Main menu

Background

Wednesday, 20 Jun 2012

        ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်အတွင်းကို ပခုက္ကူဆိတ်ဖြူမှ ယခင်ကနေ့စဉ် မန်ကျည်းပိဿာ တစ်သောင်းခန့် ဝင်ရောက်လျက်ရှိရာမှ သြင်္ကန်ပြီး နောက်ပိုင်း၊ နေ့စဉ် ပိဿာနှစ်ထောင်ခန့်သာ ဝင်ရောက်မှုရှိကြောင်း  သိရပါတယ်။ ကျောက်ပန်းတောင်း မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းအရောင်းအဝယ်အေးသလို ဈေးလည်းအေး လျက်ရှိပါတယ်။

Wednesday, 20 Jun 2012

        မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ  ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၀ တန်ကို မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက် အတွင်းမှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၆ တန် အပို့ပိုခဲ့တာဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိမန်ကျည်းမှည့်(အစေ့ပါ) ၁၁ တန် ကိုလည်း တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၄ တန် လျော့နည်းခဲ့ပါတယ်။

Wednesday, 20 Jun 2012

        ဒီတစ်ပတ် အောင်ပန်းချင်းဈေးကွက်မှာ ချင်း(စို)က ပြန်ပြီး အဝင်များလာ ပါတယ်။ အောင်ပန်းအနီးပတ်ဝန်း ကျင်အပြင် ဟဲဟိုးဖက်ကပါ ဝင်လာတာကြောင့် အဝင်များလာတာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀-၃၅၀၀ ခန့် ဝင်နေပြီး၊ လက်ကျန်တွေလည်း အတော်များများကျန်နေပါသေးတယ်။

Wednesday, 20 Jun 2012

        အောင်ပန်းနဲ့တောင်ကြီးဈေးကွက်မှချင်းများ ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် ယခင်အပတ်အတိုင်း အဝင်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်သို့ ပိဿာချိန် ၁၀၀၀ ခန့်တို့ ဈေးကွက်မှတစ်ဆင့် တင် ပို့ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်ပွဲရုံများမှာ တစ်ရက်ပိဿာချိန် ၃၀၀ ခန့်နဲ့ အရောင်းအဝယ်အေးပြီး တစ်ပိဿာ ချင်း (ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်နဲ့ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်

Wednesday, 20 Jun 2012

        မူဆယ်နဲ့ မြဝတီနယ်စပ်များမှ မေ ၃၀ ရက်မှ ဇွန်လ ၅ ရက်ထိ ကာလ အတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်းတန်ဖိုးရှိ ဂျင်းခြောက် ၁၉ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ် ပမာဏအတိုင်းပဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်မှ ၁၂ တန်ခန့်နဲ့ မြဝတီမှ ၇ တန်ခန့် တင်ပု့ိခဲ့တာဖြစ်ပါတယ်။MIRT(DOBT)

Wednesday, 20 Jun 2012

        ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ပရိုတိန်းကြွယ်ဝပြီး၊ အာဟာရဓာတ်မြင့်မားတဲ့ ပဲတစ်မျိုးဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှာ တတိယ မြောက်အရေးပါတဲ့ပဲဖြစ်ပါတယ်။ကုလားပဲမှာဒေစီကုလားပဲနဲ့ကုလားပဲဖြူလုံးကြီးဆိုပြီး ၂ မျိုးရှိရာ ကမ္ဘာ့ထွက်ရှိမှုရဲ့ ၁၀-၁၅ ရာခိုင်နှုန်း သာရှိတယ်လို့သိရပါတယ်။ကုလားပဲဖြူလုံးကြီးကိုပုံမှန်အနေနဲ့ အလုံးလိုက် စားသုံးပြီး၊ ဒေစီကုလားပဲကိုတော့ ခွဲခြမ်းသို့မဟုတ် ကုလား ပဲမှုန့်ကြိတ်ပြီး စားသုံးပါတယ်။

Wednesday, 20 Jun 2012

        ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ပြည်ပဝယ်လိုအားကောင်းနေတဲ့ ကုလားပဲမှာ ယခုတစ်ပတ်လည်း အသင့်အတင့်တင်ပို့နိုင်ခဲ့ပါတယ်။ မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မေလတစ်လလုံး တင်ပို့မှုအနေနဲ့ စုစုပေါင်း တန်ချိန် ၂၁၄၀၀ ခန့်ရှိခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၈၉၀၀ ကျော်တင်ပို့ခဲ့ကာ ၂၀၁၁ မေ အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

Wednesday, 20 Jun 2012

        ပဲခူးတိုင်းဒေသကြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှာ မိုးပဲတီစိမ်း သီးနှံကို အများဆုံးစိုက်ပျိုးကြပြီး  ဇွန်လကုန်၊ ဇူလိုင်လဆန်းမှာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။  ယခုပြည်ဈေးကွက်မှာ လက်ကျန်ပဲတီစိမ်း များ တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်များမှ တစ်ခါ ဝယ်ရင် အိတ် ၂၀၀ ကျော် ၃၀၀ အထိဝယ်ယူကြပြီး ပဲဈေးမှာတစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပေမဲ့ ယခုနှစ် ပဲတီစိမ်းသစ် စပေါ်ချိန်မှာ ပဲဟောင်းဈေးကို အမှီလိုက်နိုင်မလားဆိုတာ ပဲစိုက်တောင်သူများ စောင့်မျှော်နေကြောင်း သိရှိရပါ တယ်။ခင်ဆွေဝင်း

Wednesday, 20 Jun 2012

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၉၈ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၁၂၃ တန်ကျော်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်း မှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၆၇ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ယခုအပတ် မိမိဘက်မြေပြင်ဈေးမှာ ကျပ် ၆၉၃၃၀၃ ကျပ်ရှိပြီး ယခင် အပတ်က ထက် ၄၉၉၄ ကျပ် လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဈေးကတော့ ယခင် အပတ်ကထက် ၃ ဒေါ်လာခန့် လျော့နည်းခဲ့ပြီး ၈၄၁ ဒေါ်လာ ပေါက်လျက်ရှိပါ တယ်။                                                                               MIRT(DOBT)

Wednesday, 20 Jun 2012

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ် ပိုမိုလျော့ကျလာခဲ့ပါတယ်။ အိန္ဒိယမှာ နွေပဲတီစိမ်းအသစ်တွေ ဝင်လာနေပြီဖြစ်လို့ ဝယ်လိုအားပါးလာတာကြောင့် တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံ အချို့ကို တင်ပို့ဖို့ အရောင်းအဝယ်အနည်းငယ်သာဖြစ်ကြောင်း သိရပါတယ်။

Pages