Main menu

Background

Tuesday, 19 Jan 2010

စင်္ကာပူနိုင်ငံရှိ နိုင်ငံခြားသားဦးရေမှာ စင်္ကာပူလူဦးရေရဲ့ ၃၆ ရာခိုင်နှုန်းရှိလာတဲ့အတွက် ၁၉၉၀ ခုနှစ်နဲ့နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်း မြင့် တက်လာတာဖြစ်ကြောင်း လူအင်အားဝန်ကြီးဂန်ကင်ယောင်းကပြောကြားတယ်။ ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်က ပီအာ ၉၀၀၀၀ နဲ့ နိုင်ငံသားအသစ်အဖြစ်ရရှိသူ ၂၀၀၀၀ ရှိတယ်လို့ဆိုပါတယ်။ စင်္ကာပူမှာနိုင်ငံခြားသား လုပ်ငန်းကျွမ်းကျင်သူ ၁၀၀၀၀၀ လောက်ရှိပါတယ်။Source: temasekreview.com

Tuesday, 19 Jan 2010

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးက အငြင်းပွားမှုဖြေရှင်း အခြေပြယန္တရားကို အတည်ပြုပေးလိုက်ပါတယ်။ဒီအခြေပြ စာချုပ်ကတော့ အာဆီယံချာတာရဲ့ ပုဒ်မ၂၅ကို အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက် သွားဖို့အတွက်ဖြစ်ပါတယ်။ ဒီစာချုပ်အရ အာဆီယံနိုင်ငံများအတွင်း အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်လို့ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ဖန်ဂီယာဒိန်းကပြောကြားပါတယ်။Source: vietnam.net.vn

Thursday, 14 Jan 2010

   တောင်ကိုရီးယား၏ အစိုးရကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုရီးယားထရစ်ပါဝါကော်ပိုရေးရှင်းကလျှပ်စစ်ကားများအတွက် ဘက်ထရီအားသွင်း စက်နှစ်မျိုးကိုထုတ်လုပ်ထားပြီးဖြစ်ပါတယ်လို့ ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ထုတ် လုပ်တဲ့ အမျိုးအစားမှာ   အမြန်နှုန်းအမျိုးအစားနဲ့ ပုံမှန်အမျိုးအစားဟူ၍နှစ်မျိုးဖြစ်ပြီး ဓါတ်အားအနည်းဆုံး ၈၀ ရာခိုင်နှုန်း ပြည့်ဖို့ အတွက် မိနစ် ၂၀နဲ့ ၅နာရီ အသီးသီးကြာမြင့်မှာဖြစ်တယ်။    အမြန်နှုန်းအမျိုးအစားများကို နောင်အခါမှာ ဓါတ်အားဖြည့်တင်းရေဆိုင်မှာ အသုံးပြုမှာဖြစ်ပြီးလက်ရှိဆောင်ရွက်နေတဲ့ ဓါတ်ဆီ ဆိုင်တွေလိုဖြစ်လာပါမယ်။ ပုံမှန်အမျိုးအစားကအိမ်သုံးအမျိုးအစားဖြစ်ပါတယ်။ တောင်ကိုရီးယားမော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းမှာ လျှပ်စစ်အပြည့်အဝသုံးတဲ့ ကားတွေမရှိသေးတဲ့အတွက် ကိုရီးယားလျှပ်စစ်ပါဝါကော်ပိုရေးရှင်းက ဟွန်ဒိုင်းနဲ့ ကီးယား မော်တော်ကားကုမ္ပဏီတွေ နားလည်မှုစာချွန်ရေးထိုးပြီး လျှပ်စစ်ကားတွေထုတ်လုပ်ဖို့စီစဉ်ထားပါတယ်။Source: Xinhua

Thursday, 14 Jan 2010

   ၂၀၁၀ ပြည့်နှစ် တီဗွီထုတ်လုပ်မှုမှာ ဆိုနီကအယ်လ်ဂျီအီလက်ထရွန်းနစ်ကိုကျော်တက်ပြီး ကမ္ဘာ့ထုတ်လုပ်မှုမှာ ဒုတိယနေရာရယူဖို့ ခန့်မှန်းထားကြောင်းနဲ့ ရောင်းအားကိုမြှင့်တင်ဖို့ အပြင်းအထန်ကြိုးစားနေကြောင်း ဆိုနီရဲ့ ဒုတိယဥက္ကဌ ဟီရိုရှီယိုရှီအိုကာက ဇန်နဝါရီ ၆ ရက်နေ့က ကိုရီးယားဟာရယ်သတင်းဌာနကိုပြောကြားပါတယ်။ ဆိုနီဒုတိယဥက္ကဌဟာ ကမ္ဘာ့အကြီးမားဆုံးနည်းပညာ ကုန်သွယ်မှု ပြပွဲဖြစ်တဲ့ လာဗီးဂက်အီလက်ထရွန်းနစ် လူသုံးကုန်ပြပွဲကိုတက်ရောက်နေစဉ် ယခုကဲ့သို့ပြောကြားခြင်းဖြစ်ပါတယ်။       Source: Koreaherald.co.k

Thursday, 14 Jan 2010

   အပူချိန်တက်ပြီး ဘန်းဖြစ်နေတဲ့ လက်တော့ကွန်ပျူတာအလုံး ၂၂၀၀၀ ခန့် ကို တရုတ် (တိုင်ပေ)ရဲ့ အေစာကုမ္ပဏီကပြန်လည်သိမ်း ဆည်းခဲ့ပါတယ်။ ပြန်သိမ်းခဲ့တဲ့ထဲမှာ Acer AS 3410, AS 3410 T, AS 3810 T, AS 3810 TG, AS 3810 TZ နဲ့ AS 3810 TZG တွေပါဝင်ပါတယ်။ ဒီကွန်ပျူတာတွေဟာ ၂၀၀၉ ခုနှစ် ဇွန်နဲ့ အောက်တိုဘာအတွင်းက ရောင်းခဲ့တဲ့ကွန်ပျူတာတွေဖြစ်ပါတယ်။ Source: AP

Thursday, 14 Jan 2010

   ကမ္ဘာ့ကုန်သွယ်မှုပတ်ဝန်းကျင်မှာ ခက်ခဲရှုပ်ထွေးမှုတွေရှိလာတဲ့အတွက် ကြီးကြပ်ထိန်းချုပ်မှုကိုလျှော့ချပေးဖို့ လိုအပ်တယ်လို့ စင်ကာပူဝန်ကြီးချုပ်လီ ရှန်လွန်းက စင်ကာပူအကောက်ခွန်ဌာနရဲ့ ရာပြည့်အထိမ်းအမှတ်အခမ်းအနားမှာပြောကြားခဲ့ပါတယ်။Source: Channelnewsasia.com

Thursday, 14 Jan 2010

   ငလျင်လှုပ်နေတဲ့အချိန်မှာ အသက်ကယ်နိုင်ဖို့အတွက် ကိရိယာတစ်မျိုးကို စင်ကာပူပိုလီတက်ကနစ် ကျောင်းသားတွေကတီထွင်ခဲ့ပါ တယ်။ ကိရိယာရဲ့ပုံစံက ဆေးတောင့်တစ်ခုရဲ့ပုံစံဖြစ်ပြီး ငလျင်လှုပ်နေတဲ့အချိန်မှာ ဒီအထဲကိုဝင်နေရင် အဆောက်အအုံပြိုကျတဲ့အခါ ဖြစ်လာမဲ့အန္တရာယ်ကလွတ်ကင်းနိုင်ပါတယ်။ ကာဗွန်ဖိုင်ဘာနဲ့ပြုလုပ်ထားတာဖြစ်ပြီး အထပ် ၃၀ ရှိတဲ့ အဆောက်အအုံရဲ့ ပြိုကျမှုဒဏ် ခံနိုင်ရည်ရှိပါတယ်။ အသုံးမပြုရင်ခေါက်ထားပြီး ပရိဘောဂတစ်ခုအဖြစ်သုံးလို့ရပါတယ်။      Source: Channelnewsasia.com

Thursday, 14 Jan 2010

   နိုင်ငံခြားပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်တဲ့အခါ အမျိုးသားထုတ်ကုန်တွေ တွေ့ကြုံရမယ့် အခက်အခဲကိုဖြေရှင်းဖို့ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တစ်ခုကို အစိုးရကဖွဲ့စည်းပေးလိုက်တယ်လို့ သမဝါယမအသင်းများနဲ့ အသေးစား၊ အလတ်စား စီးပွားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး ကပြောကြားပါတယ်။ အဖွဲ့ရဲ့တာဝန်ကတော့ ဝန်ကြီးဌာနများ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့ များအကြား ပေါင်းစပ်ညှိနှိုင်းပေးဖို့ဖြစ် တယ်လို့ အာဆီယံ - တရုတ် လွတ်လပ်တဲ့ကုန်သွယ်ရေးဒေသနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ဆွေးနွေးပွဲမှာ ယခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။Source: Antara.co.id

Thursday, 14 Jan 2010

   တရုတ်နိုင်ငံနဲ့အာဆီယံအဖွဲ့တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကမ္ဘာပေါ်မှာအကြီးမားဆုံးဖြစ်တဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုဒေသထူထောင် တဲ့ အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံနန်နင်းမြို့မှာကျင်းပခဲ့ပါတယ်။ တရုတ် - အာဆီယံဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ဖို့အတွက် ဒီအက်ဖ်တီအေကို အခွင့်အလမ်းတစ်ခုအဖြစ် သဘောထားဖို့ အခမ်းအနားမှာ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေး အဖွဲ့ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဌကပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလက တရားဝင်ဖွင့်လှစ်ခဲ့တဲ့ ဒီဒေသမှာ လူဦးရေ ၁ ဒသမ ၉ ဘီလျံရှိပြီး ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၄ ဒသမ ၅ ထရီ လီယံရှိပါတယ်။             Source: Xinhua

Pages