Background
ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုလာပါတယ်။ မေ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၉၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှုတန်ချိန် ၈၉၀၀ ထက် ပိုမိုခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၂၅ ရက်အထိ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂ သန်းနီးပါးရှိခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့မှုတန်ချိန် ၂၃၀၀၀ ကျော်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၁၉ သန်းခန့်နဲ့ ယှဉ်ရင် ပမာဏအားဖြင့် ပိုမို တင်ပို့ခဲ့သလို ဝင်ငွေမှာလည်း ပိုမိုရရှိတာတွေ့ရပါတယ်။ ယခင်နှစ်နဲ့ ယခုနှစ်ပဲစင်းငုံ ဈေးနှုန်း ကွာဟမှုနည်းတဲ့အတွက် ရရှိတဲ့ဝင်ငွေ သိသိသာသာလျော့ နည်းမှုမရှိတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲစင်းငုံတင်ပို့မှုပိုကောင်းလာဖွယ် ရှိပါတယ်။ MIRT - MAPT
ယခင်တစ်ပတ်က ပြည်ပဲဈေးကွက်မှာ ပဲတစ်တင်းကို ၁၂၁၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ် ၁၂၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲအဝင်ပါးလာခဲ့ပြီး ဝက်ထီးကန်၊ ပန်းတောင်းဘက်မှ သာ အနည်းငယ် အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၂၀၀-၃၀၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောနယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၁၃၄ သန်းတန်ဖိုးရှိ မတ်ပဲ ၂၃၂ တန်ကျော်ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေ ကတော့ စစ်တွေမှ ၂၆ တန်နဲ့ မောင်တောမှ ၂၀၆ တန်ကျော်ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၁၀၀ ဝန်းကျင်အပို့ပိုခဲ့ပါ တယ်။ မေလ အတွင်းနယ်စပ်မှ မတ်ပဲ တန် ၃၇၀ ကျော်အပို့ရှိခဲ့ပြီး ယခင်လကထက် ၆၃ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ပထမနှစ်လတာမှာ နယ်စပ်မှ မတ်ပဲတန် ၈၀၀ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း မတ်ပဲ FAQ ၊ SQ နဲ့ အခွံချွတ်နေ့စဉ်အရောင်းအဝယ်ဖြစ်ရာ မေလ ၂၅ ရက်မှ၃၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေက တန်ချိန် နှစ်သောင်းအထက်ထိ တင်ပို့မှုအားကောင်းခဲ့ရာ ယခုတစ်ပတ်မှာတော့ အနည်းငယ် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မေ ၂၁ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ စုစုပေါင်း တန်ချိန် ၁၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဥရောပဇုန်ရဲ့ ကြွေးမြီအကျပ်အတည်းပြဿနာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရောင်းလိုအား အကျပ် အတည်းကြောင့် ရော်ဘာတင်သွင်းမယ့် စီမံကိန်းသတင်းကြားပြီးနောက် အိန္ဒိယနဲ့ တရုတ်ရဲ့ ဝယ်လိုအားလည်း တိုးလာတာ ကြောင့် အဓိကကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE)၊ တိုကျိုကုန်စည်ဒိုင် (TOCOM)၊ ဘန်ကောက်ဈေးကွက်တို့မှာရော်ဘာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၆၇၄ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ တန် ၁၀၇၀ ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၁၀၃ တန်ကျော်အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့နိုင်မှုတွေကတော့မူဆယ်မှ MSR-20 ၁၂၇ တန်၊ MSR-50 ၅၃ တန်၊ RSS-3 ၁၄၅ တန်နဲ့ ရော်ဘာဖြတ်စ ၁၅ တန်၊ ချင်းရွှေဟော်မှ MSR-20 ၄၅ တန်ခန့်နဲ့RSS-3 ၆၈၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
မေ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၀၅ တန်နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၄၁၆ သန်းဖိုး တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်ရက်သတ္တပတ်ထက် တင်ပို့မှု တန် ၇၀ လောက် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှု တွေကတော့ တရုတ်ကို တန် ၃၀၀၊ မလေးရှားကို တန် ၁၀၀၊ ကိုရီးယားကို ၃၆၃ တန်နီးပါးနဲ့ စင်ကာပူကို ၂၄၂ တန်နီးပါး အသီးသီးတင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ယခင်ရက်သတ္တပတ်ထက် တန် ၁၀၀ ကျော် ပိုမိုပြီး ၁၀၇၀ တန် တင်ပို့နိုင်တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာကြား ဈေးပေါက်ကြောင်း သိရပါတယ်။ KZW
ဟင်္သာတဈေးကွက်အတွင်းအစေ့ထုတ်ပြောင်းများ အဝင်လှိုင်သလို အရောင်း လည်း သွက်လာပါတယ်။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်း ၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၆၃၀၀ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာသလို ရောင်းအားလည်းပိုကောင်း လာပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် တစ်ရက် ပျမ်းမျှ အိတ် ၂၅၀၀ ခန့် တင်ပို့နိုင် တယ်လို့သိရပါတယ်။အေးအေးခိုင်
ဂျုံဈေးနှုန်းမြင့်တက်ခြင်းနဲ့ တရုတ်ရဲ့ဝယ်အားတိုးလာတာကြောင့် ချီကာဂို ကုန်သွယ်ရေးအသင်း CBOT နဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် NCDEX တို့မှာ ပြောင်းဈေးနှုန်း အလားအလာကောင်းနိုင်ဖွယ်ရှိကြောင်း သိရပါ တယ်။ CBOT မှာ စက်တင်ဘာလအတွက်အရောင်းအဝယ်ဈေးနှုန်းတက်လာပြီး တစ်တန်ကို ၂၂၀ ဒေါ်လာနဲ့ NCDEX မှာ သြဂုတ်လအတွက်ဈေးနှုန်းက သုညဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၁၂၃၅၀ ရူပီး (၂၃၇ ဒေါ်လာ)ကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ကြက်ဘဲမွေးမြူရေး လုပ်ငန်းတွေမှာ ပြောင်းအစားထိုးအသုံးပြုနေတဲ့ ဂျုံဈေးနှုန်းမြင့်တက်မှုနဲ့ အိန္ဒိယနိုင်ငံမှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းတွေကနေ ဝယ်လိုအားတက်လာတာေ ကြာင့်ပြောင်းေ ဈးနှုန်းမြင့်တက်ဖွယ်ရှိကြောင်း အစီရင် ခံစာများမှာဖော်ပြထားပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံတွေမှာ ခြောက်သွေ့တဲ့ ရာသီ ဥတုကြောင့် ထုတ်လုပ်မှုထိခိုက်ပြီး ဂျုံဈေးတက်နေကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာတော့မယ့် ကာလမှာ တရုတ်နိုင်ငံကလည်း ပြောင်းတိုးမြှင့် ဝယ်ယူမယ်လို့ သိရပါတယ်။ Source: Commodity online , KZW
