Main menu

Background

Sunday, 25 Mar 2012

    ပြည်ဈေးကွက်ကို ယခုမတ်လ တတိယပတ်အတွင်း ပဲစင်းငုံဝင်ရောက်မှု သိသိ သာသာနည်းပါးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း လက်ကျန်ပဲများ ထုတ်ရောင်းလာကြပါတယ်။  အရောင်းအဝယ်ဖြစ်မှု အနေနဲ့ နေ့တိုင်းမဖြစ်ဘဲ ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်မှသာ အိတ် ၄၀၀ ကျော် ၅၀၀ အထိ အရောင်း အဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ပဲစင်းငုံဈေးနှုန်းမှာ တစ်တင်း ၁၄၀၀၀ ကျပ် ရှိခဲ့ပြီး၊ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးထက်သိသာစွာ ကျဆင်း ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးမှာ တစ်တင်း ၁၅၀၀၀ ကျပ်ဈေးရှိခဲ့ကြောင်း သိရပါတယ်။                              ခင်ဆွေဝင်း

Sunday, 25 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း ပဲစင်းငုံကို အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပဲစင်းငုံတင်ပို့မှု ယခင်နှစ်ထက် ၁ ဆကျော်ပိုမိုပေမဲ့ ပြည်တွင်းလက်ကျန် ပဲဟောင်းတွေရှိနေပြီး ရောင်းလိုအားများတာကြောင့် ဈေးမြင့်တက်ခြင်းမရှိကြောင်း သိရပါတယ်။

Sunday, 25 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်ထက် ပိုပြီး တန်ချိန် ၇၅၀၀ ကျော်ထိ ပုံမှန်ပမာဏနဲ့ တင်ပို့မှုရှိလာပါတယ်။ ယခင် သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၆၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ဘဏ္ဍာနှစ် မတ်လ ၁၆ ရက်နေ့အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် သုံးသိန်းကျော်ပြီဖြစ်ပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၁၄၀၀၀၀ ခန့်သာရှိလို့ ယခုနှစ်မှာ တစ်ဆကျော် ပမာဏအားဖြင့် တန်ချိန် ၁၆၀၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်မှု အခြေအနေအရေ လာမယ့် သီတင်းပတ်မှာလဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT   

Sunday, 25 Mar 2012

    ပြည်ပွဲရုံများသို့ မကွေးတိုင်းဒေသကြီး အောင်လံ၊ ကံမဘက်မှ မတ်ပဲသစ်များ ရေလမ်း၊ ကုန်းလမ်းများဖြင့် တစ်နေ့ အိတ် ၁၀၀၀ ခန့် ဝင်နေပါတယ်။ ယခုတစ်ပတ် ပဲအဝင်များလာပြီး ပဲသစ်တစ်တင်း ၁၂၆၀၀ ကျပ်ရှိကာ ပဲဟောင်းတစ်တင်းမှာ ၁၂၀၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်များပြီး ပဲသစ် ပဲဟောင်း တစ်နေ့ကို အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲခူးတိုင်း ဒေသကြီး ပြည်မှရန်ကုန်ဘုရင့်နောင်သို့ မတ်ပဲစီးဆင်းမှုမှာ အိတ် ၅၀၀၀ ခန့်ရှိ တယ်လို့ သိရပါတယ်။                                             မိမိအေး

Sunday, 25 Mar 2012

    ဟင်္သာတမတ်ပဲဈေးကွက်ကို မတ်ပဲအသစ် ဝင်ရောက်မှုမှာ ပိုများလာပြီး တစ်နေ့ကိုအိတ် ၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါတယ်။ မတ်ပဲ ဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၂၄၀၀ ကျပ်ဈေးဖြစ်သွားသော်လည်း အရောင်းအဝယ်ဖြစ်မှုကတော့ ယခင်အပတ်ထက် ပိုများလာပါတယ်။ ဟင်္သာတမှ ရန်ကုန်ဘုရင့်နောင်ဈေးကို နေ့စဉ် ပျမ်းမျှအိတ် ၂၃၀၀၀ ခန့် တင်ပို့ကြောင်း သိရပါ တယ်။                                                        အေးအေးခိုင်

Sunday, 25 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ FAQ များ အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရပါတယ်။ SQ အဟောင်းမှာ ယခင်နှစ် ရေနာပဲများပါဝင်ပြီး ယခင်နှစ် မတ်ပဲဟောင်း  FAQ များသာ ဝယ်လက် ကြိုက်ဈေးတွေ့လို့ အောက်ဈေးနဲ့

Sunday, 25 Mar 2012

    ယခုတစ်ပတ်အတွင်း ပြည်ပကို မတ်ပဲတင်ပို့မှုက တန် တစ်သောင်းအထက် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် တစ်သောင်း နီးပါး တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၁၂-၁၆ ရက်) အတွင်းမှာတော့ မတ်ပဲ FAQ၊ SQ စုစုပေါင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၁၂မတ်လ၁၆ ရက်အထိ မတ်ပဲစုစုပေါင်း ပြည်ပတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၇၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၄၅၀၀၀၀ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၁၂၀၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ အပတ်စဉ်တင်ပို့မှုမှာ လက်ရှိတင်ပို့မှုနှုန်းထက် အနည်းငယ်ပိုမို တင်ပို့နိုင်မယ်ဆိုရင် ယခုဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ မတ်ပဲတန် ၆ သိန်းခန့် တင်ပို့ နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT

Sunday, 25 Mar 2012

    အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းများအသင်း (AIRIA)  က စက်မှုလုပ်ငန်းတွေအတွက် ယှဉ်ပြိုင်မှုမရှိအောင်ပြုလုပ်ထားတဲ့ ရော်ဘာကုန်ကြမ်းတင်သွင်းမှုအပေါ်ကောက်ခံတဲ့ တန်ပြန်စုပုံခွန်ကို ဖယ်ရှားနိုင် ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား ကွာဟချက်ကို ထိန်းညှိပေးမယ့် ရော်ဘာတန် ၁သိန်းအဆောတလျင်တင်သွင်းဖို့အတွက် ရှိနေ တယ်လို့လည်းသိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်အကြိုအဆိုတင်သွင်းမှုမှာ ကာဗွန်နဲ့ ရော်ဘာဓာတုပစ္စည်းတွေရဲ့ အခွန်ကောက်ခံမှုကအသင့်သုံးပစ္စည်းတွေအပေါ်မှာအခွန်ကောက်ခံမှုထက် ဈေးပိုကြီးကြောင်း စက်မှုလုပ်ငန်းရှင်များက ပြော ကြားပါတယ်။ အတိုးနှုန်းနဲ့

Sunday, 25 Mar 2012

    မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၉၉ သန်း တန်ဖိုးရှိRSS - 3   ၁၁၁ တန်ကျော် တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၂၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မြိတ်နယ်စပ်ကအပို့ပိုခဲ့ပေမယ့်မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်များမှ တရုတ်ဖက်သို့ ရော်ဘာအပို့ကတော့ ယခု အပတ် လျော့နည်းလျက်ရှိပါတယ်။ မူဆယ်မှMSR - 20  တန် ၁၆၀ ခန့်၊ MSR - 50   ၁၃၈ တန်ကျော်နဲ့ RSS - 5 ၅ တန်၊RSS - 3 

Sunday, 25 Mar 2012

    မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၁၁၀၃၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၉၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၄၀၀၊ စင်ကာပူကို ၂၂၂ တန်နဲ့ မလေးရှားကို ၄၈၁ တန် အသီးသီးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် နှစ်ဆပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှလည်း တရုတ်နဲ့ ထိုင်းနယ်စပ်တွေကနေ တန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါ တယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ RSS03 တစ်တန်ကို ဒေါ်လာ (၃၇၀၀-၃၈၀၀) နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၃၆၀၀-၃၇၀၀) ကြား ဈေးပေါက်တယ်လို့ သိရပါတယ်။                                       K.Z.W

Pages