Main menu

Background

Tuesday, 3 Jan 2012

    ဒီဇင်ဘာ ၁၇ ရက်မှာ အာရှရော်ဘာဈေးနှုန်းတွေက ဒီဇင်ဘာ ၂၀ ရက်က နှုန်းထားထက် ဦးမော့လာတယ်။ ဒါပေမဲ့ တစ်နှစ်တာဈေးနှုန်း ပေါက်ဈေးတွေနဲ့ ယှဉ်ရင် များစွာ အားနည်းနေတဲ့အပြင် ဖေဖော်ဝါရီလက ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံး နှုန်းထားအောက်ကို တစ်တန်မှာ ဒေါ်လာ ၃၀၀၀ ဝန်းကျင် လျော့နည်း သွားပြီဖြစ်တယ်။

Tuesday, 3 Jan 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်း၊ မြန်မာ- ထိုင်းနယ်စပ်ရှိ မြိတ်စခန်းတို့ကနေ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်း ရော်ဘာ ၁၄၈၈ တန်နီးပါး တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၀၉သန်းခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။

Tuesday, 3 Jan 2012

    ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၆၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀ ခန့်သာ လျော့နည်းတင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့မှုလို့ ဆိုရပါမယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများလည်း ငြိမ်နေတာကြောင့် တင်ပို့မှုလည်း မှန်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်နဲ့ ပါကစ္စတန်တို့ပဲဖြစ်ပါတယ်။

Sunday, 1 Jan 2012

    မြစ်သားမြို့နယ်မှာ ဆောင်းကြက်သွန်နီ စိုက်ဧက ၇၇၇၀ ကျော်မှ ယခုလအတွင်း ဈေးကွက်ကို စတင် တင်ပို့ရောင်းချနေ ကြောင်းသိရပါတယ်။ အစောစိုက်တဲ့ အခင်းတွေ အောက်တိုဘာလဆန်းက မိုးများခဲ့လို့ အထွက်နှုန်းကျဆင်းခဲ့ပေမယ့် မိုးကုန်မှ စိုက်တဲ့ အခင်းတွေကတော့ တစ်ဧကကို ပိဿာ ၂၀၀၀ ကနေ ၂၃၀၀ ထိထွက်တယ်လို့ ကသဲကုန်းရွာက တောင်သူကြီး ဦးစိန်ဝင်းက ပြောပြပါတယ်။

Sunday, 1 Jan 2012

    မြင်းခြံမှ ရန်ကုန်နဲ့ မော်လမြိုင်ကို နေ့စဉ် ကုန်စည်တင်ပို့လျက်ရှိရာ ကားအစီးရေ ၃၀ နဲ့ ၃၅ စီးကြား ပုံမှန် တင်ပို့လျက်ရှိ ကြောင်း သိရပါတယ်။ ငွေစင်ရော်ကုန်စည်ပို့ဆောင်ရေးမှ ဦးခင်မောင်မြင့်က " ခုရာသီမှာ ကုန်စည်ပို့ဆောင်ရေးကောင်းတယ်။ မနှစ်က ကုန်မပေါဘူး။ ကုန်ပို့ခ များများရတယ်။

Sunday, 1 Jan 2012

    နနွင်းဈေးကတော့ ရာသီဥတုနဲ့အပြိုင်အေးစက်နေပါတယ်။ မနှစ်ကလက်ကျန်နနွင်းတွေက တောင်သူတွေ လက်ထဲမှာ တောင် ကျန်ရှိနေပါသေးတယ်။ ဒီနှစ်ကတော့ နနွင်းကိုတချို့သောခြံရှင်တွေကသာ အနည်းအကျဉ်း ဖော်ပြီး၊ ဈေးကွက်ကို စဝင်ကြည့်ပေမဲ့ ဈေးကမနှစ်ကလောက်တောင်မရှိဘူးလို့သိရပါတယ်။

Sunday, 1 Jan 2012

    ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးသကြားတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သကြား ထုတ်လုပ်မှု လျော့ကျမှုကြောင့် သကြားဈေးနှုန်းတွေ တက်သွားကြောင်း သတင်း ရရှိပါတယ်။နိုဝင်ဘာ ၁၅ ရက်ကစတင်ခဲ့တဲ့သကြားပေါ်ချိန်မှာ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုက ၄ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားကာတန်ချိန် ၁ ဒသမ၆၂ သန်း သာရှိခဲ့ကြောင်း သိရှိရတယ်။

Sunday, 1 Jan 2012

    ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မန္တလေးသကြားဈေးအေးလာတာ ကိုတွေ့ရပါတယ်။ ဒီဇင်ဘာ လဆန်းပိုင်းမှစပြီး၊ သကာပွက်ရည်များ ဝင်လာတဲ့ အတွက် ပွက်ရည်ဈေးအေးတာနဲ့အတူ သကြားဈေးပါ ဆင်းလာတာလို့သိရပါ တယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သကာပွက်ရည်တစ်ပိဿာ ၅၉၀ ကျပ်၊ ၆၀၀ ကျပ်ရှိပြီး၊ သကြား A ၁၁၀၀ ကျပ်၊ သကြား B ၁၀၈၀ ကျပ်၊ သကြား C ၁၀၆၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Sunday, 1 Jan 2012

    အောင်ပန်းဈေးကွက်မှာတော့ ဒီတစ်ပတ်ချင်း (စို) တွေ အဝင်မရှိသလောက် ပါပဲ။ မိုးတစ်ပတ်လုံးရွာနေတာကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။ မိုး ကလည်းအဆက်မပြတ်ရွာနေတာကြောင့်အရောင်းကလည်းပါးနေပါတယ်။ မြင်းခြံ၊ တောင်ငူ၊ မကွေးစတဲ့မြို့တွေက ချင်းထိုးသမားတွေကသာ အမှာရှိနေတာကြောင့် ၅ ရက်တစ်ဈေးမှာ ပိဿာချိန် ၁၀၀၀ ကျော်ပို့နေရတယ်လို့သိရပါတယ်။

Sunday, 1 Jan 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ နည်းသွားကြောင်း သိရပါတယ်။ဝင်ရောက်မှုမှာလည်း အောင်ပန်းချင်းများ တစ်ပတ် ကိုပိဿာ ၃၀ ဝင်အိတ်၁၅၀ ခန့်သာအဝင်ရှိပါတယ်။ ချင်းဈေးကျသွားပေမယ့် အရောင်းအဝယ်မှာ အေးနေပြီး၊ ချင်း(ရှယ်)တစ်ပိဿာ ၇၀၀ ကျပ်၊ (ဂျွန်) ၆၀၀-၅၅၀ ကျပ်နဲ့ ချင်းဓားလှီး ၈၀၀ ကျပ်တို့ရှိကြောင်း သိရပါတယ်။

Pages