Main menu

Background

Sunday, 24 Jun 2012

        ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်နယ်စပ်မှ ၁၆၇ တန်နဲ့ မြဝတီနယ်စပ်မှ ၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နနွင်းတက် တင်ပို့မှုထက် တန် ၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၅ တန်ကျော် အပို့ရှိခဲ့ပါသေးတယ်။ MIRT(DOBT)

Sunday, 24 Jun 2012

        ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူဖက်မှ ကြက်သွန်နီများ ၃၅ ပိဿာ ဝင်အိတ် ၈၀ဝ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်လည်း တစ်ရက် အိတ် ၁၀ဝ ခန့်သာ အရောင်းအဝယ် ဖြစ်လို့ ဈေးလည်း အေးကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာ ၅၀ ကျပ်ခန့် ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး)တစ်ပိဿာ ၆၀ဝ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိကြောင်း သိရပါ တယ်။                        ဝင်းဝင်းခိုင်

Sunday, 24 Jun 2012

        ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၁၁၀၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၁၃၈ တန်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်များမှ တင်ပို့မှု ရှိခဲ့ပေမယ့် ယခုအပတ်မှာ မူဆယ်နယ်စပ်ကသာအပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၂၀ ကျော် မူဆယ်မှ အပို့ပိုခဲ့တာဖြစ်ပြီး နယ်စပ်တစ်ခုလုံး တင်ပို့မှုထက်တော့ ၁၀ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)

Sunday, 24 Jun 2012

        ချင်းတက်က ဈေးကွက်မှာ လက်ကျန်တွေအများကြီး ရှိနေပေမယ့် ချင်း(ဥမ) ကလည်း ဈေးကွက်ကို ဝင်လာနေပါပြီ။ အောင်ပန်း၊ ဈေးကွက်မှာတော့ အဝင်က များနေပြီး အရောင်းကတော့ ပုံမှန်သာရှိပါတယ်။ အဓိက ဝယ်လက်တွေဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ ပြည်၊ ပဲခူးက ချင်းထိုးသမားတွေက အခက်ကြီး၊ အခက်လှတွေကို သာ ရွေးပြီးဝယ်ယူကြပါတယ်။

Sunday, 24 Jun 2012

        ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း အောင်ပန်းမှ နွေချင်းအသစ်များ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ဈေးနှုန်းမှာလည်း တစ်ပိဿာ ချင်း(ရှယ်) ၆၀ဝ ကျပ်၊ (ဂျွန်) ၄၅၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ဈေး ၁၀ဝ ကျပ်နှုန်းကျလာ တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်းပွဲရုံများမှ လက်လီ၊ လက်ကားအဝယ်အပြင်ဧရာဝတီတိုင်းေ ဒသကြီးကို တင်ပို့မှုရှိလို့ ပိဿာချိန် ၃၀ဝ - ၄၀ဝ ကြား အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။ဝင်းဝင်းခိုင်

Sunday, 24 Jun 2012

    ပြည်တွင်းမှာ ကုလားပဲက လက်ကျန်တော်တော်လေးနည်းလာပြီဖြစ်လို့ ပြည်ပတင်ပို့မှုမှာလည်း နည်းလာတာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၃၄၀ဝ ခန့် တင်ပို့မှုရှိခဲ့ရာမှ ဇွန်လ ၄-၈ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀ဝ ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ယခုတစ်ပတ် ပြည်ပဲဈေးကွက်အတွင်း ပဲတီစိမ်းအဟောင်းလက်ကျန်များ ဆက် လက် အရောင်းအဝယ်ဖြစ်နေခဲ့ ပါတယ်။ ဈေးနှုန်းကတော့ ယခင်အပတ်အတိုင်း တစ်တင်း ၁၅၅၀ဝ ကျပ်နဲ့သာ ဈေးငြိမ်လျက်ရှိ ပါတယ်။ ရန်ကုန်ဝယ်လက် အဝယ် ရှိပြီး၊ တစ်ခါတစ်ရံမှာ အိတ် ၄၀ဝ ကျော်ထိ အဝယ်လိုက်ကာ ဒေသတွင်း ဝယ်လက် သမားများ အဝယ်အေးနေခဲ့ပါတယ်။ ယခင်နှစ်က ဇွန်လကုန်တွင် ပဲသစ်များ စတင်ဝင်ရောက်ခဲ့ပြီး၊ အဖွင့်ဈေးမှာ တစ်တင်း ၁၅၀ဝ၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ ကြတာကို တွေ့ရပါတယ်။ခင်ဆွေဝင်း

Sunday, 24 Jun 2012

        ဇွန် ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၃၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန် ၃၅၃၀ ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ဝ ကျော် အပို့ ပိုပါတယ်။ ယခု အပတ်မှာ တစ်ဘက်နိုင်ငံမြေပြင်ဈေး ပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင် ဈေးကျလျက်ရှိပါတယ်-

Sunday, 24 Jun 2012

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းကို အရောင်း အဝယ်ပါးနေတာတွေ့ရပါတယ်။ ယခင်လပိုင်းက တရုတ်ဘက်က ဆွဲအားကောင်း ခဲ့လို့ အရောင်းအဝယ်များခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တရုတ် ဝယ်လက်မရှိသလို အိန္ဒိယဘက်ကလည်း အနည်းအကျဉ်းသာ အဝယ်ရှိတယ်လို့ သိရပါတယ်။ အရည် အသွေးကောင်းတဲ့ ပဲတီရွှေဝါများသာ အဝယ်ရှိလို့ ယခုတစ်ပတ် (ဇွန်လ ၈-၁၄ ရက်) အတွင်း တန် ၁၅၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် လျော့ နည်းလာနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၀ဝ၀ ကျော်တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၄-၈ ရက်) အတွင်းမှာ တန်ချိန် ၅၇၀ဝ ခန့်သာတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယ၊ ဗီယက်နမ်၊ စင်ကာပူစတဲ့ နိုင်ငံတွေကို ပမာဏအနည်း ငယ်စီတင်ပို့တာဖြစ်ပါတယ်။

Pages