Main menu

Background

Monday, 2 Apr 2012

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၁၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၅၂ တန်ခန့်နဲ့  ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း တန် ၂၀ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ခန့် လျော့နည်း တင်ပို့ခဲ့တာ  ဖြစ်ပါတယ်။

Monday, 2 Apr 2012

    ယခင်သီတင်းပတ်က ပဲတီရွှေဝါဈေးကောင်းခဲ့ပြီး ယခုတစ်ပတ်မှာ ဈေးအေးလာခဲ့သလို အရောင်းအဝယ်ဖြစ်မှုလည်း ယခင်တစ်ပတ်ထက် လျော့ကျတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ခန့် စာချုပ်အရောင်းအဝယ်ရှိခဲ့ပြီး ယခုမတ်လ ၂၃-၃၀ ရက်အတွင်းမှာတော့ ပဲတီရွှေဝါ၊ ပဲတီစိမ်း၊  ခွဲခြမ်းစုစုပေါင်း တန်တစ်သောင်းနီးပါးသာ  FOB အရောင်း အဝယ်စာချု ပ်နိုင်တယ်လို့ သိရပါတယ်။

Monday, 2 Apr 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ဆက်လက်အားကောင်းနေပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ် (မတ်လ  ၁၉-၂၃ ရက်) မှာလည်း တန်ချိန် ၁၃၅၀၀ နီးပါး တင်ပို့နိုင်တာ တွေ့ရပါ တယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်နေ့အထိ ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၄၀၀၀၀ကျော်ရှိပြီး

Monday, 2 Apr 2012

    ပြည်ပဲလွန်းဖြူ ဈေးကွက်မှာ ပဲလွန်းဖြူလက်ကျန်ပြတ်သလောက် ရှိနေပြီး၊ ယခုတစ်ပတ်မှာတော့ ရွှေတောင် ညောင်စာရေးဘက်မှ အိတ် ၄၀-၅၀ ခန့်အဝင်ရှိလာခဲ့တယ်လို့ သိရ ပါတယ်။ တစ်ခါတစ်ရံ ရန်ကုန်ဝယ် လက် ရှိသော်လည်း ယခုရက်မှာတော့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါ တယ်။ ပဲလွန်းဖြူဈေးမှာ လက်ကျန်နည်း လာပြီး၊ တစ်တင်း ၁၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။                       မိမိအေး

Monday, 2 Apr 2012

    ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှု ပုံမှန်ရှိနေသလို အရောင်းအဝယ်လည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်(မတ်၁၉-၂၃)အတွင်းပဲလွန်းဖြူ တန်ချိန် ၁၉၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင် တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၇၀၀ ထက်လျော့ကျပေမဲ့ ပုံမှန်ပမာဏ တင်ပို့ နိုင်တာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့ တဲ့ နိုင်ငံများကတော့ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊

Monday, 2 Apr 2012

    ဈေးနှုန်းကျဆင်းမှုကို ရပ်တန့်ဖို့နဲ့ တည်ငြိမ်စေဖို့အတွက် ကာနာတာကာအစိုးရ မှ ဗဟိုအစိုးရကို ပဲစင်းငုံ ခွဲခြမ်းတင်သွင်းတာကို ပိတ်ပင်ထားဖို့ တောင်းဆိုကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ပဲစင်းငုံကို အနိမ့်ဆုံး ထောက်ပံ့ဈေးနဲ့ သတ်မှတ်ပြီး ဆက် လက်ဝယ်ယူမှုရှိတဲ့တိုင် ဈေးနှုန်းတည်ငြိမ်ခြင်းမရှိဘဲ ဆက်လက်ကျဆင်းနေ တယ်လို့ ကာနာတာကာစိုက်ပျိုးရေးဝန်ကြီး  Umesh  V  Katti  မှ ပြောကြားပါ တယ်။

Monday, 2 Apr 2012

    ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခင်တစ်ပတ် ထက် ပိုမိုလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်)အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တိုး တက် တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ရဲ့ မတ်လ ၂၃ ရက်နေ့အထိ ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ တန်ချိန် ၃၁၅၀၀၀

Monday, 2 Apr 2012

    နေပြည်တော်ခရိုင်အတွင်းရှိ တောင်သူများ မိုးစပါးရိတ်သိမ်းပြီး မတ်ပဲသီးနှံကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလာကြတာ မိရိုးဖလာစိုက်ပျိုးမှုတစ်ရပ်ဖြစ်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာကစိုက်ခဲ့တဲ့ မတ်ပဲသီးနှံများဟာ မတ်လ၊ ဧပြီလများမှာ ထွက် ပေါ်လာပါပြီ။

Monday, 2 Apr 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှုက ယခင်တစ်ပတ်ထက်ပိုမိုတာ တွေ့ရပါ တယ်။ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခု တစ်ပတ် (မတ်လ ၂၃-၃၀ )အတွင်း တန်ချိန် ၂၁၀၀၀ ကျော်ထိ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ FOB ဈေးမှာ

Monday, 2 Apr 2012

    ပြည်ပကို ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုကတော့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု (မတ်လ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀၀ နီးပါးထိ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၁၁-၁၂ မတ်လ ၂၃ ရက် အထိ စုစုပေါင်း

Pages