Background
ထိုင်းကိုဥရောပကတင်ပို့တဲ့ ထောပတ်သီးမှာ အီးကိုလိုင်းပိုးတွေ့ ထိုင်းနိုင်ငံကို ဥရောပကနေတင်ပို့တဲ့ ထောပတ်သီးထဲမှာ အီးကိုလိုင်းပိုးကိုတွေ့ ရှိတဲ့အတွက် ဥရောပမှာ ဖြစ်ပွားနေတဲ့ ရောဂါပိုးဟုတ် မဟုတ် စစ်ဆေးနေပါတယ်။ အီးကိုလိုင်းပိုးက အမျိုးအစား အများအပြား ရှိတဲ့အတွက် ပြည်သူလူထု အနေဖြင့် အထိတ်တလန့်မဖြစ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ ပိုးကိုစစ်ဆေးဖို့အတွက် ဆေးသိပ္ပံဌာနက ၃ ရက်မှ ၅ ရက်အထိ အချိန်ယူရမှာ ဖြစ်ပါတယ်။ Source. AFP
အိန္ဒိယကားအရောင်းတိုးတက်မှု နှစ်နှစ်အတွင်း အနိမ့်ဆုံးဖြစ် ကုန်ဈေးနှုန်းတွေ၊ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်မှုနဲ့ ချေး ငွေတွေ အတိုးနှုန်း မြင့်မားတဲ့အတွက် အိန္ဒိယမှာကားဝယ်သူတွေ အရောင်းပြခန်းအနီး မသီနိုင်အောင်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အိန္ဒိယရဲ့ မေလ ကားအရောင်းမြှင့်တက်မှုနှုန်းက နှေးကွေးနေတယ်လို့ လုပ်ငန်း ဆိုင်ရာ စာရင်းဇယားတွေမှာ ဇွန် ၉ ရက်တွင်တွေ့ရပါတယ်။ ကား အရောင်း က ၂ဝ၁ဝ ပြည့်နှစ် မေလက စင်းရေ ၁၄၈ ၄၂၅ စင်းရှိပြီး ၂ဝ၁၁ ခုနှစ်ကာလတူမှာ ၇ ရာခိုင်နှုန်းသာ တိုးတက်ပြီး စင်းရေ ၁၅၈ ၈၁၇ စင်းသာ ရှိခဲ့တယ်လို့ အိန္ဒိယ မော်တော်ကား ထုတ်လုပ်သူများ အသင်းက ပြောပါတယ်။ Ref. AFP
ဆော်ဒီကရေနံတိုးထုတ်ဖို့ဆုံးဖြတ်ပြီးနောက် ရေနံနဲ့ဓာတ်ဆီဈေးကျ ကမ္ဘာမှာရေနံအများဆုံးရောင်းနေတဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံက လာမဲ့ရက်တွေမှာ ရေနံကို ၁၃ ရာခိုင်နှုန်းတိုးထုတ်မယ်လို့ ဇွန် ၁ဝ ရက်က ကြေညာပြီးနောက်ပိုင်း ရေနံနဲ့ ဓာတ်ဆီဈေးနှုန်းတွေ ကျဆင်း လာခဲ့ပါတယ်။ အိုပက်အဖွဲ့ အစည်းအဝေးမှာ ရေနံတိုးထုတ်ဖို့ ဆော်ဒီ အာရေးဗီးယားရဲ့ တိုက်တွန်းမှုကို အဖွဲ့ဝင်တွေက မသိ ကျိုးကံျွပြုခဲ့ပြီး နောက် ယခုကြေညာချက်ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ Source:latimes.com
ဓာတ်အားပေးလုပ်ငန်းခုနှစ်ခုမှာ ဓာတ်အားဖြတ်တောက်မှုအမြင့်ဆုံး ရောက်ရှိနိုင် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပိတ်ထားရတဲ့အတွက် ဓာတ်အား လိုအပ်ချက်အမြင့်ဆုံးအချိန်မှာ ဓာတ်အား ပေးလုပ်ငန်း ကိုးခုအနက် ခုနှစ်ခုက ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ယခုနှစ်နွေရာသီ မှာ လျှပ်စစ်စွမ်းအားသုံးစွဲမှုကို နှစ်ဆအထိချွေတာဖို့ စီးပွားရေးလုပ်ငန်း များနှင့် အများပြည်သူကို ပန်ကြားထားဖို့ လိုမယ်လို့ အဆာဟိရှင်ဘွန်း သတင်းစာက ပြုလုပ်တဲ့ စစ်တမ်းမှာ တွေ့ရပါတယ်။ Source. asahi.com
ယွမ်ငွေကြေးကိုပိုမိုလွတ်လပ်ခွင့် ပေးတော့မည် တရုတ်နိုင်ငံယွမ်ငွေကြေးကို ပင်လယ်ရပ်ခြားမှာ ပိုမိုပြီးကျယ်ကျယ်ပြန့် ပြန့်အသုံးပြုနိုင်အောင်ကြိုးပမ်း လျက်ရှိပါတယ်။ဒါကြောင့် ယွမ်ငွေကြေးအသုံး ပြုမှုကိုထိန်းခုျပ်ထားတာကို လာမဲ့နှစ်အနည်းငယ်အတွင်းမှာ ထူးထူးခြားခြား လျှော့ချပေးလိမ့်မယ်လို့ထိပ်တန်း ဘဏ်အရာရှိကြီးတစ်ဦးက ဇွန် ၃ ရက် က ပြောပါတယ်။ ငါးနှစ်အတွင်းမှာ မတည်ရင်းနှီးငွေ စာရင်းကနေ ယွမ်ငွေကြေးကို ပင်လယ် ရပ်ခြားဖလှယ်လို့ရတော့မှာဖြစ်တယ်လို့ အနာဂတ်ကာလမှာ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဖြစ်ဖို့ တစ်ပြေးနေတဲ့တရုတ်ဆောက်လုပ်ရေး ဘဏ်ဥက္ကဌ Guo Shuqing ကပြောကြောင်းWall Street Journal မှာဖော်ပြထားပါတယ်။ ''ထိန်းချုပ်မှုလုံးဝမရှိဘူးဆိုတဲ့ သဘောတော့မဟုတ်ပါဘူး။ဒါပေမဲ့နယ် စပ်ဖြတ်ကျော်ပြီးဆောင်ရွက်တဲ့စီးပွားရေး လုပ်ဆောင်ချက်တွေမှာ တခြားနိုင်ငံ တွေ လိုပုံမှန်အနေအထားမျိုးဖြစ်လာမှာပါ''လို့ Guo က သတင်းစာအင်တာဗျုး တစ်ခုမှာပြောပါတယ်။ တရုတ်ဆောက်လုပ်ရေးဘဏ်ဟာ တရုတ်နိုင်ငံမှာရှိတဲ့ ''ဘဏ်ကြီး လေးဘဏ်''အနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဈေးကစားတဲ့ ရင်းနှီးမြှုပ်နံှသူတွေ မဝင်နိုင်အောင်၊ကမ္ဘာ့စီးပွားရေးမတည် ငြိမ်မှုဖြစ်တွေကရိုက်ခတ်မှုမရှိအောင် ကာကွာဖို့ လောလောဆယ်မှာ တရုတ် ပြည်ကနေ ယွမ်ငွေကြေးအဝင်အထွက်ကို ထိန်းချုပ်ထားပါတယ်။ Source.AFP
တောင်ကိုရီးယားမှာ မိုးဘိုင်းဖုန်းခေါ်ဆိုခတွေလျော့ချ ငွေကြေးဖောင်းပွမှုကို သက်သာအောင် ဈေးနှုန်းတွေလျော့ချဖို့ အစိုးရရဲ့ ဆောင်ရွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုမ္ပဏီရဲ့ အခြေခံလစဉ်ကောက်ခံငွေကို လျှော့ချတော့မယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီး မားဆုံး မိုဘိုင်းဖုန်း လုပ်ငန်း ကုမ္ပဏီကြီး Sk Telecom ကုမ္ပဏီက ဇွန် ၂ရက်က ပြောပါတယ်။ ယခုဆောင်ရွက်မှုအရ ဇွန်လက စပြီး SK ရဲ့ ဖုန်းကို သုံးစွဲသူတွေရဲ့ လစဉ်ကြေးကို စက်တင်ဘာကစပြီး ဝမ် ၁ဝဝဝ (ဒေါ်လာ ၉၂ဆင့်) လျှော့ပေးမှာ ဖြစ်ပါတယ်။ လက်ရှိ လစဉ်ကြေးက ဝမ် ၁၂ဝဝဝ ဖြစ်ပါတယ်။ Source:wsj.com
အမေရိကန် မော်တော်ကားလုပ်ငန်းအတွက် ကယ်တင်ငွေ ဒေါ်လာ ၁၄ ဘီလီယံကုန်ကျ အမေရိကန် မော်တောက်ကား ထုတ်လုပ်ရေးလုပ်ငန်းဟာ မကြာသေးမီက ပြန်လည်နာလန်ထူလာခဲ့ပေမဲ့ မော်တော်ကားလုပ်ငန်း ကယ်တင်ငွေအတွက် သုံးစွဲလို့ အခွန်ထမ်းတွေ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးက အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၄ ဘီလီယံ ရှိတယ်လို့ အိမ်ဖြူတော်က ဇွန် ၁ ရက်နေ့က ပြောပါတယ်။ ထုတ်ပေးခဲ့တဲ့ ကယ်တင်ငွေ ဒေါ်လာ ၈ဝ ဘီလီယံအနက် ဒေါ်လာ ၁၆ ဘီလီယံ ( ၂ဝ ရာခိုင်နှုန်းနီးပါး) ဆုံးရှုံး လိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:dowjones.com
ဂျပန်နိုင်ငံရှိ လူ ၁၅ ဦးမှာ အီး-ကိုလိုင်းကူးစက်ပိုးတွေ့ ဂျပန်နိုင်ငံက ကိုရီးယားစတိုင် ဘာဘီကျူစားသောက်ဆိုင်က ဖောက်သည် ၁၅ ဦး လောက်မှာ အီး-ကိုလိုင်း ကူးစက်ပိုးတွေ့ရတယ်လို့ အရာရှိတွေက ဇွန် ၂ ရက်က ပြောပါတယ်။ အခုတွေ့ရတဲ့ ကူးစက်ပိုးက ဥရောပမှာ တွေ့ရတဲ့ပိုးနဲ့ အမျိုးအစားချင်း မတူဘူးလို့ ပြောပါတယ်။ တိုယာမ စီရင်စုက နာမည်ကြီး ဂျူခါခုဆိုင်မှာ စားသောက်ပြီးနောက် လူ ၂ဝကို စစ်ဆေးခဲ့ရာ လူ ၁၅ ဦးမှာ အီး-ကိုလိုင်း ဘက်တီးရီးယားပိုး အမျိုးအစား ဥ ၁၅၇ ကို တွေ့ရတယ်လို့ ပြောပါတယ်။ Source:AFP
ယူရိုမှာ ပြဿနာမရှိ ယူရိုငွေကြေးဟာ တည်ငြိမ်တဲ့ ငွေကြေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ယူရိုဇုန်ထဲမှာ ပါဝင်နေတဲ့ နိုင်ငံတချို့ကတော့ သူတို့ရဲ့ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်နဲ့ ဘဏ္ဍရေးတာဝန်ယူမှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုမယ်လို့ ဂျာမနီဝန်ကြီးခုျပ် အိန်ဂျလာမာကယ်က ဇွန် ၂ ရက် နေ့က စင်ကာပူမှာ ကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ ပြောကြားပါတယ်။ ဥရောပ မှာ ဖြစ်ပျက်နေတဲ့ လက်ရှိ ပြဿနာတွေရဲ့ အရင်းခံဟာ ယူရိုငွေကြေး မဟုတ်ဘူးလို့ ဆိုပါတယ်။ Source: AFP
ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အိုင်ယာလန်ဗဟိုဘဏ်က အမိန့်ထုတ် ဘဏ္ဍာရေးကယ်တင်ငွေက ယူရိုဘီလီယံ ၇ဝ (ဒေါ်လာ ၉၉ ဘီလီယံ) အထိရောက်ရှိသွားပြီဖြစ်တဲ့အတွက် အိုင်ယာလန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍကို ပြင်းပြင်းထန်ထန်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အိုင် ယာလန် ဗဟိုဘဏ်က အမိန့်ထုတ်ခဲ့ပါတယ်။ ယမန်နှစ်က ဂရိနိုင်ငံကို ဘဏ္ဍာရေးကယ်တင်မှုဆောင်ရွက်ပေးပြီးတဲ့နောက် ယူရိုဇုန်နိုင်ငံတစ်ခု ဖြစ်တဲ့ ပေါ်တူဂီနိုင်ငံကိုလည်း ကယ်တင်ရတော့မဲ့ ကိန်းဆိုက်လောက်အောင် ေြွကးမြီအကျပ်အတည်း ဖြစ်လာချိန်မှာ အိုင်ယာလန်ရဲ့ ဘဏ်လုပ်ငန်းကဏ္ဍမှာ ယခုလို ဂယက်ရိုက်ခတ်လာတာ ဖြစ်ပါတယ်။ Source:AFP
