Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းရောင်းဝယ်မှု ယခင်သီတင်းပတ်ထက် လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ ၃ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာ တန်ချိန် ၁၆၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း
ပဲအားလုံးတွေထဲမှာ ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း စံချိန်တင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်အထိ ပဲတီစိမ်းတန်ချိန် ၁၄၃၀၀ ကျော်တင်ပို့မှု ရှိခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၄၆၅၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၃၇ သန်း ကျော်ရရှိခဲ့ပါတယ်။
အခြား ပဲအုပ်စုတွေထဲမှာ ပြည်ပ ကို ရောင်းဝယ်တင်ပို့မှု အားကောင်းနေ တဲ့ ပဲကတော့ ပဲလွန်းဖြူပဲဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာလည်း တင်ပို့မှု တန် ချိန် ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ယူ အေအီးနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ပမာဏ များများ သွားတာကတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၁၅၈ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ၁၁၂၃ တန်နဲ့ ဧပြီလမှ ဖေဖော်ဝါရီလ ထိ ကာလ မှာ ၄၂၂၈ တန် တင်ပို့ထား ပြီး ဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများ ကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ရာမှာ တစ်ဖက်နိုင်ငံဈေး မပြောင်းလဲသော် လည်း မိမိဘက်မြေပြင် ပေါက်ဈေးမှာ ၁၀၆၉ ကျပ် လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
ပဲစင်းငုံအသစ်ဆိုတာနှစ်စဉ်ဒီဇင်ဘာလဆန်းရောက်ရင်ပေါ်တတ်ပါတယ်။ အရင် နှစ်တွေမှာပဲအဟောင်းတွေကအဟောင်းကာလမှာ တာဝန်ကျေခဲ့တော့ အဟောင်းအသစ် ထပ်တာနည်းခဲ့ပါတယ်။ ဒါပေမယ့်ဒီနှစ်နှစ် သုံးနှစ်အတွင်းအချိန်တန်လို့ ပဲစင်းငုံ အသစ် တွေ ပေါ်လာပေမယ့်လည်း၊
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု မများပေမဲ့ ယခင်တစ်ပတ်ရောင်းဝယ်မှုထက် ပိုတာတွေ့ရပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀၀ ကျော်သာ စာချုပ်နိုင်ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၃-၉ ရက်) အတွင်းမှာတော့ တန်ချိန် ၉၀၀၀ ဝန်းကျင်အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံ တင်ပို့မှုက ဆက်လက်လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်ကို လျော့ကျခဲ့သလို ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၇-မတ် ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၆၅၀၀ သာတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။
ဟင်္သာတပဲဈေးကွက်သို့ မတ်ပဲအသစ်များ အဝင်လှိုင်လာပြီး ကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၃၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ်မှာ တစ်တင်း ၁၁၇၀၀ ကျပ်နဲ့ ဈေးအေး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။ အေးအေးခိုင်
ပြည်ဈေးကွက်သို့ ပြည်အနီးအနား နယ်စုံမှပဲသစ်များ အဝင်များနေပြီး တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ် ပဲဝင်ရောက်မှု များနေတာကြောင့် ပဲဈေးမှာ ပဲတစ်တင်း ၁၂၇၀၀ ကျပ် ဈေးသာရှိတယ်လို့ သိရပါ တယ်။ လက်ကျန်ပဲဟောင်းများ အနည်းငယ်ရှိသေးသော်လည်း အရောင်းအဝယ် မဖြစ်ဘဲ ပဲသစ်များသာ အဝယ်ရှိတယ်လို့ သိရပါတယ်။
ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၂၇-မတ်လ ၁ ရက်) အတွင်း ပင်လယ်ရေ ကြောင်းကမတ်ပဲတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်သာရှိလို့ ယခင်တစ်ပတ် တင်ပို့ တဲ့ တန်ချိန် ၉၀၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီ လ တစ်လလုံး တင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၃၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၀ သန်းကျော်ရရှိခဲ့လို့ဇန်နဝါရီလတင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀၀ ခန့်ထက်ပိုမို တင်ပို့ နိုင်ကြောင်း သိရပါတယ်။
