Background
ပြည်ပကို မတ်လ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း မန်ကျည်း ၂၆၈၀ ဒသမ ၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၆၁၈ တန်၊ မလေးရှားနိုင်ငံကို ၈၅၀ တန်၊ ပါကစ္စတန်ကို ၆၇၃ တန်၊ စင်ကာပူနိုင်ငံကို ၄၈၉ ဒသမ ၉ တန်နဲ့ ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုကို ကြည့်ရင်
ဟိုပုံးချင်းခြောက် (စို) က အဝင်နည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်များ လာပါတယ်။ အစိုဈေးတွေ မကောင်းတာကြောင့် အခြောက်သာပြုလုပ်ပြီး ဈေး ကွက်ကိုဝင်လာပါတယ်။ ၅ ရက်တစ်ဈေးကို ချင်းခြောက် ပိဿာချိန် ၃ ထောင်- ၄ ထောင် ခန့်အဝင်ရှိနေ ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက တရုတ် ဝယ်လက်တွေဝယ် ပေမဲ့ အခုတော့အဝယ်ရပ်သွားတယ် လို့လည်းသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အများ
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း (ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ရောင်းဝယ် လျက် ရှိပါတယ်။ ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ပိဿာချိန် ၄၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၄၅၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပန်းတောင်းနဲ့ ကံမဘက်မှ အဝင်ရှိသလို အောင်လံဘက်မှ လည်း ကုလားပဲများအဝင်ရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာပေမယ့် ကုလားပဲ ဈေးမှာ အနည်းငယ်သာ အတက်အကျရှိနေခဲ့ပါတယ်။
ကုလားပဲဖြူလုံးကြီးကိုအိန္ဒိယနဲ့ပါကစ္စတန်ဝယ်လက်အဝယ်သွက်နေလို့ တင်ပို့မှု လည်း ပုံမှန်ရှိနေပါတယ်။ မတ်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ပင်လယ်ရေကြောင်း က ကုလားပဲစုစုပေါင်း တန် ၂၆၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၁၆ ရက်အထိ စုစုပေါင်း ကုလားပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၇၂၈၀၀ ကျော်ရှိပြီ ဖြစ်ပြီး ယခင်ဘဏ္ဏာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅၀၀ ခန့်သာရှိတာတွေ့ရပါတယ်။
မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုညဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၃၄၀ နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးခြမ်း တန် ၂၀ ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက်လုံးပြည့် ၈၂ တန်ခန့်နဲ့ လုံးခြမ်း ၄ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း၊ ပဲတီရွှေဝါကို ထူးထူးခြားခြား အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီရွှေဝါ ခရမ်းစမှာ ဘုရင့်နောင်ဈေးကွက်မှာ တစ်ရက် တစ်သောင်းကျပ်နှုန်းနဲ့ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ငါးသောင်းခန့်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၁၀-၁၆)အတွင်းမှာ တန်ချိန် ၁၄၃၀၀ ကျော်ထိ ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။
ပဲလွန်းဖြူကတော့ ပြည်ပ အရောင်းအဝယ် စာချုပ်မှုလည်း ပို လာသလို ပြည်ပတင်ပို့မှုမှာလည်း ယခင် သီတင်းပတ်များထက် ပိုမိုလာ တာတွေ့ရပါတယ်။ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ မတ်လ ၁၀ ရက်မှ ၁၆ ရက်အတွင်းမှာ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၂၇၀၀ ခန့် တင်ပို့မှု ရှိခဲ့လို့ ယခင်တစ်ပတ် တင်ပို့မှုတန်ချိန် ၁၈၀၀ ကျော်ထက် ပိုမိုလာခဲ့ပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တူရကီ၊ အီတလီ၊ စပိန်၊ ယူအေအီး၊ အီဂျစ်နဲ့ ပါကစ္စတန် တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့ နိုင်ငံများလည်း တိုးလာတာ တွေ့ရပါ တယ်။
မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုညဒသမ ၀၃၄ သန်း တန်ဖိုးရှိ ပဲလွန်း ဖြူ ၁၆၅ တန်ကျော်ကိုမတ်လ ၁၄ ရက် မှ ၂၀ ရက်ကာလအတွင်းမှာ တင်ပို့နိုင် ခဲ့ရာ ယခင်အပတ်က တင်ပို့မှုထက် နှစ်ဆကျော် ၉၁ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။MIRT (DOBT)
