Background
မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၉၉ သန်း တန်ဖိုးရှိRSS - 3 ၁၁၁ တန်ကျော် တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၂၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မြိတ်နယ်စပ်ကအပို့ပိုခဲ့ပေမယ့်မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်များမှ တရုတ်ဖက်သို့ ရော်ဘာအပို့ကတော့ ယခု အပတ် လျော့နည်းလျက်ရှိပါတယ်။ မူဆယ်မှMSR - 20 တန် ၁၆၀ ခန့်၊ MSR - 50 ၁၃၈ တန်ကျော်နဲ့ RSS - 5 ၅ တန်၊RSS - 3
မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၁၁၀၃၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၉၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၄၀၀၊ စင်ကာပူကို ၂၂၂ တန်နဲ့ မလေးရှားကို ၄၈၁ တန် အသီးသီးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် နှစ်ဆပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှလည်း တရုတ်နဲ့ ထိုင်းနယ်စပ်တွေကနေ တန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါ တယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ RSS03 တစ်တန်ကို ဒေါ်လာ (၃၇၀၀-၃၈၀၀) နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၃၆၀၀-၃၇၀၀) ကြား ဈေးပေါက်တယ်လို့ သိရပါတယ်။ K.Z.W
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နှင့် ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၁၄၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၆၇၈ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် မူဆယ်မှ ၁၆၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၃၀၁ တန်နဲ့ ကန်ပိုက်တီးမှ ၃၇၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ် မိမိဘက် မြေပြင်ပေါက်ဈေးက ၂၇၃၁၂၀ ကျပ်ဖြစ်ပြီး ယခင် အပတ်ကထက် ၆၃၂၉ ကျပ် ဈေးပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးမှာတော့ ၃၁၇ ဒေါ်လာဖြစ်ပြီး ယခင်အပတ်ကထက် ၂ ဒေါ်လာ လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ MIRT (DOBT)
မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိကြောင်း သိရပါတယ်။ ယခင်ရက်သတ္တပတ်များက တင်ပို့မှုတွေက လိုင် စင်လက်ကျန် တင်ပို့မှုတွေဖြစ်ကြောင်းလည်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တရုတ်နယ်စပ်ကနေ ၇၆၇၈ တန် တင်ပို့ခဲ့ရတယ်လို့လည်း သိရပါတယ်။ တရုတ်နယ်စပ်မှာတော့ ပြောင်းကားတွေ အတက်များပြီး စဉ်ဆက်မပြတ်တင်ပို့နိုင် ဖွယ် ရှိတယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးရှိတယ်လို့ သိရပါတယ်။K.Z.W
ပြည်ငရုတ်ခြောက်ဈေးကွက်မှာ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ် ပိဿာ ၂၀ ဝင်အိတ် ၃၀၀ ခန့်သာ ဝင်ရောက်ပြီး၊ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာကို(ရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀-၃၀၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ်တို့ရှိပြီး ပုံမှန်ဈေးနဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
နနွင်းဈေးကွက်ကတော့ နည်းနည်းလှုပ်လာပါတယ်။ ဟိုပုံးနနွင်းဈေးကွက်မှာ မိုင်းပွန်၊ ပင်လုံဘက်က မျိုးသမားတွေ အဝယ်လိုက်တဲ့အတွက် ဈေးတက်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းခြောက် ဈေးကတော့ မူဆယ်ဘက်ကအဆွဲရှိလို့ ဒီတစ်ပတ်မှာဈေးထပ်တက်လာပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်း တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၁၇၃ တန်နဲ့ မြဝတီနယ်စပ်မှ ဒေသထွက် နနွင်းတက် (နနွင်းခေါင်း) ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းဖိုးကို မတ်လ ၇ ရက်မှ ၁၃ ရက်ကာလအတွင်း တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် တန် ၈၀ ဝန်းကျင် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီလအတွင်း နနွင်း တင်ပို့မှုက ၁၅ တန်ရှိခဲ့ပြီး ဇန်နဝါရီလ နနွင်းတင်ပို့မှုက ၃၆ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှုအားလျော့ခဲ့ပါတယ်။ ကာလတူဖြစ်တဲ့ ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ နနွင်းတင်ပို့မှု တန်ချိန် ၇၆ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဖေဖော်ဝါရီလရဲ့ နနွင်းတင်ပို့မှုက ယခင်နှစ် ဖေဖော်ဝါရီလ တင်ပို့မှုထက်အားလျော့ခဲ့ပါတယ်။ MIRT (DOT)
ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်များမှာ ပေါ်စအချိန်က အစေ့လွတ် တစ်ပိဿာ ၁၂၀၀ ကျပ်ရှိရာမှ လှိုင်လှိုင်ပေါ်ချိန်မှာတော့ ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ ယခုလအတွင်း အိမ်သုံးတစ်နှစ်စာ ၃ ပိဿာ မှ ၅ ပိဿာအထိ ဝယ်ယူသိုလှောင်သူများကြောင့် အရောင်းသွက်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာတော့ မန်ကျည်းမှည့် အစေ့လွတ် တစ်ပိဿာ လက်ကား ၈၀၀ ကျော်နဲ့ လက်လီ ၁၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အိဆွေဇင်
မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်၊ ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်စခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၃၂၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ)နဲ့ မန်ကျည်းစေ့ တန် ၄၄၀ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် အပို့လျော့ခဲ့သော်လည်း မူဆယ်နဲ့ စစ်တွေနယ်စပ်များအပြင် ကန်ပိုက်တီးမှပါ
