းရာကနေ ယခုနှစ်မှာ ၄၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ မလေးရှားဈေးကွက်မှာ ဇူလိုင် အတွက် စားအုန်းဆီကြမ်းဈေးက ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၂ မိနစ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ပြီးတစ်တန်ကို ၂၃၂၆ ရင်းဂစ် (၇၇၈ ဒေါ်လာ) ရှိခဲ့ပါတယ်။ တရုတ် နိုင်ငံဒါလီယံကုန်စည်ဒိုင်မှာ ဈေးနှုန်း က ၂ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်တန်ကို ၆၁၂၀ ယွမ် (၉၉၆ ဒေါ်လာနှုန်း) ရှိခဲ့ပါတယ်။ဉာဏ်တင်
 

Monday, 29 Apr 2013

စောစောပိုင်းက ကျဆင်းခဲ့တဲ့ စားအုန်းဆီဈေးဟာ ဝယ်လိုအားမြင့်တက်လာ တဲ့အတွက် ဧပြီ ၂၄ ရက်မှာ မလေးရှား စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးများ မြင့်တက်လာပါတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုတန့်နေခြင်းကြောင့်လည်း သိုလှောင်မှုလက်ကျန်များ ကျဆင်းကာ စားအုန်းဆီဈေးကွက်အပေါ် သဘောထားများပြောင်းလဲလာပါတယ်။ သို့သော်လည်း စားအုန်းဆီကုန်စည်များရဲ့ ကမ္ဘာ့ဝယ်လိုအားနှေးကွေးကျဆင်းမှု အပေါ် စိုးရိမ်မှုများကြောင့် ဈေးနှုန်းမြင့်တက်မှုကို အထိန်းအချုပ်ဖြစ်စေ ခဲ့ပါတယ်။

Monday, 8 Apr 2013

စားအုန်းဆီတင်ပို့မှုအတွက် အခွန်ကို တိုးမြှင့်ကောက်ခံတာကြောင့် သွင်းကုန်သမားများရဲ့ ဝယ်လိုအား ကို ထိန်းချုပ်ထားသဖြင့် ကမ္ဘာမှာ ဒုတိယအများ ဆုံး စားအုန်းဆီတင်ပို့နေတဲ့ မလေးရှားမှ စားအုန်းဆီတင်ပို့မှုဟာ ပဉ္စမမြောက်လ အဖြစ်ကျဆင်းမယ့်လက္ခဏာကိုတွေ့ရတယ်။ထို့ကြောင့်စားအုန်းဆီဈေးဟာ လေး ရက်အတွင်း ပထမအကြိမ်အဖြစ် ကျဆင်းခဲ့တယ်။

Wednesday, 6 Mar 2013

စိုက်ဧရိယာတိုးတက်လာမှုကြောင့် စားအုန်းဆီနှင့် ပဲပုပ်ကမ္ဘာ့ထုတ်လုပ်မှု တိုးတက်တဲ့အတွက် စားအုန်းဆီဈေးနှုန်းဟာ ရက်သတ္တပတ်လေးပတ်အတွင်း အနိမ့် ဆုံးကို ရောက်ရှိခဲ့ပါတယ်။

Monday, 25 Feb 2013

အိန္ဒိယ အပါအဝင် တောင် အာရှနိုင်ငံများက အဝယ်နည်းလာ တဲ့အတွက် မလေးရှားမှ စားအုန်းဆီ တင်ပို့မှု ဟာ ဖေဖော်ဝါရီ ပထမရက် ၂၀ အတွင်း နှေးကွေးသောနှုန်းဖြင့် ဖွံ့ဖြိုးမှုရှိခဲ့ကြောင်း စစ်တမ်းကောက် ယူရေးအေဂျင်စီ  Intertek က ပြော ပါတယ်။

Monday, 25 Feb 2013

ကမ္ဘာ့နွေ စားသုံးဆီသီးနှံဖြန့်ဖြူးမှုကြောင့် ပဲပုပ်ဆီနဲ့တိရစ္ဆာန်ဆီထွက်ရှိမှုကို ထိခိုက်စေနိုင်တဲ့အခြေအနေ ရှိနေပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ အစိတ်အပိုင်း အချို့မှရာသီဥတုခြောက်သွေ့တဲ့အတွက် ပဲပုပ်သီးနှံေ ဈးနှုန်း မြင့် တက်မှုနဲ့အတူ စား အုန်းဆီဈေးကလည်း တတိယနေ့အဖြစ် မြင့်တက်ခဲ့ပါတယ်။

Monday, 18 Feb 2013

စံချိန်တင်လောက်အောင်ရှိနေတဲ့ သိုလှောင်လက်ကျန်များကို ရှင်းလင်းရန် အတွက် မလေးရှားနိုင်ငံက အခွန်လွတ် တင်ပို့ခွင့်ပေးခဲ့ပါတယ်။ ထိုသို့ခွင့်ပြုခဲ့ပြီး နောက်ပိုင်းဝယ်လက်များက မလေးရှားနိုင်ငံဘက်ကို ဦးလှည့်လာကြပါတယ်။ ဒါ ကြောင့် ကမ္ဘာပေါ်မှာစားအုန်းဆီအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု ဟာ လေးလအတွင်းအနိမ့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံရဲ့ တင်ပို့မှုဟာ ဇန်နဝါရီ လမှာ ၅ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး မက်ထရစ်တန် ၁ ဒသမ ၅၁ သန်းရှိခဲ့ကြောင်း ဘလွမ်းဘတ်မှ ပြုစုထားတဲ့ သတင်းအရသိရပါ တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်လုပ်မှုဟာ ၈ ရာခိုင်နှုန်းကျဆင်းပြီး တန် ၂ သန်းထိ ရောက်ရှိနိုင်ပါတယ်။ သိုလှောင်မှုမှာ ၁၄ ရာခိုင်နှုန်းကျဆင်းပြီး တန် ၃ သန်းထိ ရှိလာနိုင်ပါတယ်။

Friday, 1 Feb 2013

စံချိန်တင်မြင့်တက်နေသော အရန်သိုလှောင်မှုကို လျှော့ချနိုင်ရန်အတွက် စားအုန်းဆီစိုက်ပျိုးရာမှာ ဒုတိယအများဆုံးဖြစ်သော မလေးရှားနိုင်ငံက ပို့ကုန်ခွန် များကို လျှော့ချပြီးနောက်ပိုင်း စားအုန်းဆီေ ဈးနှုန်း ပြန်လည် ဦးမော့လာပါတယ်။ အခွန်နှုန်းကို သုညရာခိုင်နှုန်းထိ လျှော့ချပြီးနောက်ပိုင်း စားအုန်းဆီလက်ကျန် ဟာ မတ်လကရှိခဲ့တဲ့တန် ၂ ဒသမ ၂ သန်းမှ ၁၆ ရာခိုင်နှုန်းလျော့ကျလို့ ၂၀၁၀ ပြည့် နှစ်နောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ကြိုပွိုင့်ဈေးနှုန်းများမှာ ယခု သုံးလပတ်ကုန်ဆုံးချိန်တွင် ကွာလာလမ်ပူမှာ ၁၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ် တန်ကို ရင်းဂစ် ၂၈၀၀ (ဒေါ်လာ ၉၂၁) နှုှုန်းရှိခဲ့တယ်လို့ ဘလွမ်းဘတ်မှ စီးပွားရေး ပညာရှင် ၁၃ ဦးမှ ခန့်မှန်းပါတယ်။ နိုင်ငံခြားကို ပိုမိုတင်ပို့ရမယ့် အလားအလာ ကြောင့်လည်းကောင်း၊ တစ်နှစ်လုံး တောက် လျှောက်ရိတ်သိမ်းထားသော ယခုသုံးလ ပတ်တွင် အထွက်ကျလာပြီ ဖြစ်တာကြောင့် လည်းကောင်း လူအသုံး များတဲ့ စားသုံးဆီဟာ ဒီဇင်ဘာမှာ သုံးနှစ်အတွင်းအမြင့်ဆုံးဖြစ်ပြီး၁၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။

Monday, 21 Jan 2013

ပြိုင်ဖက်ဖြစ်တဲ့ မလေးရှားနိုင်ငံက စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို သုည ရာခိုင် နှုန်းခန့် ပြောင်းလဲခဲ့သကဲ့သို့ စားသုံးဆီအတွက် ပို့ကုန်ခွန်ကို ကမ္ဘာတွင် စားအုန်းဆီ အများဆုံးထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံ က ပြောင်းလဲမည်မဟုတ်ကြောင်း ကုန် သွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၆ ရက်က ပြောကြားပါတယ်။

Sunday, 6 Jan 2013

မိုးရွာသွန်းမှုနဲ့ ရေလွှမ်းမိုးမှုက မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအထွက်ကို ကျဆင်းစေလိမ့်မယ်။ ဒါကြောင့် ကမ္ဘာမှာ ဆီအုန်းထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ မလေးရှားမှာသိုလှောင်ရုံလက်ကျန်ကျ ဆင်းလိမ့်မယ်လို့ ယူဆကြတဲ့အတွက် ရက်သတ္တ တစ်ပတ်ကျော်အတွင်းမှာ စားအုန်းဆီဈေးနှုန်းအမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။

Pages